×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 11 January 2020

"လူအမ်ိဳးအစား (၄) မ်ိဳး"

"လူအမ်ိဳးအစား (၄) မ်ိဳး" freepick

ဘဝအောင်မြင်မှုလမ်းကို လျှောက်လှမ်းတော့မယ်ဆိုရင် အရင်ဦးဆုံးလုပ်ရမယ့်အရာကတော့ ကိုယ့်အကြောင်းကိုယ်သိအောင် ဆန်းစစ်လေ့လာတာ ဖြစ် ပါတယ်။

““ငါဟာ ဘယ် လိုလူမျိုးလဲ””၊ ““ဘယ်လို လူမျိုးဖြစ်ချင်တာလဲ”” အောင်မြင်တဲ့ လူသားတွေဟာ ““ဘယ်လို လူမျိုးတွေလဲ”” စသဖြင့် လေ့လာသုံးသပ်ရပါမယ်။

လောကမှာ လူတန်းစားပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ လူအမျိုးမျိုးရှိနေကြပါတယ်။ ဘဝအောင်မြင်မှုနဲ့ ပတ်သက်လာရင်တော့ လူတန်းစားလေးမျိုးကို တွေ့ရမှာပါ။ လူတွေရဲ့မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် သူတို့တွေရဲ့ ဘဝအောင်မြင်မှုရလဒ်တွေဟာလည်း ကွဲပြားနေတာကိုတွေ့ရပါတယ်။ ဒီလိုခြားနားမှုတွေအရ လူအမျိုးအစားလေးမျိုးဆိုပြီး ခွဲခြားထွက်ပေါ်လာတာပါ။

 

(၁) Full Stop. လူမျိုး
Full Stop. ဆိုတဲ့အတိုင်း ဒီလိုလူမျိုးတွေဟာ ဘဝမှာ ရပ်တန့်နေတဲ့လူမျိုးတွေ၊ ပြီးဆုံးသွားပြီဆိုတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဆက်မသွားတော့ဘူးဆိုပြီး၊ စိတ်ဓာတ်ခွန်အား နည်းတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လူကသာ အသက်ရှင်နေပေမယ့် စိတ်ဓာတ်တွေ သေဆုံးနေတယ်လို့ ပြောရမယ့် လူစားမျိုးပါ။ ဘဝကိုလက်မြှောက်အရှုံးပေးတယ်။ ဖြစ်ချင်တာမဖြစ်ရလို့ ““ဖြစ်ချင်သလိုဖြစ်ကွာ””ဆိုပြီး ဘဝကိုရေဆန် မျောလိုက်သူတွေလည်း ဖြစ်ပါတယ်။


တစ်ချို့က သင်ယူသင်ကြားခြင်း (Learning) ကို ရပ်တန့်ပစ်လိုက်တယ်။ တစ်ချို့က ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေတဲ့ အခါမှာ လုပ်ငန်းတွေကို ရပ်တန့်ပစ်တယ်။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေလို့ ကိုယ့်ဘဝကို လမ်းဘေးပို့ပစ်တဲ့ လူတွေလည်း ပါဝင်ပါတယ်။ အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေတဲ့အခါမှာလည်း ဇွဲမရှိဘဲ လက်လျှော့ရပ်တန့်ပစ်တတ်တယ်။ ဘယ်အရာကိုမှ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်၊ ဆုံးခန်းတိုင်အောင်မလုပ်နိုင်ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်ပစ်လေ့ရှိကြပါတယ်။


ဒါ့အပြင် သူတို့တွေဟာ လက်ရှိဘဝ အခြေအနေလေးကိုပဲ လက်ခံပြီး ဆက်လက် တိုးတက်ဖို့ မလုပ်ဆောင်တတ်ပါဘူး။ လက်ရှိနေရာလေးမှာပဲ ရပ်တန့်နေတတ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူး။ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ မဖြစ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊၊ မလုပ်နိုင်ဘူးလို့အမြဲပြောတတ်ဆိုတတ်တယ်။


ကံကိုပဲ အပြစ်ပုံချတတ်ပြီး ဉာဏ်၊ ဝီရိယ ကို အားမကိုးဘဲ နေတတ်တဲ့လူမျိုးတွေ Full Stop လူသားထဲမှာ ပါဝင်ပါတယ်။ ဘာဖြစ်ဖြစ် ကံပဲလေဆိုပြီး အတိတ်ကံပေါ်မှာ အပြစ်ဖို့နေပြီး ငုပ်တုတ်ထိုင်နေတတ်ကြပါတယ်။ ဒီလို ထိုင်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။


