×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 05 November 2019

"စိတ္ပညာအရ ႐ိုက္ႏွက္ခံၿပီး ႀကီးျပင္းလာရတဲ့ကေလးေတြဟာ ပိုမို႐ိုင္းစိုင္းလာႏိုင္"

"စိတ္ပညာအရ ႐ိုက္ႏွက္ခံၿပီး ႀကီးျပင္းလာရတဲ့ကေလးေတြဟာ ပိုမို႐ိုင္းစိုင္းလာႏိုင္" google.com

အ႐ြယ္ေရာက္ေနတဲ့လူငယ္ ၈ဝဝကို ေလ့လာၾကည့္ေတာ့ ငယ္စဥ္တည္းက အ႐ိုက္ႏွက္ခံခဲ့ရတဲ့ ကေလးေတြဟာ ႀကီးလာရင္ ပိုမိုၾကမ္းၾကဳတ္႐ိုင္းစိုင္းလာေၾကာင္း Texas ေဆးတကၠသိုလ္မွေတြ႕ရွိခဲ့ပါတယ္။

ငယ္စဥ္တည္းက အ႐ိုက္ခံခဲ့ရေတာ့ အမွားတစ္ခုခုလုပ္မိရင္ ခႏၶာကိုယ္နာက်င္ေအာင္လုပ္မွ ျပႆနာတစ္ခုေျဖရွင္းႏိုင္မယ္လို႔ သူတို႔စိတ္ထဲမွာ စြဲၿမဲသြားတတ္ၾကတယ္။

ဒီစိတ္အစြဲေၾကာင့္ လူဟာအ႐ြယ္ေရာက္လာေလ ပိုမိုၾကမ္းၾကဳတ္ေလျဖစ္ၿပီး မိဘနဲ႔သားသမီးၾကားပိုမိုရႈပ္ေထြးတဲ့ ဆက္ဆံေတြေရးေတြသာ ေရွ႕ေလွ်ာက္ျဖစ္လာပါေတာ့တယ္။


တစ္ခုခုအမွားလုပ္မိရင္ သင္ခန္းစာယူတတ္ေအာင္ လမ္းမျပေပးပဲ ကေလးကို ႐ိုက္ႏွက္ဖို႔သာ တာဆူေနတဲ့မိဘေတြေၾကာင့္ ကေလးရဲ႕အနာဂတ္ဟာ မလွပေတာ့ဘူး။ အသက္ ၁၉ႏွစ္နဲ႔ ၂ဝ ဝန္းက်င္ၾကားက လူငယ္ေလးေတြ၊ အထူးသျဖင့္ ေက်ာင္းမွာ မၾကာခဏ ရန္ျဖစ္လို႔ ဒဏ္ေပးခံရ၊ မိဘအေခၚခံရတဲ့လူငယ္ေလးေတြကိုေပါ့… သုေတသီေတြက ေမးခြန္းေလးေတြထုတ္ၾကည့္ခဲ့တယ္။


သူတို႔ငယ္စဥ္ဘဝမွာ အ႐ိုက္ခံခဲ့ရတာ ၆၈ရာခိုင္ႏႈန္းေလာက္ရွိေနတာေတြ႕ရတယ္။ ဒီလိုမ်ိဳးဝုန္းဒိုင္းႀကဲၿပီး ျပႆနာေျဖရွင္းလိုက္လို႔ သူတို႔မွာ ေနာင္တရျခင္းလည္းမရွိဘူး။

တစ္ဖက္မွာ ဘယ္ေလာက္ထိနစ္နာသြားမလဲ.. ဒါေတြထည့္မတြက္တတ္ေတာ့ဘူး။ တစ္ေယာက္ေယာက္ကို နာက်င္ေအာင္လုပ္လိုက္မွသာ သူတို႔စိတ္ဖိစီးေနတာေတြေလ်ာ့က်သြားမယ္လို႔ ေတြးထင္လာၾကတယ္။
ေနာက္ၿပီး ကေလးကို ခါးပတ္နဲ႔႐ိုက္တဲ့အက်င့္။ အခန႔္မသင့္လက္လြန္သြားရင္ အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။ အျခားကေလးေတြနဲ႔ယွဥ္ရင္သူတို႔ စိတ္ထဲအားငယ္ေနရတတ္ပါတယ္။

 

