×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 11 December 2017

ကေလးအျပစ္တစ္ခုခုလုပ္မိရင္ အေကာင္းဆံုးေျဖရွင္းေသာနည္းလမ္းမ်ား

ကေလးအျပစ္တစ္ခုခုလုပ္မိရင္ အေကာင္းဆံုးေျဖရွင္းေသာနည္းလမ္းမ်ား google.com

လူၾကီးေတြေတာင္ အမွားလုပ္မိတတ္ၾကတာ ကေလးေတြလည္း အမွားလုပ္မိတတ္ၾကတာ မဆန္းပါဘူး။ အဲ့လို အမွား ျပႆနာလုပ္မိတာနဲ႕ သူတို႔ေလးေတြကို အျပစ္တင္မေစာပါနဲ႕။ သူတို႔ကို ကိုယ္ပိုင္ေျဖရွင္းနိုင္ မယ့္အေျခအေန မိဘကိုယ္တိုင္လည္း သူတို႔ရဲ႕ လုပ္ေဆာင္နိုင္စြမ္းကို ျမွင့္တင္ေပးမယ့္အေျခအေနတစ္ခု ကိုဖန္တီးေပးဖို႔လိုပါတယ္။

ဆရာေအာင္ကုိလတ္ေရးသားထားတဲ့ ကေလးအျပစ္တစ္ခုလုပ္မိရင္ ေမးသင့္တဲ့ ေမးခြန္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဘာကိစၥျဖစ္တာလဲ (သို႔) ဘယ္လိုျဖစ္တာလဲ

ရိုးရိုးရွင္းရွင္းေမးခြန္းပါပဲ၊ အင္မတန္အေရးႀကီးပါတယ္။ မိဘေတာ္ေတာ္မ်ားမ်ားက ကေလးျပသနာတစ္ခု ေတြ႔လာခဲ့ရင္ “ မင္းသူ႔ကိုအရင္ရိုက္လို႔ သူမင္းကိုျပန္ရိုက္တာ မဟုတ္ဘူးလား” “ မင္းဆိုးလို႔ ဆရာက မင္းကို ဆံုးမတာမဟုတ္ဘူးလား” စသည္ျဖင့္ ေကာက္ခ်က္ႏွင့္တြဲၿပီး စစ္ေဆးေမးျမန္းတတ္ေလ့ရိွပါတယ္။ ဘယ္လိုျဖစ္တာလဲဆိုတဲ့ေမးခြန္းဟာ ကေလးကိုအျပည့္အ၀ ရွင္းျပခြင့္ ေပးတဲ့ေမးခြန္းပါ။ မွားၿပီးအျပစ္တင္ မိတာမ်ဳိးကို ေရွာင္ရွားေစႏိုင္တဲ့အျပင္ ကေလးတစ္ခုခု မွားယြင္း ခဲ့ရင္ေတာင္မွ သူ႔ကိုရွင္းလင္းခြင့္၊ ေခ်ပခြင့္ အျပည့္အ၀ေပးထားေတာ့ အျပစ္၀န္ခံရတာ ပိုမိုလြယ္ကူ ေစပါတယ္။

Recommended for you - သင္နဲ႕ သင့္ေတာ္မယ့္ ဆရာတစ္ေယာက္ကို ခက္ခက္ခဲခဲရွာေဖြေနရတာလား

၂။ မင္းဒီကိစၥကိုဘယ္လိုျမင္လဲ၊ ဘယ္လိုခံစားရတာလဲ၊

ကေလးေတြဟာ ျပသနာတစ္ခုခုနဲ႔ ႀကံဳေတြ႔ ရရင္ မွားမွားမွန္မွန္ ခံစားခ်က္အျပည့္နဲ႔ အရမ္းကိုစိတ္လွုပ္ရွား ေနတတ္ပါတယ္။ အဲဒီအခါမ်ဳိးမွာ သူေျပာစရာရိွတာကို ေပးေျပာလိုက္ပါ။ သူငိုစရာ ရိွရင္လည္း ေပးငိုလိုက္ ပါ။ စိတ္သက္သာရာရေစတာေပါ့၊ စိတ္ပညာရွင္တို႔ရဲ႕အဆိုအရ လူတစ္ေယာက္ စိတ္တအား လုပ္ရွားေနတဲ့ အခ်ိန္မ်ဳိးမွာ ဘယ္သူစကားပဲျဖစ္ျဖစ္ နားမ၀င္တတ္ဘူးတဲ့။ ကေလးကိုစိတ္ ထြက္ေပါက္ေပးတဲ့သေဘာပါပဲ။ ကေလးကိုၿငိမ္သက္သြားတဲ့အထိေစာင့္ၿပီး တတိယေမးခြန္းကိုေမးလို႔ရပါၿပီ။