ဒါကြောင့် လူအများကလည်း သူတို့ကိုတွေ့ရင် ““ဆန်ကုန် မြေလေးပဲ””လို့ သတ်မှတ်ကြပါတယ်။ အဆိုးဆုံးရပ်တန့်ခြင်း Full Stop ကတော့ မိမိရဲ့ ဘဝကို မိမိအဆုံးသတ်ပစ်လိုက်ခြင်းပါပဲ။
လောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ် မရှိဘူး။ အသက်ရှင်နေလို့လည်း ငါ့ဘဝကဘာမှ မထူးပါဘူးဆိုပြီး၊ ကိုယ့်ဘဝကို အဆုံးစီရင်ပစ်တဲ့ Full Stop ကတော့ အဆိုးဆုံးအခြေအနေပါပဲ။


တစ်ချို့ Full Stop လူမျိုးတွေကတော့ ကိုယ်တိုင်ရပ်တန့်နေရတာ အားမရသေးဘူး။ တခြားသူများကို ရပ်တန့်ပစ်ဖို့တိုက်တွန်းကြတဲ့ သူတွေရှိပါတယ်။ ““ဒီအလုပ်မျိုး ငါလုပ်ဖူးတယ်၊ အဆင်မပြေပါဘူးကွာ၊ မင်းလည်းလုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး”” လုပ်မနေပါနဲ့ကွာ၊ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ”” စသဖြင့် လိုက်လံပိတ်ပင် ရပ်တန့်တတ်ကြပါတယ်။ ကိုယ်ကလည်းရပ်တန့်နေရတာကိုသဘောကျပြီးသူများကိုလည်းဆက်မသွားစေချင်ကြသူတွေပါပဲ။ဒီလောက်ဆို Ful Stop ဆိုတဲ့ ပထမလူ စားမျိုးဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာသဘောပေါက်လောက်ပါပြီ။

လူ့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေများလာရင် တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ၊ ဒီလိုလူတွေဟာ မိမိကိုယ်တိုင်ရော၊ နိုင်ငံနဲ့လူမျိုးအတွက်
သာမက လောကကြီးကိုပါ ရပ်တန့်ခြင်းတွေဖြစ်စေနေဦးမှာပါ။

 

 

(၂) Question Mark?၊ လူမျိုး
နောက်ထပ် လူတစ်မျိုးကတော့ Question Mark?၊ ဆိုတဲ့လူမျိုး ဖြစ်ပါတယ်။ သူက Full Stop လို ရပ်တန့်နေတဲ့လူမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ရပ်တန့်ခြင်းကိုလည်း အလိုမရှိ ပါ။ သူတို့တွေက ရှင်သန်သွားလာ လှုပ်ရှားနေ တဲ့သူတွေပါ။ ဒါပေမယ့်ခက်တာက သူတို့ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်၊ ဘယ်ရည်မှန်း ချက်ဆီကိုဦးတည်နေတယ်ဆိုတာမသိရှာတာပါပဲ။

သူတို့က နေ့ရှိသရွေ့၊ ညရှိသရွေ့ အလုပ်တွေကြိုးစားကြတယ်။ ဘာကြောင့်လုပ်နေသလဲ သူတို့ကိုယ်တိုင်မသိဘူး၊ ဘာအတွက်လုပ်နေ တာလဲဆိုတဲ့ အဓိကရည်ရွယ်ချက်ကို မသိကြဘူး။ ရည်မှန်းချက်မဲ့ပြီး ပန်းတိုင်ပျောက်နေကြတယ်။ အလုပ်တွေလုပ်နေတာ စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ပါပဲဆိုတဲ့ အချက်လောက်ပဲသိတယ်။ ပြောချင်တာကတော့ Question mark?၊လူမျိုးတွေဟာ လုပ်တော့လုပ်နေတယ်၊ ဘာအတွက်လုပ်နေမှန်း မသိကြဘူး။ ဘဝလောကကြီးမှာ ရှင်သန်သွားလာနေတယ်၊ ဘယ်ကိုဦးတည်နေတယ်ဆိုတဲ့ ပန်းတိုင်တွေမရှိကြဘူး၊ မသိကြဘူး။ ဒါကိုဆိုလိုတာပါ။


ဘဝမှာ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘယ်ကိုရောက်ချင်တာလဲဆိုတာ ဘာမှတိတိကျကျမရှိကြပါဘူး။ ဦးတည်ရာပန်းတိုင် မရှိဘဲ လျှောက်လှမ်းနေရင်တော့ ဘယ်မှရောက်မှာမဟုတ်ပါဘူး။ ဒီလိုပန်းတိုင်ပျောက်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်း မသိကြတဲ့လူတွေ၊ နားမလည်ကြတဲ့လူတွေကို Question Mark? လို့ တင်စားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကဘဝမှာ အောင်မြင်ချင်ရင် Question Mark? လို လူမျိုးမဖြစ်ရအောင် တိကျသေချာတဲ့ ပန်းတိုင်တွေကို ချမှတ်ထား ဖို့လိုပါတယ်။ ကိုယ်ဘာလုပ်နေပြီး ဘယ်ကိုဦးတည်နေတယ်ဆိုတာ သိနေတယ်ဆိုရင်တော ကိုယ်ဟာ Question Mark? လိုလူမျိုး မဟုတ်တော့ပါဘူး။

