×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 07 September 2019

"အင္တာနက္ရွိရံုနဲ႔ ရံုးတက္စရာမလုိပဲ လုပ္နိုင္တဲ့ ဝင္ေငြေကာင္းေကာင္း အလုပ္အကိုင္(၆) ခု"

"အင္တာနက္ရွိရံုနဲ႔ ရံုးတက္စရာမလုိပဲ လုပ္နိုင္တဲ့ ဝင္ေငြေကာင္းေကာင္း အလုပ္အကိုင္(၆) ခု" pexels

ရံုးတက္မွ အလုပ္လုပ္တာ မဟုတ္ေတာ့ပါဘူး။ အင္တာနက္ရိွရံုနဲ႔ ကိုယ္ေရာက္ေနရာအရပ္ကေန အလုပ္လုပ္လို႔ ရလာပါၿပီ။

ပိုၿပီး ဝမ္းသာစရာေကာင္းတာ တစ္ခုက အရင္ကဆို ႏိုင္ငံရပ္ျခား တိုင္းတစ္ပါးမွာသာ အြန္လိုင္းကေန အလုပ္လုပ္ၿပီး ဝင္ေငြ ရွာႏိုင္တာမ်ိဳးေတြ ရိွေပမယ့္ အခုေတာ့ ျမန္မာႏိုင္ငံမွာလည္း ကိုယ့္အခန္းထဲကေန အလုပ္လုပ္ရင္း ေငြရွာလို႔ရၿပီ ျဖစ္ပါတယ္။

 

၁။ Web Developer/ Designer

နည္းပညာေခတ္မွာ ကုမၸဏီစီးပြားေရး လုပ္ငန္းတိုင္းဟာ လုပ္ငန္းသံုး ဝက္ဘ္ဆိုက္ေတြ သံုးလာၾကၿပီ ျဖစ္လို ့ဝက္ဘ္ဆိုက္ဖန္တီးတဲ့ Web Developer တို႔ Web Designer တို႔ဟာလည္း ဝင္ေငြေကာင္းတဲ့ အလုပ္အကိုင္ေတြ ျဖစ္လာပါတယ္။ ေနာက္ၿပီး ဒီအလုပ္ကလည္း ကိုယ္ေရာက္ေလရာ အရပ္ကေန အင္တာနက္ခ်ိတ္ၿပီး အေဝးကလွမ္းၿပီး လုပ္ႏိုင္တဲ့အလုပ္ေတြ ျဖစ္ပါတယ္။

 

၂။ Freelance Writer

လူမႈကြန္ရက္ေခတ္မွာ Content Writer၊ Copy Writer တို႔နဲ႔အတူ Digital Marketing အလုပ္အကိုင္ေတြကလည္း ေခတ္ေကာင္းေနပါတယ္။

ကုမၸဏီအေတာ္မ်ားမ်ားကလည္း သူတို႔ရဲ႕ လုပ္ငန္းနဲ႔ ဝန္ေဆာင္မႈေတြကို လူသိမ်ားဖို႔ Branding လုပ္တဲ့ေနရာမွာ စိတ္ကူးနဲ႔ ဖန္တီးဥာဏ္အားေကာင္းတဲ့ Freelance ဒစ္ဂ်စ္တယ္သမားေတြ သံုးတာမ်ားလာပါတယ္။

 

၃။ Social Media Manager

ဒစ္ဂ်စ္တယ္ ဝန္ေဆာင္မႈဟာ ဒီေန႔ေခတ္ ကုမၸဏီေတြရဲ႕ အသက္လို ျဖစ္လာပါတယ္။ လူမႈကြန္ရက္ကို အားကိုးၿပီး လုပ္ငန္းတိုးခ်ဲ႕လာေနတဲ့ ကုမၸဏီေတြအတြက္ Social Media Manager ေတြဟာ မရိွမျဖစ္ အေရးပါလာပါတယ္။

Facebook၊ Twitter၊ YouTube စတဲ့ Social Media ကြ်မ္းက်င္သူမ်ားဟာ အြန္လိုင္းစီးပြားေရး အတိုင္ပင္ခံမ်ားသဖြယ္ တာဝန္ယူႏုိင္တာေၾကာင့္ အလုပ္အကိုင္ အခြင့္အလမ္းေပါမ်ားသလို ဝင္ေငြလည္းခိုင္မာပါတယ္။

Recommended For You >>> "တရုတ္ဘာသာစကား သင္ယူတဲ့ အခါ အေထာက္အကူျဖစ္ေစမည့္ နည္းလမ္း (၈) ခု"

 

၄။ Email Marketer

ေၾကာ္ျငာေအဂ်င္စီေတြဟာ သူတို႔ေဖာက္သည္ေတြရဲ႕ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြအေၾကာင္း ေၾကာ္ျငာရာမွာ Email Marketer ေတြကိုလည္း သံုးေနၾကပါတယ္။