၃။ မင္းဘယ္လိုျဖစ္ခ်င္လဲ၊

ဒီအခ်ိန္မွာ ကေလးေျပာတာ ဘယ္ေလာက္ပဲလြန္လြန္၊ ဘယ္ေလာက္ပဲသင့္ကို အံ့ၾသသြားပါေစ၊ ဆံုးမဖို႔ဆႏၵ မေစာပါနဲ႔၊ စိတ္ရွည္ရွည္ နားေထာင္ေပးပါ။ ၿပီးရင္နံပါတ္ (၄)ေမးခြန္းကို ဆက္ေမးလိုက္ပါ။

Recommended for you - လူအမ်ိဳးအစား (၄) မ်ိဳး….!!!

၄။ ဘာနည္းလမ္းနဲ႔ရွင္းလို႔ရမယ္လို႔မင္းထင္သလဲ၊

ကေလးေျပာတဲ့ အေတြးလမ္းေၾကာင္းအတိုင္း စိတ္ရွည္ရွည္နဲ႔ ေရစုန္ေမ်ာၾကည့္ပါ။ နည္းလမ္းအသြယ္ သြယ္၊ ဆင္ေျခအမ်ဳိးမ်ဳိး၊ မွန္တာေတြ မမွန္တာေတြ၊ သဘာ၀ က်တာေတြမက်တာေတြ၊ သူ႔ရဲ႕နည္းလမ္း မ်ဳိးစံုကိုနားေထာင္ေပးပါ။ စကားျဖတ္မေျပာပါနဲ႔၊ ေကာက္ခ်က္ခ်မေစာပါနဲ႔၊ သူ႔မွာေျဖရွင္းဖို႔နည္းလမ္း ကုန္သြားၿပီဆိုရင္….ေနာက္ေမးခြန္းကိုေမးလိုက္ပါ။

၅။ မင္းေျပာတဲ့နည္းလမ္းေတြနဲ႔ ေျဖရွင္းရင္ ဘယ္လိုအက်ဳိးရလဒ္မ်ဳိး ရလာမယ္လို႔မင္းထင္သလဲ

ကေလးဖာသာကေလး ဆန္းစစ္ပါေစ၊ ေစာေစာကသူေျပာခဲ့တဲ့ နည္းလမ္းတစ္ခုခ်င္းရဲ႕ ေနာက္ဆက္တြဲ ျဖစ္ေပၚလာမဲ့ အက်ိဳးတရားေတြကို ရွင္းျပခိုင္းပါ။ တစ္္ဆိုရင္ဘာျဖစ္မယ္။ ႏွစ္ဆိုရင္ ဘယ္လိုျဖစ္လာမယ္ စသည္ျဖင့္ေပါ႔၊ ၿပီးရင္ေနာက္ေမးခြန္းတစ္ခု….

၆။ မင္းဘယ္လိုဆံုးျဖတ္မလဲ

ကေလးဟာ သူအတြက္အဆင္ေျပဆံုးေျဖရွင္းနည္းလမ္းကို သူေရြခ်ယ္ပါလိမ့္မယ္။ အက်ဳိးရလဒ္ သိၿပီးၿပီ ဆိုရင္ သဘာ၀က်တဲ့ နည္းလမ္းကိုေရြးခ်ယ္တတ္သြားစၿမဲပါပဲ။ဒီမွာအေရးႀကီးဆံုးအခ်က္က သူ႔ရဲ႕ေရြးခ်ယ္ မူကိုေလးစားရပါမယ္။ လူႀကီးရဲ႕ျဖစ္ခ်င္တဲ့ပံုစံနဲ႔ ကိုက္ညီခ်င္မွကိုက္ညီမယ္၊ ဒီလိုေတာ့မဆံုးျဖတ္သင့္ဘူး၊ မင္းဒီနည္းလမ္းေတာ့ ဒီလိုျဖစ္သင့္တယ္ ဆိုတဲ့စကားမ်ဳိး မေျပာမိပါေစနဲ႕၊ အဲလိုသြားေျပာရင္ သူတို႔ေလး ေတြ ေနာက္ေနာင္လူႀကီးကို မယံုၾကည္ေတာ့ဘူး။ သူေရြးခ်ယ္တာ မွားေကာင္းမွားႏိုင္ပါလိမ့္မယ္။ ျဖည္းျဖည္းခ်င္း အမွန္သူေတြ႔ရိွပါလိမ့္မယ္။ အမွားကို စမ္းစစ္တဲ့အက်င့္ ၊ ေျဖရွင္းနည္းလမ္းရွာတတ္တဲ့ အက်င့္၊ ေနရာလဲလွည္ၿပီး စဥ္းစားတတ္သြားပါတယ္။

