×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 08 February 2018

ဘယ္အသက္အရြယ္ ေရာက္ေရာက္ မရပ္တန္႔သင့္တဲ႔ အလုပ္ (၈)မ်ိဳး ..!

ဘယ္အသက္အရြယ္ ေရာက္ေရာက္ မရပ္တန္႔သင့္တဲ႔ အလုပ္ (၈)မ်ိဳး ..! google.com

တခ်ိဳ႕ေသာလုပ္ရပ္ေတြ တခ်ိဳ႕ေသာအလုပ္ေတြက အသက္အရြယ္နဲ႕ ကန္႔သတ္ထားတာမဟုတ္ေတာင္ သင့္ေတာ္၏ မသင့္ေတာ္၏ ဆိုတဲ့ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ အမ်ားက သတ္မွတ္ထားတဲ့ သတ္မွတ္ခ်က္ ေဘာင္အတြင္းမွာ ရပ္တန္႔လိုက္ရတဲ့ အလုပ္ေတြရွိပါတယ္။ ဒါေပမယ့္ ဘယ္အသက္အရြယ္ေရာက္ေရာက္ မရပ္တန္႔သင့္တဲ့ အလုပ္ေတြလည္း ရွိပါတယ္။ ၾကည့္ၾကည့္ရေအာင္….

၁။ အိမ္မက္ ေတြကိုမရပ္တန္႔လိုက္ပါနဲ႕။ စိတ္ကူးစိတ္သန္းေတြ မရိွတဲ႔သူဟာ ေပ်ာ္ရႊင္တဲ႔ဘ၀ကိုပုိင္ဆိုင္ နိုင္ဖို႔မလြယ္ကူပါဘူး။

၂။ ယံုၾကည္မႈ ေတြကိုလက္မလႊတ္ပါနဲ႔။ ကိုယ့္ယံုၾကည္မွဳကို သက္ေသျပစရာမရွိရင္ေတာင္ လူတိုင္းက ယံုၾကည္ရာ တစ္ခုအတြက္ အသက္ကုိေတာင္စေတးၾကတာပဲဆိုတဲ့ ေလးျဖဴ သီခ်င္းအတိုင္း ကိုယ္ယံု ၾကည္မွဳကို မပ်က္စီးပါေစနဲ႕။

Recommended for you - စာေမးပြဲအတြက္ အခ်ိန္ကုိ ဘယ္လိုစီမံခန္႔ခြဲရမလဲ ???

၃။ ကိုယ့္ကိုယ္ကိုခ်ီးမြမ္းျခင္းကို ဘယ္ေတာ့မွမရပ္လိုက္ပါနဲ႔။ ကိုယ့္ကိုယ္ကိုအားမေပးရင္ ဘယ္သူအားေပး မွာလဲ။

၄။ စူးစမ္းေလ့လာပါ။ ကမၻာၾကီး ကအက်ယ္ၾကီးပါ။ အဆင္ေျပတဲ႔ေနရာေလးမွာပဲ သက္သာသလိုေနမယ္ ဆိုရင္ စြန္႔စားမႈေတြကိုလက္လႊတ္လိုက္ရပါလိမ့္မယ္။

၅။ ေကာင္းမႈကုသိုလ္ျပဳလုပ္ျခင္းကို ဘယ္ေတာ့မွမရပ္လိုက္ပါနဲ႔။ ေကာင္းက်ိဳးျပန္ရခ်င္လဲရမယ္ အနည္းဆံုး ေတာ့ စိတ္ေအးခ်မ္းရတယ္ မဟုတ္လား။

၆။ ခ်စ္ျခင္းေမတၱာကိုေဖာ္ျပပါ။ ပိုတယ္မရိွပါဘူး။ ကိုယ္ခ်စ္တဲ႔သူကိုခ်စ္ေၾကာင္း တစ္ေန႔တစ္ခါေျပာေပးပါ။

