×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 02 January 2020

"ကမာၻ႔ IQ အျမင့္ဆုံးပုဂၢိဳလ္ ၁၂ ဦး"

"ကမာၻ႔ IQ အျမင့္ဆုံးပုဂၢိဳလ္ ၁၂ ဦး" google.com

IQ လို႔ အတိုေကာက္ေခၚတဲ့ Intelligent Quotient (ဉာဏ္ရည္ျပကိန္း) ဆိုတာ လူဉာဏ္ရည္အဆင့္ကို ဆိုလိုတာျဖစ္ၿပီး အဲဒီလိုဉာဏ္သိပ္ေကာင္းတဲ့လူေတြကို စာသင္ခန္းေတြမွာ တျခားေက်ာင္းသူေက်ာင္းသားေတြက စာၾကမ္းပိုးေတြ၊ အူေၾကာင္ေၾကာင္ လူေတြလို႔ေခၚေလ့ရွိတယ္။

IQ ဟာ လူတစ္ဦးခ်င္းစီရဲ႕ အသိဉာဏ္ပညာ အဆင့္ကိုတိုင္းတာဖို႔ စမ္းသပ္စစ္ေဆးတဲ့ 'စံ' အမ်ား အျပားအနက္မွ တစ္ခုျဖစ္ပါတယ္။ လူဦးေရ ၉၅ ရာခိုင္ႏႈန္းကို စမ္းသပ္မႈအရ ေယဘုယ်အားျဖင့္ ႈ် အဆင့္ဟာ ၇၀ ကေန ၁၃၀ အၾကားမွာ ရွိေၾကာင္းသိရပါတယ္။ လူတစ္ဦးရဲ႕ IQ ကို တိုင္းတာတဲ့အခါ အသက္ရွင္ႏိုင္မႈ၊ ဥပါဒါန္၊ ယင္းမိဘရဲ႕လူေနမႈအဆင့္အတန္း၊ ယင္းမိဘအရင္းေတြရဲ႕ IQ စတာေတြကိုထည့္စဥ္းစားပါတယ္။ ဒါအျပင္ စကၡဳအာ႐ုံစမ္းသပ္မႈ၊ ႏႈတ္ေျဖစမ္းသပ္မႈ၊ အက်ိဳးအေၾကာင္းဆင္ျခင္မႈပုစာၦေတြလိုကိစၥေတြ ပါဝင္သလို ဂဏန္းသခ်ၤာ၊ စာဖတ္ျခင္း၊ အေထြေထြဗဟုသုတနဲ႔ေဝါဟာရႂကြယ္ဝမႈတို႔ကိုလည္း အေျခခံပါတယ္။ ကမာၻေပၚမွာ IQ အဆင့္ (ရမွတ္)အမ်ားဆုံး ပုဂၢိဳလ္ ၁၂ ဦးကိုေဖာ္ျပလိုက္ပါတယ္။


1. William James Sidis(IQ - 250 -300)

image.png

 

ဝီလံ်ဟာသခ်ၤာပညာတစ္ဖက္ကမ္းခတ္ထူးခြၽန္သူျဖစ္တယ္။ ေျခာက္ႏွစ္အ႐ြယ္မွာ သဒၵါ ေက်ာင္းတက္ၿပီး ခုနစ္လအတြင္း ေအာင္လက္မွတ္ရတယ္။ ၁၁ ႏွစ္မွာ ဟားဗတ္တကၠသိုလ္တက္ၿပီး ဘာသာစကားအမ်ိဳးေပါင္း ၉၀ ေျပာတတ္တယ္။ ဟားဗတ္မွာ ေက်ာင္းသားတခ်ိဳ႕ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ သူ႔မိဘေတြက သူ႔ကို တကၠဆပ္မွာ ေက်ာင္းဆရာသြားလုပ္ခိုင္းရတယ္။ သိပ္မၾကာခင္မွာ သူအလုပ္ ထြက္ၿပီး ႏိုင္ငံေရးေလာကထဲ ဝင္ခဲ့ပါတယ္။

 


2. Terence Tao (IQ – 225-230)

867da5a5ad961a2a878c3f28976ebdf0.jpg

 