၇။ ေဖေဖေမေမတို႔ု ဘာလုပ္ေပးေစခ်င္လဲ

ေထာက္ခံေပးတဲ့သေဘာပါ။ ကိစၥေတြအားလံုးၿပီးသြားၿပီ၊ အားလံုးလည္းေအးေဆးသြားၿပီးရင္ ...ေနာက္ဆံုးေမးခြန္းေမးလို႔ရပါၿပီ၊

Recommended for you - ကုိယ္က အရွဳံးမေပးမခ်င္း မရွံုးပါဘူး

၈။ ေနာက္ဆံုးရလဒ္ကဘယ္လိုလဲ၊ မင္းေမ်ာ္လင့္တဲ့အတိုင္းျဖစ္လာသလား

ေနာက္တစ္ခါ အလားတူျပသနာမ်ဳိးႀကံဳခဲ႔ရင္ မင္းဒီလိုပဲဆက္ေျဖရွင္းမလား ၊ မင္းေျပာခဲ့တဲ့ ဘယ္နည္းလမ္း နဲ႔ရွင္းခဲ့ရင္ ဘယ္လိုျဖစ္မယ္လို႔ မင္းထင္လဲ။ စကားစျမည္ေျပာတဲ့သေဘာပါ။ ဒီလိုျပသနာ ရွင္းနည္းမ်ဳိး အႀကိမ္အရည္အတြက္ နည္းနည္းမ်ားလာရင္ ကေလးဟာရင့္က်က္လာၿပီး သူ႕ကိုသူႏိုင္နင္း သြားမွာပါ။

အေရးႀကီးတာက ကိုယ့္ကိုကိုပဲအားကိုးရမယ္ဆိုတာ ကေလးသိသြားတယ္။ ကိုယ့္ေရြးခ်ယ္မူကို ကိုယ္ပဲတာ၀န္အျပည့္အ၀ယူရမယ္ဆိုတာသိသြားတယ္။ ကိုယ့္ကိုကို တာ၀န္ယူတတ္သြားမယ္။ လြတ္လပ္စြာစဥ္းစားေတြးေခၚတတ္သြားပါမယ္။ မိဘမ်ား…အသံုးျပဳၾကည့္ပါ။ အဆင္ေျပႏိုင္ၾကပါေစ။

Credit : sayar aungkolatt

[Unicode Version]

လူကြီးတွေတောင် အမှားလုပ်မိတတ်ကြတာ ကလေးတွေလည်း အမှားလုပ်မိတတ်ကြတာ မဆန်းပါဘူး။ အဲ့လို အမှား ပြဿနာလုပ်မိတာနဲ့ သူတို့လေးတွေကို အပြစ်တင်မစောပါနဲ့။ သူတို့ကို ကိုယ်ပိုင်ဖြေရှင်းနိုင် မယ့်အခြေအနေ မိဘကိုယ်တိုင်လည်း သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမယ့်အခြေအနေတစ်ခု ကိုဖန်တီးပေးဖို့လိုပါတယ်။ ဆရာအောင်ကိုလတ်ရေးသားထားတဲ့ ကလေးအပြစ်တစ်ခုလုပ်မိရင် မေးသင့်တဲ့ မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ဘာကိစ္စဖြစ်တာလဲ (သို့) ဘယ်လိုဖြစ်တာလဲ
ရိုးရိုးရှင်းရှင်းမေးခွန်းပါပဲ၊ အင်မတန်အရေးကြီးပါတယ်။ မိဘတော်တော်များများက ကလေးပြသနာတစ်ခု တွေ့လာခဲ့ရင် “ မင်းသူ့ကိုအရင်ရိုက်လို့ သူမင်းကိုပြန်ရိုက်တာ မဟုတ်ဘူးလား” “ မင်းဆိုးလို့ ဆရာက မင်းကို ဆုံးမတာမဟုတ်ဘူးလား” စသည်ဖြင့် ကောက်ချက်နှင့်တွဲပြီး စစ်ဆေးမေးမြန်းတတ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတဲ့မေးခွန်းဟာ ကလေးကိုအပြည့်အဝ ရှင်းပြခွင့် ပေးတဲ့မေးခွန်းပါ။ မှားပြီးအပြစ်တင် မိတာမျိုးကို ရှောင်ရှားစေနိုင်တဲ့အပြင် ကလေးတစ်ခုခု မှားယွင်း ခဲ့ရင်တောင်မှ သူ့ကိုရှင်းလင်းခွင့်၊ ချေပခွင့် အပြည့်အဝပေးထားတော့ အပြစ်ဝန်ခံရတာ ပိုမိုလွယ်ကူ စေပါတယ်။

