×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 01 February 2018

ကိုယ္က သူတို႔ကို လိုအပ္တယ္ဆိုတာ သူတို႔သိပါေစ

ကိုယ္က သူတို႔ကို လိုအပ္တယ္ဆိုတာ သူတို႔သိပါေစ google.com

အရာရာကုိ ကိုယ္တိုင္မလုပ္ေတာ့တဲ့ ေန႔ဟာ ကုိယ့္တစ္သီးပုဂၢလအေနနဲ႕ေရာ ေခါင္းေဆာင္တစ္ေယာက္ အေနနဲ႕ပါ ကိုယ့္ရဲ႕ဖြံ႕ျဖိဳးတိုးတက္မွဳမွာ ၾကိီးမားတဲ့ ေျခလွမ္းတစ္လွမ္း ျဖစ္ပါတယ္။ ကြ်န္ေတာ့္ဆီမွာ ေျမာ္ျမင္မွဳဆိုတာ အျမဲတမ္းရွိေနပါတယ္။ စိတ္ကူးေတြကလည္း မ်ားမွမ်ား။ ျပီးေတာ့ အားအင္ေတြကလည္း အျပည့္။

ဒါေပမဲ့ အေျမာ္အျမင္က ကိုယ့္ထက္ၾကီးမားသြားျပီဆိုရင္ ကိုယ့္မွာ ေရြးခ်ယ္စရာနွစ္ခုပဲ ရွိပါေတာ့တယ္။ တစ္ခုက အဲဒီ အေျမာ္အျမင္ကို လက္လႊတ္လိုက္ဖို႔နဲ႕ ေနာက္တစ္ခုက အကူအညီရယူဖို႔ပဲ ျဖစ္ပါတယ္။ ကြ်န္ေတာ္က ေနာက္ကအရာကို ေရြးခ်ယ္ပါတယ္။

ကိုယ္က ဘယ္ေလာက္ပဲ ေအာင္ျမင္ေနေန၊ ဘယ္ေလာက္ပဲ အေရးၾကီးၾကီး၊ ဘယ္ေလာက္ပဲ ျပီးေျမာက္ေျမာက္၊ လူေတြရဲ႕ အကူအညီလိုတာပါပဲ။ အဲဒါေၾကာင့္ သူတို႔မပါဘဲ ကိုယ္က မေအာင္နုိင္ဘူး ဆိုတာ သူတို႔ကုိ ေပးသိဖုိ႔လိုအပ္ပါတယ္။ သမၼတၾကီး ဝုဒ္ဒရိုးဝီလ္ဆင္က အခုလုိေျပာပါတယ္။

Recommended for you - ေက်ာင္းသားဘ၀မွာ ကတည္းက လုပ္ငန္းခြင္ skill ေတြ တိုးတက္လာေအာင္ ဘယ္လိုလုပ္ၾကမလဲ။

“ကြ်န္ေတာ္တုိ႔မွာရွိတဲ့ ဦးေနွာက္ေတြအားလံုးကိုပဲ မသံုးပစ္လိုက္သင့္ပါဘူး။ ကြ်န္ေတာ္တို႔ ဦးေနွာက္ေတြကို ငွားလို႔ရပါတယ္” တဲ့။ ဘာျဖစ္လို႔ ကြ်န္ေတာ္တို႔က သူတို႔ရဲ႕ဦးေနွာက္ေတြကို ရပ္ပစ္လိုက္ရမွာပဲ။ သူတို႔ရဲ႕ စိတ္ပါလက္ပါ ကူညီမွုကို ရယူရပါလိမ့္မယ္။ သမၼတေနာက္တစ္ဦးျဖစ္တဲ့ လင္ဒြန္ဂြ်န္ဆန္က အခုလို အမွန္တရားတစ္ခုကို ေျပာခဲ့ပါတယ္။

“အတူအတြ မေျဖရွင္းနိုင္တဲ့ ျပႆနာရယ္လို႔ မရွိပါဘူး။ အနည္းအက်ဥ္းကသာ ကိုယ္တိုင္ေျဖရွင္းနိုင္ၾက ပါတယ္” တဲ့။

