×
Warning
JUser: :_load: Unable to load user with ID: 81428
Articles
Wednesday, 25 September 2019
အိမ်မက်ထဲမှာ စာမေးပွဲတွေဖြေနေရတယ်ဆိုတဲ့ အိမ်မက်မက်ခဲ့ရင်!
အိမ်မက်ထဲမှာ စာမေးပွဲတွေဖြေနေရတယ်ဆိုတဲ့ အိမ်မက်မက်ခဲ့ရင်! google.com
<<< Zawgyi >>>
ကျောင်းသားတစ်ယောက် အနေနဲ့ စာမေးပွဲအတွက် ဘာမှမပြင်ဆင်ရသေးပဲ စာမေးပွဲ သွားဖြေလိုက်ရတယ်ဆိုရင်လက်တွေ့ ဘဝမှာ အဲ့ဒီစာမေးပွဲ ကို ဖြေပြီးပါပြီ။
<<< Unicode >>>
အိမ်မက်ထဲမှာ စာမေးပွဲဖြေရ တယ် ဆိုတဲ့ အိမ်မက်ကို ကျွန်တော်တို့တော်တော်များများမက်ဖူးကြမှာပါ။
များသောအားဖြင့် ကျောင်းသားဘဝမှာ မက်တာများပါတယ်။ လုပ်ငန်းခွင်တွေ ဝင်တဲ့ အခါမှာ လဲ Stress တွေများလာတဲ့ စာမေးပွဲ လိုမျိုး အိမ်မက်တွေမက် နိုင်ပါတယ်။
ဒီလိုအိမ်မက် မျိုးတွေက ဘယ်လိုချိန်မျိုးတွေမှာ မက်လေ့ရှိလဲဆိုတော့ စာမေးပွဲ ဖြေခါနီးရက်တွေ၊ အင်တာဗျူးဖြေခါနီးရက်တွေ၊ တစ်ခုခု ကိုယ့်ဘက်က အလေးထာပြီး လုပ်ဆောင်ရမည့် ရက်တွေ မတိုင်မီမက်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီလိုအိမ်မက်မျိုးတွေက Stress တွေကြောင့် ဖြစ်ပါ်လာတာပါ။
စာမေးပွဲ ခန်းထဲမှာ ဖြေဖို့ဘောပင်မပါလာတဲ့ အိမ်မက်တွေ၊ စာမေးပွဲနောက်ကျတဲ့ အိမ်မက်တွေ၊ စာမေးပွဲ မဖြေလိုက်ရတဲ့ အိမ်မက်တွေ အစရှိသဖြင့်ပေါ့။ ဒါတွေရဲ့အဓိကတရာခံကတော့ Stress တွေကြောင့်ပါပဲ။
အခုလက်ရှိအချိန်မှာ သင်ဟာ အလုပ်ကလဲ အဆင်ပြေနေမယ်။ ကျောင်းလဲ ပြီးသွားပြီ ဆိုပေမယ့် ဒီလိုအိမ်မက်မျိုးတွေမက်နိုင်ပါတယ်... သင်ကျောင်းတက်နေခဲ့ တဲ့ အချိန်မှာ သင်ကြောက်ခဲ့၊ စိုးရိမ်ခဲ့ရတဲ့ အရာတွေကိုတစ်ခါပြန်ပြီး ကြုံနေရသလိုပေါ့။
သင်ဟာ တစ်ကယ်လို့ စာမေးပွဲ တွေကို အိမ်မက် မက်လေ့ရှိ သူတစ်ယောက်ဆိုရင် လက်တွေ့ဘဝမှာ သင်ဟာအောင်မြင်ဖို့ အလားလာရှိသူတစ်ယောက်ပါတဲ့။
နောက်တစ်ခုက အဲ့လိုအိမ်မက်တွေ မက်ပြီ ဆို လက်တွေ့ ဘဝ သင်ဖြေထားတဲ့ စာမေးပွဲ၊ အင်တာဗျူးတွေမှာ ကောင်းတဲ့ ရလဒ်တွေ ရနိုင်ပါတယ်ခင်ဗျာ။
တစ်ကယ်လို့သင်ဟာ single ဖြစ်နေတုန်း ဒီလို စာမေးပွဲ အကြောင်းအိမ်မက်မက်ခဲ့ ရင်တော့ သင်ဟာတစ်စုံတစ်ယောက်ကို အရမ်းချစ်မိသွားတာတို့ ကြွေသွားတာမျိုးတို့ဖြစ်နိုင်ပါတယ်တဲ့။ ဒါကြောင့် ဒီလိုအိမ်မက်မျိုးတွေမက်ရင် သတိထားဖို့တော့ လို ပါတယ်။
