×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 06 July 2021

အသက် (၂၀)နဲ့ (၃၀)အတွင်းမှာ ချမ်းသာချင်ရင် . . . . .

အသက် (၂၀)နဲ့ (၃၀)အတွင်းမှာ ချမ်းသာချင်ရင် ဒီလျှို့ဝှက်နည်း (၇)နည်းကို အသုံးပြုပါ။

ကျွန်တော်တို့အားလုံး ချမ်းသာချင်ကြတယ်။ အထူးသဖြင့် ငယ်စဉ် ၂၀နဲ့ ၃၀ ကြားမှာ ချမ်းသာရင်တော့ အကောင်းဆုံးပေါ့။ ချမ်းသာဖို့ဆိုတာလည်း ဒီနေ့လုပ် ဒီနေ့ဖြစ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကြိုးစားတာက အကောင်းဆုံးပါ။ အသက် ၂၀မှ ၃၀ကြားမှာ ချမ်းသာချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်အလက်လေးတွေကို လိုက်နာသင့်ပါတယ်။

 

(၁) နေ့နေ့ညည ရွှေ့ပြီး လုပ်ဆောင်နေခြင်းတွေကို ရပ်တန်းက ရပ်ပါ။
ငယ်ရွယ်စဉ်အချိန်မှာ လူတွေတွေးလေ့ရှိတာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ မနက်ဖြန်မှလုပ်မယ်။ နောက်မှလုပ်မယ် . . . ဆိုတာပါပဲ။ အချိန်တွေ အများကြီးရှိတယ်လို့ ယူဆနေပါလိမ့်မယ်။ အဲ့ဒီအချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီး အသက်တွေကြီးမှ နောင်တ ရလာတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီ့ မနက်ဖြန်ဆိုတဲ့ ဆင်ခြေကြီးကိုသာ ဖျောက်ပြီး အလုပ်လုပ်ရင် အရင်ထက် အများကြီး တိုးတက်မှာ အသေအချာပါပဲ။ ဘဝမှာ စောစောစီးစီး ချမ်းသာချင်ရင် နောက်မှလုပ်မယ်ဆိုတဲ့ အကျင့်ကြီးကို ဖျောက်ဖျက်သင့်ပါပြီ။

 

(၂) ဖြတ်လမ်းမရှိဘူးဆိုတာကို နားလည်ထားပါ။
ဖြတ်လမ်းလိုက်နေခြင်းတွေကို ရပ်တန့်လိုက်ပါ။ အဖြေကရှင်းပါတယ်။ မိမိသုံးတာထက် ပိုအောင်ရှာပါ။ ပိုတာတွေကို အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံပါ။ ပိုနေတဲ့ ပိုက်ဆံတွေကို အမြဲများပြားလာအောင် လုပ်ပါ။ အသုံးအဖြုန်းကိုလျော့ပါ။ ဖြတ်လမ်းမရှိဘူးဆိုတာကို လက်ခံပါ။ လွယ်လွယ်ရတဲ့ပိုက်ဆံက လွယ်လွယ်နဲ့ပဲ ပြန်ကုန်တတ်ပါတယ်။

 

(၃) သင့်ဆီမှာ ရင်းနှီးမြှုပ်နှံပါ။
အခြားအရာတွေကို ရင်းနှီးမြှုပ်နှံဖို့မစဉ်းစားခင် သင့်ကိုယ်သင် အရင်ဆုံး ရင်နှီးမြှုပ်နှံသင့်ပါတယ်။ သင့်ဘ၀ တိုးတက်ဖို့ ကြိုးစားရာမှာ အရေးအကြီးဆုံး အရင်းအမြစ်က သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ပညာသင်ပါ။ လိုအပ်တဲ့သင်တန်းတွေတက်ပါ။ စာတွေများကြီးဖတ်ပါ။ ပညာဗဟုသုတ ပိုပြီးကြွယ်ဝလာလေလေ သင့်အတွက် အခွင့်အလမ်းတွေက ပိုမိုများပြားလာလေပဲဖြစ်ပါတယ်။ လစာတွေလည်း ပိုကောင်းလာမှာဖြစ်ပြီး သင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပိုက်ဆံတွေလည်း ပိုထွက်လာမှာပဲဖြစ်ပါတယ်။

 

(၄) ပိုက်ဆံအသုံးအစွဲစာရင်းလုပ်ထားပါ။
ပိုက်ဆံတွေကို သုံးချင်သလိုသုံး၊ ဘယ်တွေရောက်လို့ရောက်မှန်းမသိ၊ ဘယ်ကဘယ်လောက်ဝင်မှန်းမသိ၊ ဘယ်နေရာက အများဆုံးထွက်နေမှန်း မသိဖြစ်နေတယ်ဆိုရင်တော့ သင်အခုကစပြီး စနစ်တကျနဲ့ ငွေစာရင်းကို သေသေချာချာလုပ်သင့်ပါပြီ။ ဒါမှသာ ဘယ်နေရာမှာ ပိုက်ဆံအများဆုံးထွက်နေတယ်ဆိုတာကို သိမြင်နိုင်မှာဖြစ်ပြီး ဘယ်လိုမျိုးထိန်းချုပ်သင့်တယ်ဆိုတာကို တွက်ချက်နိုင်မှာပဲဖြစ်ပါတယ်။

 