Recommended for you - သင္သိဖို႔ လိုအပ္မည့္ အဂၤလိပ္ စကားေျပာ ဥပေဒ ၅ ခ်က္

၇။ သစၥာတရားကို တန္ဖိုးထားပါ။ ကိုယ့္ကိုယ္ကို သစၥာမေဖာက္ပါန႔ဲ။ ကိုယ့္အေပၚမွာ ထားရိွတဲ႔ သစၥာ တရားဟာ လိုရာပန္းတိုင္ကို ေခၚေဆာင္သြားပါလိမ့္မယ္။

၈။ သင္ယူျခင္းကို မရပ္တန္႔လိုက္ပါနဲ႔။ သင္ယူေလ့လာမႈမရိွသူဟာ ေသလူနဲ႔အတူတူပါပဲ။

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပးပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါရေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Source:prospectmyanmar

[Unicode Version]

တချို့သောလုပ်ရပ်တွေ တချို့သောအလုပ်တွေက အသက်အရွယ်နဲ့ ကန့်သတ်ထားတာမဟုတ်တောင် သင့်တော်၏ မသင့်တော်၏ ဆိုတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် အများက သတ်မှတ်ထားတဲ့ သတ်မှတ်ချက် ဘောင်အတွင်းမှာ ရပ်တန့်လိုက်ရတဲ့ အလုပ်တွေရှိပါတယ်။ ဒါပေမယ့် ဘယ်အသက်အရွယ်ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ်တွေလည်း ရှိပါတယ်။ ကြည့်ကြည့်ရအောင်….

၁။ အိမ်မက် တွေကိုမရပ်တန့်လိုက်ပါနဲ့။ စိတ်ကူးစိတ်သန်းတွေ မရှိတဲ့သူဟာ ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင် နိုင်ဖို့မလွယ်ကူပါဘူး။

၂။ ယုံကြည်မှု တွေကိုလက်မလွှတ်ပါနဲ့။ ကိုယ့်ယုံကြည်မှုကို သက်သေပြစရာမရှိရင်တောင် လူတိုင်းက ယုံကြည်ရာ တစ်ခုအတွက် အသက်ကိုတောင်စတေးကြတာပဲဆိုတဲ့ လေးဖြူ သီချင်းအတိုင်း ကိုယ်ယုံ ကြည်မှုကို မပျက်စီးပါစေနဲ့။

Recommended for you - စာမေးပွဲအတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ ???

၃။ ကိုယ့်ကိုယ်ကိုချီးမွမ်းခြင်းကို ဘယ်တော့မှမရပ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုအားမပေးရင် ဘယ်သူအားပေး မှာလဲ။

၄။ စူးစမ်းလေ့လာပါ။ ကမ္ဘာကြီး ကအကျယ်ကြီးပါ။ အဆင်ပြေတဲ့နေရာလေးမှာပဲ သက်သာသလိုနေမယ် ဆိုရင် စွန့်စားမှုတွေကိုလက်လွှတ်လိုက်ရပါလိမ့်မယ်။

၅။ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကို ဘယ်တော့မှမရပ်လိုက်ပါနဲ့။ ကောင်းကျိုးပြန်ရချင်လဲရမယ် အနည်းဆုံး တော့ စိတ်အေးချမ်းရတယ် မဟုတ်လား။

၆။ ချစ်ခြင်းမေတ္တာကိုဖော်ပြပါ။ ပိုတယ်မရှိပါဘူး။ ကိုယ်ချစ်တဲ့သူကိုချစ်ကြောင်း တစ်နေ့တစ်ခါပြောပေးပါ။

Recommended for you - သင်သိဖို့ လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ ချက်

၇။ သစ္စာတရားကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို သစ္စာမဖောက်ပါနဲ့။ ကိုယ့်အပေါ်မှာ ထားရှိတဲ့ သစ္စာ တရားဟာ လိုရာပန်းတိုင်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

၈။ သင်ယူခြင်းကို မရပ်တန့်လိုက်ပါနဲ့။ သင်ယူလေ့လာမှုမရှိသူဟာ သေလူနဲ့အတူတူပါပဲ။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source:prospectmyanmar

Read times Last modified on Monday, 30 December 2019 16:36
Rate this articles
(2 votes)