×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 13 September 2019

"စိတ္ဓါတ္က်ျခင္းကိုတိုက္ဖ်က္ဖို႔ အလြယ္ကူဆံုး နဲ ့ အရိုးရွင္းဆံုးနည္းလမ္းမ်ား"

"စိတ္ဓါတ္က်ျခင္းကိုတိုက္ဖ်က္ဖို႔ အလြယ္ကူဆံုး နဲ ့ အရိုးရွင္းဆံုးနည္းလမ္းမ်ား" google.com

ဘဝမွာ အသက္ရွင္ရပ္တည္႐ုန္းကန္ဖို႔ႀကိဳးစားေနသမွ် ကာလပတ္လုံးမွာ စိတ္ေပ်ာ္စရာ၊ စိတ္ညစ္စရာ၊ ဝမ္းနည္းစရာ၊ စိတ္ဓာတ္က်စရာစသျဖင့္ ႀကဳံၿမဲႀကဳံရမွာပါပဲ။

ဘဝဆိုတာက အၿမဲလိုတသတ္မတ္တည္း မရွိဘဲ တက္လိုက္က်လိုက္နဲ႔မို႔ အၿမဲတမ္းအဆင္ေျပေခ်ာေမြ႕ေနတယ္ဆိုတာရွိမွာမဟုတ္ပါဘူး။ အၿမဲတမ္းလည္း ၾကမ္းတမ္းၿပီး အခက္အခဲေတြနဲ႔ခ်ည္း ႀကဳံေနရမွာလည္း မဟုတ္ပါဘူး။

အဆင္ေျပေနတဲ့အေျခအေနမ်ိဳးက ဘယ္သူ႔ကိုမွ မထိခိုက္ေစေပမယ့္ အဆင္မေျပတာေတြႀကဳံလာတဲ့အခါမွာေတာ့ ပုထုဇဥ္လူသားေတြပီပီ စိတ္ညစ္မႈ၊ စိတ္ဆင္းရဲမႈေတြ ျဖစ္ေပၚခံစားရေတာ့တာပါပဲ။

စိတ္ညစ္မႈေတြႀကဳံလာတဲ့အခါမွာ ကိုယ့္ရဲ႕စိတ္ေတြကလည္း ကေယာက္ကယက္နဲ႔ မတည္မၿငိမ္ျဖစ္ေနေလ့ရွိပါတယ္။ အဲဒီ့အခါ စိတ္ဖိစီးမႈခံစားရၿပီး တေျဖးေျဖးစိတ္ဓာတ္က်တဲ့အဆင့္ေရာက္လာပါေတာ့တယ္။

စိတ္ဓာတ္က်ျခင္းက ေရာဂါတခုလိုပါပဲ…အခ်ိန္မီကုသဖို႔မႀကိဳးစားဘူးဆိုရင္ ေရရွည္မွာ က်န္းမာေရးကိုထိခိုက္လာႏိုင္သလို၊ လူမႈဘဝကိုလည္း ထိခိုက္လာႏိုင္ပါတယ္။

အဲဒါေၾကာင့္ စိတ္ညစ္ေနခ်ိန္မွာ ကိုယ္တိုင္ကလြဲၿပီး အျခားဘယ္သူကမွ စိတ္ေပ်ာ္ေအာင္ မႀကိဳးစားေပးႏိုင္ပါဘူး။ ကိုယ့္စိတ္ကို ကိုယ္တိုင္သာျပဳျပင္ၿပီး ကုစားႏိုင္တာျဖစ္ပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ သင့္ကိုသင္ဘယ္လိုျပန္ၿပီး စိတ္ဓာတ္ခြန္အားယူမလဲဆိုတာေလးေဖာ္ျပေပးခ်င္ပါတယ္။

 

(၁) စိတ္တည္ၿငိမ္ေအာင္လုပ္သင့္ပါတယ္
ပထမဆုံး ကိုယ့္ရဲ႕စိတ္ထဲမွာ တခုခုေၾကာင့္ ဆိုးဝါးတဲ့ေဝဒနာ၊ ခံစားခ်က္ေတြခံစားလာရၿပီဆိုရင္ ကိုယ္တိုင္ပဲအရင္ဆုံးသိတာပါ။

