×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 27 July 2019

“Facebook ရဲ့ဒီအချက်တွေကို သင်သိပါသလား"

“Facebook ရဲ့ဒီအချက်တွေကို သင်သိပါသလား" google.com

Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင်

ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၇.၁ သန်းကျော်ရှိလာပြီဖြစ်သည်။



- တစ်စက္ကန့်အတွင်းတွင် Facebook အသုံးပြုနေသော လူပေါင်းမှာ ၂သောင်းခန့် (၂၀,၀၀၀) ပင် ရှိပါသည်။ တနည်းအားဖြင့် ၁၈မိနစ်ကြာတိုင်း Facebook အသုံးပြုသူ ၁၁သန်းပင် ရှိပါသည်။

- တစ်မိနစ်မှာ ပျမ်းမျှအားဖြင့် မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူ လူပေါင်း ၄၈၆,၁၈၃ ယောက်ခန့် ရှိပါသည်။

- Facebook အသုံးပြုသူ ၇၉% ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းဖြင့် အသုံးပြုကြပါသည်။

- မိုဘိုင်းဖုန်းဖြင့် နေ့စဉ် Facebook အသုံးပြုသူအရေအတွက်မှာ ၇၄၅သန်းပင် ဖြစ်ပါသည်။

- Facebook အကောင့်ပြုလုပ်သူ လူဦးရေဟာ တစ်နေ့တစ်ခြား တိုးတက်နေပါသည်။ ၁၅မိနစ်ကြာတိုင်း Facebook အသုံးပြုသူ ၇,၂၄၆ ယောက် တိုးတက်နေပါသည်။ တနည်းအားဖြင့် တစ်စက္ကန့်မှာ ၈ယောက်နှုန်း Facebook အကောင့်ဖွင့်နေကြပါသည်။

- ၁၅မိနစ်ကြာတိုင်း Facebook တွင် တင်လိုက်သော Status ပေါင်းသည် ၄၉သန်း (၄၉,၄၃၃,ဝဝဝ) ရှိပါတယ်။ တစ်မိနစ်မှာ Status ၃သန်း Update ဖြစ်နေပါသည်။

- Facebook ပေါ်တွင် တစ်မိနစ်အတွင်းမှာ ပို့လိုက်သော Message စုစုပေါင်းသည် ၁သိန်းခွဲ (၁၅ဝ,ဝဝဝ) ဖြစ်ပါသည်။

- ဆယ်မိနစ်အတွင်းမှာပင် Facebook ပေါ်တွင် ပို့လိုက်သော Friend Request စုစုပေါင်းသည် ၁သိန်း (၁ဝဝ,ဝဝဝ) ရှိပါသည်။

- တစ်မိနစ်အတွင်းမှာ နှိပ်လိုက်သော Like အရေအတွက်သည် ၅သိန်း (၅ဝဝ,ဝဝဝ) ဖြစ်ပါသည်။

- Facebook ၏ ဝင်ငွေသည် တစ်နာရီကြာတိုင်း ဒေါ်လာ ၁.၄သန်း ရှိပါသည်။

- Facebook Team မှ အသုံးပြုခွင့်ပိတ်ဆို့ထားသောနိုင်ငံမှာ ဆီးရီးယားဖြစ်ပြီး တရုတ်အစိုးရသည်လည်း ၂ဝဝ၉ခုနှစ်မှစ၍ တရုတ်ပြည်သူတို့အား Facebook နှင့် Twitter အသုံးပြုခွင့် တားမြစ်ထားပါသည်။

- Facebook သည် ဝင်ငွေ ၇၃ရာခိုင်နှုန်းကို Mobile Advertising မှရရှိပြီး ဒေါ်လာ ၂.၅ ဘီလီယံ (၂,၅ဝဝသန်း) ကို ၃လအတွင်း ရရှိခဲ့ပါသည်။

- Facebook အသုံးပြုနေသူများသည် တစ်မိနစ်အတွင်းမှာ Share ကြသော Status အရေအတွက်သည် ၁.၃ သန်း ရှိပါသည်။

- Facebook ပေါ်တွင် တင်လိုက်သော ဗွီဒီယိုဖိုင်အရေအတွက်မှာ YouTube ပေါ်တွင်တင်သော ဗွီဒီယိုဖိုင်အရေအတွက်ထက် ပိုများသည်ဟု ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် Social Bakers Website ၏ အဆိုအရ သိရပါသည်။

- Facebook သည် ၂၀၁၄ခုနှစ်တွင် ဒေါ်လာ ၁၂.၄၇ ဘီလီယံ (၁၂,၄၇ဝ သန်း) ၀င်ငွေရခဲ့ပါသည်။ ထိုဝင်ငွေသည် ၂၀၁၃ခုနှစ်ဝင်ငွေထက်ပင် ၅၈ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။

- Facebook အသုံးပြုသူတွေ တစ်နေ့အတွင်း တင်လိုက်သော ဓာတ်ပုံအရေအတွက်သည် သန်းပေါင်း ၃၅ဝ တောင် ရှိပါသည်။

- Facebook အသုံးပြုသူများသည် ပျမ်းမျှအားဖြင့် တစ်နေ့(၂၄နာရီ) လျင် ၂၁မိနစ်ခန့် Facebook အသုံးကြပါသည်။ Facebook ပေါ်တွင်ရှိသော Fan Page အရေအတွက်မှာ ၁၆သန်းပင် ဖြစ်သည်။

- Facebook အကောင့်များ၏ ပျမ်းမျှ Friend အရေအတွက်သည် ၁၃ဝယောက် ဖြစ်ပါသည်။

- ကမ္ဘာပေါ်ရှိ လူ၁၃ယောက်တွင် ၁ယောက်နှုန်း Facebook ကို အသုံးပြုကြပါသည်။

- တစ်လအတွင်း Facebook Game များကို လူတွေဆော့ကြသော နာရီအရေအတွက်မှာ ၉၂၇သန်း ရှိပါသည်။

- Facebook အသုံးပြုသူ ၈.၇ရာခိုင်နှုန်းသည် Fake Account ဖြင့် အသုံးပြုကြပါသည်။



Credit : ads.com.mm

sayar.com.mm

Read times
Rate this articles
(2 votes)