 

 

(၃) The C လူမျိုး
နောက်တစ်မျိုးကတော့ Colon : ဆိုတဲ့လူတွေပါပဲ။ ဒီလိုလူမျိုး တွေဟာ အလယ်အလတ်တန်းစား လူမျိုးတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း အလယ်မှာနေသူတွေ၊ ကြားနေသူတွေဖြစ်ပါတယ်။ သူတို့မှာတော့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ပန်းတိုင်တွေ ချမှတ်ထား တာတွေလည်းရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပန်းတိုင်တွေဟာသူလို ကိုယ်လို ပန်းတိုင်တွေပါပဲ။ သေးငယ်တဲ့ရည်မှန်းချက်တွေပဲ ရှိကြပါတယ်။


သူတို့တွေရဲ့ အားနည်းချက်ကတော့ သူများတွေလုပ်သလို လုပ်တတ် ကြတာပါပဲ။ သူများပြောသလို လိုက်လံဆောင်ရွက် တတ်ကြတာပါပဲ။ သူများယောင်ရင် လိုက်ယောင်တတ်ကြပါတယ်။ လူအုပ်ကြီး နောက်ကို လိုက်တတ်ကြပါတယ်။ သူလိုကိုယ်လို သာမန်လူတန်းစားမျိုး တွေပဲ ဖြစ်ပါတယ်။


ဆင်းရဲလားဆိုရင် မဆင်းရဲပါဘူး။ ချမ်းသာလားဆိုတော့လည်း မချမ်းသာဘူး။ Middle Class ဆိုတဲ့ လူလတ်တန်းစားတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း ကြားနေဝါဒပေါ့။ သူတို့အမြဲပြောလေ့ရှိတာက ““ငါတို့ အရမ်းကြီးလည်း မချမ်းသာချင်ပါဘူး။ မအောင်မြင်၊ မကျော်ကြား ချင်ပါဘူ။ ဆင်းရဲတာမျိုးလည်း မလိုချင်ဘူး။ လောကမှာ အေးအေး ဆေးဆေးနဲ့ လူတန်းစေ့နေနိုင်ရင် တော်ပါပြီ””တဲ့။


ဟုတ်ပါတယ်။ Colon : ဆိုတဲ့လူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဘဝမှာ အရိုးရှင်းဆုံးဖြတ်သန်းချင်သူတွေပါ။ သူတို့ဟာ အနိုင်မရချင်သလို အရှုံးကိုလည်းအလိုမရှိပါဘူး။ ရှုံးမှာကြောက်တဲ့ သူတွေထဲမှာ ပါဝင်သလို အနိုင်မရရင်လည်း ကျေနပ်နိုင်ပါတယ်။ အနိုင်မရှိ အရှုံးမရှိ သရေကျတာကို နှစ်သက်တယ်ပေါ့။ သူများကိုလည်းကျော်မတက်ချင် သလို သူများနောက်မှာလည်း မနေနိုင်ပါဘူး။ ရင်ဘောင်တန်းနိုင်ရင်တော်ပြီပေါ့။ ဒါဟာ Colon : ဆိုတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။

 

 

(၄) Exclamation! လူမျိုး
နောက်ဆုံးလူအမျိုးအစားကတော့ Exclamation! ဆိုတဲ့ အံ့အား သင့်စရာ လူမျိုးတွေဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေကို Exclamation! အာမေဋိတ်ဖြစ်စေတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေဟာ လူတွေကို အံ့သြမင်သက်စေတယ်။ သူတို့ရဲ့လုပ်ရပ်နဲ့ အောင်မြင်မှု တွေဟာ လူတွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေနိုင်တယ်။ လူတွေရဲ့ ““မဖြစ်နိုင်ပါဘူး””လို့ ပြောတဲ့စကားတွေကိုဖြစ်အောင်လုပ်ပြတတ်ပြီး ပါးစပ်အဟောင်းသားဖြစ်စေတဲ့ လူမျိုးတွေပါ။


