×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 13 December 2019

"ဂမ္ဘီယာႏိုင္ငံအေၾကာင္းသိေကာင္းစရာအခ်ဳိ႕"

ဂမ္ဘီယာႏိုင္ငံ ဟာ အာဖရိက အေနာက္ပိုင္းရွိ အတၱလႏၱိတ္ကမ္းေျခတြင္တည္ရွိျပီး အိမ္နီးျခင္း ႏုိင္ငံျဖစ္တဲ့ ဆီနီေဂါႏိုင္ငံက ဂမ္ဘီယာ တစ္ႏိုင္ငံလံုးနီးပါးကို ဝန္းရံထားပါတယ္။

၁၉ ရာစုအတြင္းဂမ္ဘီယာျမစ္ကိုထိန္းခ်ဳပ္ေသာဂရိတ္ၿဗိတိန္ႏွင့္အိမ္နီးခ်င္းဆီနီေဂါကိုလိုနီကိုအုပ္ခ်ဳပ္ေသာျပင္သစ္တို႔ပိုင္နက္အျငင္းပြားမႈမ်ားေၾကာင့္ ဂမ္ဘီယာ ႏိုင္ငံရဲ႕ ပံုသ႑န္ ႏွင့္ အရြယ္အစားဟာ ထူးျခားတဲ့ပံုစံနဲ႕ တည္ရွိေနတာျဖစ္ပါတယ္။
၂၀၁၇ ရဲ ႕ ထုတ္ျပန္ခ်က္အရ ဂမ္ဘီယာ ႏိုင္ငံတြင္ ေနထိုင္သူလူဦးရ ၂သန္းခန္ ့ရွိျပီး ကမ႓ာေပၚတြင္ ၁၄၆ ႏိုင္ငံေျမာက္ လူဦးေရအမ်ားဆံုးႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ ႕ အက်ယ္အဝန္းကေတာ့ စတုရန္းမိုင္ေပါင္း ၄၀၀၀ ေက်ာ္သာ က်ယ္ဝန္းပါတယ္။ ဤအက်ယ္အဝန္းဟာ ကၽြန္ေတာ္တို ့ျမန္မာႏိုင္ငံရဲ ႕ အေသးဆံုး ျပည္နယ္ျဖစ္တဲ့ ကယားျပည္နယ္ ထက္ေတာင္ ေသးေနတာကို ေတြ႕ရပါတယ္။ လွ်ပ္စစ္ဓာတ္အားသည္ Banjul ျမိဳ၏အစိတ္အပိုင္းမ်ားႏွင့္ အတြင္းပိုင္းၿမိဳ႕အနည္းငယ္အတြက္သာကန႔္သတ္ထားပါတယ္။ ဂမ္ဘီယာႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ကေတာ့ Banjul ျဖစ္ၿပီး ယခင္ကေတာ့ Bathurst ဆိုၿပီးလူသိမ်ားပါတယ္။ ႏိုင္ငံရဲ ႕ အလည္မွာ တည္ရွိတဲ့ ဂမ္ဘီယာ ျမစ္ၾကီး ကေတာ့ အတၱလႏၱိတ္ သမုဒၵရာ ထဲ သို႕စီးဝင္ေနပါတယ္။


ဂမ္ဘီယာႏိုင္ငံဟာ အာဖရိကရဲ ႕ အေသးဆံုးတိုင္းျပည္တစ္ခုျဖစ္ျပီး အာဖရိက ရဲ ့လူဦးေရ ထူထပ္ဆံုးႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ပါတယ္။ ဂမ္ဘီယာရဲ ႔ ျမိဳ ႕ငယ္အမ်ားစုဟာ ဂမ္ဘီယာျမစ္ရဲ ႕ အထက္ပိုင္းမွာ တည္ရွိပါတယ္။ ဒါေပမဲ့ လူအမ်ားစု က ျမစ္ေအာက္ပိုင္မွာ ရွိတဲ့ ေက်းလက္ေဒသမ်ားမွာေနထိုင္ၾကပါတယ္။ အဓိက တုိင္းရင္သား လူမ်ိဳးစု ကေတာ့ မာလင္ကီ လူမ်ိဳးမ်ား ျဖစ္ျပီး ဆီနီေဂါတိုင္းရင္းသားလူမ်ိဳးစုမ်ားႏွင့္ဆင္တူပါတယ္။
အျခားေနထိုင္တဲ့ လူမ်ိဳးစုေတြကေတာ့ ဝူလို၊ ဖူလာနီ(ဖူလ္ဘီ) ၊ အိုင္အိုလာ(ဂ်ိဳလာ) လူမ်ိဳးမ်ားျဖစ္ျပီး အဓိကစီးပြားေရးကေတာ့ ေျမပဲ ထုတ္လုပ္ တင္ပို ့မႈျဖစ္ျပီး ယင္းအေပၚ မ်ားစြာ မွိခုိေနရပါတယ္။

