×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 18 September 2019

"ႏိုင္ငံျခားမွာေက်ာင္းသြားတက္သင့္တဲ့အေၾကာင္းအရင္း (၆) ခ်က္"

"ႏိုင္ငံျခားမွာေက်ာင္းသြားတက္သင့္တဲ့အေၾကာင္းအရင္း (၆) ခ်က္" pexels

<<< Zawgyi Version >>>

ႏို္င္ငံျခားမွာ Bachelor ဒါမွမဟုတ္ Master သြားတက္ဖို႔ လူငယ္ေတာ္ေတာ္မ်ားမ်ား ရည္မွန္း ထားၾကလိမ့္မယ္ ထင္ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္း ႏိုင္ငံျခားနဲ႔ ခ်ိတ္ဆက္ထားတဲ့ ေက်ာင္းေတြ ရွိလာတဲ့အတြက္ တစ္ခ်ိဳ႕ေတြကေတာ့ ဒီမွာလည္း သင္လို႔ရေနတာပဲ၊ သင္တဲ့စာေတြလည္း တူတယ္၊ ဒါေၾကာင့္ ပိုက္ဆံ အကုန္ခံၿပီး ႏုိင္ငံျခားမွာ သြားတက္ေနဖို႔ မလိုပါဘူး ဆိုၿပီး ေျပာတတ္ၾကေပမယ့္ တကယ္တမ္း သင္ၾကားတာခ်င္း ဘယ္ေလာက္ပဲ တူေနပါေစ အက်ိဳးရရွိပံုခ်င္းကေတာ့ အနည္းနဲ႔အမ်ား ကြာျခားမႈေတြ ရွိပါတယ္။

ကိုယ့္္ႏုိင္ငံမဟုတ္ဘဲ တျခားႏိုင္ငံမွာ ေက်ာင္းသြားတက္တာကေန ကၽြန္ေတာ္တို႔ လူငယ္ေတြအေပၚကို အက်ိဳးအမ်ားႀကီး ေပးႏုိင္တာ ျဖစ္လို႔ ႏိုင္ငံတကာ ေက်ာင္းသားေတြအေနနဲ႔လည္း တျခားမွာ ေက်ာင္းတက္ဖို႔ ႀကိဳးစားၾကတာပဲ ျဖစ္ပါတယ္။

ဒါဆိုရင္ ကၽြန္ေတာ္တို႔ ျမန္မာႏုိင္ငံက လူငယ္ေတြကိုလည္း ႏုိင္ငံျခားမွာ ေက်ာင္းတက္တာကေန ဘယ္လို အက်ိဳးေက်းဇူးေတြ ရရွိႏုိင္သလဲ၊ ဘာေၾကာင့္ ေက်ာင္းသြားတက္သင့္သလဲ ဆိုတာေတြကို သိသေလာက္ထဲက ေဝမွ်ေပးခ်င္ပါတယ္ခင္ဗ်ာ။


၁။ မတူညီတဲ့ပညာေရးစနစ္

getting-most-college-education-1068x713.jpg

 

ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္မယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ႏိုင္ငံနဲ႔ လံုးဝကြဲျပားတဲ့ ပညာေရးစနစ္ကို စတင္ ထိေတြ႔ ရေတာ့မွာပါ။

သူတို႔ဘက္မွာ ေကာင္းတာတစ္ခုက ကၽြန္ေတာ္တို႔ေတြ အလြတ္ရဖို႔ အသည္းအသန္ စာက်က္ေနခ်ိန္မွာ သူတို႔ေတြကေတာ့ သီအိုရီိကို နားလည္ႏုိင္ဖို႔နဲ႔ လက္ေတြ႔အသံုးခ်ႏုိင္ေအာင္ ႀကိဳးစားသင္ယူေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံျခားမွာ ေက်ာင္းသြားတက္ၾကသူ အမ်ားစုက စစခ်င္း ျခားနားလြန္းတဲ့ ပညာေရး စနစ္ေၾကာင့္ အခက္အခဲ ေတြ႔ရတတ္ၾကတာပါ။