အဲဒီ့အခါမွာ ကိုယ့္ကိုကိုယ္သတိထားလိုက္ပါ။ စိတ္ဖိစီးမႈ၊ စိတ္ညစ္မႈ၊ နာက်င္မႈေတြခံစားေနရၿပီဆိုရင္ စိတ္ေတြက ကေမာက္ကမျဖစ္ကာ ျပႆနာကိုပဲထပ္တလဲလဲေတြးေနမိေတာ့တာပါပဲ။ အဲဒါေၾကာင့္ကိုပဲ ပိုၿပီး စိတ္ဖိစီးမယ္၊ ပိုၿပီး စိတ္မတည္ၿငိမ္ျဖစ္ပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ ကိုယ့္စိတ္က အဓိကဆိုတာ နားလည္ပါ။ ကိုယ့္စိတ္ကို အရင္ဆုံးတည္ၿငိမ္ေအာင္ လုပ္သင့္ပါတယ္။

ဥပမာ။ တရားထိုင္လိုက္တာမ်ိဳး၊ ဒါမွမဟုတ္ရင္လည္း တစ္ေယာက္တည္း ဆိတ္ၿငိမ္တဲ့ေနရာမွာ မ်က္လုံးမွိတ္ၿပီး ခဏေလာက္ထိုင္ေနလိုက္တာမ်ိဳးလုပ္ပါ။ ဘုရားစာကို ခပ္ၾကာၾကာေလး႐ြတ္ၾကည့္ပါ။

စ႐ြတ္႐ြတ္ျခင္းေတာ့ စိတ္ကျပႆနာေတြကိုေတြးလိုက္ ဟိုေတြးဒီေတြးျဖစ္ေနေပမယ့္ ခဏေလာက္အာ႐ုံကို ဘုရားစာေသခ်ာ႐ြတ္ဖို႔အာ႐ုံစိုက္ၾကည့္လိုက္ပါ။

ဘုရားစာထဲအာ႐ုံေရာက္သြားတဲ့အခါ ျပႆနာေတြကိုေမ့ၿပီး စိတ္တည္ၿငိမ္လာပါလိမ့္မယ္။ ကိုယ္ကိုးကြယ္ရာဘာသာအလိုက္ဘာသာေရးကိုလုပ္ပါ။ စိတ္တည္ၿငိမ္မႈအဓိကရပါတယ္။ ေယာဂက်င့္တာမ်ိဳးလုပ္ပါ။

 

(၂) ကိုယ္ေအာင္ျမင္ေအာင္လုပ္ခဲ့တာေတြကို ျပန္ေတြးၾကည့္ပါ
ဘဝမွာ စိတ္ညစ္စရာ၊ စိတ္ဒုကၡေရာက္စရာေတြအမ်ားႀကီးႀကဳံဖူးခဲ့မွာပါ။ အရင္က ကိုယ္မေျဖရွင္းႏိုင္ဘူးလို႔ ထင္ခဲ့ၿပီး ကိုယ္ျဖတ္သန္းေက်ာ္လႊားႏိုင္ခဲ့တဲ့ျပႆနာေတြ၊ အရမ္းႀကီးမားၿပီး ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ထင္ၿပီး ေအာင္ျမင္ေအာင္လုပ္ႏိုင္သြားတဲ့ကိစၥေတြကို ျပန္ေတြးၾကည့္ပါ။

အရင္တစ္ခ်ိန္တုန္းကလည္း သင့္ကိုယ္သင္ မေျဖရွင္းႏိုင္ဘူးလို႔ ထင္ခဲ့တာပဲမဟုတ္လား။ ခုခ်ိန္မွာ ထိုျပႆနာေတြ ဆက္လက္တည္ရွိေနေသးရဲ႕လား ဒါမွမဟုတ္ ထိုျပႆနာေတြ ခုထိျဖစ္ေနတုန္းပဲလား။

သင္ဘယ္လိုျဖတ္သန္းႏိုင္ခဲ့သလဲ။ သင္လုပ္ႏိုင္ခဲ့တယ္မဟုတ္လား။ အခ်ိန္တစ္ခုေရာက္တဲ့အခါ ဘယ္ေလာက္ႀကီးမားတဲ့အခက္အခဲျဖစ္ျဖစ္ ေက်ာ္ျဖတ္ႏိုင္သြားတာပါပဲ။ သင့္ကိုသင္ ယုံၾကည္ဖို႔ပဲလိုပါတယ္။