တိုင္းရင္းသားအုပ္စုမ်ား

Data-The-Gambia.jpg


ဆူဒန္အေနာက္ပိုင္းဆူဒန္စစ္ပြဲမွ ၁၂ ရာစုမွထြက္ေျပးလာသူမ်ားေ႐ႊ႕ေျပာင္းေနထိုင္ၾကေသာလူစုလူေဝးမ်ားအတြက္ျမစ္ဝွမ္းသည္အဓိကေနထိုင္ရာ ေနရာျဖစ္ပါတယ္။ ဒိုင္အိုလာ (ဂ်ိဳလာ) လူမ်ိဳးမ်ား ဟာ ႏိုင္ငံအတြင္းႏွစ္သက္တမ္း အရွည္ဆုံးေနထိုင္ေသာ လူမ်ိဳးမ်ားျဖစ္ပါတယ္။ ယင္းလူမ်ိဳးမ်ားဟာ ယခုအခ်ိန္တြင္ အမ်ားအားျဖင့္ဂမ္ဘီယာအေနာက္ပိုင္း၌ေနထိုင္ၾကပါတယ္။ အႀကီးဆုံးလးူမ်ိဳးအုပ္စုမွာ Malinke ျဖစ္ၿပီးလူ ဦး ေရ၏သုံးပုံတစ္ပုံခန႔္ရွိပါတယ္။ ဖူလာနီ လူမ်ိဴးမ်ား ဟာ အစြန္းေရာက္ေသာေဒသမ်ားသို႔အေျခခ်ခဲ့ၿပီး ၁၉ ရာစုေႏွာင္းပိုင္းတြင္သူတို႔၏ႏိုင္ငံ Fululadu သည္အဓိကအင္အားႀကီးႏိုင္ငံျဖစ္လာခဲ့သည္။ Soninke၊ Malinke ႏွင့္ Fulani တို႔၏ေပါင္းစပ္မႈမ်ားသည္ ႏိုင္ငံ၏ အထက္ပိုင္းေဒသမ်ားတြင္ ေနထိုင္ၾကပါတယ္။

အသံုးျပဳသည့္ဘာသာ စကားမ်ား

Fishermen-Gambia-River-Banjul_1.jpg


အဂၤလိပ္ဘာသာ စကားကိုရံုးသံုးဘာသာ စကားအျဖစ္အသံုးျပဳၾကပါတယ္။ မန္ဒင္္ကာ နဲ႕ ဝူလိုျပည္နယ္မ်ားတြင္ ပူလာ၊ ဆာရာဒ၊ ဒိုရီလာ ႏွင့္ ဆိုနင္ကီ ဘာသာစကားမ်ားအသံုးျပဳၾကပါတယ္။ အခ်ိဳ မြတ္ဆလင္ ဓမၼဆရာေတြဟာ အာရီဗီ ဘာသာစကားလည္း တက္ကၽြမ္းၾကပါေသးတယ္။

ကိုးကြယ္သည့္ဘာသာ

Data-The-Gambia_1.jpg


ဂမ္ဘီယာႏိုင္ငံရဲ ႕ လူဦးေရအမ်ားစု ဟာ အစၥလာမ္ ဘာသာကို ကိုးကြယ္ၾကပါတယ္။ ရိုမန္ကက္သလစ္ အမ်ားစုျဖစ္ေသာ ခရစ္ယာန္အနည္းငယ္ရွိျပီး ရိုးရာ ယံုၾကည္မႈကိုးကြယ္သူမ်ားလည္းရွိၾကပါတယ္။