တဲရင့္ဟာ ႏွစ္ႏွစ္အ႐ြယ္က ငါးႏွစ္သားေလးတစ္ဦးကို သခ်ၤာသင္ေပးတဲ့ ပါရမီရွင္ ေလးေပါ့။ ကိုးႏွစ္အ႐ြယ္မွာ တကၠသိုလ္အဆင့္ သခ်ၤာသင္တန္းသြားတက္တယ္။ ၁၄ ႏွစ္မွာ ကေလးသိပၸံတကၠသိုလ္တက္ၿပီး ၁၆ ႏွစ္မွာ သိပၸံဘြဲ႕နဲ႔ မဟာဘြဲ႕ၿပိဳင္တူရၿပီး ၂၀ ႏွစ္မွာ ပါရဂူဘြဲ႕ရတယ္။ သိပၸံပညာေရးပြဲေတာ္မွာ ေ႐ႊတံဆိပ္ သုံးဆုစလုံးဆြတ္ခူးတဲ့ အသက္အငယ္ဆုံးဆုရွင္ျဖစ္တယ္။ ၂၄ ႏွစ္မွာ UCLA (ေလာ့စ္အိန္ဂ်္လိစ္ၿမိဳ႕ရွိ ကယ္လီဖိုးနီးယားတကၠသိုလ္မွာ) မွာ အသက္အငယ္ဆုံး ပါေမာကၡျဖစ္လာတယ္။

 


3. Christopher Hirata(IQ – 215)

Prince-HirataRB.jpg

 

၁၉၈၂ ခုႏွစ္ဖြား ခရစၥတိုဖာဟာ ၁၂ ႏွစ္အ႐ြယ္ေရာက္ေတာ့ ေကာလိပ္ပညာေရး ၿပီးဆုံး တဲ့ ကေလးပါရမီရွင္ျဖစ္ပါတယ္။ ၁၆ ႏွစ္အ႐ြယ္မွာ NASA ရဲ႕ စီမံကိန္းတစ္ခုမွာ ပါဝင္ခဲ့တယ္။ ၁၃ ႏွစ္အ႐ြယ္က ႏိုင္ငံလုံးဆိုင္ရာ သိပၸံပညာပြဲေတာ္မွာ ေ႐ႊတံဆိပ္ဆု ပထမဆုံးဆြတ္ခူးသူျဖစ္တယ္။ ၁၆ ႏွစ္က်ေတာ့ ႐ူပနကၡတၱေဗဒပါရဂူဘြဲ႕ႀကိဳသင္တန္း တက္တယ္။

 


4. Kim Ung-Yong (IQ – 210) 

1f0cdcd04ae7f92fb4b870ca325a92a1_1.jpg

 

ကင္မ္ဟာ ေျခာက္လသားအ႐ြယ္မွာ စကားေျပျပစ္စြာေျပာတတ္ၿပီး သုံးႏွစ္အ႐ြယ္မွာ ဟန္ယန္းတကၠသိုလ္၊ ႐ူပေဗဒဌာနမွာ ဧည့္ေက်ာင္းသားအျဖစ္ တက္ရတယ္။ ေလးႏွစ္ အ႐ြယ္မွာ ကဗ်ာနဲ႔ဝတၳဳတိုႏွစ္ပုဒ္ေရးခဲ့တယ္။ ၁၆ ႏွစ္သားအ႐ြယ္မွာ NASA အဖြဲ႕မွ ႏုတ္ထြက္ခဲ့တဲ့ ကင္မ္ကို ကိုရီးယားႏိုင္ငံရဲ႕ အထင္ကရတကၠသိုလ္တစ္ခုက အလုပ္ခန႔္တာ ျငင္းဆန္ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာပါရဂူဘြဲ႕ရဖို႔ ေက်ာင္းဆက္တက္တယ္။ အခုအခါ ေခ်ာင္ဘတ္တကၠသိုလ္မွာ အမႈထမ္းေနပါတယ္။

 


5. Christopher Michael Langan (IQ – 195)

79779360_2535354473186282_2205053436880224256_n.jpg

 

ဒီပုဂၢိဳလ္ဟာ အေမရိကန္ႏိုင္ငံရဲ႕ အေတာ္ဆုံးလူလု႔ိ သတ္မွတ္ခံရသူပဲ။ သူ ဟာ ေျခာက္လသားအ႐ြယ္မွာ စကားေျပာတတ္ၿပီး သုံးႏွစ္အ႐ြယ္မွာ သူ႔ဘာ သာသူ စာဖတ္တတ္တယ္။ ေက်ာင္းမွာ အႀကိမ္ႀကိမ္အတန္းေက်ာ္တက္ရ တယ္။ ွSAT ေျဖရာမွာ အမွတ္အေကာင္းဆုံးရၿပီး စာေမးပြဲကိုမ်က္စိမွိတ္ေျဖ ခဲ့ပါတယ္။ သူ႔ကို စာသင္တဲ့ ပါေမာကၡေတြထက္ သူက ပိုတတ္တယ္ဆိုၿပီး မြန္တားနားတကၠသိုလ္က ဘြဲ႕မရခင္ေက်ာင္းထြက္ခဲ့ပါတယ္။ သူ႔စကားက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈဘယ္ေလာက္ရွိသလဲဆိုတာ ျပသပါတယ္။

