×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 25 June 2019

"ကမ္ဘာ့စီးပွားရေးလောကမှာ အသုံးဝင်ဆုံး ဘာသာစကား (၁၀) မျိုး"

"ကမ္ဘာ့စီးပွားရေးလောကမှာ အသုံးဝင်ဆုံး ဘာသာစကား (၁၀) မျိုး" pexels

ကမ္ဘာ့ထိပ်သီးနိုင်ငံတွေမှာ သွားရောက် ပညာသင် အလုပ်လုပ်ချင်သူတွေ ၊ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို နိုင်ငံတကာမှာ တိုးချဲ့လုပ်ကိုင်ချင်သူတွေအတွက် တစ်ခုမဟုတ် တစ်ခု မဖြစ်မနေ တတ်ထားသင့်တဲ့၊ ကမ္ဘာ့စီးပွားရေးလောကမှာ ရေပန်းအစားဆုံး ဘာသာစကား (၅)မျိုးကို Sharing လုပ်သွားပေးပါမယ်နော်။

အောက်က တစ်ပုံချင်းစီကို ထောက်ကြည့်ပြီး ကိုယ့်အသိထဲမှာလည်း အခုပြောပြပေးမယ့် ဘာသာစကားတွေကို သင်နေတဲ့သူတွေရှိရင် share ၊ mention ခေါ်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ချီးကျူးလိုက်ပါဦး။


၁။ အင်္ဂလိပ်ဘာသာစကား (သို့မဟုတ်) ကမ္ဘာသုံးဘာသာစကား

Best-Places-to-Visit-in-the-USA.jpg

 

ကမ္ဘာ့ ပညာရေးလောက နဲ့ စီးပွားရေးလောကမှာ လွှမ်းမိုးမှု အရှိဆုံး ဘာသာစကား ဆိုရင် မမှားပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၄ပုံ ၃ပုံခန့် ဟာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီ့ထက်ပို ပြောရမယ်ဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၉၄ နိုင်ငံမှာ အင်္ဂလိပ်စာ Native Speaker ဉီးရေ ၃၃၉ သန်း ရှိပါတယ်။

ကမ္ဘာ့ထိပ်သီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နိုင်ငံ ၊ အင်္ဂလန်နိုင်ငံ တို့အပြင် တောင်အာဖရိက နဲ့ အခြားသောကမ္ဘာ့နိုင်ငံအချို့မှာလည်း အင်္ဂလိပ်စကားကို မိခင်ဘာသာစကား အဖြစ်သာမက ရုံးသုံးစကား အဖြစ်ပါ သတ်မှတ်ထားတဲ့အတွက် အင်္ဂလိပ်ဘာသာစကားဟာ လုပ်ငန်းရှင်တွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်လာတာ ဖြစ်ပါတယ်။

အင်တာနက်မှာ ရှိတဲ့ ဝဘ်ဒ်ဆိုက်တွေရဲ့ ၅၃ ရာခိုင်နှုန်း ဟာလည်း အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကြပြီး အင်တာနက် အသုံးပြုသူ ၉၄၉ သန်းဟာ အင်္ဂလိပ်စကားဖြင့်သာ ဆက်သွယ်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလိပ်စကားဟာ တကမ္ဘာလုံးဆိုင်ရာ လူသားအချင်းချင်း ဆက်သွယ်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ ငြင်းလို့မရတဲ့အတွက် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပြည်တွင်းကနေ နိုင်ငံတကာအဆင့်အထိ ထိုးဖောက်ချင်တယ် ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် “ဘို”စကားက ဘယ်လောက် အရေးပါတယ်ဆိုတာ သိသာလောက်ပါပြီ။


၂။ တရုတ်ဘာသာစကား (သို့မဟုတ်) ပိုက်ဆံအလွန်သုံးချင်နေသူများ စုဝေးရာ ဘာသာစကား

882_b36204ce.jpg

 

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာသလို တရုတ်ဘာသာစကား Native Speaker ပေါင်း မှန်းခြေ ၉၈၃ သန်းရှိတဲ့အပြင် ကမ္ဘာတဝှမ်းမှာ တရုတ်စကားကို နားလည်တဲ့ လူပေါင်း ၁.၂ ဘီလီယံအထိရှိပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုသူတွေကြားမှာ ဒုတိယရေပန်းစားတဲ့ ဘာသာစကားဖြစ်ပါတယ်။