စီးပြားေရး

Merchants-produce-market-Gambia-Farafenni_1.jpg


သစ္ေတာ၊ ငါးဖမ္းလုပ္ငန္ႏွင့္ စိုက္ပ်ိဳးေရး၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးတို႕ကို အဓိက ထားလုပ္ကိုင္ၾကပါတယ္။ ေျမပဲ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔မႈဟာ ဂမ္ဘီယာႏိုင္ငံရဲ႕ အဓိက စီးပြားေရးျဖစ္ပါတယ္။ စိုက္ပ်ိဳးရိတ္သိမ္းျပီး လယ္ယာမ်ားကို မီရွိဳ႕ ရွင္းလင္းၾကပါတယ္။ လယ္ယာေျမအမ်ားစု ကို ရြာသားမ်ားက တူညီစြာ ပိုင္ဆိုင္ၾကပါတယ္။ အမ်ိဳးသမီးမ်ားဟာ ပီေလာပီနံစိုက္ပ်ိဳးျခင္း၊ ခရမ္းခ်ဥ္သီး၊ ဆန္ႏွင့္ ပဲ အစရွိသည့္ ေကာက္ပဲသီးႏွံမ်ား စိုက္ပ်ိဳးျပီး အသက္ေမြးၾကပါတယ္။ Banjul ရဲ ႕ အေနာက္ဖက္တြင္လည္း ျခံစားဥယ်ာဥ္မ်ားလည္းရွိပါတယ္။ ဆီအုန္းထုတ္လုပ္မႈကို၁၉၆၀ ျပည့္ႏွစ္အလယ္ပိုင္းတြင္ စမ္းသပ္စတင္ခဲ့ေသာ္လည္း ႏိုင္ငံရဲ႕စီးပြားေရးအေပၚအနည္းငယ္သာအက်ိဳးသက္ေရာက္ခဲ့ပါတယ္။ ၁၉၇၀ ႏွင့္ ၈၀ ျပည့္လြန္ႏွစ္မ်ားတြင္ မိုးေခါင္ေရရွားမႈသည္စိုက္ပ်ိဳးေရးထုတ္လုပ္မႈကိုမုန္တိုင္းထန္ေစခဲ့ပါတယ္။ သို႔ေသာ္တိုင္းျပည္သည္အျခားေဒသမ်ား မွာ ဆိုးဝါးစြာထိခိုက္ခဲ့ျခင္းမရွိေသာ္လည္းျပန္လည္နာလန္ထူလာခဲ့ပါတယ္။ ဂမ္ဘီယာ၏ႏိုင္ငံေတာ္ေငြေၾကးျဖစ္ေသာ ဒါလာစီ ကို ႏုိင္ငံဗဟိုဘဏ္မွာ ထုတ္ေပးပါတယ္။ အျခား ပုဂၢလိကဘဏ္မ်ားစြာလည္းရွိပါတယ္။