 


6. Philip Emeagwali (IQ – 190) 

hqdefault.jpg

 

ဖီးလစ္ဟာ အင္ဂ်င္နီယာ၊ သခ်ၤာပညာရွင္နဲ႔ ဘူမိေဗဒပညာရွင္ျဖစ္ၿပီး Connection Machine ဆိုတဲ့ စူပါကြန္ပ်ဴတာကိုသုံးၿပီး ေရနံတြင္းေတြကို ဆန္းစစ္ ေလ့လာတဲ့သူပါ။ ၁၃ ႏွစ္သားအ႐ြယ္က ႏိုင္ဂ်ီးရီးယားနဲ႔ ဘီယာဖရာစစ္ပြဲမွာ ပါဝင္ဖို႔ ေက်ာင္းထြက္ခဲ့ေပမဲ့ သူ႔ဘာသာသူေလ့လာၿပီး သခ်ၤာဘြဲ႕ ရယူခဲ့ပါ တယ္။ သူဟာ သခ်ၤာ၊ သဘာဝပတ္ဝန္းက်င္နဲ႔ အင္ဂ်င္နီယာ၊ ေရေၾကာင္း အင္ဂ်င္နီယာ မဟာသိပၸံဘြဲ႕ေတြလည္း တကၠသိုလ္ေပါင္းစုံကရခဲ့ပါတယ္။ သူဟာ မီရွီဂန္တကၠသိုလ္မွာ ပါရဂူဘြဲ႕အတြက္ ေက်ာင္းတက္မယ္ဆိုေတာ့ အသားအေရာင္ခြဲျခားမႈအရ ျငင္းပယ္ခံရလို႔ သူက အဲဒီတကၠသိုလ္ကို တရား စြဲခဲ့တယ္။ သူဟာ သူ႔ျပည္သူေတြနဲ႔ တစ္ကမာၻလုံးအတြက္ အၿမဲတမ္းသူရဲေကာင္းျဖစ္ေနမွာပါ။

 


7. Gary Kasparov (IQ – 190)

1 WAN6JNd6PiaroM czGByHA

 

ဂယ္ရီဟာ ကမာၻ႔နံပါတ္တစ္ေနရာ ၂၂၅ ႀကိမ္ရခဲ့ၿပီး ၂၀၀၃ ခုႏွစ္က တစ္စကၠန႔္မွာ စစ္တုရင္အကြက္ေပါင္း သုံးသန္းတြက္ခ်က္ေ႐ႊ႕ႏိုင္တဲ့ ကြန္ပ်ဴတာနဲ႔ ယွဥ္ၿပိဳင္ျပရာမွာ သေရက်ခဲ့ပါတယ္။ ယင္းဟာ ၂၂ ႏွစ္ အ႐ြယ္မွာ ကမာၻ႔စစ္တုရင္ခ်န္ပီယံျဖစ္လာ႐ုံမ်မက ယင္းဟာ ဆက္တိုက္ ေအာင္ပြဲအႀကိမ္အမ်ားဆုံးရၿပီး စစ္တုရင္ေလာကရဲ႕ 'ေအာ္စကာ' ဆု အမ်ားဆုံးဆြတ္ခူးပါတယ္။ ယင္းဟာ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူနဲ႔ စာေရးဆရာလည္း ျဖစ္ပါတယ္။

 


8. Judit Polgar (IQ – 170)

79740750_2535353653186364_1690795858406146048_n.jpg

 

ဂ်ဴးဒစ္ဟာ ကမာၻ႔စစ္တုရင္ေလာကမွာ ၁၅ ႏွစ္အ႐ြယ္က ဂရင္းမာစတာ ဘြဲ႕ရတဲ့အသက္အငယ္ဆုံး ခ်န္ပီယံျဖစ္ပါတယ္။ 'FIDE' စစ္တမ္းရဲ႕ Top 100 စာရင္းမွာ ပါဝင္တဲ့ တစ္ဦးတည္းေသာမိန္းမျဖစ္တဲ့ သူဟာ နံပါတ္ ၆၃ ခ်ိတ္ထားပါတယ္။ စစ္တုရင္ပါရမီရွင္ဂ်ဴးဒစ္ဟာ ကမာၻ႔စစ္တုရင္ၿပိဳင္ ပြဲေပါင္းစုံမွာ ခ်န္ပီယံဆုဆယ္ႀကိမ္ရၿပီး ၂၀၀၅ ခုႏွစ္က ကမာၻ႔ခ်န္ပီယံ ဂယ္ရီကက္စပါ ေရာ့ဗ္ကိုလည္း အႏိုင္ယူခဲ့ပါတယ္။