ဒါေပမယ့္ အခ်ိန္ၾကာလာေတာ့လည္း တျဖည္းျဖည္း အသားက်လာတယ္၊ ေတြးေခၚပံုေတြ နားလည္လာတယ္၊ ဘယ္လိုသင္ယူရမလဲ သိလာၾကတာပါပဲ။ ဆိုေတာ့ ႏိုင္ငံျခားမွာ ေက်ာင္းတက္ရင္း မတူညီတဲ့ ပညာေရးစနစ္၊ သင္ၾကားမႈပံုစံ စတာေတြကို လက္ေတြ႔ ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။

 

၂။ အမွီအခိုကင္းကင္းနဲ႔ရပ္တည္တတ္လာမယ္

Brave-4.jpg

ကၽြန္ေတာ္တို႔ႏုိင္ငံတြင္းမွာေတာင္ မိဘေတြနဲ႔ ခြဲခြာၿပီး တစ္ေယာက္တည္း ရပ္တည္ဖို႔ဆိုတာ တကယ့္ကို မလြယ္တဲ့ ကိစၥတစ္ခုပါ။

ဒါကို ကိုယ္မသိဖူးတဲ့ ႏိုင္ငံတစ္ႏုိင္ငံမွာ ပညာသင္ဖို႔အတြက္ တစ္ေယာက္တည္း အရဲစြန္႔သြားတယ္ ဆိုတာ စိန္ေခၚမႈႀကီးတစ္ရပ္ ျဖစ္သလို အမွီအခိုကင္းၿပီး ကိုယ့္အားကိုယ္ ကိုးႏုိင္သူတစ္ေယာက္ ျဖစ္လာႏုိင္ေစမယ့္ လမ္းစတစ္ခုပါပဲ။

ႏိုင္ငံရပ္ျခားမွာဆိုရင္ ေနထုိင္မႈကအစ မတူတာမို႔လို႔ အိမ္လြမ္းတဲ့ ဒဏ္လည္း ခံရမယ္၊ အစားအေသာက္ေတြလည္း ကြဲျပားမယ္၊ တစ္ေယာက္တည္း ခ်င့္ခ်ိန္တတ္လာမယ္၊ ကိုယ့္ကိုယ္ကိုယ္လည္း ကိုယ္ပိုင္ စည္းကမ္းနဲ႔ ထိန္းခ်ဳပ္တတ္လာမယ္ ေျပာရရင္ေတာ့ ရင့္က်က္မႈေတြနဲ႔ အမွီအခိုကင္းစြာ ရပ္တည္လာႏုိင္မွာပါ။

ဒါဟာ ပညာသင္ယူမႈအျပင္ ဘဝေနထိုင္မႈကိုပါ သင္ယူႏုိင္ဖို႔၊ ေလ့က်င့္ႏုိင္ဖို႔ ေကာင္းမြန္တဲ့ အခြင့္အေရးတစ္ခုပါပဲ။


၃။ အျမင္ေတြက်ယ္ျပန္႔ေျပာင္းလဲလာမယ္

getty_533986820_130319.jpg

၂၁ ရာစုေခတ္မွာ ဘာမဆို သိေန ျမင္ေနရတာပဲ ဘာမ်ား ထူးထူးျခားျခား ေျပာင္းလဲစရာ ရွိလုိ႔လဲလို႔ ေမးမယ္ ဆိုရင္ေတာ့ ေဘာလံုးပြဲကို တီဗီကေန ၾကည့္ရတာနဲ႔ အျပင္မွာ ၾကည့္တာနဲ႔ လံုးလံုးကြဲျပားသလိုပါပဲ။

နယ္ဘက္ကေန ရန္ကုန္ကို ေျပာင္းလာရင္ေတာင္ အျမင္ေတြ၊ အသိပညာေတြ၊ အေတြးအေခၚေတြ အမ်ားႀကီး ေျပာင္းလဲသြားတာပါ။

လူဆိုသည္မွာလည္း ပတ္ဝန္းက်င္နဲ႔ တိုက္ရိုက္ဆက္ႏြယ္မႈေတြ ရွိၾကတဲ့အေလ်ာက္ ႏိုင္ငံျခားကို ေက်ာင္းသြား တက္တာက ကမၻာႀကီးကို ပိုမိုနားလည္ဖို႔ ေလ့လာတာနဲ႔ အတူတူပါပဲ။