အစိုးရႏွင့္လူ႔အဖြဲ႕အစည္း

7-10.jpg


ဂမ္ဘီယာႏိုင္ငံသည္ပါတီစုံသမၼတႏိုင္ငံျဖစ္ပါတယ္။ ၁၉၉၆ ခုႏွစ္တြင္အတည္ျပဳၿပီး ၁၉၉၇ တြင္စတင္အာဏာတည္ခဲ့ေသာဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္ႏွင့္အစိုးရ၏ အၾကီးအကဲ ျဖစ္ေသာသမၼတအားငါးႏွစ္သက္တမ္းအတြက္တစ္ကမာၻလုံးဆိုင္ရာမဲေပးပိုင္ခြင့္ျဖင့္ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ပါတယ္။
ဂမ္ဘီယာႏိုင္ငံရဲ ႕ စစ္တပ္ကို အဖြဲ႕ၾကီး (၃) ခုျဖင့္ ျပန္လည္ခဲြထားပါတယ္။
(၁) အမ်ိဳးသားတပ္မေတာ္ the Gambia National Army (GNA)
(၂) ေရတပ္ the Gambia Navy
(၃) သမၼတလုံၿခဳံေရးႏွင့္ အထူးတပ္ဖြဲ႕ the Republican National Guards (RNG) စသည္တို႕ျဖစ္ၾကပါတယ္။
စစ္သားအေရး အတြက္အားမ်ား ၂၀၀၀ ေက်ာ္ ၃၀၀၀ နီးပါးေလာက္သာရွိပါတယ္။
ဂမ္ဘီယာႏိုင္ငံဟာ OIC (Organization of Islamic Cooperation) ရဲ႕ အဖြဲ႕ဝင္ႏုိင္ငံ တစ္တစ္ႏိုင္ငံလညိးျဖစ္ပါတယ္။ ဂမ္ဘီယာႏိုင္ငံဟာ ယခု ခ်ိန္အထိ OIC ကေန အကူအေထာက္အပံ့ မ်ားစြာရရွိေနတုန္းပါပဲ။ ဒါကေတာ့ ဂမ္ဘီယာႏိုင္ငံအၾကာင္းပါ။ ကၽြန္ေတာ္ ေရးတဲ့ စာထဲမွာ မျပည့္စံုတာနဲ ႔ အမွားေတြ ပါခဲ့ရင္ စိတ္မရွိပါနဲ႕လို႕ ၾကိဳတင္ေတာင္းပန္အပ္ပါတယ္။

STH (sayar.com.mm)

UNICODE

"ဂမ်ဘီယာနိုင်ငံအကြောင်းသိကောင်းစရာအချို့"
ဂမ်ဘီယာနိုင်ငံ ဟာ အာဖရိက အနောက်ပိုင်းရှိ အတ္တလန္တိတ်ကမ်းခြေတွင်တည်ရှိပြီး အိမ်နီးခြင်း နိုင်ငံဖြစ်တဲ့ ဆီနီဂေါနိုင်ငံက ဂမ်ဘီယာ တစ်နိုင်ငံလုံးနီးပါးကို ဝန်းရံထားပါတယ်။ ၁၉ ရာစုအတွင်းဂမ်ဘီယာမြစ်ကိုထိန်းချုပ်သောဂရိတ်ဗြိတိန်နှင့်အိမ်နီးချင်းဆီနီဂေါကိုလိုနီကိုအုပ်ချုပ်သောပြင်သစ်တို့ပိုင်နက်အငြင်းပွားမှုများကြောင့် ဂမ်ဘီယာ နိုင်ငံရဲ့ ပုံသဏ္ဍန် နှင့် အရွယ်အစားဟာ ထူးခြားတဲ့ပုံစံနဲ့ တည်ရှိနေတာဖြစ်ပါတယ်။
၂၀၁၇ ရဲ့ ထုတ်ပြန်ချက်အရ ဂမ်ဘီယာ နိုင်ငံတွင် နေထိုင်သူလူဦးရ ၂သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် ၁၄၆ နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းကတော့ စတုရန်းမိုင်ပေါင်း ၄၀၀၀ ကျော်သာ ကျယ်ဝန်းပါတယ်။ ဤအကျယ်အဝန်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အသေးဆုံး ပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ် ထက်တောင် သေးနေတာကို တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားသည် Banjul မြို၏အစိတ်အပိုင်းများနှင့် အတွင်းပိုင်းမြို့အနည်းငယ်အတွက်သာကန့်သတ်ထားပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့မြို့တော်ကတော့ Banjul ဖြစ်ပြီး ယခင်ကတော့ Bathurst ဆိုပြီးလူသိများပါတယ်။ နိုင်ငံရဲ့ အလည်မှာ တည်ရှိတဲ့ ဂမ်ဘီယာ မြစ်ကြီး ကတော့ အတ္တလန္တိတ် သမုဒ္ဒရာ ထဲ သို့စီးဝင်နေပါတယ်။


