×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 12 September 2019

စာေမးပြဲနီးေနျပီျဖစ္တဲ့ေက်င္းသားေတြအတြက္ စာေလ့လာတဲ့အခါ ျမန္ျမန္ဆန္ဆန္မွတ္မိလြယ္ျပီး လြယ္လြယ္နဲ႕ မမ့ေအာင္ ဘယ္လိုျပင္ဆင္ရမလဲ?

စာေမးပြဲနီးေနျပီျဖစ္တဲ့ေက်င္းသားေတြအတြက္ စာေလ့လာတဲ့အခါ ျမန္ျမန္ဆန္ဆန္မွတ္မိလြယ္ျပီး လြယ္လြယ္နဲ႕ မမ့ေအာင္ ဘယ္လိုျပင္ဆင္ရမလဲ? pexels

စာေမးပြဲနီးေနျပီျဖစ္တဲ့ေက်င္းသားေတြအတြက္ စာေလ့လာတဲ့အခါ ျမန္ျမန္ဆန္ဆန္မွတ္မိလြယ္ျပီး လြယ္လြယ္နဲ႕ မမ့ေအာင္ ဘယ္လိုျပင္ဆင္ရမလဲ?


(၁) ထပ္ခါထပ္ခါေတြးေတာပါ
ကိုယ္မွတ္မိခ်င္တဲ့ အေၾကာင္းအရာေလးေတြကို ထပ္တလဲလဲေတြးၾကည့္ပါ။ အဲ့လိုေတြးၾကည့္လိုက္တဲ့အခါ အေၾကာင္းအရာရဲ႕ အေသးစိတ္ကို တျဖည္းျဖည္းမွတ္မိလာျပီး လြယ္လြယ္နဲ႕လည္း ေမ့ေတာ့မွာမဟုတ္ပါဘူး။ စာေလ့လာတဲ့သူဆိုရင္လည္း ႏႈတ္တိုက္က်က္ေနတာထက္ ကိုယ္မွတ္ရမယ့္ အေၾကာင္းအရာကို note ေလးေတြ လုပ္ျပီး story ေလးတစ္ပုဒ္လို ေတြးၾကည့္လိုက္ပါ။

အခ်ိန္ခဏေလးအတြင္းမွာ မွတ္မိသြားပါလိမ့္မယ္။

 

(၂) တျခားတစ္ေယာက္ကိုျပန္သင္ေပးပါ

ဒီနည္းလမ္းကေတာ့ အထိေရာက္ဆံုးနည္းလမ္းလို႕ေတာင္ ေျပာလို႕ရပါတယ္။ လူေတြရဲ႕ သေဘာသဘာ၀အရ တျခားလူေတြအေရွ႕မွာ ကိုယ္ဟာ တစ္စံုတစ္ခုကို သိေန၊တတ္ေနတာမ်ိဳး အျမဲတမ္းျဖစ္ခ်င္ၾကပါတယ္။ အဲ့ဒါေလးကို ကိုယ့္အတြက္အသံုးခ်လိုက္ရေအာင္ပါ။

ကိုယ္ခဏခဏေမ့တတ္တဲ့အေၾကာင္းအရာတစ္ခုကို တျခားတစ္ေယာက္ကို ျပန္မွ်ေ၀လိုက္မယ္၊ ျပန္သင္ေပးလိုက္မယ္ဆိုရင္ အဲ့ၾသစရာေကာင္းေလာက္ေအာင္ပဲ အဲ့ဒီအေၾကာင္းအရာကို လံုး၀မေမ့ေတာ့တာကို ေတြ႕ရမွာပါ။ သူမ်ားကို ဆရာလုပ္ခ်င္တဲ့သူေတြဆို တျခားနည္းသံုးစရာေတာင္ မလိုပါဘူး။ ဒီနည္းတစ္ခုနဲ႕တင္ အရမ္းအသံုး၀င္ေနပါျပီ။


(၃) အိပ္ေရး၀၀အိပ္ပါ
အိပ္ေရးမ၀ရင္ ဦးေႏွာက္က အေကာင္းဆံုးစြမ္းရည္ေတြကို ထုတ္သံုးနိုင္မွာမဟုတ္ပါဘူး။ အဲ့ဒီေတာ့ ရည္မွန္းခ်က္တစ္ခုအတြက္ သင္ယူေလ့လာေနတဲ့အခ်ိန္မွာ အိပ္ေရး၀ေအာင္အိပ္ဖို႕ကလည္း အေရးၾကီးပါတယ္ေနာ္။