မတူညီတဲ့ ဓေလ့ထံုးတမ္းေတြ၊ ယဥ္ေက်းမႈေတြ၊ ဘာသာစကား၊ ေနထိုင္မႈစနစ္ေတြၾကားထဲမွာ ကၽြန္ေတာ္တို႔အေနနဲ႔ သင္ယူေလ့လာစရာေတြ အမ်ားႀကီး ရွိပါတယ္။ ၿပီးေတာ့ ဒါက ကိုယ့္ရဲ႕ ေတြးေခၚမႈအျပင္ ရႈျမင္ပံုေတြကိုလည္း ပိုၿပီး က်ယ္ျပန္႔ေျပာင္းလဲလာေစပါလိမ့္မယ္။


၄။ တန္ဖိုးဆိုတာ နားလည္လာတယ္

0_nk9nP4O2uX7kFVYN.jpeg

တန္ဖိုး ဆိုတာကို လူတစ္ခ်ိဳ႕ ေသခ်ာနားမလည္ၾကပါဘူး တစ္ခါတစ္ေလ ကၽြန္ေတာ္တို႔ လူငယ္ေတြဆိုရင္ ဒါကို နားလည္ဖို႔ ပိုခက္ခဲတတ္ပါတယ္။

ႏိုင္ငံျခား ေက်ာင္းသြားတက္တာနဲ႔ တန္ဖိုးကို နားလည္တာနဲ႔ ဘာဆိုင္လဲ ဆိုရင္ေတာ့ အဲ့မွာေက်ာင္းတက္မယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အားကိုယ္ကိုးၿပီး ၿခိဳးၿခံေခၽြတာျခင္း တရားကို က်င့္ႀကံ ရေတာ့မွာပါ။

ၿပီးရင္ ေက်ာင္းသားအမ်ားစုက ေက်ာင္းတက္ရင္းနဲ႔ အခ်ိန္ပိုင္းအလုပ္လုပ္ရင္း ဝင္ေငြရွာတယ္၊ အေတြ႔အႀကံဳရွာတယ္၊ ဗဟုသုတရွာတယ္၊ ပညာရွာတယ္။ သူတို႔ရဲ႕ ေနထုိင္မႈ၊ ျဖတ္သန္းၾကပံုေတြ ၾကည့္ရင္း ပညာတန္ဖိုး နားလည္လာမွာ ျဖစ္သလို ေငြရဲ႕တန္ဖိုး၊ ေငြသံုးစြဲနည္း၊ စီမံခန္႔ခြဲနည္းေတြကိုပါ ေကာင္းေကာင္း နားလည္ လာပါလိမ့္မယ္။ ဒါ့အျပင္ မိသားစုရဲ႕ အေရးပါပံု၊ ေႏြးေထြးမႈ၊ ၾကင္နာမႈေတြကို ေသခ်ာ သိလာမွာပါ။

ဒါေၾကာင့္ တစ္နည္း ဆိုရရင္ ႏုိင္ငံျခားကို ေက်ာင္းသြားတက္တယ္ ဆိုတာကလည္း ဘဝရဲ႕ တန္ဖိုးကို နားလည္ေစႏုိင္မယ့္ သင္ခန္းစာ တစ္ရပ္ပဲ ျဖစ္ပါတယ္။


၅။ အလုပ္အကိုင္အခြင့္အလမ္း

31741810883_30e19c9fcb_k.jpg

 

ႏို္င္ငံျခားကေန ေက်ာင္းၿပီးလာသူဆိုရင္ ပံုမွန္ထက္ ပိုအခြင့္အလမ္းမ်ားတတ္တာကို ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္ မွာလည္း ျမင္ဖူးၾကမွာပါ။

အဓိက ႏုိင္ငံျခားမွာ သင္ၾကားမႈစနစ္ ေကာင္းမြန္တာရယ္၊ တီထြင္ဆန္းသစ္မႈ ရွိတာရယ္၊ လက္ေတြ႔က်တာရယ္၊ အေတြးအေခၚေကာင္းတာရယ္၊ ပညာရပ္အေၾကာင္း တကယ္နားလည္ၿပီး အရည္အခ်င္း ရွိၾကတာေၾကာင့္ မ်ားေသာအားျဖင့္ ႏို္င္ငံျခားကေန ေက်ာင္းၿပီးထားရင္ ပိုအထင္ႀကီးတတ္ၾကပါတယ္။