 


9. Albert Einstein (IQ - 160-190)

Albert-Einstein_0-large.jpg

 

ဒီပုဂၢိဳလ္ႀကီးကေတာ့ အထူးမိတ္ဆက္ေပးစရာ မလိုပါဘူး။ သူဟာ ႐ူပေဗဒ ပညာရွင္ျဖစ္ၿပီး ရီေလတီဗတီ သီအိုရီကို ေဖာ္ထုတ္မိတ္ဆက္ခဲ့သူပါ။ သူဟာ Photoelectric သက္ေရာက္မႈနိယာမကို ရွာေတြ႕ျခင္းအတြက္ ႏိုဘယ္ဆုရခဲ့ၿပီး ကမာၻေျမဆြဲအားဆိုင္ရာက႑ေတြရဲ႕ နိယာမနဲ႔အျမင္ေတြကို ခ်ဲ႕ထြင္ခဲ့ပါတယ္။ ယင္းဟာ နယူးဂ်ာဆီျပည္နယ္ရွိ အဆင့္ျမင့္သုေတသနဌာနမွာ အမႈထမ္းခဲ့ပါ တယ္။ သူ႔ရဲ႕ထူးခြၽန္ထက္ျမက္မႈ၊ ေအာင္ျမင္မႈေတြက ႀကီးမားလြန္းလို႔ အခု ေခတ္မွာ 'အိုင္းစတိုင္း' နဲ႔ 'ေျပာင္ေျမာက္မႈ' ကို ဆက္စပ္ၿပီး ျမင္ၾကပါတယ္။

 


10. Stephen Hawking (IQ – 160) 

42965522_303.jpg

 

စတီဖင္ဟာ ALS ဆိုတဲ့ ေရာဂါေၾကာင့္ တစ္ကိုယ္လုံး အေၾကာေသေနေပမဲ့ ဉာဏ္ေကာင္းလြန္းလို႔ IQ – ၁၅၄ ရွိရာ တစ္ကမာၻလုံးက အံံ့အားသင့္ ပါတယ္။ သူဟာ အေထြေထြရီေလတီဗတီဘာသာရပ္အတြက္ အဓိကက် တဲ့ ပံ့ပိုးမႈေတြေပးခဲ့ပါတယ္။ အိပ္မက္ကိုတကယ္ျဖစ္ေအာင္လုပ္ရာမွာ ႐ုပ္ပိုင္းအေျခအေနနဲ႔မဆိုင္ေၾကာင္း သူကသက္ေသျပခဲ့ပါတယ္။ သူဟာ ႐ူပေဗဒပညာရွင္၊ စာေရးဆရာနဲ႔ ကိန္းဘရစ္တကၠသိုလ္က သုေတသီ တစ္ဦးျဖစ္ပါတယ္။ သူ႔မွာ ALS ေရာဂါရွိေၾကာင္းသိရွိၿပီးေနာက္ သူက ပါရဂူဘြဲ႕ကို လက္မခံေတာ့ပါဘူး။ သူဟာ ဆရာဝန္ေတြ ခန႔္မွန္းတာထက္ အသက္ပိုရွည္ေနပါတယ္။

 

 

11. Paul Allen (IQ – 160) 

Paul Allen 1

 

အယ္လင္ဟာ Microsoft ကုမၸဏီကို ဘီလ္ဂိတ္စ္နဲ႔ ပူးတြဲတည္ေထာင္ခဲ့သူပါ။ Microsoft ကုမၸဏီမွာ Intel မိုကၠ႐ိုခ်စ္ပ္ေတြ သုံးလို႔ရတဲ့ DOS စနစ္ရွိေၾကာင္း IBM ယုံၾကည္ေအာင္ ေပါလ္က ေျပာႏိုင္လို႔ ယင္းတို႔အားလုံးသေဘာတူညီမႈရခဲ့ပါ တယ္။ ေပါလ္ဟာ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းမွာအဆင့္ ၅၃ ခ်ိတ္ပါ တယ္။ 'SAT' ေျဖဆိုရာမွာ ဘီလ္ဂိတ္စ္ထက္သာၿပီး အမွတ္ ၁,၆၀၀ ရပါတယ္။ ယင္းကို ဝါရွင္တန္ျပည္နယ္တကၠသိုလ္က တန္ဖိုးအရွိဆုံးဂုဏ္ထူးေဆာင္ဆု ခ်ီးျမႇင့္ခဲ့ပါတယ္။

 

 

12. Sharon Stone (IQ - 154)

sharon-stone.jpg

 