အာရှသားတွေရဲ့ အင်တာနက်အသုံးပြုမှုနှုန်း တိုးတက်လာမယ်ဆိုရင် တရုတ်ဘာသာစကားဟာ အင်္ဂလိပ်ဘာသာစကားကို ကျော်တက်ပြီး အင်တာနက် ဘာသာစကား ဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေက ပြောနေကြပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်နိုင်ငံဟာ တံခါးပိတ်စီးပွားရေးဝါဒ ကနေ ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ခြင်း ၊ နည်းပညာနယ်ပယ်မှာ ခြေလှမ်းကြီးကြီးမားမား လှမ်းနိုင်ခဲ့ခြင်း တို့ကြောင့် စီးပွားရေး တဟုန်ထိုးတိုးတက်လာပြီး တရုတ်ဘာသာစကားဟာ ခေတ်စားလာပါတယ်။ ဒီတိုးတက်မှုနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တရုတ်နိုင်ငံဟာ ၂၀၅၀ မှာ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုပြီး ပညာရှင်တွေက ခန့်မှန်းကြပါတယ်။


၃။ စပိန်ဘာသာစကား - အမေရိကန်စီးပွားရေးတွင် အလျှင်အမြန်ဖွံ့ဖြိုးလာသောဈေးကွက်၏ ဘာသာစကား

1491584370520.jpeg

 

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စပိန်စကား ပြောတဲ့သူ ဒုတိယအများဆုံးရှိတဲ့ တိုင်းပြည် ဖြစ်တယ် လို့ကြားရရင် ယုံကြည်ဖို့ခက်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာတင် စပိန်ဘာသာစကားကို ပြောတဲ့သူ ဉီးရေ ၃၇.၆ သန်း အထိရှိပြီး အမေရိကန် စာသင်ကျောင်းတွေမှာက အစ စပိန်ဘာသာစကားကို သင်ပေးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ Music billboard မှာတောင် စပိန်သီချင်းတွေက နေရာယူထားပါတယ်။ အားလုံးကြားဖူးကြတဲ့ Despacito သီချင်းဟာလည်း စပိန်ဘာသာစကားနဲ့ သီဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လက်တင် (Latin) လူဦးရေဟာ ၂၀၅၀ မှာ နှစ်ဆ တိုးပွားလာမှာ ဖြစ်တဲ့အတွက် ဒီအချက်က စပိန်ဘာသာစကားရဲ့ အရေးပါမှုကို တွန်းအားပေးသလို ဖြစ်နေပါတယ်။ အကယ်၍ အမေရိကန်နိုင်ငံ ဒါမှမဟုတ် ကမ္ဘာ့ အနောက်ဘက်ခြမ်းနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်း စတင်ချင်တယ်ဆိုရင်တော့ စပိန်ဘာသာစကားဟာ ရွေးချယ်သင့်တဲ့ ဘာသာစကား တစ်ခုဖြစ်ပါတယ်။


၎။ ဂျာမန်စကား (သို့မဟုတ်) ဉရောပ စက်မှု အင်အား၏ ဘာသာစကား

east-berlin-former-0.jpg

 

အာရှမှာ ဂျပန်နိုင်ငံဟာ စက်မှုအင်အားအကြီးဆုံးနိုင်ငံ ဖြစ်သလိုပဲ ဉရောပမှာ ဂျာမနီနိုင်ငံဟာလည်း စက်မှုအင်အားအကြီးဆုံး နိုင်ငံ ဖြစ်ပါတယ်။

အဆင့်မြင့် နည်းပညာများ ထွန်းကားခြင်းကြောင့် ဂျာမနီဟာ အခိုင်မာဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး စီးပွားရေးကို ပိုင်ဆိုင်တဲ့ ဉရောပနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုဟာ ၂.၄ ထရီလီယမ် ယူရို အထိရှိပါတယ်။ ကိုယ်က ဂျာမန်စကားကို ကောင်းကောင်းမွန်မွန် ပြောနိုင်မယ်ဆိုရင် ဉရောပ စီးပွားရေးလောကကို ဝင်နိုင်ဖို့ အခွင့်အရေးတော်တော်များ ရမှာ ဖြစ်ပါတယ်။

ဂျာမန်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ အသုံးပြုသူ စတုတ္ထ အများဆုံးဘာသာစကားဖြစ်ပြီး ၉၅သန်းသော Native Speaker ဦးရေ နဲ့ အတူ ကမ္ဘာတဝှမ်းမှာ အသုံးပြုသူပေါင်း သန်း ၂၁၀ အထိရှိပါတယ်။