Recommended for you - သင်နဲ့ သင့်တော်မယ့် ဆရာတစ်ယောက်ကို ခက်ခက်ခဲခဲရှာဖွေနေရတာလား
၂။ မင်းဒီကိစ္စကိုဘယ်လိုမြင်လဲ၊ ဘယ်လိုခံစားရတာလဲ၊
ကလေးတွေဟာ ပြသနာတစ်ခုခုနဲ့ ကြုံတွေ့ ရရင် မှားမှားမှန်မှန် ခံစားချက်အပြည့်နဲ့ အရမ်းကိုစိတ်လှုပ်ရှား နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ သူပြောစရာရှိတာကို ပေးပြောလိုက်ပါ။ သူငိုစရာ ရှိရင်လည်း ပေးငိုလိုက် ပါ။ စိတ်သက်သာရာရစေတာပေါ့၊ စိတ်ပညာရှင်တို့ရဲ့အဆိုအရ လူတစ်ယောက် စိတ်တအား လုပ်ရှားနေတဲ့ အချိန်မျိုးမှာ ဘယ်သူစကားပဲဖြစ်ဖြစ် နားမဝင်တတ်ဘူးတဲ့။ ကလေးကိုစိတ် ထွက်ပေါက်ပေးတဲ့သဘောပါပဲ။ ကလေးကိုငြိမ်သက်သွားတဲ့အထိစောင့်ပြီး တတိယမေးခွန်းကိုမေးလို့ရပါပြီ။

Recommended for you - လူအမျိုးအစား (၄) မျိုး….!!!
၃။ မင်းဘယ်လိုဖြစ်ချင်လဲ၊
ဒီအချိန်မှာ ကလေးပြောတာ ဘယ်လောက်ပဲလွန်လွန်၊ ဘယ်လောက်ပဲသင့်ကို အံ့သြသွားပါစေ၊ ဆုံးမဖို့ဆန္ဒ မစောပါနဲ့၊ စိတ်ရှည်ရှည် နားထောင်ပေးပါ။ ပြီးရင်နံပါတ် (၄)မေးခွန်းကို ဆက်မေးလိုက်ပါ။


၄။ ဘာနည်းလမ်းနဲ့ရှင်းလို့ရမယ်လို့မင်းထင်သလဲ၊
ကလေးပြောတဲ့ အတွေးလမ်းကြောင်းအတိုင်း စိတ်ရှည်ရှည်နဲ့ ရေစုန်မျောကြည့်ပါ။ နည်းလမ်းအသွယ် သွယ်၊ ဆင်ခြေအမျိုးမျိုး၊ မှန်တာတွေ မမှန်တာတွေ၊ သဘာဝ ကျတာတွေမကျတာတွေ၊ သူ့ရဲ့နည်းလမ်း မျိုးစုံကိုနားထောင်ပေးပါ။ စကားဖြတ်မပြောပါနဲ့၊ ကောက်ချက်ချမစောပါနဲ့၊ သူ့မှာဖြေရှင်းဖို့နည်းလမ်း ကုန်သွားပြီဆိုရင်….နောက်မေးခွန်းကိုမေးလိုက်ပါ။


၅။ မင်းပြောတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းရင် ဘယ်လိုအကျိုးရလဒ်မျိုး ရလာမယ်လို့မင်းထင်သလဲ
ကလေးဖာသာကလေး ဆန်းစစ်ပါစေ၊ စောစောကသူပြောခဲ့တဲ့ နည်းလမ်းတစ်ခုချင်းရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမဲ့ အကျိုးတရားတွေကို ရှင်းပြခိုင်းပါ။ တစ််ဆိုရင်ဘာဖြစ်မယ်။ နှစ်ဆိုရင် ဘယ်လိုဖြစ်လာမယ် စသည်ဖြင့်ပေါ့၊ ပြီးရင်နောက်မေးခွန်းတစ်ခု….