Basic Instinct ဇာတ္ကားျဖင့္ နာမည္ရခဲ့တဲ့ ႐ုပ္ရွင္မင္းသမီးရွယ္႐ြန္မွာ IQ-၁၅၄ ရွိတယ္ဆိုရင္ ဘယ္သူယုံမွာလဲ။ သူဟာ ထူးခြၽန္ဆုေတြလ်ာထားခံရၿပီး ဆုအေတာ္မ်ားမ်ားကို ပိုင္ဆိုင္ထားသူပါ။ သူဟာ ငါး ႏွစ္သမီးအ႐ြယ္ကတည္းက ဒုတိယတန္းတက္ခဲ့ရၿပီး စာေတာ္တဲ့ေက်ာင္းသူေလးျဖစ္ပါတယ္။ ၁၅ ႏွစ္အ႐ြယ္ က ပင္ဆယ္ေဗးနီးယားျပည္နယ္၊ အီဒင္ဘ႐ို တကၠသိုလ္တက္ဖို႔ ပညာသင္ဆုရ ခဲ့တယ္။ အဲဒီေက်ာင္းမွာ သူက ပန္းခ်ီပညာနဲ႔ တီထြင္ဖန္တီးမႈစာေရးနည္း ဘာသာရပ္ ဆည္းပူးခဲ့တယ္။

 

Sources : CEO myanmar

 

UNICODE

IQ လို့ အတိုကောက်ခေါ်တဲ့ Intelligent Quotient (ဉာဏ်ရည်ပြကိန်း) ဆိုတာ လူဉာဏ်ရည်အဆင့်ကို ဆိုလိုတာဖြစ်ပြီး အဲဒီလိုဉာဏ်သိပ်ကောင်းတဲ့လူတွေကို စာသင်ခန်းတွေမှာ တခြားကျောင်းသူကျောင်းသားတွေက စာကြမ်းပိုးတွေ၊ အူကြောင်ကြောင် လူတွေလို့ခေါ်လေ့ရှိတယ်။

IQ ဟာ လူတစ်ဦးချင်းစီရဲ့ အသိဉာဏ်ပညာ အဆင့်ကိုတိုင်းတာဖို့ စမ်းသပ်စစ်ဆေးတဲ့ 'စံ' အများ အပြားအနက်မှ တစ်ခုဖြစ်ပါတယ်။ လူဦးရေ ၉၅ ရာခိုင်နှုန်းကို စမ်းသပ်မှုအရ ယေဘုယျအားဖြင့် ှုျ အဆင့်ဟာ ၇၀ ကနေ ၁၃၀ အကြားမှာ ရှိကြောင်းသိရပါတယ်။ လူတစ်ဦးရဲ့ IQ ကို တိုင်းတာတဲ့အခါ အသက်ရှင်နိုင်မှု၊ ဥပါဒါန်၊ ယင်းမိဘရဲ့လူနေမှုအဆင့်အတန်း၊ ယင်းမိဘအရင်းတွေရဲ့ IQ စတာတွေကိုထည့်စဉ်းစားပါတယ်။ ဒါအပြင် စက္ခုအာရုံစမ်းသပ်မှု၊ နှုတ်ဖြေစမ်းသပ်မှု၊ အကျိုးအကြောင်းဆင်ခြင်မှုပုစ္ဆာတွေလိုကိစ္စတွေ ပါဝင်သလို ဂဏန်းသင်္ချာ၊ စာဖတ်ခြင်း၊ အထွေထွေဗဟုသုတနဲ့ဝေါဟာရကြွယ်ဝမှုတို့ကိုလည်း အခြေခံပါတယ်။ ကမ္ဘာပေါ်မှာ IQ အဆင့် (ရမှတ်)အများဆုံး ပုဂ္ဂိုလ် ၁၂ ဦးကိုဖော်ပြလိုက်ပါတယ်။



1. William James Sidis(IQ - 250 -300)

image.png

 

ဝီလံျဟာသင်္ချာပညာတစ်ဖက်ကမ်းခတ်ထူးချွန်သူဖြစ်တယ်။ ခြောက်နှစ်အရွယ်မှာ သဒ္ဒါ ကျောင်းတက်ပြီး ခုနစ်လအတွင်း အောင်လက်မှတ်ရတယ်။ ၁၁ နှစ်မှာ ဟားဗတ်တက္ကသိုလ်တက်ပြီး ဘာသာစကားအမျိုးပေါင်း ၉၀ ပြောတတ်တယ်။ ဟားဗတ်မှာ ကျောင်းသားတချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် သူ့မိဘတွေက သူ့ကို တက္ကဆပ်မှာ ကျောင်းဆရာသွားလုပ်ခိုင်းရတယ်။ သိပ်မကြာခင်မှာ သူအလုပ် ထွက်ပြီး နိုင်ငံရေးလောကထဲ ဝင်ခဲ့ပါတယ်။