လူတိုင္းကေတာ့ ႏိုင္ငံျခားကေန ေက်ာင္းၿပီးတယ္ဆိုတိုင္း အရည္အခ်င္းရွိၿပီး ေတာ္ၾကတာေတာ့ မဟုတ္ေပမယ့္ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ ပက္သက္လာရင္ အက်ိဳးထူး ပိုခံစားၾကရတာေတာ့ အမွန္ပါပဲ။

တကယ္ေတာ္တဲ့ သူမ်ိဳးေတြဆိုရင္ ေက်ာင္းကေန ခ်ိတ္ဆက္ၿပီး အလုပ္ကမ္းလွမ္းတာမ်ိဳးေတြလည္း ရွိတတ္တာမို႔ ကိုယ့္ဘက္ကသာ ႀကိဳးစားရင္ ကိုယ့္ႏုိင္ငံမွာတင္ မဟုတ္ဘဲ ႏို္င္ငံတကာ အလုပ္အကုိင္ အခြင့္အလမ္းက အသင့္ေစာင့္ႀကိဳေနတာပဲ ျဖစ္ပါတယ္။


၆။ ဘာသာစကားေလ့လာမႈ

which_language-1-901x659.jpg

 

ဘာသာစကား ေလ့လာမႈကလည္း ႏိုင္ငံျခားကို ေက်ာင္းသြားတက္သူတို႔ ရရွိၾကတဲ့ အက်ိဳးေက်းဇူးေတြထဲက တစ္ခု အပါအဝင္ ျဖစ္ပါတယ္။

ဥပမာ USA ကိုသြားမယ္ဆိုရင္ ကိုယ္က English လို နည္းနည္းပါးပါးေလာက္ပဲ ေျပာတတ္တယ္ ဆိုရင္ေတာင္ (၃) လဝန္းက်င္ေလာက္ဆိုရင္ သူတို႔ American English ကို ေတာ္ေတာ္ေလး နားယဥ္ေနပါၿပီ။ (၆) လေလာက္ဆိုရင္ေတာ့ ကိုယ္လည္း အခက္အခဲမရွိ ေျပာႏုိင္လာပါလိမ့္မယ္။

ဒါ့အျပင္ တျခားႏိုင္ငံကေန ကိုယ့္လို ေက်ာင္းလာတက္ၾကတဲ့ လူမ်ိဳးျခား သူငယ္ခ်င္းေတြ ရွိရင္ သူတို႔ရဲ႕ ဘာသာစကား၊ ယဥ္ေက်းမႈ၊ ႏုိင္ငံ အေၾကာင္းေတြပါ အခါအခြင့္သင့္ရင္ ေလ့လာႏုိင္ပါေသးတယ္။

ကၽြန္ေတာ္တုိ႔ကေတာ့ English ကို သင္ေနၾကေပမယ့္ ဒီမွာကိုယ့္လူမ်ိဳးေတြပဲ ျဖစ္တာေၾကာင့္ ကိုယ့္စကားပဲ ပိုသံုးျဖစ္ေနတယ္၊ English လိုသိပ္မေျပာဘူး၊ ရွက္တယ္၊ ေၾကာက္တယ္ ဒါေတြေၾကာင့္ တိုးတက္သင့္သေလာက္ မတိုးတက္တာပါ။

ဒါေပမယ့္ ဟိုကို ေရာက္သြားရင္ေတာ့ ရွက္လို႔ မရေတာ့ဘူး၊ ေၾကာက္လို႔ မရေတာ့ဘူး၊ သူမ်ားလို ေနႏိုင္ဖို႔ အခက္အခဲမရွိ စာသင္ႏိုင္ဖို႔ မေျပာမျဖစ္ မသံုးမျဖစ္ ေျပာရတာမို႔ ဘာသာစကား ေလ့လာမႈပိုင္းမွာ တိုးတက္ႏႈန္း ပိုျမန္စတာ ျဖစ္ပါတယ္။

 

Sources : LiveTheDream

 