Read >>> စာေမးပြဲေျဖခါနီးမွာမွ စာစလုပ္ေလ့ရွိသူေတြအတြက္ နည္းလမ္းေကာင္း (၅) ခု

 

(၄) စိတ္ကူးပံုေဖာ္ပါ
ကိုယ္ဖတ္ထားတဲ့ အေၾကာင္းအရာတစ္ခုကို အျမဲတမ္းမွတ္မိခ်င္ေနတယ္၊ လြယ္လြယ္နဲ႕ မေမ့ခ်င္ဘူးဆိုရင္ေတာ့ အဲ့ဒီအေၾကာင္းအရာနဲ႕ပတ္သက္တာေလးေတြကို စိတ္ကူးထဲမွာ ဇာတ္လမ္းေလးတစ္ခုလို ပံုေဖာ္ၾကည့္ပါ။ တစ္ေယာက္တည္း ရွိေနတဲ့အခ်ိန္မွာ ပါးစပ္ကေန အသံထြက္ျပီးဇာတ္လမ္းေလးကို ေျပာလို႕ရပါတယ္။

ျပီးေတာ့ တျခားအခ်ိန္္ေတြမွာေတာ့့ စိတ္ထဲကေနပဲ ပံုေဖာ္ၾကည့္ပါ။ အဲ့ဒီအေၾကာင္းအရာကို လြယ္လြယ္နဲ႕ေမ့ေတာ့မွာမဟုတ္ပါဘူး။


(၅) စာမေလ့လာခင္ လမ္းေလွ်ာက္ေပးပါ

သင္ၿပီးသားစာေတြမေလ့လာခင္မွာ မိနစ္ ၂၀ ေလာက္ျဖစ္ျဖစ္ အိမ္အျပင္ထြက္ၿပီးလမ္းေလွ်ာက္ၾကည့္ပါ။ သာယာတဲ့ပတ္ဝန္းက်င္နဲ႔ရာသီဥတုရွိပါကအေကာင္းဆုံးပဲျဖစ္ပါတယ္။

ေလ့လာခ်က္မ်ားအရ စာမလုပ္ခင္လမ္းေလွ်ာက္ျခင္းက ဦးေႏွာက္နဲ႔မွတ္ဉာဏ္အားကိုပိုမိုေကာင္းမြန္ေစၿပီး စာလုပ္ရန္အားသစ္တစ္ဖန္ေမြးၿပီးသားျဖစ္သြားေစပါတယ္တဲ့။

 

(၆) အဓိကအေၾကာင္းအရာေတြကို ေသခ်ာမွတ္သားပါ

စာေတြမမွတ္မိရတဲ့အေၾကာင္းအရင္းေတြထဲမွာ အဓိကမဟုတ္တဲ့အေၾကာင္းေတြကို အေလးေပးေလ့လာေနတာလည္းပါဝင္ပါတယ္။

အလြန္အကြၽံစာလုပ္ျခင္းကအဓိကေၾကာင္းအရာေတြကို ေမ့ေလ်ာ့ေစပါတယ္။ ဒါ့ေၾကာင့္ ေသခ်ာအာ႐ုံစူးစိုက္ၿပီး ဆိုလိုရင္းနဲ႔ အဓိကအခ်က္ေတြကိုမွတ္မိေအာင္လုပ္ပါ။


(၇) note မွတ္ပါ
စာတစ္ပိုဒ္ က်က္တဲ့အခါ အဲ့ဒီစာပိုဒ္မွာ ပါတဲ့ အဓိကအေၾကာင္းအရာကို note ေလးေတြထုတ္၊ မ်ဥ္းေၾကာင္းေလးေတြတားျပီး စာၾကည့္ျခင္းအားျဖင့္ ပိုမွတ္မိလြယ္ျပီး စာျမန္ျမန္ရေစပါတယ္။

READ >>> "လူတစ္ေယာက္ကုိ ထူးခၽြန္ထက္ျမက္ေစႏိုင္တဲ့ ၀ါသနာ (၇) မ်ိဳး"