ပြီးတော့ သူတို့ဟာ လူအများအားကျအောင် ကိုယ့်ဘဝကို အကြီးကျယ်ဆုံး ဖန်တီးကြတဲ့သူတွေပါ။ စံပြပုဂ်္ဂိုလ်တွေဖြစ်အောင် နေထိုင် ကြပါတယ်။ ရည်မှန်းချက်တွေ ပန်းတိုင်တွေက အင်မတန်ကြီးမားတယ်။ တခြားသူတွေကို သူတို့က သြဇာလွှမ်းမိုးနိုင်တယ်။ လောကမှာ အများ အံ့သြကြရတဲ့ အောင်မြင်သူကြီးတွေ၊ ခေါင်းဆောင်ကြီးတွေ၊ သန်းကြွယ် သူဌေးကြီးတွေ၊ ဉာဏ်ကြီးရှင်ကြီးတွေဖြစ်ကြပါတယ်။ ဖြစ်အောင်လည်း လုပ်မယ်ဆိုတဲ့ ဆန္ဒကြီးမားသူတွေပါ။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အမြဲ
တိုးတက်နေအောင်လုပ်တယ်။ ပြောင်းလဲမှုတွေကို နှစ်သက်တယ်။ အဆက်မပြတ် သင်ယူသင်ကြားမှု တွေကိုလုပ်တယ်။ အောင်မြင်မှုတွေပေါ်မှာအာရုံစိုက်တတ်တယ်။ အခက်အခဲတွေ၊ ပြဿ နာတွေရှိရင်လည်း အပြောင်မြောက်ဆုံး ကျော်လွှားဖြေရှင်းနိုင်ကြတယ်။


Exclamation! ဆိုတဲ့အတိုင်း စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ယုံကြည်မှုကတော့ တကယ့်အံ့မခန်းပါပဲ။ ဒါဆိုရင် Exclamation! ဆိုတဲ့လူမျိုးတွေဟာ ဘယ်လိုလဲဆိုတာကို သိရှိလောက်ပါပြီ။သင်ဘယ်လိုလူလဲ သင်ဘယ်လိုလူလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါပေမယ့် ဒီထက် အရေးကြီးဆုံးကတော့ ““သင်ဘယ်လိုလူမျိုးဖြစ်ချင်သလဲ”” ဆိုတာ ပါပဲ။ ဒီလူအမျိုးအစားလေးမျိုးကို သေချာသုံးသပ်ပြီး ကိုယ့်ဘဝကိုယ် ပြောင်းလဲဖို့
စတင်နိုင်ပါတယ်။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာပါပဲ။ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပါတယ်။ အခုချက်ချင်းပဲ သင်လက်ရှိဖြစ်နေတဲ့ လူအမျိုးအစားထဲကနေ သင်အနာဂတ်မှာ ဖြစ်ချင်နေတဲ့ လူမျိုးဖြစ်အောင်စတင်
လိုက်ပါတော့လို့တိုက်တွန်းလိုက်ပါတယ်။

 

Credit : ဖူးကျော်ဇင် (Future Wave)

 

Zawgyi ျဖင့္ဖတ္ရန္

"လူအမ်ိဳးအစား (၄) မ်ိဳး"

ဘဝေအာင္ျမင္မႈလမ္းကို ေလွ်ာက္လွမ္းေတာ့မယ္ဆိုရင္ အရင္ဦးဆုံးလုပ္ရမယ့္အရာကေတာ့ ကိုယ့္အေၾကာင္းကိုယ္သိေအာင္ ဆန္းစစ္ေလ့လာတာ ျဖစ္ ပါတယ္။ ““ငါဟာ ဘယ္ လိုလူမ်ိဳးလဲ””၊ ““ဘယ္လို လူမ်ိဳးျဖစ္ခ်င္တာလဲ”” ေအာင္ျမင္တဲ့ လူသားေတြဟာ ““ဘယ္လို လူမ်ိဳးေတြလဲ”” စသျဖင့္ ေလ့လာသုံးသပ္ရပါမယ္။
ေလာကမွာ လူတန္းစားေပါင္းစုံ၊ အဆင့္အတန္းေပါင္းစုံနဲ႔ လူအမ်ိဳးမ်ိဳးရွိေနၾကပါတယ္။ ဘဝေအာင္ျမင္မႈနဲ႔ ပတ္သက္လာရင္ေတာ့ လူတန္းစားေလးမ်ိဳးကို ေတြ႕ရမွာပါ။ လူေတြရဲ႕မတူညီတဲ့ အေတြးအေခၚေတြ၊ မတူညီတဲ့ စိတ္ဓာတ္နဲ႔လုပ္ရပ္ေတြေၾကာင့္ သူတို႔ေတြရဲ႕ ဘဝေအာင္ျမင္မႈရလဒ္ေတြဟာလည္း ကြဲျပားေနတာကိုေတြ႕ရပါတယ္။ ဒီလိုျခားနားမႈေတြအရ လူအမ်ိဳးအစားေလးမ်ိဳးဆိုၿပီး ခြဲျခားထြက္ေပၚလာတာပါ။

 