 


2. Terence Tao (IQ – 225-230)

867da5a5ad961a2a878c3f28976ebdf0.jpg

 

တဲရင့်ဟာ နှစ်နှစ်အရွယ်က ငါးနှစ်သားလေးတစ်ဦးကို သင်္ချာသင်ပေးတဲ့ ပါရမီရှင် လေးပေါ့။ ကိုးနှစ်အရွယ်မှာ တက္ကသိုလ်အဆင့် သင်္ချာသင်တန်းသွားတက်တယ်။ ၁၄ နှစ်မှာ ကလေးသိပ္ပံတက္ကသိုလ်တက်ပြီး ၁၆ နှစ်မှာ သိပ္ပံဘွဲ့နဲ့ မဟာဘွဲ့ပြိုင်တူရပြီး ၂၀ နှစ်မှာ ပါရဂူဘွဲ့ရတယ်။ သိပ္ပံပညာရေးပွဲတော်မှာ ရွှေတံဆိပ် သုံးဆုစလုံးဆွတ်ခူးတဲ့ အသက်အငယ်ဆုံးဆုရှင်ဖြစ်တယ်။ ၂၄ နှစ်မှာ UCLA (လော့စ်အိန်ဂျ်လိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ) မှာ အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာတယ်။

 


3. Christopher Hirata(IQ – 215)

Prince-HirataRB.jpg

 

၁၉၈၂ ခုနှစ်ဖွား ခရစ္စတိုဖာဟာ ၁၂ နှစ်အရွယ်ရောက်တော့ ကောလိပ်ပညာရေး ပြီးဆုံး တဲ့ ကလေးပါရမီရှင်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်မှာ NASA ရဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်ခဲ့တယ်။ ၁၃ နှစ်အရွယ်က နိုင်ငံလုံးဆိုင်ရာ သိပ္ပံပညာပွဲတော်မှာ ရွှေတံဆိပ်ဆု ပထမဆုံးဆွတ်ခူးသူဖြစ်တယ်။ ၁၆ နှစ်ကျတော့ ရူပနက္ခတ္တဗေဒပါရဂူဘွဲ့ကြိုသင်တန်း တက်တယ်။

 


4. Kim Ung-Yong (IQ – 210)

1f0cdcd04ae7f92fb4b870ca325a92a1_1.jpg

 

ကင်မ်ဟာ ခြောက်လသားအရွယ်မှာ စကားပြေပြစ်စွာပြောတတ်ပြီး သုံးနှစ်အရွယ်မှာ ဟန်ယန်းတက္ကသိုလ်၊ ရူပဗေဒဌာနမှာ ဧည့်ကျောင်းသားအဖြစ် တက်ရတယ်။ လေးနှစ် အရွယ်မှာ ကဗျာနဲ့ဝတ္ထုတိုနှစ်ပုဒ်ရေးခဲ့တယ်။ ၁၆ နှစ်သားအရွယ်မှာ NASA အဖွဲ့မှ နုတ်ထွက်ခဲ့တဲ့ ကင်မ်ကို ကိုရီးယားနိုင်ငံရဲ့ အထင်ကရတက္ကသိုလ်တစ်ခုက အလုပ်ခန့်တာ ငြင်းဆန်ပြီး မြို့ပြအင်ဂျင်နီယာပါရဂူဘွဲ့ရဖို့ ကျောင်းဆက်တက်တယ်။ အခုအခါ ချောင်ဘတ်တက္ကသိုလ်မှာ အမှုထမ်းနေပါတယ်။

 


5. Christopher Michael Langan (IQ – 195)

79779360_2535354473186282_2205053436880224256_n.jpg

 

ဒီပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးလူလု့ိ သတ်မှတ်ခံရသူပဲ။ သူ ဟာ ခြောက်လသားအရွယ်မှာ စကားပြောတတ်ပြီး သုံးနှစ်အရွယ်မှာ သူ့ဘာ သာသူ စာဖတ်တတ်တယ်။ ကျောင်းမှာ အကြိမ်ကြိမ်အတန်းကျော်တက်ရ တယ်။ ှSAT ဖြေရာမှာ အမှတ်အကောင်းဆုံးရပြီး စာမေးပွဲကိုမျက်စိမှိတ်ဖြေ ခဲ့ပါတယ်။ သူ့ကို စာသင်တဲ့ ပါမောက္ခတွေထက် သူက ပိုတတ်တယ်ဆိုပြီး မွန်တားနားတက္ကသိုလ်က ဘွဲ့မရခင်ကျောင်းထွက်ခဲ့ပါတယ်။ သူ့စကားက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဘယ်လောက်ရှိသလဲဆိုတာ ပြသပါတယ်။