(၈) စာေမးပြဲမွာေျဖဆိုရမယ့္ပုံစံနဲ႔ဆင္တူေအာင္ စာေလ့လာပါ

ေလ့လာခ်က္မ်ားအရ စာလုပ္ခ်ိန္မွာမိမိခႏၲာကိုယ္အေနအထားက စာေမးပြဲေျဖဆိုခ်ိန္အေနအထားနဲ႔ ဆင္တူပါကလည္းစာေတြကိုပိုၿပီးမွတ္မိေစပါတယ္တဲ့။ 

 

(၉) စားေသာက္ပါ

အာဟာရျပည့္ဝၿပီး တကယ္အားျဖစ္ေစမယ့္အစာေတြကိုစားပါ။ နားခ်ိန္ေတြ မွာ လတ္ဆတ္တဲ့အဆာေျ့ပစားစရာေတြစားေပးပါ။ စာေမးပြဲေျဖရမယ့္မနက္မွာ သင့္ေတာ္တဲ့ အစားအေသာက္ပမာဏကိုမျဖစ္မေနစားသုံးသြားပါ။ သို႔မွသာ အားအင္အျပည့္နဲ႔စာေမးပြဲခန္းထဲဝင္ႏိုင္မွာျဖစ္ပါတယ္။


(၁၀) စာေမးပြဲေျဖရမယ့္မနက္ေစာေစာမွာစာေတြကို ျပန္လည္သုံးသပ္ပါ

ရွိသမွ်စာေတြကို ေခါင္းထဲအတင္းအက်ပ္မထည့္ပါနဲ႔။ မိမိေမ့လြယ္တဲ့အခ်က္ေတြကို ခ်ေရးၾကည့္ပါ။ မေသခ်ာတဲပေမးခြန္းေတြအတြက္ အေျဖေတြ ကိုျပန္ၾကည့္ပါ။

 

(၁၁) စာေမးပြဲခန္းထဲသို ့ေရာက္ေသာအခါ
စာေမးပြဲခန္းထဲ စစေရာက္တဲ့ အခါ ေကာင္းတဲ့ စိတ္ေတြကိုပဲ ေတြးပါ။ မိမိကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္ထားပါ။
ေမးခြန္းစာရြက္ ရတဲ့အခါ ေမးခြန္းအကုန္လံုးကို တစ္ခါတည္းမဖတ္မိပါေစနဲ ့။ တစ္ဝက္ခ်င္းစီ ခြဲျပီးဖတ္ပါ။ ေမးခြန္းတစ္ခုတည္း ကိုပဲ အခ်ိန္အမ်ားၾကီး မေပးပါနဲ ့။

ကိုယ္ရတဲ့ အပုဒ္ကို အရင္ေျဖပါ။ ေမ့ေနတဲ့ အရာေလးေတြ ရွိခဲ့ ရင္ အေပၚမွာေျပာထားတဲ့ အတိုင္း ေအးေဆးျပန္စဥ္းစားႏိုင္ပါတယ္။ ေနာက္ဆံုးေျပာခ်က္တာကေတာ့ ေျဖျပီးသားစာေတြကို ျပန္စစ္ဖို ့အတြက္ မေမ့ပါနဲ႕။

READ >>> "စာေမးပြဲေျဖခါနီး စိတ္ဖိစီးမႈမ်ားတတ္သူေတြအတြက္ လုိက္နာရမယ့္အခ်က္(၅)ခ်က္"

>>>> Unicode ဖြင့်ဖတ်ရန် <<<<

 

စာမေးပွဲနီးနေပြီဖြစ်တဲ့ကျေင်းသားတွေအတွက် စာလေ့လာတဲ့အခါ မြန်မြန်ဆန်ဆန်မှတ်မိလွယ်ပြီး လွယ်လွယ်နဲ့ မမ့အောင် ဘယ်လိုပြင်ဆင်ရမလဲ?


(၁) ထပ်ခါထပ်ခါတွေးတောပါ
ကိုယ်မှတ်မိချင်တဲ့ အကြောင်းအရာလေးတွေကို ထပ်တလဲလဲတွေးကြည့်ပါ။ အဲ့လိုတွေးကြည့်လိုက်တဲ့အခါ အကြောင်းအရာရဲ့ အသေးစိတ်ကို တဖြည်းဖြည်းမှတ်မိလာပြီး လွယ်လွယ်နဲ့လည်း မေ့တော့မှာမဟုတ်ပါဘူး။ စာလေ့လာတဲ့သူဆိုရင်လည်း နှုတ်တိုက်ကျက်နေတာထက် ကိုယ်မှတ်ရမယ့် အကြောင်းအရာကို note လေးတွေ လုပ်ပြီး story လေးတစ်ပုဒ်လို တွေးကြည့်လိုက်ပါ။