ဂျာမနီစကားဟာ ဉရောပမှာ အသုံးများတဲ့ ဘာသာစကား ဖြစ်ရုံသာမက ဘယ်လ်ဂျီယံ ၊ သြစတေးရီးယား ၊ ဟော်လန် ၊ ဒိန်းမတ် ၊ ဆွဇ်ဇလန် ၊ လစ်စထင်စတိုင်း (Liechtenstein) နဲ့ လက်ဆမ်ဘာ့ (Luxembourg) အစရှိတဲ့ နိုင်ငံတွေမှာလည်း ဂျာမန်စကားကို အသုံးပြုသူတွေ အများအပြားရှိပါတယ်။ နောက်ပြီး ဂျာမန်စကားပြောတတ် တဲ့သူတွေဟာ အခြားလူတွေထက် လုပ်အားခ ၄ ရာခိုင်နှုန်း ပိုရပါတယ်တဲ့။


၅။ ပေါ်တူဂီဘာသာစကား (သို့မဟုတ်) များစွာသောအခွင့်အလမ်း စုဝေးရာဘာသာစကား

Porto-Altstadt-a292126382.jpg

 

ပေါ်တူဂီဘာသာစကားဟာ လက်တင်အမေရိကားမှာ စပိန်ဘာသာစကားပြီးရင် ဒုတိယအပြောအများဆုံး ဘာသာစကား ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံ အပြင် ဘရာဇီးနိုင်ငံ နဲ့ အာဖရိက နိုင်ငံအချို့မှာ ပေါ်တူဂီဘာသာစကား ပြောသူပေါင်း ၂၁၅ သန်း အထိရှိထားတဲ့ ဘာသာစကားလည်း ဖြစ်ပါတယ်။

စာရင်းအချက်အလက်များအရ ပေါ်တူဂီဘာသာစကား အသုံးပြုသူအရေအတွက်ဟာ နှစ်စဉ် ၆ ရာခိုင်နှုန်းအထိ တဟုန်ထိုးတိုးတက်လာပြီး ကမ္ဘာ့အသုံးပြုသူအများဆုံး စာရင်းမှာ နံပါတ် ၅ နေရာ ရောက်ရှိလာတဲ့ ဘာသာစကား ဖြစ်ပါတယ်။

ပေါ်တူဂီစကားကို ရုံးသုံးစကား အဖြစ် သတ်မှတ်ထားတဲ့ ဘရာဇီးနိုင်ငံဟာ သိပ္ပံနှင့်ဆေးဝါးနည်းပညာ ၊ စွမ်းအင်ကဏ္ဍ တွေမှာ ဖွံ့ဖြိုးလာနေပြီဖြစ်တဲ့အတွက် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတွေ မျက်စိကျနေတဲ့ နိုင်ငံတနိုင်ငံဆိုလည်း မမှားပါဘူး။

ဒါ့အပြင် အန်ဂိုလာ (Angola) ၊ ကိတ်ဗာဒီ (Cape Verde) ၊ ဂနီး-ဘဆော့ (Guinea-Bissau) ၊ မိုဇမ်ဘစ် (Momzambique) နိုင်ငံတွေမှာလည်း ပေါ်တူဂီစကားကို အသုံးပြုတဲ့အတွက် အဲ့ဒီနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ သူတွေအတွက် ပေါ်တူဂီစကားဟာ မဖြစ်မနေ သင်ယူသင့်တဲ့ဘာသာစကား ဖြစ်ပါတယ်။


၆။ အာရပ်ဘာသာစကား (သို့မဟုတ်) အင်တာနက်တွင် အလျှင်အမြန်ဖွံဖြိုးလာသောဘာသာစကား

Dubai.jpg

 

အာရပ်ဘာသာစကားဟာ စီးပွားရေး အခွင့်အလမ်းတွေ အလျှင်အမြန်တိုးပွားလာတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အဓိကအသုံးပြုတဲ့ ဘာသာစကားဖြစ်ပြီး အာရပ်ဘာသာစကားသင်ကြားခြင်းဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထပ်ဆောင်း အကျိုးကျေးဇူးတွေရရှိစေမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ အာရပ်ဘာသာစကားကို အသုံးပြုသူပေါင်း ၂၉၅ သန်း ရှိပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံရဲ့ တရားဝင်ရုံးသုံးစကားဖြစ်ပါတယ်။