တစ္ခုခုအဆင္မေျပျဖစ္တိုင္း မိဘကို ရင္မဖြင့္ရဲေတာ့ဘူး။ စိတ္ထဲ သိမ္းဆည္းထားမ်ားၿပီး မြန္းၾကပ္လာမယ္။ ေနာက္ဆုံး ဘယ္ကမွန္းမသိတဲ့ စိတ္ဓာတ္က်ျခင္းေတြနဲ႔ အေတြးေတြေနာက္က်ိလာေတာ့တယ္။
အနာဂတ္ၾကယ္ပြင့္ေလးေတြျဖစ္လာႏိုင္တဲ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ နည္းစနစ္က်မွန္ကန္ဖို႔လိုပါတယ္။ ကမာၻႀကီးရဲ႕မ်ားစြာေသာ လုပ္ငန္းေတြမွာ သူတို႔တစ္ခ်ိန္ ဦးမေဆာင္ႏိုင္ဘူးလို႔ ဘယ္ေျပာလို႔ရမလဲ? ကမာၻတစ္ဝွမ္းက အခ်ိဳ႕ႏိုင္ငံေတြျဖစ္တဲ့ ျပင္သစ္၊ဆြီဒင္ နဲ႔ စေကာ့တလန္တို႔မွာကေလးကို႐ိုက္ႏွက္ဆုံးမျခင္းအား ပိတ္ပင္ထားပါတယ္။ အဂၤလန္မွာဆို လုံေလာက္တဲ့အေၾကာင္းျပခ်က္မရွိဘဲနဲ႔ ကေလးကို ျပစ္ဒဏ္ေပးေနတယ္ဆိုရင္ ဥပေဒနဲ႔မညီဘူးလို႔ သတ္မွတ္ပါတယ္။

 

အေမရိကန္မွာေတာ့ ကေလးကို႐ိုက္ႏွက္တာ တရားဝင္ေပမယ့္ ခုနကလိုပဲ အျပစ္ေပးရတဲ့အေၾကာင္းရင္း ခိုင္လုံမွျဖစ္ပါမယ္။
တစ္ခ်ိဳ႕မိဘေတြက ဒီကေလးေတြ အသားနာမွ မွတ္မယ္ ၊ ဒါမွ ေကာင္းေကာင္းနားလည္မွာလို႔ ယူဆထားၾကပါတယ္။ ေကာင္းဖို႔ဆိုတာထက္ အဆိုးကပိုမ်ားပါတယ္။

ကေလးေတြရဲ႕အက်င့္စ႐ိုက္ကို ေသခ်ာနားလည္ေအာင္ လုပ္ဖို႔က မိဘေတြရဲ႕တာဝန္ပါ။ ဘယ္လိုလမ္းျပေပးရင္ ကေလးက သင္ယူတတ္ေျမာက္လြယ္တယ္ဆိုတာ မိဘေတြကိုယ္တိုင္ပဲသိႏိုင္မယ္ေလ။ ကမာၻႀကီးတိုးတက္ေျပာင္းလဲေအာင္ တစ္ခ်ိန္မွာ လုပ္ေဆာင္လာမယ့္ အနာဂတ္ၾကယ္ပြင့္ေလးေတြကို ေသခ်ာလမ္းျပသြန္သင္ၿပီး ပ်ိဳးေထာင္ရေအာင္လား !

 

Credit : Buzzy

 

Unicode

"စိတ်ပညာအရ ရိုက်နှက်ခံပြီး ကြီးပြင်းလာရတဲ့ကလေးတွေဟာ ပိုမိုရိုင်းစိုင်းလာနိုင်"
အရွယ်ရောက်နေတဲ့လူငယ် ၈ဝဝကို လေ့လာကြည့်တော့ ငယ်စဉ်တည်းက အရိုက်နှက်ခံခဲ့ရတဲ့ ကလေးတွေဟာ ကြီးလာရင် ပိုမိုကြမ်းကြုတ်ရိုင်းစိုင်းလာကြောင်း Texas ဆေးတက္ကသိုလ်မှတွေ့ရှိခဲ့ပါတယ်။

ငယ်စဉ်တည်းက အရိုက်ခံခဲ့ရတော့ အမှားတစ်ခုခုလုပ်မိရင် ခန္ဓာကိုယ်နာကျင်အောင်လုပ်မှ ပြဿနာတစ်ခုဖြေရှင်းနိုင်မယ်လို့ သူတို့စိတ်ထဲမှာ စွဲမြဲသွားတတ်ကြတယ်။

ဒီစိတ်အစွဲကြောင့် လူဟာအရွယ်ရောက်လာလေ ပိုမိုကြမ်းကြုတ်လေဖြစ်ပြီး မိဘနဲ့သားသမီးကြားပိုမိုရှုပ်ထွေးတဲ့ ဆက်ဆံတွေရေးတွေသာ ရှေ့လျှောက်ဖြစ်လာပါတော့တယ်။