အချိန်ခဏလေးအတွင်းမှာ မှတ်မိသွားပါလိမ့်မယ်။

 

(၂) တခြားတစ်ယောက်ကိုပြန်သင်ပေးပါ

ဒီနည်းလမ်းကတော့ အထိရောက်ဆုံးနည်းလမ်းလို့တောင် ပြောလို့ရပါတယ်။ လူတွေရဲ့ သဘောသဘာဝအရ တခြားလူတွေအရှေ့မှာ ကိုယ်ဟာ တစ်စုံတစ်ခုကို သိနေ၊တတ်နေတာမျိုး အမြဲတမ်းဖြစ်ချင်ကြပါတယ်။ အဲ့ဒါလေးကို ကိုယ့်အတွက်အသုံးချလိုက်ရအောင်ပါ။

ကိုယ်ခဏခဏမေ့တတ်တဲ့အကြောင်းအရာတစ်ခုကို တခြားတစ်ယောက်ကို ပြန်မျှဝေလိုက်မယ်၊ ပြန်သင်ပေးလိုက်မယ်ဆိုရင် အဲ့သြစရာကောင်းလောက်အောင်ပဲ အဲ့ဒီအကြောင်းအရာကို လုံးဝမမေ့တော့တာကို တွေ့ရမှာပါ။ သူများကို ဆရာလုပ်ချင်တဲ့သူတွေဆို တခြားနည်းသုံးစရာတောင် မလိုပါဘူး။ ဒီနည်းတစ်ခုနဲ့တင် အရမ်းအသုံးဝင်နေပါပြီ။


(၃) အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးမဝရင် ဦးနှောက်က အကောင်းဆုံးစွမ်းရည်တွေကို ထုတ်သုံးနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီတော့ ရည်မှန်းချက်တစ်ခုအတွက် သင်ယူလေ့လာနေတဲ့အချိန်မှာ အိပ်ရေးဝအောင်အိပ်ဖို့ကလည်း အရေးကြီးပါတယ်နော်။

Read >>> စာမေးပွဲဖြေခါနီးမှာမှ စာစလုပ်လေ့ရှိသူတွေအတွက် နည်းလမ်းကောင်း (၅) ခု

 

(၄) စိတ်ကူးပုံဖော်ပါ
ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာတစ်ခုကို အမြဲတမ်းမှတ်မိချင်နေတယ်၊ လွယ်လွယ်နဲ့ မမေ့ချင်ဘူးဆိုရင်တော့ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တာလေးတွေကို စိတ်ကူးထဲမှာ ဇာတ်လမ်းလေးတစ်ခုလို ပုံဖော်ကြည့်ပါ။ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ပါးစပ်ကနေ အသံထွက်ပြီးဇာတ်လမ်းလေးကို ပြောလို့ရပါတယ်။

ပြီးတော့ တခြားအချိန်တွေမှာတော့ စိတ်ထဲကနေပဲ ပုံဖော်ကြည့်ပါ။ အဲ့ဒီအကြောင်းအရာကို လွယ်လွယ်နဲ့မေ့တော့မှာမဟုတ်ပါဘူး။


(၅) စာမလေ့လာခင် လမ်းလျှောက်ပေးပါ

သင်ပြီးသားစာတွေမလေ့လာခင်မှာ မိနစ် ၂၀ လောက်ဖြစ်ဖြစ် အိမ်အပြင်ထွက်ပြီးလမ်းလျှောက်ကြည့်ပါ။ သာယာတဲ့ပတ်ဝန်းကျင်နဲ့ရာသီဥတုရှိပါကအကောင်းဆုံးပဲဖြစ်ပါတယ်။

လေ့လာချက်များအရ စာမလုပ်ခင်လမ်းလျှောက်ခြင်းက ဦးနှောက်နဲ့မှတ်ဉာဏ်အားကိုပိုမိုကောင်းမွန်စေပြီး စာလုပ်ရန်အားသစ်တစ်ဖန်မွေးပြီးသားဖြစ်သွားစေပါတယ်တဲ့။

 

(၆) အဓိကအကြောင်းအရာတွေကို သေချာမှတ်သားပါ

စာတွေမမှတ်မိရတဲ့အကြောင်းအရင်းတွေထဲမှာ အဓိကမဟုတ်တဲ့အကြောင်းတွေကို အလေးပေးလေ့လာနေတာလည်းပါဝင်ပါတယ်။