 

(၃) ကိုယ္ကိုကိုယ္ျပန္အားေပးပါ
ကိုယ့္စိတ္ကျဖစ္ေနတဲ့ျပႆနာကို ကိုယ္ပဲေျဖရွင္းႏိုင္ပါတယ္။ အျခားသူပေယာကေၾကာင့္ဆိုရင္ေတာ့ ကိုယ္အေကာင္းဆုံးေျဖရွင္းႏိုင္မယ့္နည္းလမ္းကိုေတြးၿပီး ေျဖရွင္းလိုက္ပါ။

ကိုယ္ေျဖရွင္းမရတဲ့ျပႆနာဆိုရင္ေတာ့ တနည္းအားျဖင့္ ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့ျပႆနာဆိုရင္ေတာ့ အာ႐ုံထဲမထည့္ပါနဲ႔ေတာ့ ။

ကိုယ္ျပဳျပင္ႏိုင္တာကိုပဲ အာ႐ုံစိုက္ျခင္းက ကိုယ္တိုင္ျပဳျပင္ေျပာင္းလဲပစ္လို႔ရတယ္ေလ။ အဲဒီလိုျပႆနာကို ကိုယ့္စိတ္ထဲ ထည့္ၿပီး မခံစားပါနဲ႔။

ကိုယ့္စိတ္ထဲကေနျဖစ္ေနတဲ့ျပႆနာဆိုရင္ေတာ့ ကိုယ့္စိတ္ကိုကိုယ္ျပန္ၿပီး အားေပးပါ။ “ငါေျဖရွင္းႏိုင္ပါတယ္….အရင္ကလည္း အဲဒီလိုခက္ခဲတယ္ထင္တာကို ေက်ာ္လႊားႏိုင္ခဲ့သားပဲ။” ဆိုတဲ့စကားနဲ႔အလားတူစကားမ်ိဳးကို ကိုယ့္ကိုကိုယ္ေျပာေပးပါ။

ကိုယ့္စိတ္ေၾကာင့္ျဖစ္တဲ့ျပႆနာက ကိုယ့္ကိုကိုယ္ပဲအားေပးမွျဖစ္မွာပါ။ “ငါလုပ္ႏိုင္တယ္။

ငါေအာင္ျမင္ေအာင္လုပ္ႏိုင္ပါတယ္။ ငါဒီတိုင္းအရႈံးေပးရမလား။ ငါ့ကိုဘယ္သူမွ ၿပိဳလဲေအာင္မတိုက္ခိုက္ႏိုင္ပါဘူး” စသျဖင့္ ကိုယ့္ကိုကိုယ္အားေပးလိုက္ပါ။ တကယ္အားတက္လာေစပါတယ္။

 

(၄) အသက္ရွင္ေနျခင္းက ကံအေကာင္းဆုံးအခြင့္အေရးပါပဲ
ဘယ္ေလာက္အခက္အခဲေတြ၊ အၾကပ္အတည္းေတြနဲ႔ႀကဳံပါေစ။ ကိုယ့္မွာ အသက္ရွိေနသေ႐ြ႕၊ အသက္ရွင္ေနသေ႐ြ႕ ျပန္လည္ႀကိဳးစားဖို႔၊ အႏိုင္တိုက္ဖို႔ အခြင့္အေရးရပါေသးတယ္။

အသက္ရွင္လ်က္သာမရွိေတာ့ရင္ ဘာကိုႀကိဳးစားႏိုင္ပါအုံးမလဲ။ သင္ႀကိဳးစားခ်င္စိတ္ရွိေနေသးေပမယ့္ အသက္ရွင္လ်က္မရွိရင္ ဘာမွမႀကိဳးစားႏိုင္ေတာ့ပါဘူး။

အဲဒီ့ေတာ့ ခုလို အသက္ရွင္လ်က္ရွိေနျခင္းက သင္ျပန္ၿပီး ႀကိဳးစားဖို႔ အေကာင္းဆုံးအခြင့္အေရးမဟုတ္ဘူးလား။ အဲဒါေၾကာင့္ အသက္ရွင္လ်က္ရွိေနျခင္း အခြင့္အေရးကို ေကာင္းေကာင္းအသုံးခ်ပါ။ ကိုယ့္အတြက္ အခက္အခဲဆိုတာ ကိုယ္ေျဖရွင္းလိုက္ရင္ ဘာမွမဟုတ္တဲ့ ျမဴမႈန္ေလးပါပဲ။