အဲ့ဒီ ၂၈ နိုင်ငံထဲမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ နဲ့ အာဖရိက နိုင်ငံတွေ ပါရှိပါတယ်။ ဒါ့အပြင် အင်္ဂလန်နိုင်ငံကနေ နိုင်ငံတကာကို ထုတ်ကုန်ပစ္စည်း အများဆုံး တင်ပို့နေတဲ့ နိုင်ငံပေါင်း ၅၀ စာရင်းထဲမှာ အာရပ်စကားပြောတဲ့ နိုင်ငံ (၆) နိုင်ငံပါဝင်နေပြီး ယင်း (၆)နိုင်ငံကို ထုတ်ကုန်တင်ပို့မှုပမာဏပေါင်းဟာ တရုတ် ၊ အီတလီ ၊ စပိန် အစရှိတဲ့ နိုင်ငံကြီးတွေကို တင်ပို့မှုပမာဏတွေထက်ကို ကျော်လွန်ပါတယ်။

ဒီအချက်တွေကြောင့် ဗြိတိသျှသံရုံးရဲ့ အစီရင်ခံစာမှာ အာရပ်ဘာသာစကားဟာ အနာဂတ်မှာ ဒုတိယအရေးပါဆုံး ဘာသာစကား ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

၇။ ပြင်သစ်ဘာသာစကား (သို့မဟုတ်) အင်္ဂလိပ်ဘာသာစကား၏အစ

c-1517940241-2085772239.jpg

 

ပြင်သစ်ဘာသာစကားကို နိုင်ငံပေါင်း ၂၉ နိုင်ငံကျော်မှာ ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။ ဉရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဒုတိယ အသုံးအများဆုံးဘာသာစကား လည်း ဖြစ်ပါတယ်။ ၁၆ ရာစုကနေ ၂၀ ရာစုအထိ ပြင်သစ်နိုင်ငံဟာ ကိုလိုနီနယ်ချဲ့ခဲ့ပြီး နယ်မြေများစွာ ပိုင်ဆိုင်ခဲ့ခြင်းဟာ သူတို့ဘာသာစကားကို ကျယ်ပြန့်စေခဲ့တဲ့ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။

သက်ရှိ နဲ့ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ အာဖရိကတိုက်မှာတောင် ပြင်သစ်ဘာသာစကားပြောတဲ့နိုင်ငံတွေရှိပြီး အာဖရိကတိုက်ရဲ့ စီးပွားရေး အလျှင်အမြန်တိုးတက်လာတဲ့ နိုင်ငံတွေဖြစ်တဲ့ တန်ဇနီးယား (Tanzania)၊ ရဝမ်ဒါ (Rwanda) ၊ မိုဇမ်ဘစ် (Mozambique) ၊ ကွန်ဂို (Congo) ၊ ကုဒ်ဒီဗွား (Cote D’Ivoire) အစရှိတဲ့ နိုင်ငံတွေမှာ ပြင်သစ်ဘာသာစကားကို အသုံးပြုကြပြီး အဲ့ဒီထဲက (၃)နိုင်ငံ ကတော့ ရုံးသုံးဘာသာစကားကို ပြင်သစ်စကား အဖြစ် သတ်မှတ်ထားပါတယ်။

ပြင်သစ်ဘာသာစကားဟာ သူ့ကိုလိုနီခေတ်တုန်းကလောက် မပျံ့နှံတော့ဘူးဆိုပေမဲ့ အခုလက်ရှိမှာ ပြင်သစ်ဟာ အင်္ဂလန်နိုင်ငံရဲ့ အရေးကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံဆိုတာကို မေ့ထားလို့မရပါဘူး။

ဒါကြောင့် ပြင်သစ်ဘာသာစကားဟာ စီးပွားရေးအတွက် အရေးကြီးပြီး လိုအပ်တဲ့ ဘာသာစကားတွေထဲက တစ်ခုဖြစ်နေပါသေးတယ်။


၈။ ဂျပန်ဘာသာစကား (သို့မဟုတ်) စက်ရုပ်ပညာရှင်တို့၏ဘာသာစကား

Famous-Great-Buddha-bronze-statue-in-Kamakura-Japan.jpg

 