Email Marketer တစ္ေယာက္ဟာ သံုးစဲြသူမ်ားကို ကုမၸဏီရဲ႕ ကုန္စည္မ်ားအေၾကာင္း ဂရပ္ဖစ္နဲ႔ ဝက္ဘ္ဆိုက္ ဒီဇိုင္းမ်ားသံုးၿပီး ေစ်းကြက္ကို ေၾကျငာမိတ္ဆက္ေပးရတာ ျဖစ္လို႔ သူ႔ရဲ႕တာဝန္နဲ႔ ေနရာဟာ ကုမၸဏီလုပ္ငန္းတစ္ခုအတြက္ အလြန္အေရးပါပါတယ္။ ဒီရာထူးအတြက္ ဂရပ္ဖစ္ ကြ်မ္းက်င္ရံုနဲ႔တင္ မရဘဲ စိတ္ကူးဥာဏ္နဲ႔ စာအေရးအသား ေကာင္းရမွာ ျဖစ္သလို တင္ျပပံုမွာလည္း ယဥ္ေက်းပါးနပ္ရပါတယ္။

 

၅။ Animation

Animation နဲ႔ ဂရပ္ဖစ္ဒီဇိုင္းေတြ ကြ်မ္းက်င္သူအတြက္ အလုပ္ဆိုတာ လက္ညိွဳးထိုးမလဲြပါပဲ။ ကုမၸဏီတိုင္းဟာ အိုင္ဒီယာဆန္းေတြကို သူ႔ထက္ငါ လိုခ်င္ေနတာပါ။

Animation သမားတစ္ေယာက္ရဲ႕ ကဲြျပားဆန္းသစ္တဲ့ လက္ရာဟာ ကုမၸဏီတစ္ခု လူသိမ်ားဖို႔ အလြန္အေရးပါတာေၾကာင့္ သူတို႔ကို အလုပ္အပ္ခ်င္တဲ့ ကုမၸဏီေတြကလည္း အလြန္မ်ားေနပါတယ္။

 


၆။ Promotional Video Maker

ဗီြဒီယို Editor ေတြဟာ ေနာက္ပိုင္းမွာ ထုတ္ကုန္သစ္ေတြကို လူသိမ်ားေအာင္ ေရာင္းအားျမွင့္ဖို႔ Promotional Video ေတြ ဖန္တီးလာၾကပါတယ္။

ဒီအလုပ္ကိုအပ္တဲ့ ကုမၸဏီေတြကလည္း တကယ့္အႀကီးစား ကုမၸဏီႀကီးေတြ မ်ားၿပီး အျပင္က Promo Video Maker ေတြကိုလည္း ေခၚယူ ငွားရမ္းလာၿပီျဖစ္ပါတယ္။

ဒီအလုပ္အကိုင္ေတြဟာ အခ်ိန္ေနရာမေရြး ကိုယ့္အိမ္မွာကို လုပ္လို႔ရတဲ့ အြန္လိုင္းအလုပ္အကိုင္ေတြ ျဖစ္ၿပီး ဝင္ေငြနဲ႔ဘဝရပ္တည္မႈအတြက္ သိကၡာရိွတဲ့အလုပ္အကိုင္ေတြလည္း ျဖစ္ပါတယ္။

Recommended For You >>> "ရန္ကုန္ျမိဳ ့တြင္းမွ စာအုပ္အေဟာင္းဆိုင္မ်ား"

 

>>> Unicode ဖြင့်ဖတ်ရန် <<<

 

ရုံးတက်မှ အလုပ်လုပ်တာ မဟုတ်တော့ပါဘူး။ အင်တာနက်ရှိရုံနဲ့ ကိုယ်ရောက်နေရာအရပ်ကနေ အလုပ်လုပ်လို့ ရလာပါပြီ။

ပိုပြီး ဝမ်းသာစရာကောင်းတာ တစ်ခုက အရင်ကဆို နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာသာ အွန်လိုင်းကနေ အလုပ်လုပ်ပြီး ဝင်ငွေ ရှာနိုင်တာမျိုးတွေ ရှိပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း ကိုယ့်အခန်းထဲကနေ အလုပ်လုပ်ရင်း ငွေရှာလို့ရပြီ ဖြစ်ပါတယ်။

 

၁။ Web Developer/ Designer

နည်းပညာခေတ်မှာ ကုမ္ပဏီစီးပွားရေး လုပ်ငန်းတိုင်းဟာ လုပ်ငန်းသုံး ဝက်ဘ်ဆိုက်တွေ သုံးလာကြပြီ ဖြစ်လို့ဝက်ဘ်ဆိုက်ဖန်တီးတဲ့ Web Developer တို့ Web Designer တို့ဟာလည်း ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ဖြစ်လာပါတယ်။ နောက်ပြီး ဒီအလုပ်ကလည်း ကိုယ်ရောက်လေရာ အရပ်ကနေ အင်တာနက်ချိတ်ပြီး အဝေးကလှမ်းပြီး လုပ်နိုင်တဲ့အလုပ်တွေ ဖြစ်ပါတယ်။

 