(၁) Full Stop. လူမ်ိဳး
Full Stop. ဆိုတဲ့အတိုင္း ဒီလိုလူမ်ိဳးေတြဟာ ဘဝမွာ ရပ္တန႔္ေနတဲ့လူမ်ိဳးေတြ၊ ၿပီးဆုံးသြားၿပီဆိုတဲ့ လူမ်ိဳးေတြ ျဖစ္ပါတယ္။ ဆက္မသြားေတာ့ဘူးဆိုၿပီး၊ စိတ္ဓာတ္ခြန္အား နည္းတဲ့ လူမ်ိဳးေတြျဖစ္ပါတယ္။ လူကသာ အသက္ရွင္ေနေပမယ့္ စိတ္ဓာတ္ေတြ ေသဆုံးေနတယ္လို႔ ေျပာရမယ့္ လူစားမ်ိဳးပါ။ ဘဝကိုလက္ေျမႇာက္အရႈံးေပးတယ္။ ျဖစ္ခ်င္တာမျဖစ္ရလို႔ ““ျဖစ္ခ်င္သလိုျဖစ္ကြာ””ဆိုၿပီး ဘဝကိုေရဆန္ ေမ်ာလိုက္သူေတြလည္း ျဖစ္ပါတယ္။


တစ္ခ်ိဳ႕က သင္ယူသင္ၾကားျခင္း (Learning) ကို ရပ္တန႔္ပစ္လိုက္တယ္။ တစ္ခ်ိဳ႕က ကိုယ့္ရဲ႕ စီးပြားေရးလုပ္ငန္းေတြ အဆင္မေျပတဲ့ အခါမွာ လုပ္ငန္းေတြကို ရပ္တန႔္ပစ္တယ္။ စီးပြားေရး၊ လူမႈေရး၊ အိမ္ေထာင္ေရး၊ အခ်စ္ေရး အဆင္မေျပလို႔ ကိုယ့္ဘဝကို လမ္းေဘးပို႔ပစ္တဲ့ လူေတြလည္း ပါ၀င္ပါတယ္။ ေအာင္ျမင္မႈလမ္းကို ေလွ်ာက္လွမ္းေနတဲ့အခါမွာလည္း ဇြဲမရွိဘဲ လက္ေလွ်ာ့ရပ္တန႔္ပစ္တတ္တယ္။ ဘယ္အရာကိုမွ ၿပီးေျမာက္ေအာင္ျမင္ေအာင္ မလုပ္ႏိုင္၊ ဆုံးခန္းတိုင္ေအာင္မလုပ္ႏိုင္ဘဲ လမ္းတစ္ဝက္မွာ ရပ္တန႔္ပစ္ေလ့ရွိၾကပါတယ္။


ဒါ့အျပင္ သူတို႔ေတြဟာ လက္ရွိဘဝ အေျခအေနေလးကိုပဲ လက္ခံၿပီး ဆက္လက္ တိုးတက္ဖို႔ မလုပ္ေဆာင္တတ္ပါဘူး။ လက္ရွိေနရာေလးမွာပဲ ရပ္တန႔္ေနတတ္ပါတယ္။ စိတ္ဓာတ္ႀကံ့ခိုင္မႈမရွိဘူး။ အားငယ္တတ္တယ္၊ သိမ္ငယ္တတ္တယ္။ မျဖစ္ႏိုင္ဘူး၊ မတတ္ႏိုင္ဘူး၊၊ မလုပ္ႏိုင္ဘူးလို႔အၿမဲေျပာတတ္ဆိုတတ္တယ္။
ကံကိုပဲ အျပစ္ပုံခ်တတ္ၿပီး ဉာဏ္၊ ၀ီရိယ ကို အားမကိုးဘဲ ေနတတ္တဲ့လူမ်ိဳးေတြ Full Stop လူသားထဲမွာ ပါ၀င္ပါတယ္။ ဘာျဖစ္ျဖစ္ ကံပဲေလဆိုၿပီး အတိတ္ကံေပၚမွာ အျပစ္ဖို႔ေနၿပီး ငုပ္တုတ္ထိုင္ေနတတ္ၾကပါတယ္။ ဒီလို ထိုင္ေန႐ုံနဲ႔ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။


ဒါေၾကာင့္ လူအမ်ားကလည္း သူတို႔ကိုေတြ႕ရင္ ““ဆန္ကုန္ ေျမေလးပဲ””လို႔ သတ္မွတ္ၾကပါတယ္။ အဆိုးဆုံးရပ္တန႔္ျခင္း Full Stop ကေတာ့ မိမိရဲ႕ ဘဝကို မိမိအဆုံးသတ္ပစ္လိုက္ျခင္းပါပဲ။
ေလာကႀကီးမွာ ဆက္လက္ရွင္သန္လိုစိတ္ မရွိဘူး။ အသက္ရွင္ေနလို႔လည္း ငါ့ဘဝကဘာမွ မထူးပါဘူးဆိုၿပီး၊ ကိုယ့္ဘဝကို အဆုံးစီရင္ပစ္တဲ့ Full Stop ကေတာ့ အဆိုးဆုံးအေျခအေနပါပဲ။