အာရှမှာ နောက်ထပ်အလားအလာကောင်းတဲ့ ဘာသာစကားကို ပြပါဆိုရင် ဂျပန်စကားကို ပြရမှာပဲ ဖြစ်ပါတယ်။ ဂျပန်ဘာသာ Native Speaker ဉီးရေ သန်း ၁၃၀ ရှိပြီး Native Speaker မဟုတ်ပေမယ့် ဂျပန်စကား ကောင်းကောင်းပြောနိုင်တဲ့သူအရေအတွက်ကလည်း ကမ္ဘာတဝှမ်းမှာ သန်း ၁၃၀ လောက်ထိကို ရှိပါတယ်။ ဂျပန်ဘာသာစကားကို အသုံးပြုပြီး အင်တာနက် စီးပွားရေး (E-commerce) ပြုလုပ်တဲ့ ပမာဏဟာ ဒေါ်လာ ၈၈.၀၆ သန်းထိ ရှိပြီး အင်တာနက် အသုံးပြုသူတွေ အသုံးများဆုံး ဆဌမမြောက် ဘာသာစကား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ နည်းပညာအသစ်တွေ ရှာဖွေရေးကဏ္ဍ နဲ့ပတ်သက်ပြီး ကမ္ဘာ့မှာ ဒုတိယအများဆုံးမြုပ်နှံသူ ဖြစ်သလို နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုနိုင်တဲ့ အာရှနိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါသေးတယ်။

ဂျပန်နိုင်ငံဟာ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွေမှာ ကောင်းမွန်တဲ့နာမည်ကောင်းရှိတဲ့ အပြင် စက်ရုပ်နည်းပညာနယ်ပယ်မှာလည်း ရှေ့တန်းက ပါဝင်တဲ့အတွက် နည်းပညာသမားတွေ နဲ့ နည်းပညာစွန့်ဦးတီထွင်သူတွေ အတွက် အခွင့်အရေးကောင်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။


၉။ ရုရှားဘာသာစကား (သို့မဟုတ်) ကုန်သွယ်မှု နှင့် သံတမန်ရေးရာ ဘာသာစကား

jpeg.jpg

 

ရုရှား Native speaker ဉီးရေ သန်း ၁၆၀ လောက်ဟာ ရုရှားနိုင်ငံမှာတင် မဟုတ်ဘဲ ဉရောပ အရှေ့ပိုင်း ၊ အလယ်ပိုင်း တွေမှာ ပျံနှံ့နေထိုင်ကြတာ ဖြစ်ပါတယ်။ ရုရှားဘာသာစကားဟာ အင်တာနက်မှာ ကိုးခုမြောက် အသုံးပြုသူအများဆုံးဘာသာစကားလည်း ဖြစ်ပါသေးတယ်။

ရုရှားဘာသာစကားဟာ အသုံးပြုသူများရုံသာမကဘဲ ရုရှားနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကျယ်ပြန့်မှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကြွယ်ဝမှု ၊ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုတွေအတွက် အလားအလာကြီးမားမှု စတာတွေကြောင့်လည်း အရေးပါနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် နှင့် တရုတ်မဟုတ်ဘဲ အခြား ကမ္ဘာ့ အင်အားကြီးနိုင်ငံ တစ်ခုမှာ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရုရှားဘာသာစကားဟာ သင်ယူသင့်တဲ့ အထဲမှာ ပါဝင်ပါတယ်။


၁၀။ ဟိန္ဒူဘာသာစကား

the-taj-mahal-agra.jpg

 

ဟိန္ဒူဘာသာစကားဟာ အသုံးပြုသူပေါင်း သန်း ၂၇၀ ရှိတဲ့ ၊ ကမ္ဘာပေါ်မှာ ဒသမ လူသုံးအများဆုံး ဘာသာစကားဖြစ်ပါတယ်။ ဒါပေမဲ့ ဟိန္ဒူဘာသာစကားက ကိုယ်ရဲ့ စီးပွားရေးဗျူဟာတွေ လုပ်ငန်းချဲ့ထွင်မှုတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာ စဉ်းစားမိကြမှာပါပဲ။

အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်စကားပြောနိုင်သူ ၁၂၆ သန်းရှိပေမယ့် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ဟိန္ဒူဘာသာစကားကိုသာ အသုံးပြုနိုင်ပြီး အင်္ဂလိပ်စကား ကောင်းကောင်းမပြောနိုင်တဲ့သူ များပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဉီးရေ ဒုတိယအများဆုံး ဖြစ်လို့ စီးပွါးရေးသမားတွေ မျက်စိကျတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးချင်လို့ပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာနဲ့ ဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ချင်ရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ပြောခဲ့တဲ့ ဘာသာစကားတွေ သင်ကြားထားခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ့်ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ အဆုံးအစွန်ထိရောက်အောင် ခေါ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

source : Myanlearn

ဘာသာ စကား  သင်ကြားပေးသော သင်တန်း ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင်သိချင်ရင်တော့ ဤလင့်ခ်လေး Language  ကို နှိပ်လိုက်ပါ။

Read times
Rate this articles
(1 Vote)