 


6. Philip Emeagwali (IQ – 190)

hqdefault.jpg

 

ဖီးလစ်ဟာ အင်ဂျင်နီယာ၊ သင်္ချာပညာရှင်နဲ့ ဘူမိဗေဒပညာရှင်ဖြစ်ပြီး Connection Machine ဆိုတဲ့ စူပါကွန်ပျူတာကိုသုံးပြီး ရေနံတွင်းတွေကို ဆန်းစစ် လေ့လာတဲ့သူပါ။ ၁၃ နှစ်သားအရွယ်က နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာစစ်ပွဲမှာ ပါဝင်ဖို့ ကျောင်းထွက်ခဲ့ပေမဲ့ သူ့ဘာသာသူလေ့လာပြီး သင်္ချာဘွဲ့ ရယူခဲ့ပါ တယ်။ သူဟာ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်နဲ့ အင်ဂျင်နီယာ၊ ရေကြောင်း အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့တွေလည်း တက္ကသိုလ်ပေါင်းစုံကရခဲ့ပါတယ်။ သူဟာ မီရှီဂန်တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ကျောင်းတက်မယ်ဆိုတော့ အသားအရောင်ခွဲခြားမှုအရ ငြင်းပယ်ခံရလို့ သူက အဲဒီတက္ကသိုလ်ကို တရား စွဲခဲ့တယ်။ သူဟာ သူ့ပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးအတွက် အမြဲတမ်းသူရဲကောင်းဖြစ်နေမှာပါ။

 


7. Gary Kasparov (IQ – 190)

1 WAN6JNd6PiaroM czGByHA

 

ဂယ်ရီဟာ ကမ္ဘာ့နံပါတ်တစ်နေရာ ၂၂၅ ကြိမ်ရခဲ့ပြီး ၂၀၀၃ ခုနှစ်က တစ်စက္ကန့်မှာ စစ်တုရင်အကွက်ပေါင်း သုံးသန်းတွက်ချက်ရွှေ့နိုင်တဲ့ ကွန်ပျူတာနဲ့ ယှဉ်ပြိုင်ပြရာမှာ သရေကျခဲ့ပါတယ်။ ယင်းဟာ ၂၂ နှစ် အရွယ်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်လာရုံမျမက ယင်းဟာ ဆက်တိုက် အောင်ပွဲအကြိမ်အများဆုံးရပြီး စစ်တုရင်လောကရဲ့ 'အော်စကာ' ဆု အများဆုံးဆွတ်ခူးပါတယ်။ ယင်းဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။

 


8. Judit Polgar (IQ – 170)

79740750_2535353653186364_1690795858406146048_n.jpg

 

ဂျူးဒစ်ဟာ ကမ္ဘာ့စစ်တုရင်လောကမှာ ၁၅ နှစ်အရွယ်က ဂရင်းမာစတာ ဘွဲ့ရတဲ့အသက်အငယ်ဆုံး ချန်ပီယံဖြစ်ပါတယ်။ 'FIDE' စစ်တမ်းရဲ့ Top 100 စာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသောမိန်းမဖြစ်တဲ့ သူဟာ နံပါတ် ၆၃ ချိတ်ထားပါတယ်။ စစ်တုရင်ပါရမီရှင်ဂျူးဒစ်ဟာ ကမ္ဘာ့စစ်တုရင်ပြိုင် ပွဲပေါင်းစုံမှာ ချန်ပီယံဆုဆယ်ကြိမ်ရပြီး ၂၀၀၅ ခုနှစ်က ကမ္ဘာ့ချန်ပီယံ ဂယ်ရီကက်စပါ ရော့ဗ်ကိုလည်း အနိုင်ယူခဲ့ပါတယ်။

 


9. Albert Einstein (IQ - 160-190)

Albert-Einstein_0-large.jpg

 