တစ္ခ်ိဳ႕ Full Stop လူမ်ိဳးေတြကေတာ့ ကိုယ္တိုင္ရပ္တန႔္ေနရတာ အားမရေသးဘူး။ တျခားသူမ်ားကို ရပ္တန႔္ပစ္ဖို႔တိုက္တြန္းၾကတဲ့ သူေတြရွိပါတယ္။ ““ဒီအလုပ္မ်ိဳး ငါလုပ္ဖူးတယ္၊ အဆင္မေျပပါဘူးကြာ၊ မင္းလည္းလုပ္မေနနဲ႔၊ မျဖစ္ႏိုင္ဘူး”” လုပ္မေနပါနဲ႔ကြာ၊ ရႈံးသြားရင္ ဘယ္လိုလုပ္မလဲ”” စသျဖင့္ လိုက္လံပိတ္ပင္ ရပ္တန႔္တတ္ၾကပါတယ္။ ကိုယ္ကလည္းရပ္တန႔္ေနရတာကိုသေဘာက်ၿပီးသူမ်ားကိုလည္းဆက္မသြားေစခ်င္ၾကသူေတြ
ပါပဲ။ဒီေလာက္ဆို Ful Stop ဆိုတဲ့ ပထမလူ စားမ်ိဳးဟာ ဘယ္လိုလူမ်ိဳးေတြလည္းဆိုတာ
သေဘာေပါက္ေလာက္ပါၿပီ။ လူ႔ပတ္ဝန္းက်င္မွာ ဒီလိုလူေတြမ်ားလာရင္ တိုးတက္မႈေတြ ေႏွာင့္ေႏွးေနဦးမွာပါပဲ၊ ဒီလိုလူေတြဟာ မိမိကိုယ္တိုင္ေရာ၊ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္သာမက ေလာကႀကီးကိုပါ ရပ္တန႔္ျခင္းေတြျဖစ္ေစေနဦးမွာပါ။

 

 

(၂) Question Mark?၊ လူမ်ိဳး
ေနာက္ထပ္ လူတစ္မ်ိဳးကေတာ့ Question Mark?၊ ဆိုတဲ့လူမ်ိဳး ျဖစ္ပါတယ္။ သူက Full Stop လို ရပ္တန႔္ေနတဲ့လူမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူတို႔က ရပ္တန႔္ျခင္းကိုလည္း အလိုမရွိ ပါ။ သူတို႔ေတြက ရွင္သန္သြားလာ လႈပ္ရွားေန တဲ့သူေတြပါ။ ဒါေပမယ့္ခက္တာက သူတို႔ဘယ္သြားေနတယ္၊ ဘာလုပ္ေနတယ္၊ ဘယ္ရည္မွန္း ခ်က္ဆီကိုဦးတည္ေနတယ္ ဆိုတာမသိရွာတာပါပဲ။ သူတို႔က ေန႔ရွိသေ႐ြ႕၊ ညရွိသေ႐ြ႕ အလုပ္ေတြႀကိဳးစားၾကတယ္။


ဘာေၾကာင့္လုပ္ေနသလဲ သူတို႔ကိုယ္တိုင္မသိဘူး၊ ဘာအတြက္လုပ္ေန တာလဲဆိုတဲ့ အဓိကရည္႐ြယ္ခ်က္ကို မသိၾကဘူး။ ရည္မွန္းခ်က္မဲ့ၿပီး ပန္းတိုင္ေပ်ာက္ေနၾကတယ္။ အလုပ္ေတြလုပ္ေနတာ စားဝတ္ေနေရး အဆင္ေျပေအာင္ ေျဖရွင္းႏိုင္ဖို႔ပါပဲဆိုတဲ့ အခ်က္ေလာက္ပဲသိတယ္။ ေျပာခ်င္တာကေတာ့ Question mark?၊ လူမ်ိဳးေတြဟာ လုပ္ေတာ့လုပ္ေနတယ္၊ ဘာအတြက္လုပ္ေနမွန္း မသိၾကဘူး။ ဘဝေလာကႀကီးမွာ ရွင္သန္သြားလာေနတယ္၊ ဘယ္ကိုဦးတည္ေနတယ္ဆိုတဲ့ ပန္းတိုင္ေတြမရွိၾကဘူး၊ မသိၾကဘူး။ ဒါကိုဆိုလိုတာပါ။


ဘဝမွာ ဘာျဖစ္ခ်င္တာလဲ၊ ဘာလုပ္ခ်င္တာလဲ၊ ဘယ္ကိုေရာက္ခ်င္တာလဲဆိုတာ ဘာမွတိတိက်က်မရွိၾကပါဘူး။ ဦးတည္ရာပန္းတိုင္ မရွိဘဲ ေလွ်ာက္လွမ္းေနရင္ေတာ့ ဘယ္မွေရာက္မွာမဟုတ္ပါဘူး။ ဒီလိုပန္းတိုင္ေပ်ာက္ၿပီး ဘာလုပ္လို႔
ဘာကိုင္ရမွန္း မသိၾကတဲ့လူေတြ၊ နားမလည္ၾကတဲ့လူေတြကို Question Mark? လို႔ တင္စားတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကဘဝမွာ ေအာင္ျမင္ခ်င္ရင္ Question Mark? လို လူမ်ိဳးမျဖစ္ရေအာင္ တိက်ေသခ်ာတဲ့ ပန္းတိုင္ေတြကို ခ်မွတ္ထား ဖို႔လိုပါတယ္။ ကိုယ္ဘာလုပ္ေနၿပီး ဘယ္ကိုဦးတည္ေနတယ္ဆိုတာ သိေနတယ္ဆိုရင္ေတာ ကိုယ္ဟာ Question Mark? လိုလူမ်ိဳး မဟုတ္ေတာ့ပါဘူး။