 

(၅) ကိုယ့္ကိုခ်စ္တဲ့သူေတြကိုေတြးၾကည့္ပါ
ေနာက္ဆုံးအခ်က္ကေတာ့ ကိုယ့္ကိုခ်စ္တဲ့သူေတြကိုေတြးၾကည့္ပါ။ ကိုယ့္ကိုခ်စ္တဲ့သူေတြအမ်ားႀကီးရွိပါေသးတယ္။

 ေနာက္ဆုံး ကိုယ့္မိဘ ဒါမွမဟုတ္ ကိုယ့္သားသမီး ဒါမွမဟုတ္ ကိုယ့္မိတ္ေဆြအရင္းေတြ၊ ဒါမွမဟုတ္ ကိုယ့္ေက်ာင္းကသူငယ္ခ်င္းေတြ ၊ အလုပ္ခြင္ထဲကသူငယ္ခ်င္းေတြ စသျဖင့္ ကိုယ့္ကို စိတ္ရင္းနဲ႔ခ်စ္ခင္သူေတြအမ်ားႀကီးရွိပါေသးတယ္။ အဲဒါေၾကာင့္ ကိုယ့္မွာ ဘာမွမဟုတ္တဲ့အခက္အခဲေတြအတြက္နဲ႔ စိတ္ညစ္ၿပီး ၿပိဳလဲေၾကကြဲမေနသင့္ပါဘူး။

စိတ္ဓာတ္က်စရာလည္း မလိုပါဘူး။ ကိုယ္တစ္ေယာက္တည္းဒုကၡေရာက္၊ အခက္အခဲေတြ႕တတ္တာမဟုတ္ပါဘူး။ ဘဝတစ္ေလွ်ာက္လုံးမွာ လူေတြက ကိုယ့္လိုပဲ အခက္အခဲႀကဳံလိုက္၊ ေျဖရွင္းလိုက္၊ ေျပလည္သြားလိုက္ ျပႆနအသစ္ေတြထပ္ႀကဳံရလိုက္နဲ႔ သံသရာလည္ေနၾကတာခ်ည္းပါပဲ။ သင္တစ္ေယာက္ထဲမဟုတ္ပါဘူး။ သင့္မွာမွ သင့္ကိုခ်စ္ခင္တဲ့သူေတြအမ်ားႀကီးရွိေနပါေသးတယ္။

ဘယ္ေလာက္အားတက္စရာေကာင္းလိုက္သလဲေနာ္။ 

ဘဝမွာလူတိုင္းက ကိုယ့္ကိုကိုယ္ကယ္ဆယ္ဖို႔ႀကိဳးစားရင္း အလုပ္ရႈပ္ေနၾကတာခ်ည္းပါပဲတဲ့။ အဲဒီ့ေတာ့ အျခားသူေတြက သင့္ကို လာၿပီးကယ္ဆယ္ေပးတာကို စာင့္ေနတာထက္ သင့္ကိုသင္ကယ္ဆယ္ဖို႔ သင့္စိတ္ကို ျပန္လည္တက္ႂကြ အားမာန္တင္းၿပီး ဘဝကိုေရွ႕ဆက္ပါ။ သင့္ကိုသင္သာ စိတ္ဓာတ္ခြန္အားျဖစ္ေအာင္ အထက္ကအခ်က္ေတြကိုႀကိဳးစားၾကည့္လိုက္ပါ။

 

Bawa 101

<<<Unicode>>>

ဘဝမှာ အသက်ရှင်ရပ်တည်ရုန်းကန်ဖို့ကြိုးစားနေသမျှ ကာလပတ်လုံးမှာ စိတ်ပျော်စရာ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ဓာတ်ကျစရာစသဖြင့် ကြုံမြဲကြုံရမှာပါပဲ။

ဘဝဆိုတာက အမြဲလိုတသတ်မတ်တည်း မရှိဘဲ တက်လိုက်ကျလိုက်နဲ့မို့ အမြဲတမ်းအဆင်ပြေချောမွေ့နေတယ်ဆိုတာရှိမှာမဟုတ်ပါဘူး။ အမြဲတမ်းလည်း ကြမ်းတမ်းပြီး အခက်အခဲတွေနဲ့ချည်း ကြုံနေရမှာလည်း မဟုတ်ပါဘူး။