၆။ မင်းဘယ်လိုဆုံးဖြတ်မလဲ
ကလေးဟာ သူအတွက်အဆင်ပြေဆုံးဖြေရှင်းနည်းလမ်းကို သူရွေချယ်ပါလိမ့်မယ်။ အကျိုးရလဒ် သိပြီးပြီ ဆိုရင် သဘာဝကျတဲ့ နည်းလမ်းကိုရွေးချယ်တတ်သွားစမြဲပါပဲ။ဒီမှာအရေးကြီးဆုံးအချက်က သူ့ရဲ့ရွေးချယ် မူကိုလေးစားရပါမယ်။ လူကြီးရဲ့ဖြစ်ချင်တဲ့ပုံစံနဲ့ ကိုက်ညီချင်မှကိုက်ညီမယ်၊ ဒီလိုတော့မဆုံးဖြတ်သင့်ဘူး၊ မင်းဒီနည်းလမ်းတော့ ဒီလိုဖြစ်သင့်တယ် ဆိုတဲ့စကားမျိုး မပြောမိပါစေနဲ့၊ အဲလိုသွားပြောရင် သူတို့လေး တွေ နောက်နောင်လူကြီးကို မယုံကြည်တော့ဘူး။ သူရွေးချယ်တာ မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ဖြည်းဖြည်းချင်း အမှန်သူတွေ့ရှိပါလိမ့်မယ်။ အမှားကို စမ်းစစ်တဲ့အကျင့် ၊ ဖြေရှင်းနည်းလမ်းရှာတတ်တဲ့ အကျင့်၊ နေရာလဲလှည်ပြီး စဉ်းစားတတ်သွားပါတယ်။


၇။ ဖေဖေမေမေတို့ု ဘာလုပ်ပေးစေချင်လဲ
ထောက်ခံပေးတဲ့သဘောပါ။ ကိစ္စတွေအားလုံးပြီးသွားပြီ၊ အားလုံးလည်းအေးဆေးသွားပြီးရင် ...နောက်ဆုံးမေးခွန်းမေးလို့ရပါပြီ၊

Recommended for you - ကိုယ်က အရှုံးမပေးမချင်း မရှုံးပါဘူး
၈။ နောက်ဆုံးရလဒ်ကဘယ်လိုလဲ၊ မင်းမျော်လင့်တဲ့အတိုင်းဖြစ်လာသလား
နောက်တစ်ခါ အလားတူပြသနာမျိုးကြံုခဲ့ရင် မင်းဒီလိုပဲဆက်ဖြေရှင်းမလား ၊ မင်းပြောခဲ့တဲ့ ဘယ်နည်းလမ်း နဲ့ရှင်းခဲ့ရင် ဘယ်လိုဖြစ်မယ်လို့ မင်းထင်လဲ။ စကားစမြည်ပြောတဲ့သဘောပါ။ ဒီလိုပြသနာ ရှင်းနည်းမျိုး အကြိမ်အရည်အတွက် နည်းနည်းများလာရင် ကလေးဟာရင့်ကျက်လာပြီး သူ့ကိုသူနိုင်နင်း သွားမှာပါ။
အရေးကြီးတာက ကိုယ့်ကိုကိုပဲအားကိုးရမယ်ဆိုတာ ကလေးသိသွားတယ်။ ကိုယ့်ရွေးချယ်မူကို ကိုယ်ပဲတာဝန်အပြည့်အဝယူရမယ်ဆိုတာသိသွားတယ်။ ကိုယ့်ကိုကို တာဝန်ယူတတ်သွားမယ်။ လွတ်လပ်စွာစဉ်းစားတွေးခေါ်တတ်သွားပါမယ်။ မိဘများ…အသုံးပြုကြည့်ပါ။ အဆင်ပြေနိုင်ကြပါစေ။
Credit : sayar aungkolatt

Read times Last modified on Friday, 03 January 2020 10:10
Rate this articles
(0 votes)