တစ်ခုခုအမှားလုပ်မိရင် သင်ခန်းစာယူတတ်အောင် လမ်းမပြပေးပဲ ကလေးကို ရိုက်နှက်ဖို့သာ တာဆူနေတဲ့မိဘတွေကြောင့် ကလေးရဲ့အနာဂတ်ဟာ မလှပတော့ဘူး။ အသက် ၁၉နှစ်နဲ့ ၂ဝ ဝန်းကျင်ကြားက လူငယ်လေးတွေ၊ အထူးသဖြင့် ကျောင်းမှာ မကြာခဏ ရန်ဖြစ်လို့ ဒဏ်ပေးခံရ၊ မိဘအခေါ်ခံရတဲ့လူငယ်လေးတွေကိုပေါ့… သုတေသီတွေက မေးခွန်းလေးတွေထုတ်ကြည့်ခဲ့တယ်။


သူတို့ငယ်စဉ်ဘဝမှာ အရိုက်ခံခဲ့ရတာ ၆၈ရာခိုင်နှုန်းလောက်ရှိနေတာတွေ့ရတယ်။ ဒီလိုမျိုးဝုန်းဒိုင်းကြဲပြီး ပြဿနာဖြေရှင်းလိုက်လို့ သူတို့မှာ နောင်တရခြင်းလည်းမရှိဘူး။

တစ်ဖက်မှာ ဘယ်လောက်ထိနစ်နာသွားမလဲ.. ဒါတွေထည့်မတွက်တတ်တော့ဘူး။ တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်လိုက်မှသာ သူတို့စိတ်ဖိစီးနေတာတွေလျော့ကျသွားမယ်လို့ တွေးထင်လာကြတယ်။
နောက်ပြီး ကလေးကို ခါးပတ်နဲ့ရိုက်တဲ့အကျင့်။ အခန့်မသင့်လက်လွန်သွားရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အခြားကလေးတွေနဲ့ယှဉ်ရင်သူတို့ စိတ်ထဲအားငယ်နေရတတ်ပါတယ်။

တစ်ခုခုအဆင်မပြေဖြစ်တိုင်း မိဘကို ရင်မဖွင့်ရဲတော့ဘူး။ စိတ်ထဲ သိမ်းဆည်းထားများပြီး မွန်းကြပ်လာမယ်။ နောက်ဆုံး ဘယ်ကမှန်းမသိတဲ့ စိတ်ဓာတ်ကျခြင်းတွေနဲ့ အတွေးတွေနောက်ကျိလာတော့တယ်။
အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်လာနိုင်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ နည်းစနစ်ကျမှန်ကန်ဖို့လိုပါတယ်။ ကမ္ဘာကြီးရဲ့များစွာသော လုပ်ငန်းတွေမှာ သူတို့တစ်ချိန် ဦးမဆောင်နိုင်ဘူးလို့ ဘယ်ပြောလို့ရမလဲ? ကမ္ဘာတစ်ဝှမ်းက အချို့နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ဆွီဒင် နဲ့ စကော့တလန်တို့မှာကလေးကိုရိုက်နှက်ဆုံးမခြင်းအား ပိတ်ပင်ထားပါတယ်။ အင်္ဂလန်မှာဆို လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲနဲ့ ကလေးကို ပြစ်ဒဏ်ပေးနေတယ်ဆိုရင် ဥပဒေနဲ့မညီဘူးလို့ သတ်မှတ်ပါတယ်။

အမေရိကန်မှာတော့ ကလေးကိုရိုက်နှက်တာ တရားဝင်ပေမယ့် ခုနကလိုပဲ အပြစ်ပေးရတဲ့အကြောင်းရင်း ခိုင်လုံမှဖြစ်ပါမယ်။
တစ်ချို့မိဘတွေက ဒီကလေးတွေ အသားနာမှ မှတ်မယ် ၊ ဒါမှ ကောင်းကောင်းနားလည်မှာလို့ ယူဆထားကြပါတယ်။ ကောင်းဖို့ဆိုတာထက် အဆိုးကပိုများပါတယ်။

ကလေးတွေရဲ့အကျင့်စရိုက်ကို သေချာနားလည်အောင် လုပ်ဖို့က မိဘတွေရဲ့တာဝန်ပါ။ ဘယ်လိုလမ်းပြပေးရင် ကလေးက သင်ယူတတ်မြောက်လွယ်တယ်ဆိုတာ မိဘတွေကိုယ်တိုင်ပဲသိနိုင်မယ်လေ။ ကမ္ဘာကြီးတိုးတက်ပြောင်းလဲအောင် တစ်ချိန်မှာ လုပ်ဆောင်လာမယ့် အနာဂတ်ကြယ်ပွင့်လေးတွေကို သေချာလမ်းပြသွန်သင်ပြီး ပျိုးထောင်ရအောင်လား !

 

Credit : Buzzy

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:15
Rate this articles
(0 votes)