<<< Unicode Version >>> 

နိုင်ငံခြားမှာ Bachelor ဒါမှမဟုတ် Master သွားတက်ဖို့ လူငယ်တော်တော်များများ ရည်မှန်း ထားကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေ ရှိလာတဲ့အတွက် တစ်ချို့တွေကတော့ ဒီမှာလည်း သင်လို့ရနေတာပဲ၊ သင်တဲ့စာတွေလည်း တူတယ်၊ ဒါကြောင့် ပိုက်ဆံ အကုန်ခံပြီး နိုင်ငံခြားမှာ သွားတက်နေဖို့ မလိုပါဘူး ဆိုပြီး ပြောတတ်ကြပေမယ့် တကယ်တမ်း သင်ကြားတာချင်း ဘယ်လောက်ပဲ တူနေပါစေ အကျိုးရရှိပုံချင်းကတော့ အနည်းနဲ့အများ ကွာခြားမှုတွေ ရှိပါတယ်။

ကိုယ့်နိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံမှာ ကျောင်းသွားတက်တာကနေ ကျွန်တော်တို့ လူငယ်တွေအပေါ်ကို အကျိုးအများကြီး ပေးနိုင်တာ ဖြစ်လို့ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့လည်း တခြားမှာ ကျောင်းတက်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း နိုင်ငံခြားမှာ ကျောင်းတက်တာကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ၊ ဘာကြောင့် ကျောင်းသွားတက်သင့်သလဲ ဆိုတာတွေကို သိသလောက်ထဲက ဝေမျှပေးချင်ပါတယ်ခင်ဗျာ။


၁။ မတူညီတဲ့ပညာရေးစနစ်

getting-most-college-education-1068x713.jpg

 

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံနဲ့ လုံးဝကွဲပြားတဲ့ ပညာရေးစနစ်ကို စတင် ထိတွေ့ ရတော့မှာပါ။

သူတို့ဘက်မှာ ကောင်းတာတစ်ခုက ကျွန်တော်တို့တွေ အလွတ်ရဖို့ အသည်းအသန် စာကျက်နေချိန်မှာ သူတို့တွေကတော့ သီအိုရီကို နားလည်နိုင်ဖို့နဲ့ လက်တွေ့အသုံးချနိုင်အောင် ကြိုးစားသင်ယူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ ကျောင်းသွားတက်ကြသူ အများစုက စစချင်း ခြားနားလွန်းတဲ့ ပညာရေး စနစ်ကြောင့် အခက်အခဲ တွေ့ရတတ်ကြတာပါ။

ဒါပေမယ့် အချိန်ကြာလာတော့လည်း တဖြည်းဖြည်း အသားကျလာတယ်၊ တွေးခေါ်ပုံတွေ နားလည်လာတယ်၊ ဘယ်လိုသင်ယူရမလဲ သိလာကြတာပါပဲ။ ဆိုတော့ နိုင်ငံခြားမှာ ကျောင်းတက်ရင်း မတူညီတဲ့ ပညာရေးစနစ်၊ သင်ကြားမှုပုံစံ စတာတွေကို လက်တွေ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

၂။ အမှီအခိုကင်းကင်းနဲ့ရပ်တည်တတ်လာမယ်

Brave-4.jpg

 

ကျွန်တော်တို့နိုင်ငံတွင်းမှာတောင် မိဘတွေနဲ့ ခွဲခွာပြီး တစ်ယောက်တည်း ရပ်တည်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့ ကိစ္စတစ်ခုပါ။

ဒါကို ကိုယ်မသိဖူးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ဖို့အတွက် တစ်ယောက်တည်း အရဲစွန့်သွားတယ် ဆိုတာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သလို အမှီအခိုကင်းပြီး ကိုယ့်အားကိုယ် ကိုးနိုင်သူတစ်ယောက် ဖြစ်လာနိုင်စေမယ့် လမ်းစတစ်ခုပါပဲ။

နိုင်ငံရပ်ခြားမှာဆိုရင် နေထိုင်မှုကအစ မတူတာမို့လို့ အိမ်လွမ်းတဲ့ ဒဏ်လည်း ခံရမယ်၊ အစားအသောက်တွေလည်း ကွဲပြားမယ်၊ တစ်ယောက်တည်း ချင့်ချိန်တတ်လာမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်ပိုင် စည်းကမ်းနဲ့ ထိန်းချုပ်တတ်လာမယ် ပြောရရင်တော့ ရင့်ကျက်မှုတွေနဲ့ အမှီအခိုကင်းစွာ ရပ်တည်လာနိုင်မှာပါ။