ဂမ်ဘီယာနိုင်ငံဟာ အာဖရိကရဲ့ အသေးဆုံးတိုင်းပြည်တစ်ခုဖြစ်ပြီး အာဖရိက ရဲ့လူဦးရေ ထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ မြို့ငယ်အများစုဟာ ဂမ်ဘီယာမြစ်ရဲ့ အထက်ပိုင်းမှာ တည်ရှိပါတယ်။ ဒါပေမဲ့ လူအများစု က မြစ်အောက်ပိုင်မှာ ရှိတဲ့ ကျေးလက်ဒေသများမှာနေထိုင်ကြပါတယ်။ အဓိက တိုင်းရင်သား လူမျိုးစု ကတော့ မာလင်ကီ လူမျိုးများ ဖြစ်ပြီး ဆီနီဂေါတိုင်းရင်းသားလူမျိုးစုများနှင့်ဆင်တူပါတယ်။
အခြားနေထိုင်တဲ့ လူမျိုးစုတွေကတော့ ဝူလို၊ ဖူလာနီ(ဖူလ်ဘီ) ၊ အိုင်အိုလာ(ဂျိုလာ) လူမျိုးများဖြစ်ပြီး အဓိကစီးပွားရေးကတော့ မြေပဲ ထုတ်လုပ် တင်ပို့မှုဖြစ်ပြီး ယင်းအပေါ် များစွာ မှိခိုနေရပါတယ်။

တိုင်းရင်းသားအုပ်စုများ

Data-The-Gambia.jpg


ဆူဒန်အနောက်ပိုင်းဆူဒန်စစ်ပွဲမှ ၁၂ ရာစုမှထွက်ပြေးလာသူများရွှေ့ပြောင်းနေထိုင်ကြသောလူစုလူဝေးများအတွက်မြစ်ဝှမ်းသည်အဓိကနေထိုင်ရာ နေရာဖြစ်ပါတယ်။ ဒိုင်အိုလာ (ဂျိုလာ) လူမျိုးများ ဟာ နိုင်ငံအတွင်းနှစ်သက်တမ်း အရှည်ဆုံးနေထိုင်သော လူမျိုးများဖြစ်ပါတယ်။ ယင်းလူမျိုးများဟာ ယခုအချိန်တွင် အများအားဖြင့်ဂမ်ဘီယာအနောက်ပိုင်း၌နေထိုင်ကြပါတယ်။ အကြီးဆုံးလးူမျိုးအုပ်စုမှာ Malinke ဖြစ်ပြီးလူ ဦး ရေ၏သုံးပုံတစ်ပုံခန့်ရှိပါတယ်။ ဖူလာနီ လူမျိူးများ ဟာ အစွန်းရောက်သောဒေသများသို့အခြေချခဲ့ပြီး ၁၉ ရာစုနှောင်းပိုင်းတွင်သူတို့၏နိုင်ငံ Fululadu သည်အဓိကအင်အားကြီးနိုင်ငံဖြစ်လာခဲ့သည်။ Soninke၊ Malinke နှင့် Fulani တို့၏ပေါင်းစပ်မှုများသည် နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် နေထိုင်ကြပါတယ်။

အသုံးပြုသည့်ဘာသာ စကားများ

Fishermen-Gambia-River-Banjul_1.jpg


အင်္ဂလိပ်ဘာသာ စကားကိုရုံးသုံးဘာသာ စကားအဖြစ်အသုံးပြုကြပါတယ်။ မန်ဒင်ကာ နဲ့ ဝူလိုပြည်နယ်များတွင် ပူလာ၊ ဆာရာဒ၊ ဒိုရီလာ နှင့် ဆိုနင်ကီ ဘာသာစကားများအသုံးပြုကြပါတယ်။ အချို မွတ်ဆလင် ဓမ္မဆရာတွေဟာ အာရီဗီ ဘာသာစကားလည်း တက်ကျွမ်းကြပါသေးတယ်။

ကိုးကွယ်သည့်ဘာသာ

Data-The-Gambia_1.jpg


ဂမ်ဘီယာနိုင်ငံရဲ့ လူဦးရေအများစု ဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်ကြပါတယ်။ ရိုမန်ကက်သလစ် အများစုဖြစ်သော ခရစ်ယာန်အနည်းငယ်ရှိပြီး ရိုးရာ ယုံကြည်မှုကိုးကွယ်သူများလည်းရှိကြပါတယ်။