အဆင်ပြေနေတဲ့အခြေအနေမျိုးက ဘယ်သူ့ကိုမှ မထိခိုက်စေပေမယ့် အဆင်မပြေတာတွေကြုံလာတဲ့အခါမှာတော့ ပုထုဇဉ်လူသားတွေပီပီ စိတ်ညစ်မှု၊ စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်ခံစားရတော့တာပါပဲ။

စိတ်ညစ်မှုတွေကြုံလာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်တွေကလည်း ကယောက်ကယက်နဲ့ မတည်မငြိမ်ဖြစ်နေလေ့ရှိပါတယ်။ အဲဒီ့အခါ စိတ်ဖိစီးမှုခံစားရပြီး တဖြေးဖြေးစိတ်ဓာတ်ကျတဲ့အဆင့်ရောက်လာပါတော့တယ်။

စိတ်ဓာတ်ကျခြင်းက ရောဂါတခုလိုပါပဲ…အချိန်မီကုသဖို့မကြိုးစားဘူးဆိုရင် ရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာနိုင်သလို၊ လူမှုဘဝကိုလည်း ထိခိုက်လာနိုင်ပါတယ်။

အဲဒါကြောင့် စိတ်ညစ်နေချိန်မှာ ကိုယ်တိုင်ကလွဲပြီး အခြားဘယ်သူကမှ စိတ်ပျော်အောင် မကြိုးစားပေးနိုင်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင်သာပြုပြင်ပြီး ကုစားနိုင်တာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သင့်ကိုသင်ဘယ်လိုပြန်ပြီး စိတ်ဓာတ်ခွန်အားယူမလဲဆိုတာလေးဖော်ပြပေးချင်ပါတယ်။

 

(၁) စိတ်တည်ငြိမ်အောင်လုပ်သင့်ပါတယ်
ပထမဆုံး ကိုယ့်ရဲ့စိတ်ထဲမှာ တခုခုကြောင့် ဆိုးဝါးတဲ့ဝေဒနာ၊ ခံစားချက်တွေခံစားလာရပြီဆိုရင် ကိုယ်တိုင်ပဲအရင်ဆုံးသိတာပါ။

အဲဒီ့အခါမှာ ကိုယ့်ကိုကိုယ်သတိထားလိုက်ပါ။ စိတ်ဖိစီးမှု၊ စိတ်ညစ်မှု၊ နာကျင်မှုတွေခံစားနေရပြီဆိုရင် စိတ်တွေက ကမောက်ကမဖြစ်ကာ ပြဿနာကိုပဲထပ်တလဲလဲတွေးနေမိတော့တာပါပဲ။ အဲဒါကြောင့်ကိုပဲ ပိုပြီး စိတ်ဖိစီးမယ်၊ ပိုပြီး စိတ်မတည်ငြိမ်ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်စိတ်က အဓိကဆိုတာ နားလည်ပါ။ ကိုယ့်စိတ်ကို အရင်ဆုံးတည်ငြိမ်အောင် လုပ်သင့်ပါတယ်။

ဥပမာ။ တရားထိုင်လိုက်တာမျိုး၊ ဒါမှမဟုတ်ရင်လည်း တစ်ယောက်တည်း ဆိတ်ငြိမ်တဲ့နေရာမှာ မျက်လုံးမှိတ်ပြီး ခဏလောက်ထိုင်နေလိုက်တာမျိုးလုပ်ပါ။ ဘုရားစာကို ခပ်ကြာကြာလေးရွတ်ကြည့်ပါ။

စရွတ်ရွတ်ခြင်းတော့ စိတ်ကပြဿနာတွေကိုတွေးလိုက် ဟိုတွေးဒီတွေးဖြစ်နေပေမယ့် ခဏလောက်အာရုံကို ဘုရားစာသေချာရွတ်ဖို့အာရုံစိုက်ကြည့်လိုက်ပါ။

ဘုရားစာထဲအာရုံရောက်သွားတဲ့အခါ ပြဿနာတွေကိုမေ့ပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။ ကိုယ်ကိုးကွယ်ရာဘာသာအလိုက်ဘာသာရေးကိုလုပ်ပါ။ စိတ်တည်ငြိမ်မှုအဓိကရပါတယ်။ ယောဂကျင့်တာမျိုးလုပ်ပါ။