စာမေးပွဲ ကျတယ်လို့အိမ် မက်မက်ခဲ့ရင်
သင်စာမေးပွဲ ကျသွားတယ်။ စာမေးပွဲ အောင်စာရင်းထဲ သင့်နာမည် မပါခဲ့ဘူးလို့အိမ်မက်ခဲ့ရင် လက်တွေ့ ဘဝမှာ သင်ရည် မှန်းထားတဲ့အရာတွေ၊ သင်အရမ်းကြိုးစားထားတဲ့ အရာတွေ အမှန်တကယ်ဖြစ်လာပြီး အောင်မြင်တတ်ပါတယ်တဲ့။
အဖြေလွှာ စာရွက်မှာ ဘာမှ မပါတဲ့ အိမ် မက်မက်ခဲ့ရင်တော့ ကံကောင်းမယ်ဆိုတဲ့ နိမိတ်ပါတဲ့။
စာမေးမှာ သင်ဟာခိုးချနေတဲ့ အိမ်မက်မက်ခဲ့ရင်
အဲ့ဒီလိုအိမ်မက်တွေမက်ခဲ့ရင်တော့ လက်တွေ့ဘဝမှာ သင့်ရဲ့စွမ်းဆောင်ရည်တွေကို မထုတ်ဖော်ရဲ တာ..ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိ တဲ့ သူတစ်ယောက်ဖြစ်နေပါတယ်တဲ့။
သင်အတွက် ခက်ခဲ တယ်လို့ထင်တဲ့ အရာတွေ မှာ ယုံကြည်မှုမရှိဘူးဆိုတဲ့ သဘောပေါ့။ အဲ့ဒါဆိုရင်တော့ သင်ဒီထက်ပိုကြိုးစားဖို့လို နေပါပြီ။
အဓိကကတော့ ကိုယ့်ကိုယ်ကိုကြည်မှုရှိဖို့ပါပဲ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလို အိမ်မက်မျိုးမက်တယ် ဆိုရင် ရလဒ်တွေက သင်ထင်ထားသလောက်မရ တတ်ပါဘူး။
စိုရိမ်ရတဲ့ အခြေအနေပေါ့။ ကိုယ့်အခြေကို ကိုယ်သိပါတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားကြတဲ့ အခါ အိမ်မက်တွေက သတိပေးနေသလိုပေါ့။
ကောျင်းသားတစ်ယောက် အနေနဲ့စာမေးပွဲအတွက် ဘာမှမပြင်ဆင်ရသေးပဲ စာမေးပွဲ သွားဖြေလိုက်ရတယ်ဆိုရင်လက်တွေ့ဘဝမှာ အဲ့ဒီစာမေးပွဲ ကို ဖြေပြီးပါပြီ။
တကယ်လို့ကျောင်းသားတစ်ယောက်မဟုတ်ပဲ စာမေးပွဲဖြေရတဲ့အိမ်မက် မက်ခဲ့ရင်တော့ လက်တွေ့ဘဝမှာ သင်ဟာတစ်ယောက်ယောက်ကြောင့်စိတ်ရှုပ်နေရတယ်၊
ဒါမှမဟုတ် သင်ကိုယ်တိုင်ကြောင့်ပဲ စိတ်ရှုပ်နေရပါတယ်။ပြီးတော့ သင်လုပ်ထားတဲ့ အရာတွေ အတွက် တာဝန်ယူသင့်ပြီ ဆိုတဲ့ ကိုယ်ကိုယ်ကို သတိပေး လိုက်သလိုပါပဲ ။
စာမေးပွဲအခန်းမှားဝင်တဲ့ အိမ်မက်
သင်ဟာ အိမ်မက်ထဲမှာ ကိုယ်ဖြေရမဲ့ စာမေးပွဲ ခန်းမှာ ဝင်တာလို့အိမ်မက်မက်ခဲ့ရင်တော့ လက်တွေ့ဘဝမှာ သင်ကံနိမ့်နေနိုင်ပါတယ်။
ပြီးတော့ တစ်ယောက်ယောက် သင့်ကို ဒုက္ခ ပေးကောင်း ပေး နိုင်လို့သတိ ထားဖို့လိုအပ်ပါတယ်။
ယခုပြောပြခဲ့တာတွေကတော့ ဖြစ်နိုင်ချေများတဲ့ အရာတွေ ကိုပြောပြပေးသွားတာပါ။ ရာနှုန်းပြည့်ဖြစ်နိုင်တယ်လို့မဆိုလိုပါ။
sayar.com.mm
Read times Last modified on Wednesday, 25 September 2019 16:07
Rate this articles
(0 votes)