စီးပွားရေး

Merchants-produce-market-Gambia-Farafenni_1.jpg


သစ်တော၊ ငါးဖမ်းလုပ်ငန်နှင့် စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့ကို အဓိက ထားလုပ်ကိုင်ကြပါတယ်။ မြေပဲ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုဟာ ဂမ်ဘီယာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်ပါတယ်။ စိုက်ပျိုးရိတ်သိမ်းပြီး လယ်ယာများကို မီရှို့ ရှင်းလင်းကြပါတယ်။ လယ်ယာမြေအများစု ကို ရွာသားများက တူညီစွာ ပိုင်ဆိုင်ကြပါတယ်။ အမျိုးသမီးများဟာ ပီလောပီနံစိုက်ပျိုးခြင်း၊ ခရမ်းချဉ်သီး၊ ဆန်နှင့် ပဲ အစရှိသည့် ကောက်ပဲသီးနှံများ စိုက်ပျိုးပြီး အသက်မွေးကြပါတယ်။ Banjul ရဲ့ အနောက်ဖက်တွင်လည်း ခြံစားဥယျာဉ်များလည်းရှိပါတယ်။ ဆီအုန်းထုတ်လုပ်မှုကို၁၉၆၀ ပြည့်နှစ်အလယ်ပိုင်းတွင် စမ်းသပ်စတင်ခဲ့သော်လည်း နိုင်ငံရဲ့စီးပွားရေးအပေါ်အနည်းငယ်သာအကျိုးသက်ရောက်ခဲ့ပါတယ်။ ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များတွင် မိုးခေါင်ရေရှားမှုသည်စိုက်ပျိုးရေးထုတ်လုပ်မှုကိုမုန်တိုင်းထန်စေခဲ့ပါတယ်။ သို့သော်တိုင်းပြည်သည်အခြားဒေသများ မှာ ဆိုးဝါးစွာထိခိုက်ခဲ့ခြင်းမရှိသော်လည်းပြန်လည်နာလန်ထူလာခဲ့ပါတယ်။ ဂမ်ဘီယာ၏နိုင်ငံတော်ငွေကြေးဖြစ်သော ဒါလာစီ ကို နိုင်ငံဗဟိုဘဏ်မှာ ထုတ်ပေးပါတယ်။ အခြား ပုဂ္ဂလိကဘဏ်များစွာလည်းရှိပါတယ်။

အစိုးရနှင့်လူ့အဖွဲ့အစည်း

7-10.jpg


ဂမ်ဘီယာနိုင်ငံသည်ပါတီစုံသမ္မတနိုင်ငံဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တွင်အတည်ပြုပြီး ၁၉၉၇ တွင်စတင်အာဏာတည်ခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်နှင့်အစိုးရ၏ အကြီးအကဲ ဖြစ်သောသမ္မတအားငါးနှစ်သက်တမ်းအတွက်တစ်ကမ္ဘာလုံးဆိုင်ရာမဲပေးပိုင်ခွင့်ဖြင့်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ စစ်တပ်ကို အဖွဲ့ကြီး (၃) ခုဖြင့် ပြန်လည်ခွဲထားပါတယ်။
(၁) အမျိုးသားတပ်မတော် the Gambia National Army (GNA)
(၂) ရေတပ် the Gambia Navy
(၃) သမ္မတလုံခြုံရေးနှင့် အထူးတပ်ဖွဲ့ the Republican National Guards (RNG) စသည်တို့ဖြစ်ကြပါတယ်။
စစ်သားအရေး အတွက်အားများ ၂၀၀၀ ကျော် ၃၀၀၀ နီးပါးလောက်သာရှိပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ OIC (Organization of Islamic Cooperation) ရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်တစ်နိုင်ငံလညိးဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ ယခု ချိန်အထိ OIC ကနေ အကူအထောက်အပံ့ များစွာရရှိနေတုန်းပါပဲ။ ဒါကတော့ ဂမ်ဘီယာနိုင်ငံအကြာင်းပါ။ ကျွန်တော် ရေးတဲ့ စာထဲမှာ မပြည့်စုံတာနဲ့ အမှားတွေ ပါခဲ့ရင် စိတ်မရှိပါနဲ့လို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

STH (sayar.com.mm)

Read times Last modified on Friday, 27 December 2019 15:29
Rate this articles
(1 Vote)