 

 

(၃) The C လူမ်ိဳး
ေနာက္တစ္မ်ိဳးကေတာ့ Colon : ဆိုတဲ့လူေတြပါပဲ။ ဒီလိုလူမ်ိဳး ေတြဟာ အလယ္အလတ္တန္းစား လူမ်ိဳးေတြပါပဲ။ Colon : ဆိုတဲ့အတိုင္း အလယ္မွာေနသူေတြ၊ ၾကားေနသူေတြျဖစ္ပါတယ္။ သူတို႔မွာေတာ့ ရည္မွန္းခ်က္ေတြ၊ အိပ္မက္ေတြရွိၾကပါတယ္။ ပန္းတိုင္ေတြ ခ်မွတ္ထား တာေတြလည္းရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ပန္းတိုင္ေတြဟာ သူလို ကိုယ္လို ပန္းတိုင္ေတြပါပဲ။ ေသးငယ္တဲ့ရည္မွန္းခ်က္ေတြပဲ ရွိၾကပါတယ္။
သူတို႔ေတြရဲ႕ အားနည္းခ်က္ကေတာ့ သူမ်ားေတြလုပ္သလို လုပ္တတ္ ၾကတာပါပဲ။ သူမ်ားေျပာသလို လိုက္လံေဆာင္႐ြက္ တတ္ၾကတာပါပဲ။ သူမ်ားေယာင္ရင္ လိုက္ေယာင္တတ္ၾကပါတယ္။ လူအုပ္ႀကီး ေနာက္ကို လိုက္တတ္ၾကပါတယ္။ သူလိုကိုယ္လို သာမန္လူတန္းစားမ်ိဳး ေတြပဲ ျဖစ္ပါတယ္။


ဆင္းရဲလားဆိုရင္ မဆင္းရဲပါဘူး။ ခ်မ္းသာလားဆိုေတာ့လည္း မခ်မ္းသာဘူး။ Middle Class ဆိုတဲ့ လူလတ္တန္းစားေတြပါပဲ။ Colon : ဆိုတဲ့အတိုင္း ၾကားေနဝါဒေပါ့။ သူတို႔အၿမဲေျပာေလ့ရွိတာက ““ငါတို႔ အရမ္းႀကီးလည္း မခ်မ္းသာခ်င္ပါဘူး။ မေအာင္ျမင္၊ မေက်ာ္ၾကား ခ်င္ပါဘူ။ ဆင္းရဲတာမ်ိဳးလည္း မလိုခ်င္ဘူး။ ေလာကမွာ ေအးေအး ေဆးေဆးနဲ႔ လူတန္းေစ့ေနႏိုင္ရင္ ေတာ္ပါၿပီ””တဲ့။


ဟုတ္ပါတယ္။ Colon : ဆိုတဲ့လူေတြဟာ ေအးေအးခ်မ္းခ်မ္းနဲ႔ ဘဝမွာ အ႐ိုးရွင္းဆုံးျဖတ္သန္းခ်င္သူေတြပါ။ သူတို႔ဟာ အႏိုင္မရခ်င္သလို အရႈံးကိုလည္းအလိုမရွိပါဘူး။ ရႈံးမွာေၾကာက္တဲ့ သူေတြထဲမွာ ပါ၀င္သလို အႏိုင္မရရင္လည္း ေက်နပ္ႏိုင္ပါတယ္။ အႏိုင္မရွိ အရႈံးမရွိ သေရက်တာကို ႏွစ္သက္တယ္ေပါ့။ သူမ်ားကိုလည္း ေက်ာ္မတက္ခ်င္ သလို သူမ်ားေနာက္မွာလည္း မေနႏိုင္ပါဘူး။ ရင္ေဘာင္တန္းႏိုင္ရင္ေတာ္ၿပီေပါ့။ ဒါဟာ Colon : ဆိုတဲ့လူမ်ိဳးေတြပဲျဖစ္ပါတယ္။

 