 

(၂) ကိုယ်အောင်မြင်အောင်လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်ပါ
ဘဝမှာ စိတ်ညစ်စရာ၊ စိတ်ဒုက္ခရောက်စရာတွေအများကြီးကြုံဖူးခဲ့မှာပါ။ အရင်က ကိုယ်မဖြေရှင်းနိုင်ဘူးလို့ ထင်ခဲ့ပြီး ကိုယ်ဖြတ်သန်းကျော်လွှားနိုင်ခဲ့တဲ့ပြဿနာတွေ၊ အရမ်းကြီးမားပြီး ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်ပြီး အောင်မြင်အောင်လုပ်နိုင်သွားတဲ့ကိစ္စတွေကို ပြန်တွေးကြည့်ပါ။

အရင်တစ်ချိန်တုန်းကလည်း သင့်ကိုယ်သင် မဖြေရှင်းနိုင်ဘူးလို့ ထင်ခဲ့တာပဲမဟုတ်လား။ ခုချိန်မှာ ထိုပြဿနာတွေ ဆက်လက်တည်ရှိနေသေးရဲ့လား ဒါမှမဟုတ် ထိုပြဿနာတွေ ခုထိဖြစ်နေတုန်းပဲလား။

သင်ဘယ်လိုဖြတ်သန်းနိုင်ခဲ့သလဲ။ သင်လုပ်နိုင်ခဲ့တယ်မဟုတ်လား။ အချိန်တစ်ခုရောက်တဲ့အခါ ဘယ်လောက်ကြီးမားတဲ့အခက်အခဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်သွားတာပါပဲ။ သင့်ကိုသင် ယုံကြည်ဖို့ပဲလိုပါတယ်။

 

(၃) ကိုယ်ကိုကိုယ်ပြန်အားပေးပါ
ကိုယ့်စိတ်ကဖြစ်နေတဲ့ပြဿနာကို ကိုယ်ပဲဖြေရှင်းနိုင်ပါတယ်။ အခြားသူပယောကကြောင့်ဆိုရင်တော့ ကိုယ်အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတွေးပြီး ဖြေရှင်းလိုက်ပါ။

ကိုယ်ဖြေရှင်းမရတဲ့ပြဿနာဆိုရင်တော့ တနည်းအားဖြင့် ကိုယ်မထိန်းချုပ်နိုင်တဲ့ပြဿနာဆိုရင်တော့ အာရုံထဲမထည့်ပါနဲ့တော့ ။

ကိုယ်ပြုပြင်နိုင်တာကိုပဲ အာရုံစိုက်ခြင်းက ကိုယ်တိုင်ပြုပြင်ပြောင်းလဲပစ်လို့ရတယ်လေ။ အဲဒီလိုပြဿနာကို ကိုယ့်စိတ်ထဲ ထည့်ပြီး မခံစားပါနဲ့။

ကိုယ့်စိတ်ထဲကနေဖြစ်နေတဲ့ပြဿနာဆိုရင်တော့ ကိုယ့်စိတ်ကိုကိုယ်ပြန်ပြီး အားပေးပါ။ “ငါဖြေရှင်းနိုင်ပါတယ်….အရင်ကလည်း အဲဒီလိုခက်ခဲတယ်ထင်တာကို ကျော်လွှားနိုင်ခဲ့သားပဲ။” ဆိုတဲ့စကားနဲ့အလားတူစကားမျိုးကို ကိုယ့်ကိုကိုယ်ပြောပေးပါ။

ကိုယ့်စိတ်ကြောင့်ဖြစ်တဲ့ပြဿနာက ကိုယ့်ကိုကိုယ်ပဲအားပေးမှဖြစ်မှာပါ။ “ငါလုပ်နိုင်တယ်။

ငါအောင်မြင်အောင်လုပ်နိုင်ပါတယ်။ ငါဒီတိုင်းအရှုံးပေးရမလား။ ငါ့ကိုဘယ်သူမှ ပြိုလဲအောင်မတိုက်ခိုက်နိုင်ပါဘူး” စသဖြင့် ကိုယ့်ကိုကိုယ်အားပေးလိုက်ပါ။ တကယ်အားတက်လာစေပါတယ်။