၂။ Freelance Writer

လူမှုကွန်ရက်ခေတ်မှာ Content Writer၊ Copy Writer တို့နဲ့အတူ Digital Marketing အလုပ်အကိုင်တွေကလည်း ခေတ်ကောင်းနေပါတယ်။

ကုမ္ပဏီအတော်များများကလည်း သူတို့ရဲ့ လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကို လူသိများဖို့ Branding လုပ်တဲ့နေရာမှာ စိတ်ကူးနဲ့ ဖန်တီးဉာဏ်အားကောင်းတဲ့ Freelance ဒစ်ဂျစ်တယ်သမားတွေ သုံးတာများလာပါတယ်။

 

၃။ Social Media Manager

ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဟာ ဒီနေ့ခေတ် ကုမ္ပဏီတွေရဲ့ အသက်လို ဖြစ်လာပါတယ်။ လူမှုကွန်ရက်ကို အားကိုးပြီး လုပ်ငန်းတိုးချဲ့လာနေတဲ့ ကုမ္ပဏီတွေအတွက် Social Media Manager တွေဟာ မရှိမဖြစ် အရေးပါလာပါတယ်။

Facebook၊ Twitter၊ YouTube စတဲ့ Social Media ကျွမ်းကျင်သူများဟာ အွန်လိုင်းစီးပွားရေး အတိုင်ပင်ခံများသဖွယ် တာဝန်ယူနိုင်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါများသလို ဝင်ငွေလည်းခိုင်မာပါတယ်။

Recommended For You >>> "တရုတ်ဘာသာစကား သင်ယူတဲ့ အခါ အထောက်အကူဖြစ်စေမည့် နည်းလမ်း (၈) ခု"

 

၄။ Email Marketer

ကြော်ငြာအေဂျင်စီတွေဟာ သူတို့ဖောက်သည်တွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအကြောင်း ကြော်ငြာရာမှာ Email Marketer တွေကိုလည်း သုံးနေကြပါတယ်။

Email Marketer တစ်ယောက်ဟာ သုံးစွဲသူများကို ကုမ္ပဏီရဲ့ ကုန်စည်များအကြောင်း ဂရပ်ဖစ်နဲ့ ဝက်ဘ်ဆိုက် ဒီဇိုင်းများသုံးပြီး ဈေးကွက်ကို ကြေငြာမိတ်ဆက်ပေးရတာ ဖြစ်လို့ သူ့ရဲ့တာဝန်နဲ့ နေရာဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အလွန်အရေးပါပါတယ်။ ဒီရာထူးအတွက် ဂရပ်ဖစ် ကျွမ်းကျင်ရုံနဲ့တင် မရဘဲ စိတ်ကူးဉာဏ်နဲ့ စာအရေးအသား ကောင်းရမှာ ဖြစ်သလို တင်ပြပုံမှာလည်း ယဉ်ကျေးပါးနပ်ရပါတယ်။

 

၅။ Animation

Animation နဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေ ကျွမ်းကျင်သူအတွက် အလုပ်ဆိုတာ လက်ညှိုးထိုးမလွဲပါပဲ။ ကုမ္ပဏီတိုင်းဟာ အိုင်ဒီယာဆန်းတွေကို သူ့ထက်ငါ လိုချင်နေတာပါ။

Animation သမားတစ်ယောက်ရဲ့ ကွဲပြားဆန်းသစ်တဲ့ လက်ရာဟာ ကုမ္ပဏီတစ်ခု လူသိများဖို့ အလွန်အရေးပါတာကြောင့် သူတို့ကို အလုပ်အပ်ချင်တဲ့ ကုမ္ပဏီတွေကလည်း အလွန်များနေပါတယ်။

 


၆။ Promotional Video Maker

ဗွီဒီယို Editor တွေဟာ နောက်ပိုင်းမှာ ထုတ်ကုန်သစ်တွေကို လူသိများအောင် ရောင်းအားမြှင့်ဖို့ Promotional Video တွေ ဖန်တီးလာကြပါတယ်။

ဒီအလုပ်ကိုအပ်တဲ့ ကုမ္ပဏီတွေကလည်း တကယ့်အကြီးစား ကုမ္ပဏီကြီးတွေ များပြီး အပြင်က Promo Video Maker တွေကိုလည်း ခေါ်ယူ ငှားရမ်းလာပြီဖြစ်ပါတယ်။

ဒီအလုပ်အကိုင်တွေဟာ အချိန်နေရာမရွေး ကိုယ့်အိမ်မှာကို လုပ်လို့ရတဲ့ အွန်လိုင်းအလုပ်အကိုင်တွေ ဖြစ်ပြီး ဝင်ငွေနဲ့ဘဝရပ်တည်မှုအတွက် သိက္ခာရှိတဲ့အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။

Recommended For You >>> "ရန်ကုန်မြို့တွင်းမှ စာအုပ်အဟောင်းဆိုင်များ"

 

Sources : Kwee

sayar.com.mm

 

Read times
Rate this articles
(0 votes)