(၄) Exclamation! လူမ်ိဳး
ေနာက္ဆုံးလူအမ်ိဳးအစားကေတာ့ Exclamation! ဆိုတဲ့ အံ့အား သင့္စရာ လူမ်ိဳးေတြျဖစ္ပါတယ္။ သူတို႔ေတြဟာ လူေတြကို Exclamation! အာေမဋိတ္ျဖစ္ေစတယ္။ သူတို႔ရဲ႕စိတ္ဓာတ္ေတြ၊ အေတြးအေခၚေတြဟာ လူေတြကို အံ့ၾသမင္သက္ေစတယ္။ သူတို႔ရဲ႕လုပ္ရပ္နဲ႔ ေအာင္ျမင္မႈ ေတြဟာ လူေတြကို ဟာခနဲ၊ ဟင္ခနဲ ျဖစ္ေစႏိုင္တယ္။ လူေတြရဲ႕ ““မျဖစ္ႏိုင္ပါဘူး””လို႔ ေျပာတဲ့စကားေတြကို ျဖစ္ေအာင္လုပ္ျပတတ္ၿပီး ပါးစပ္အေဟာင္းသားျဖစ္ေစတဲ့ လူမ်ိဳးေတြပါ။
ၿပီးေတာ့ သူတို႔ဟာ လူအမ်ားအားက်ေအာင္ ကိုယ့္ဘဝကို အႀကီးက်ယ္ဆုံး ဖန္တီးၾကတဲ့သူေတြပါ။ စံျပပုဂ္ၢိဳလ္ေတြျဖစ္ေအာင္ ေနထိုင္ ၾကပါတယ္။ ရည္မွန္းခ်က္ေတြ ပန္းတိုင္ေတြက အင္မတန္ႀကီးမားတယ္။ တျခားသူေတြကို သူတို႔က ၾသဇာလႊမ္းမိုးႏိုင္တယ္။


ေလာကမွာ အမ်ား အံ့ၾသၾကရတဲ့ ေအာင္ျမင္သူႀကီးေတြ၊ ေခါင္းေဆာင္ႀကီးေတြ၊ သန္းႂကြယ္ သူေဌးႀကီးေတြ၊ ဉာဏ္ႀကီးရွင္ႀကီးေတြျဖစ္ၾကပါတယ္။ ျဖစ္ေအာင္လည္း လုပ္မယ္ဆိုတဲ့ ဆႏၵႀကီးမားသူေတြပါ။ သူတို႔ေတြဟာ ကိုယ့္ကိုယ္ကို အၿမဲ
တိုးတက္ေနေအာင္လုပ္တယ္။ ေျပာင္းလဲမႈေတြကို ႏွစ္သက္တယ္။ အဆက္မျပတ္ သင္ယူသင္ၾကားမႈ ေတြကိုလုပ္တယ္။ ေအာင္ျမင္မႈေတြေပၚမွာ
အာ႐ုံစိုက္တတ္တယ္။ အခက္အခဲေတြ၊ ျပႆ နာေတြရွိရင္လည္း အေျပာင္ေျမာက္ဆုံး ေက်ာ္လႊားေျဖရွင္းႏိုင္ၾကတယ္။
Exclamation! ဆိုတဲ့အတိုင္း စိတ္ဓာတ္ ႀကံ့ခိုင္မႈနဲ႔ ယုံၾကည္မႈကေတာ့ တကယ့္အံ့မခန္းပါပဲ။ ဒါဆိုရင္ Exclamation! ဆိုတဲ့လူမ်ိဳးေတြဟာ ဘယ္လိုလဲဆိုတာကို သိရွိေလာက္ပါၿပီ။သင္ဘယ္လိုလူလဲ သင္ဘယ္လိုလူလဲဆိုတာ သိဖို႔အေရးႀကီးပါတယ္။ ဒါေပမယ့္ ဒီထက္ အေရးႀကီးဆုံးကေတာ့ ““သင္ဘယ္လိုလူမ်ိဳးျဖစ္ခ်င္သလဲ”” ဆိုတာ ပါပဲ။ ဒီလူအမ်ိဳးအစားေလးမ်ိဳးကို ေသခ်ာသုံးသပ္ၿပီး ကိုယ့္ဘဝကိုယ္ ေျပာင္းလဲဖို႔
စတင္ႏိုင္ပါတယ္။ ကိုယ့္ဘဝဟာ ကိုယ့္လက္ထဲမွာပါပဲ။ ကိုယ့္ဘဝကို ကိုယ္တိုင္ဖန္တီးတည္ေဆာက္ႏိုင္ပါတယ္။ အခုခ်က္ခ်င္းပဲ သင္လက္ရွိျဖစ္ေနတဲ့ လူအမ်ိဳးအစားထဲကေန သင္အနာဂတ္မွာ ျဖစ္ခ်င္ေနတဲ့ လူမ်ိဳးျဖစ္ေအာင္စတင္
လိုက္ပါေတာ့လို႔တိုက္တြန္းလိုက္ပါတယ္။

 

 

Credit : ဖူးေက်ာ္ဇင္ (Future Wave)

Read times
Rate this articles
(0 votes)