(၄) အသက်ရှင်နေခြင်းက ကံအကောင်းဆုံးအခွင့်အရေးပါပဲ
ဘယ်လောက်အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ကြုံပါစေ။ ကိုယ့်မှာ အသက်ရှိနေသရွေ့၊ အသက်ရှင်နေသရွေ့ ပြန်လည်ကြိုးစားဖို့၊ အနိုင်တိုက်ဖို့ အခွင့်အရေးရပါသေးတယ်။

အသက်ရှင်လျက်သာမရှိတော့ရင် ဘာကိုကြိုးစားနိုင်ပါအုံးမလဲ။ သင်ကြိုးစားချင်စိတ်ရှိနေသေးပေမယ့် အသက်ရှင်လျက်မရှိရင် ဘာမှမကြိုးစားနိုင်တော့ပါဘူး။

အဲဒီ့တော့ ခုလို အသက်ရှင်လျက်ရှိနေခြင်းက သင်ပြန်ပြီး ကြိုးစားဖို့ အကောင်းဆုံးအခွင့်အရေးမဟုတ်ဘူးလား။ အဲဒါကြောင့် အသက်ရှင်လျက်ရှိနေခြင်း အခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။ ကိုယ့်အတွက် အခက်အခဲဆိုတာ ကိုယ်ဖြေရှင်းလိုက်ရင် ဘာမှမဟုတ်တဲ့ မြူမှုန်လေးပါပဲ။

 

(၅) ကိုယ့်ကိုချစ်တဲ့သူတွေကိုတွေးကြည့်ပါ
နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတွေးကြည့်ပါ။ ကိုယ့်ကိုချစ်တဲ့သူတွေအများကြီးရှိပါသေးတယ်။

နောက်ဆုံး ကိုယ့်မိဘ ဒါမှမဟုတ် ကိုယ့်သားသမီး ဒါမှမဟုတ် ကိုယ့်မိတ်ဆွေအရင်းတွေ၊ ဒါမှမဟုတ် ကိုယ့်ကျောင်းကသူငယ်ချင်းတွေ ၊ အလုပ်ခွင်ထဲကသူငယ်ချင်းတွေ စသဖြင့် ကိုယ့်ကို စိတ်ရင်းနဲ့ချစ်ခင်သူတွေအများကြီးရှိပါသေးတယ်။ အဲဒါကြောင့် ကိုယ့်မှာ ဘာမှမဟုတ်တဲ့အခက်အခဲတွေအတွက်နဲ့ စိတ်ညစ်ပြီး ပြိုလဲကြေကွဲမနေသင့်ပါဘူး။

စိတ်ဓာတ်ကျစရာလည်း မလိုပါဘူး။ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်၊ အခက်အခဲတွေ့တတ်တာမဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံးမှာ လူတွေက ကိုယ့်လိုပဲ အခက်အခဲကြုံလိုက်၊ ဖြေရှင်းလိုက်၊ ပြေလည်သွားလိုက် ပြဿနအသစ်တွေထပ်ကြုံရလိုက်နဲ့ သံသရာလည်နေကြတာချည်းပါပဲ။ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ သင့်မှာမှ သင့်ကိုချစ်ခင်တဲ့သူတွေအများကြီးရှိနေပါသေးတယ်။

ဘယ်လောက်အားတက်စရာကောင်းလိုက်သလဲနော်။

ဘဝမှာလူတိုင်းက ကိုယ့်ကိုကိုယ်ကယ်ဆယ်ဖို့ကြိုးစားရင်း အလုပ်ရှုပ်နေကြတာချည်းပါပဲတဲ့။ အဲဒီ့တော့ အခြားသူတွေက သင့်ကို လာပြီးကယ်ဆယ်ပေးတာကို စာင့်နေတာထက် သင့်ကိုသင်ကယ်ဆယ်ဖို့ သင့်စိတ်ကို ပြန်လည်တက်ကြွ အားမာန်တင်းပြီး ဘဝကိုရှေ့ဆက်ပါ။ သင့်ကိုသင်သာ စိတ်ဓာတ်ခွန်အားဖြစ်အောင် အထက်ကအချက်တွေကိုကြိုးစားကြည့်လိုက်ပါ။

 

Sources : Bawa 101

sayar.com.mm

 

 

Read times
Rate this articles
(2 votes)