×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 06 February 2020

"စိတ်ပညာကို ဘာကြောင့်လေ့လာသင့်သလဲဆိုတဲ့ အချက် (၇) ချက်"

"စိတ်ပညာကို ဘာကြောင့်လေ့လာသင့်သလဲဆိုတဲ့ အချက် (၇) ချက်" google.com

စိတ်ပညာဟာ ဆွဲဆောင်မှုနဲ့ စိန်ခေါ်မှုတွေပါတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ သို့သော် လူတော်တော်များများက စိတ်ပညာရပ်ရဲ့ အားသာချက်တွေဖြစ်တဲ့ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ပြောင်းလဲတိုးတတ်နိုင်တဲ့အချက်တွေကို မသိကြပါဘူး။


(၁) ပညာရပ်တစ်ခုရဲ့ဗဟုသုတတွေကို တိုးတတ်စေခြင်း
စိတ်ပညာဟာ သင်ကျွမ်းကျင်ထားတဲ့ ပညာရပ်တွေကိုရဲ့အသိပညာဗဟုသုတတွေကို ပိုပြီးတိုးပွားစေနိုင်ပါတယ်။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကို ဖွံ့ဖြိုးတတ်လာအောင် အထောက်အကူပေးပါတယ်။ စိတ်ပညာရပ်ဟာ သင့်ရဲ့ကွဲပြားခြားနားနေတဲ့ ပညာရပ်တွေဖြစ်တဲ့ မူခင်းနှင့် စုံစမ်းစစ်ဆေးခြင်း စိတ်ပညာ၊ ပညာရေးစိတ်ပညာ၊ လေ့ကျင့်ခန်းနှင့် အားကစားဆိုင်ရာ စိတ်ပညာ၊ ထိရောက်သောလူမှုဝန်းကျင် စိတ်ပညာ စသည့်ဘာသာရပ်တွေအားလုံးကို စိတ်ပညာကလွှမ်းခြုံထားပါတယ်။

 


(၂) ကိုယ့်ကိုယ်ကို နားလည်ခြင်း
သင့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် တိုးတတ်မှုအဖြစ်၊ Management level တစ်ခုကိုရွေ့ကောင်းရွေ့ခြင်း သို့မဟုတ် စီနီယာအဆင့်တစ်ခုမှာ သင့်အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရပြီး ဖိအားများတဲ့ပတ်ဝန်းကျင်းမှာ လုပ်ကိုင်ရမှာပါ။ ဒီနည်းလမ်းကတော့ ဒီလိုအခြေအနေကိုတုန့်ပြန်ပြီး အောင်မြင်မှုကို ရရှိနိုင်အဓိကသော့ချပ်ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို သိခြင်းနှင့် ကိုယ့်အပြုအမှုကို နားလည်ခြင်းက အလုပ်တွင်းပတ်ဝန်းကျင်ရဲ့ လုပ်ငန်းတွေအကြောင်းကို ထိရောက်တဲ့အမြင်ရှုထောင့်တွေကို ပေးစွမ်းနိုင်ပါတယ်။

 

 

(၃) တခြားသူများကို နားလည်ခြင်း
သင်ရဲ့အလုပ်တစ်ခုမှာ လူသားစီမံခန့်ခွဲခြင်း လူသားအရင်းအမြစ် ပညာတွေအတွက် စဉ်းစားနေမယ်ဆိုရင် သင့်အနေနဲ့ အဲ့ဒီနေရာတွေမှာ စီမံခန့်ခွဲမှုလွဲချော်ခြင်း ပူပေါင်းဆောင်ရွက်ခြင်း ခေါင်းဆောင်မှုတွေ ကအဓိကပိုအပ်ပါတယ်။ ဒီကျွမ်းကျင်မှုတွေက လုပ်ငန်းကို ပိုကောင်းတဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့ လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်ဖို့လုပ်နေတဲ့ မန်နေဂျာတွေ လုပ်ငန်းရှင်တွေ အဖွဲ့အစည်းတစ်ခုကိုစီမံခန့်ခွဲနေတဲ့ ဝန်ထမ်းတွေအတွက် အလွန်လိုအပ်တဲ့ကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်။ စိတ်ပညာဒီဂရီမှာ ဗဟုသုတနဲ့စာနာမှုတိုးတတ်လာခဲ့လျှင် သင့်ရဲ့ career မှာ စွမ်းရည်များနဲ့အောင်မြင်မှုကို တည်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

 

 