အလွန်အကျွံစာလုပ်ခြင်းကအဓိကကြောင်းအရာတွေကို မေ့လျော့စေပါတယ်။ ဒါ့ကြောင့် သေချာအာရုံစူးစိုက်ပြီး ဆိုလိုရင်းနဲ့ အဓိကအချက်တွေကိုမှတ်မိအောင်လုပ်ပါ။


(၇) note မှတ်ပါ
စာတစ်ပိုဒ် ကျက်တဲ့အခါ အဲ့ဒီစာပိုဒ်မှာ ပါတဲ့ အဓိကအကြောင်းအရာကို note လေးတွေထုတ်၊ မျဉ်းကြောင်းလေးတွေတားပြီး စာကြည့်ခြင်းအားဖြင့် ပိုမှတ်မိလွယ်ပြီး စာမြန်မြန်ရစေပါတယ်။

READ >>>> "လူတစ္ေယာက္ကုိ ထူးခၽြန္ထက္ျမက္ေစႏိုင္တဲ့ ၀ါသနာ (၇) မ်ိဳး"


(၈) စာမေးပွဲမှာဖြေဆိုရမယ့်ပုံစံနဲ့ဆင်တူအောင် စာလေ့လာပါ

လေ့လာချက်များအရ စာလုပ်ချိန်မှာမိမိခန္တာကိုယ်အနေအထားက စာမေးပွဲဖြေဆိုချိန်အနေအထားနဲ့ ဆင်တူပါကလည်းစာတွေကိုပိုပြီးမှတ်မိစေပါတယ်တဲ့။

 

(၉) စားသောက်ပါ

အာဟာရပြည့်ဝပြီး တကယ်အားဖြစ်စေမယ့်အစာတွေကိုစားပါ။ နားချိန်တွေ မှာ လတ်ဆတ်တဲ့အဆာေြ့ပစားစရာတွေစားပေးပါ။ စာမေးပွဲဖြေရမယ့်မနက်မှာ သင့်တော်တဲ့ အစားအသောက်ပမာဏကိုမဖြစ်မနေစားသုံးသွားပါ။ သို့မှသာ အားအင်အပြည့်နဲ့စာမေးပွဲခန်းထဲဝင်နိုင်မှာဖြစ်ပါတယ်။


(၁၀) စာမေးပွဲဖြေရမယ့်မနက်စောစောမှာစာတွေကို ပြန်လည်သုံးသပ်ပါ

ရှိသမျှစာတွေကို ခေါင်းထဲအတင်းအကျပ်မထည့်ပါနဲ့။ မိမိမေ့လွယ်တဲ့အချက်တွေကို ချရေးကြည့်ပါ။ မသေချာတဲပမေးခွန်းတွေအတွက် အဖြေတွေ ကိုပြန်ကြည့်ပါ။

 

(၁၁) စာမေးပွဲခန်းထဲသို့ရောက်သောအခါ
စာမေးပွဲခန်းထဲ စစရောက်တဲ့ အခါ ကောင်းတဲ့ စိတ်တွေကိုပဲ တွေးပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားပါ။
မေးခွန်းစာရွက် ရတဲ့အခါ မေးခွန်းအကုန်လုံးကို တစ်ခါတည်းမဖတ်မိပါစေနဲ့။ တစ်ဝက်ချင်းစီ ခွဲပြီးဖတ်ပါ။ မေးခွန်းတစ်ခုတည်း ကိုပဲ အချိန်အများကြီး မပေးပါနဲ့။

ကိုယ်ရတဲ့ အပုဒ်ကို အရင်ဖြေပါ။ မေ့နေတဲ့ အရာလေးတွေ ရှိခဲ့ ရင် အပေါ်မှာပြောထားတဲ့ အတိုင်း အေးဆေးပြန်စဉ်းစားနိုင်ပါတယ်။ နောက်ဆုံးပြောချက်တာကတော့ ဖြေပြီးသားစာတွေကို ပြန်စစ်ဖို့အတွက် မမေ့ပါနဲ့။

READ >>> "စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်သူတွေအတွက် လိုက်နာရမယ့်အချက်(၅)ချက်"

 

sayar.com.mm

Read times
Rate this articles
(0 votes)