ဒါဟာ ပညာသင်ယူမှုအပြင် ဘဝနေထိုင်မှုကိုပါ သင်ယူနိုင်ဖို့၊ လေ့ကျင့်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။


၃။ အမြင်တွေကျယ်ပြန့်ပြောင်းလဲလာမယ်

getty_533986820_130319.jpg

 

၂၁ ရာစုခေတ်မှာ ဘာမဆို သိနေ မြင်နေရတာပဲ ဘာများ ထူးထူးခြားခြား ပြောင်းလဲစရာ ရှိလို့လဲလို့ မေးမယ် ဆိုရင်တော့ ဘောလုံးပွဲကို တီဗီကနေ ကြည့်ရတာနဲ့ အပြင်မှာ ကြည့်တာနဲ့ လုံးလုံးကွဲပြားသလိုပါပဲ။

နယ်ဘက်ကနေ ရန်ကုန်ကို ပြောင်းလာရင်တောင် အမြင်တွေ၊ အသိပညာတွေ၊ အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားတာပါ။

လူဆိုသည်မှာလည်း ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ဆက်နွယ်မှုတွေ ရှိကြတဲ့အလျောက် နိုင်ငံခြားကို ကျောင်းသွား တက်တာက ကမ္ဘာကြီးကို ပိုမိုနားလည်ဖို့ လေ့လာတာနဲ့ အတူတူပါပဲ။

မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကား၊ နေထိုင်မှုစနစ်တွေကြားထဲမှာ ကျွန်တော်တို့အနေနဲ့ သင်ယူလေ့လာစရာတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ဒါက ကိုယ့်ရဲ့ တွေးခေါ်မှုအပြင် ရှုမြင်ပုံတွေကိုလည်း ပိုပြီး ကျယ်ပြန့်ပြောင်းလဲလာစေပါလိမ့်မယ်။


၄။ တန်ဖိုးဆိုတာ နားလည်လာတယ်

0_nk9nP4O2uX7kFVYN.jpeg

 

တန်ဖိုး ဆိုတာကို လူတစ်ချို့ သေချာနားမလည်ကြပါဘူး တစ်ခါတစ်လေ ကျွန်တော်တို့ လူငယ်တွေဆိုရင် ဒါကို နားလည်ဖို့ ပိုခက်ခဲတတ်ပါတယ်။

နိုင်ငံခြား ကျောင်းသွားတက်တာနဲ့ တန်ဖိုးကို နားလည်တာနဲ့ ဘာဆိုင်လဲ ဆိုရင်တော့ အဲ့မှာကျောင်းတက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ခြိုးခြံချွေတာခြင်း တရားကို ကျင့်ကြံ ရတော့မှာပါ။

ပြီးရင် ကျောင်းသားအများစုက ကျောင်းတက်ရင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်ရင်း ဝင်ငွေရှာတယ်၊ အတွေ့အကြုံရှာတယ်၊ ဗဟုသုတရှာတယ်၊ ပညာရှာတယ်။ သူတို့ရဲ့ နေထိုင်မှု၊ ဖြတ်သန်းကြပုံတွေ ကြည့်ရင်း ပညာတန်ဖိုး နားလည်လာမှာ ဖြစ်သလို ငွေရဲ့တန်ဖိုး၊ ငွေသုံးစွဲနည်း၊ စီမံခန့်ခွဲနည်းတွေကိုပါ ကောင်းကောင်း နားလည် လာပါလိမ့်မယ်။ ဒါ့အပြင် မိသားစုရဲ့ အရေးပါပုံ၊ နွေးထွေးမှု၊ ကြင်နာမှုတွေကို သေချာ သိလာမှာပါ။

ဒါကြောင့် တစ်နည်း ဆိုရရင် နိုင်ငံခြားကို ကျောင်းသွားတက်တယ် ဆိုတာကလည်း ဘဝရဲ့ တန်ဖိုးကို နားလည်စေနိုင်မယ့် သင်ခန်းစာ တစ်ရပ်ပဲ ဖြစ်ပါတယ်။


၅။ အလုပ်အကိုင်အခွင့်အလမ်း

31741810883_30e19c9fcb_k.jpg

 