ဒီပုဂ္ဂိုလ်ကြီးကတော့ အထူးမိတ်ဆက်ပေးစရာ မလိုပါဘူး။ သူဟာ ရူပဗေဒ ပညာရှင်ဖြစ်ပြီး ရီလေတီဗတီ သီအိုရီကို ဖော်ထုတ်မိတ်ဆက်ခဲ့သူပါ။ သူဟာ Photoelectric သက်ရောက်မှုနိယာမကို ရှာတွေ့ခြင်းအတွက် နိုဘယ်ဆုရခဲ့ပြီး ကမ္ဘာမြေဆွဲအားဆိုင်ရာကဏ္ဍတွေရဲ့ နိယာမနဲ့အမြင်တွေကို ချဲ့ထွင်ခဲ့ပါတယ်။ ယင်းဟာ နယူးဂျာဆီပြည်နယ်ရှိ အဆင့်မြင့်သုတေသနဌာနမှာ အမှုထမ်းခဲ့ပါ တယ်။ သူ့ရဲ့ထူးချွန်ထက်မြက်မှု၊ အောင်မြင်မှုတွေက ကြီးမားလွန်းလို့ အခု ခေတ်မှာ 'အိုင်းစတိုင်း' နဲ့ 'ပြောင်မြောက်မှု' ကို ဆက်စပ်ပြီး မြင်ကြပါတယ်။

 


10. Stephen Hawking (IQ – 160)

42965522_303.jpg

 

စတီဖင်ဟာ ALS ဆိုတဲ့ ရောဂါကြောင့် တစ်ကိုယ်လုံး အကြောသေနေပေမဲ့ ဉာဏ်ကောင်းလွန်းလို့ IQ – ၁၅၄ ရှိရာ တစ်ကမ္ဘာလုံးက အံံ့အားသင့် ပါတယ်။ သူဟာ အထွေထွေရီလေတီဗတီဘာသာရပ်အတွက် အဓိကကျ တဲ့ ပံ့ပိုးမှုတွေပေးခဲ့ပါတယ်။ အိပ်မက်ကိုတကယ်ဖြစ်အောင်လုပ်ရာမှာ ရုပ်ပိုင်းအခြေအနေနဲ့မဆိုင်ကြောင်း သူကသက်သေပြခဲ့ပါတယ်။ သူဟာ ရူပဗေဒပညာရှင်၊ စာရေးဆရာနဲ့ ကိန်းဘရစ်တက္ကသိုလ်က သုတေသီ တစ်ဦးဖြစ်ပါတယ်။ သူ့မှာ ALS ရောဂါရှိကြောင်းသိရှိပြီးနောက် သူက ပါရဂူဘွဲ့ကို လက်မခံတော့ပါဘူး။ သူဟာ ဆရာဝန်တွေ ခန့်မှန်းတာထက် အသက်ပိုရှည်နေပါတယ်။

 

 

11. Paul Allen (IQ – 160)

Paul Allen 1

 

အယ်လင်ဟာ Microsoft ကုမ္ပဏီကို ဘီလ်ဂိတ်စ်နဲ့ ပူးတွဲတည်ထောင်ခဲ့သူပါ။ Microsoft ကုမ္ပဏီမှာ Intel မိုက္ကရိုချစ်ပ်တွေ သုံးလို့ရတဲ့ DOS စနစ်ရှိကြောင်း IBM ယုံကြည်အောင် ပေါလ်က ပြောနိုင်လို့ ယင်းတို့အားလုံးသဘောတူညီမှုရခဲ့ပါ တယ်။ ပေါလ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာအဆင့် ၅၃ ချိတ်ပါ တယ်။ 'SAT' ဖြေဆိုရာမှာ ဘီလ်ဂိတ်စ်ထက်သာပြီး အမှတ် ၁,၆၀၀ ရပါတယ်။ ယင်းကို ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က တန်ဖိုးအရှိဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။

 

 

12. Sharon Stone (IQ - 154)

sharon-stone.jpg

 

Basic Instinct ဇာတ်ကားဖြင့် နာမည်ရခဲ့တဲ့ ရုပ်ရှင်မင်းသမီးရှယ်ရွန်မှာ IQ-၁၅၄ ရှိတယ်ဆိုရင် ဘယ်သူယုံမှာလဲ။ သူဟာ ထူးချွန်ဆုတွေလျာထားခံရပြီး ဆုအတော်များများကို ပိုင်ဆိုင်ထားသူပါ။ သူဟာ ငါး နှစ်သမီးအရွယ်ကတည်းက ဒုတိယတန်းတက်ခဲ့ရပြီး စာတော်တဲ့ကျောင်းသူလေးဖြစ်ပါတယ်။ ၁၅ နှစ်အရွယ် က ပင်ဆယ်ဗေးနီးယားပြည်နယ်၊ အီဒင်ဘရို တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရ ခဲ့တယ်။ အဲဒီကျောင်းမှာ သူက ပန်းချီပညာနဲ့ တီထွင်ဖန်တီးမှုစာရေးနည်း ဘာသာရပ် ဆည်းပူးခဲ့တယ်။

 

Sources : CEO myanmar

 

Read times
Rate this articles
(0 votes)