×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 01 February 2018

ပညာသင်ဆု ရရှိဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ

ပညာသင်ဆု ရရှိဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ google.com















- ၀ီရိယထားပြီး ကြိုတင်ပြင်ဆင်ပါ၊ အနားကပ်မှလုပ်တာက အခွင့်အလမ်းတွေ အများကြီး ဆုံးရှူံး သွားနိုင်တယ် ဆိုတာ သတိထားဖို့ပါ။

၎. အားကစားတစ်ခုခုကို လေ့လာလိုက်စားပါ။










[Unicode Version]

၁. ပညာသင်ဆုအတွက် စိတ်အားထက်သန်မှု ရှိနေရမယ်။

- မိမိအနေဖြင့် ပညာသင်ဆု လျှောက်တော့မယ်လို့ ဆုံးဖြတ်ထားရင်တော့ သင့်ရဲ့ စိတ်အား ထက်သန်မှု ကို ပြသတဲ့ အနေနဲ့ အစောဆုံးလျှောက်ပါ။ နောက်ကျမှဆိုလျှင် တခြားသူတွေနဲ့ ယှဉ်ပြိုင်မှုများလာမှာ ဖြစ်ပါတယ်။

- ပညာသင်ဆုတစ်ခုကို စောစောလျှောက်ပြီးတဲ့ အခါမှာလည်း သင့်မှာ အခြားပညာသင်ဆုတွေ လျှောက်ဖို့ အချိန်တွေ ရှိနေပါသေးတယ်။

- လျှောက်လွှာပိတ်ရက်မတိုင်ခင် ၂ ရက်လောက်ကြိုတင်ပြီး လျှောက်လွှာတင်တာပိုကောင်းပါတယ်။

၂. ပညာသင်ဆုက ဘယ်လိုပုံစံမျိုးပေးတာလဲ။

- ပညာသင်ဆုတွေက တစ်ခုနဲ့ တစ်ခု သဘောတရားချင်းမတူတာလေးတွေရှိတယ်။

- မလျှောက်ခင်ကတည်းက ကိုယ်လျှောက်မယ့် ပညာသင်ဆုအကြောင်းကို သေချာလေ့လာပြီး လိုအပ်ချက်တွေကို ကြိုပြင်ဆင်ကြဖို့ အဓိကပြောချင်ပါတယ်။

- နောက်ပြီး တစ်ခါတည်းလျှောက် တစ်ခါတည်း ရမယ်လို့ မမျှော်လင့်ကြပါနဲ့။

- အကြိမ်ကြိမ် ကျရှုံးလည်း ပြန်လျှောက်ပါ။ စိတ်မလျော့ပါနဲ့ ဇွဲတင်းပါလို့ ပြောချင်ပါတယ်။

Recommended for you - Australia Awards 2019 ပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပါပြီ

၃. ပညာသင်ဆုအတွက် ဘာတွေ ပြင်ဆင်ရမလဲ။

- လျှောက်လွှာကိုလည်း အချိန်ယူသေချာပြင်ဆင်ပြီး ဖြည့်ပါတယ်။ အထူးသဖြင့် essay တွေ personal statement တွေကို သေချာကြိုးစားရေးသလို တခြားလူတွေကိုပြပြီး အကြံပြုတာတွေ နားထောင် ပြင်ဆင်ပါတယ်။

- ပထမဆုံး ဘယ်ဘာသာရပ်တက်ချင်သလဲဆိုတာကို အရင်စဉ်းစားပါ။

- အဓိက အရေးအကြီးဆုံးက အချိန်ခွဲဝေမှုပါ။

- ၀ီရိယထားပြီး ကြိုတင်ပြင်ဆင်ပါ၊ အနားကပ်မှလုပ်တာက အခွင့်အလမ်းတွေ အများကြီး ဆုံးရှံူး သွားနိုင်တယ် ဆိုတာ သတိထားဖို့ပါ။

၄. အားကစားတစ်ခုခုကို လေ့လာလိုက်စားပါ။

- ပညာသင်ဆုတွေ ပေးအပ်တဲ့အခါ အားကစားမှာ ထူးချွန်တဲ့သူများက ရရှိဖို့ အခွင့်အလမ်းပိုများ နိုင်ပါတယ်။

- အကယ်၍ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာဘက်မှာ ထူးချွန်ရုံသာမက အားကစားသမား တစ်ယောက်ပါ ဖြစ်ခဲ့မယ်ဆိုရင် ပညာသင်ဆုဆိုတာ မဝေးတော့တဲ့ အနေအထားမှာ ရှိနေပါတယ်။

Recommended for you - ကျောင်းသားများ စာမေးပွဲ ထူးချွန်စွာ အောင်မြင်နိုင်ရန် အလေးပေး လုပ်ဆောင်ရမည့် အချက်များ

၅. အားလပ်ချိန်များမှာ စေတနာ့ဝန်ထမ်း လုပ်ပါ။

- လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်တဲ့သူတွဟာ ပညာသင်ဆုရရှိဖို့ အခွင့်အလမ်းအများဆုံး ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။

- တက္ကသိုလ်နဲ့ အစိုးရကပေးတဲ့ ပညာသင်ဆုများသာမက NGO အဖွဲ့အစည်းများက ပေးအပ်တဲ့ ပညာသင်ဆုပါ ရရှိနိုင်ပါတယ်။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါသလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာတွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: EducationDirectoryGuide

 

Read times Last modified on Monday, 30 December 2019 16:31
Rate this articles
(1 Vote)