နိုင်ငံခြားကနေ ကျောင်းပြီးလာသူဆိုရင် ပုံမှန်ထက် ပိုအခွင့်အလမ်းများတတ်တာကို ကျွန်တော်တို့ ပတ်ဝန်းကျင် မှာလည်း မြင်ဖူးကြမှာပါ။

အဓိက နိုင်ငံခြားမှာ သင်ကြားမှုစနစ် ကောင်းမွန်တာရယ်၊ တီထွင်ဆန်းသစ်မှု ရှိတာရယ်၊ လက်တွေ့ကျတာရယ်၊ အတွေးအခေါ်ကောင်းတာရယ်၊ ပညာရပ်အကြောင်း တကယ်နားလည်ပြီး အရည်အချင်း ရှိကြတာကြောင့် များသောအားဖြင့် နိုင်ငံခြားကနေ ကျောင်းပြီးထားရင် ပိုအထင်ကြီးတတ်ကြပါတယ်။

လူတိုင်းကတော့ နိုင်ငံခြားကနေ ကျောင်းပြီးတယ်ဆိုတိုင်း အရည်အချင်းရှိပြီး တော်ကြတာတော့ မဟုတ်ပေမယ့် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပက်သက်လာရင် အကျိုးထူး ပိုခံစားကြရတာတော့ အမှန်ပါပဲ။

တကယ်တော်တဲ့ သူမျိုးတွေဆိုရင် ကျောင်းကနေ ချိတ်ဆက်ပြီး အလုပ်ကမ်းလှမ်းတာမျိုးတွေလည်း ရှိတတ်တာမို့ ကိုယ့်ဘက်ကသာ ကြိုးစားရင် ကိုယ့်နိုင်ငံမှာတင် မဟုတ်ဘဲ နိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်းက အသင့်စောင့်ကြိုနေတာပဲ ဖြစ်ပါတယ်။


၆။ ဘာသာစကားလေ့လာမှု

which_language-1-901x659.jpg

 

ဘာသာစကား လေ့လာမှုကလည်း နိုင်ငံခြားကို ကျောင်းသွားတက်သူတို့ ရရှိကြတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ဥပမာ USA ကိုသွားမယ်ဆိုရင် ကိုယ်က English လို နည်းနည်းပါးပါးလောက်ပဲ ပြောတတ်တယ် ဆိုရင်တောင် (၃) လဝန်းကျင်လောက်ဆိုရင် သူတို့ American English ကို တော်တော်လေး နားယဉ်နေပါပြီ။ (၆) လလောက်ဆိုရင်တော့ ကိုယ်လည်း အခက်အခဲမရှိ ပြောနိုင်လာပါလိမ့်မယ်။

ဒါ့အပြင် တခြားနိုင်ငံကနေ ကိုယ့်လို ကျောင်းလာတက်ကြတဲ့ လူမျိုးခြား သူငယ်ချင်းတွေ ရှိရင် သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ နိုင်ငံ အကြောင်းတွေပါ အခါအခွင့်သင့်ရင် လေ့လာနိုင်ပါသေးတယ်။

ကျွန်တော်တို့ကတော့ English ကို သင်နေကြပေမယ့် ဒီမှာကိုယ့်လူမျိုးတွေပဲ ဖြစ်တာကြောင့် ကိုယ့်စကားပဲ ပိုသုံးဖြစ်နေတယ်၊ English လိုသိပ်မပြောဘူး၊ ရှက်တယ်၊ ကြောက်တယ် ဒါတွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်တာပါ။

ဒါပေမယ့် ဟိုကို ရောက်သွားရင်တော့ ရှက်လို့ မရတော့ဘူး၊ ကြောက်လို့ မရတော့ဘူး၊ သူများလို နေနိုင်ဖို့ အခက်အခဲမရှိ စာသင်နိုင်ဖို့ မပြောမဖြစ် မသုံးမဖြစ် ပြောရတာမို့ ဘာသာစကား လေ့လာမှုပိုင်းမှာ တိုးတက်နှုန်း ပိုမြန်စတာ ဖြစ်ပါတယ်။

 

Sources : LiveTheDream

sayar.com.mm

 

 

 

Read times
Rate this articles
(0 votes)