ကုိယ္က သူတို႔ကို ဘယ္ေလာက္လိုအပ္တယ္၊ ဘယ္ေလာက္တန္ဖိုးထားတယ္ဆိုတာ ကိုယ့္အနားဝန္းရံ ေနတဲ့သူေတြကုိ ဒီကေန႕ ေပးသိလိုက္ပါ။

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါသလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပးပါတယ္။ ဆရာေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Credit: ကုိကို(စက္မွဳတကၠသိုလ္)

[Unicode Version]

အရာရာကို ကိုယ်တိုင်မလုပ်တော့တဲ့ နေ့ဟာ ကိုယ့်တစ်သီးပုဂ္ဂလအနေနဲ့ရော ခေါင်းဆောင်တစ်ယောက် အနေနဲ့ပါ ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ကြိီးမားတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာ မြော်မြင်မှုဆိုတာ အမြဲတမ်းရှိနေပါတယ်။ စိတ်ကူးတွေကလည်း များမှများ။ ပြီးတော့ အားအင်တွေကလည်း အပြည့်။

ဒါပေမဲ့ အမြော်အမြင်က ကိုယ့်ထက်ကြီးမားသွားပြီဆိုရင် ကိုယ့်မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိပါတော့တယ်။ တစ်ခုက အဲဒီ အမြော်အမြင်ကို လက်လွှတ်လိုက်ဖို့နဲ့ နောက်တစ်ခုက အကူအညီရယူဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က နောက်ကအရာကို ရွေးချယ်ပါတယ်။

ကိုယ်က ဘယ်လောက်ပဲ အောင်မြင်နေနေ၊ ဘယ်လောက်ပဲ အရေးကြီးကြီး၊ ဘယ်လောက်ပဲ ပြီးမြောက်မြောက်၊ လူတွေရဲ့ အကူအညီလိုတာပါပဲ။ အဲဒါကြောင့် သူတို့မပါဘဲ ကိုယ်က မအောင်နိုင်ဘူး ဆိုတာ သူတို့ကို ပေးသိဖို့လိုအပ်ပါတယ်။ သမ္မတကြီး ဝုဒ်ဒရိုးဝီလ်ဆင်က အခုလိုပြောပါတယ်။

Recommended for you - ကျောင်းသားဘဝမှာ ကတည်းက လုပ်ငန်းခွင် skill တွေ တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။

“ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်တွေအားလုံးကိုပဲ မသုံးပစ်လိုက်သင့်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်တွေကို ငှားလို့ရပါတယ်” တဲ့။ ဘာဖြစ်လို့ ကျွန်တော်တို့က သူတို့ရဲ့ဦးနှောက်တွေကို ရပ်ပစ်လိုက်ရမှာပဲ။ သူတို့ရဲ့ စိတ်ပါလက်ပါ ကူညီမှုကို ရယူရပါလိမ့်မယ်။ သမ္မတနောက်တစ်ဦးဖြစ်တဲ့ လင်ဒွန်ဂျွန်ဆန်က အခုလို အမှန်တရားတစ်ခုကို ပြောခဲ့ပါတယ်။

“အတူအတွ မဖြေရှင်းနိုင်တဲ့ ပြဿနာရယ်လို့ မရှိပါဘူး။ အနည်းအကျဉ်းကသာ ကိုယ်တိုင်ဖြေရှင်းနိုင်ကြ ပါတယ်” တဲ့။

ကိုယ်က သူတို့ကို ဘယ်လောက်လိုအပ်တယ်၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုယ့်အနားဝန်းရံ နေတဲ့သူတွေကို ဒီကနေ့ ပေးသိလိုက်ပါ။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါသလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာတွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: ကိုကို(စက်မှုတက္ကသိုလ်)

 

Read times Last modified on Monday, 30 December 2019 16:29
Rate this articles
(1 Vote)