(၄) ပြောဆိုဆက်ဆံရေး ကြီးမားလာခြင်း

လူများနဲ့ ထိရောက်စွာပြောဆိုဆက်ဆံခြင်းဟာ လုပ်ငန်းခွင်တိုင်းရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုဟာ စိတ်ပညာကျောင်းသားတိုင်းကို ဖွံ့ဖြိုးတိုးတတ်စေပါတယ်။ မြင့်မားတဲ့ပညာရေးရဲ့ အရေးကြီးတဲ့စိတ်အပိုင်းတွေဟာ ငြင်းခုံနိုင်ခြင်းစွမ်းရည်၊ ခေါင်းစဉ်တစ်ခုပေါ်မှာ ဆွေးနွေးခြင်းနဲ့ သက်ဆိုင်းတဲ့အရင်အမြစ်တွေမှာ ကိုးကားပြောဆိုခြင်းတွေပါဝင်ပါတယ်။ ဒီပြောဆိုဆက်ဆံခြင်းနည်းလမ်းက စာသင်ခန်းမှာ ရုံးလုပ်ငန်းခွင်အထိကို ထိရောက်ပါတယ်။

 

 

(၅) သုတေသန စွမ်းရည်ဖွံ့ဖြိုးတိုးတတ်လာခြင်း
သုတေသနစွမ်းရည်ဟာ လုပ်ငန်းခွင်ကျွမ်းကျင်းမှုတစ်ခုအနေနဲ့ သတိမထားမိတတ်ကြပါဘူး။ သိုပေမဲ့ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေအတွက်တော့ အရေးကြီးတဲ့အရာတစ်ခုပါပဲ။ လုပ်ငန်းတာဝန်တစ်ခု သို့မဟုတ် ပရောဂျက်တစ်ခုကို ဖြတ်သန်းလုပ်ကိုင်မယ်ဆိုရင် စိတ်ပညာရပ်ဟာ အရင်းအမြစ်ရှာဖွေရာတွေ အသုံးပြုရတဲ့ကျွမ်းကျင်မှုတွေ၊ ထိရောက်မှုတွေကို အကဲဖြတ်ခြင်း နဲ့ ကိုယ်တိုင်တွေ့ရှိမှုတွေရဲ့တိကျမှု မှန်ကန်မှုတွေကို တင်ဆက်ရာမှာ တိုးတတ်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

 

 

(၆) Critical Thinking ကို သန့်စင်ပါ
တော်တဲ့ဝန်ထမ်းကောင်းတစ်ရောက်ဟာ သူလက်ခံရရှိတဲ့တာတွေကို သေချာအောင်လုပ်တာတွေ အကောင်းဆုံး အလားအလာရှိတဲ့ဆုံးဖြတ်ချက်ချတာတွေမှာ ကိန်းဂဏန်းတွေရဲ့ရွေးချယ်မှုတွေ၊ သဘောတရားတွေ၊ အကြံညဏ်တွေကို အမြဲတမ်းအကဲဖြတ်လေ့ရှိပါတယ်။
Critical Thinking ဟာ စိတ်ပညာဆိုင်ရာအစီအစဉ်တစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားတွေ အရင်းအမြစ်တိုင်း ကိစ္စတိုင်းကို တွေးတော့စဉ်းစားကြပြီး ကိုးကားထားတဲ့သီအိုရီတွေကိုကလည်း စဉ်းစားကြပါတယ်။
ဆရာဆရာမများ အတန်းဖော်များနှင့်အတူ ကျွမ်းကျင်တိုးတတ်အောင်လုပ်ခြင်းအားဖြင့် သင့်အနေနဲ့ လုပ်ငန်းခွင်မှာ အမှားများစွာကို ရှောင်ရှားဖို့အတွက်အကူအညီရနိုင်ပါတယ်။

 

 

(၇) အလုပ်အကိုင်ကျွမ်းကျင်မှု တိုးတတ်စေခြင်း
ဘွဲ့တစ်ခုက Cv ပေါ်မှာရှိနေခြင်းဟာ အလားအလာရှိတဲ့လစာနဲ့ အလုပ်အကိုင်ကျွမ်းကျင်း ရရှိနိုင်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုဟာ တကယ်တော့ ဘွဲ့မရလာတဲ့သူတွေထက်ဆိုင်ရင် ဘွဲကြိုတွေကတောင် ပေါင် ၅ သိန်းလောက်အထိကို လစာတိုးမြင့်လာနိုင်ပါတယ်။ စိတ်ပညာဟာအမျိုးမျိုးသော ပညာရပ်တွေမှာ အောင်မြင်တွေရရှိနိုင်ရန်နှင့် ကိုယ်စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ အထောက်အကူပေးမှုက ဘယ်တော့မှာမရပ်တန့်သွားပါဘူး။

Sayar_Guice_banner_design_2_1.jpg

Zawgyi ဖြင့်ဖတ်ရန်




 



 

 


 

 



 

 


 

 


 

 



 

ှSayar.com.mm

Read times Last modified on Tuesday, 11 February 2020 17:12
Rate this articles
(7 votes)