(၅) အကြွေးမရှိပါစေနဲ့။
ပိုက်ဆံစုခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတွေ မစမှီမှာ သင့်အနေနဲ့ ပထမဆုံးလုပ်သင့်တာက တင်နေတဲ့အကြွေးတွေကို အရင်ဆပ်ဖို့ပါပဲ။ အကြွေးတွေပတ်ချာလည်ဝိုင်းနေရင် ရှေ့ကိုဆက်လက်ချီတက်ဖို့ရာ မလွယ်ကူပါဘူး။ အကယ်၍ အတိုးပါတက်နေတယ်ဆိုရင် ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရှိနေတဲ့ အကြွေးတွေကို အရင်ဆုံးရှင်းလိုက်ပါ။

 

(၆) စွန့်စားရဲပါစေ။
အသက်အရွယ်အလိုက် အကြောက်တရားတွေ ရှိနေတတ်ပါတယ်။ အဲ့ဒီ့အကြောက်တရားတွေကို ပိုတိုးပွားမလာအောင် ကြိုးစားရမှာပဲဖြစ်ပတယ်။ စွန့်စားရဲပါစေ။ ဒါပေမယ့် ဘယ်အရာကိုမဆို မျက်လုံးစုံမှိတ်ပြီး ခုန်ချလိုက်သလိုမျိုးတော့ မလုပ်မိပါစေနဲပ။ သေချာစုံစမ်းပါ။ ကျေနပ်လောက်တဲ့အဖြေရပြီဆိုရင် စွန့်စားလိုက်ပါ။ အောင်မြင်ချင်မှလည်း အောင်မြင်မယ်။ ဒါပေမယ့် အဲ့ဒီ့အတွေ့အကြုံတွေကပဲ ကိုယ့်ကို အောင်မြင်မှုတွေဆီကို တွဲခေါ်သွားမှာပဲဖြစ်ပါတယ်။

 

(၇) အတွေးတွေ ကျယ်ပြန့်ပါစေ။
Warren Buffett ပြောသလိုပါပဲ။ "ကြက်ဥအားလုံးကို ခြင်းတစ်လုံးထဲ မထည့်မိပါစေနဲ့"။ တစ်နေရာထဲမှာ စုပြုံပြီးရှိသမျှ ရင်းနှီးတာထက် မတူညီတဲ့အရာတွေမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုးစားပါ။ Back-up Plan တွေ ထားပါ။ ဒါမှသာ လဲကျတိုင်း၊ တစ်စုံတစ်ခု ဆုံးရှုံးသွားတိုင်း အမြန်ဆုံး ပြန်ထနိုင်မှာ ဖြစ်ပါတယ်။

 

Original Writer - မိုးရှင်း (I.M.T)

 

 

အသက္ (၂၀)နဲ႔ (၃၀)အတြင္းမွာ ခ်မ္းသာခ်င္ရင္ ဒီလွ်ိဳ႕၀ွက္နည္း (၇)နည္းကို အသံုးျပဳပါ။

ကၽြန္ေတာ္တို႔အားလံုး ခ်မ္းသာခ်င္ၾကတယ္။ အထူးသျဖင့္ ငယ္စဥ္ ၂၀နဲ႔ ၃၀ ၾကားမွာ ခ်မ္းသာရင္ေတာ့ အေကာင္းဆံုးေပါ့။ ခ်မ္းသာဖို႔ဆိုတာလည္း ဒီေန႔လုပ္ ဒီေန႔ျဖစ္တဲ့အရာမ်ိဳးမဟုတ္ပါဘူး။ ဒါေၾကာင့္ ငယ္ရြယ္စဥ္မွာ ႀကိဳးစားတာက အေကာင္းဆံုးပါ။ အသက္ ၂၀မွ ၃၀ၾကားမွာ ခ်မ္းသာခ်င္ရင္ေတာ့ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္အလက္ေလးေတြကို လိုက္နာသင့္ပါတယ္။

 

(၁) ေန႔ေန႔ညည ေရႊ႕ၿပီး လုပ္ေဆာင္ေနျခင္းေတြကို ရပ္တန္းက ရပ္ပါ။
ငယ္ရြယ္စဥ္အခ်ိန္မွာ လူေတြေတြးေလ့ရွိတာ တစ္ခုရွိတယ္။ အဲ့ဒါကေတာ့ မနက္ျဖန္မွလုပ္မယ္။ ေနာက္မွလုပ္မယ္ . . . ဆိုတာပါပဲ။ အခ်ိန္ေတြ အမ်ားႀကီးရွိတယ္လို႔ ယူဆေနပါလိမ့္မယ္။ အဲ့ဒီအခ်ိန္ေတြ တျဖည္းျဖည္း ကုန္ဆံုးလာၿပီး အသက္ေတြႀကီးမွ ေနာင္တ ရလာတတ္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီ့ မနက္ျဖန္ဆိုတဲ့ ဆင္ေျခႀကီးကိုသာ ေဖ်ာက္ၿပီး အလုပ္လုပ္ရင္ အရင္ထက္ အမ်ားႀကီး တိုးတက္မွာ အေသအခ်ာပါပဲ။ ဘ၀မွာ ေစာေစာစီးစီး ခ်မ္းသာခ်င္ရင္ ေနာက္မွလုပ္မယ္ဆိုတဲ့ အက်င့္ႀကီးကို ေဖ်ာက္ဖ်က္သင့္ပါၿပီ။

 

(၂) ျဖတ္လမ္းမရွိဘူးဆိုတာကို နားလည္ထားပါ။
ျဖတ္လမ္းလိုက္ေနျခင္းေတြကို ရပ္တန္႔လိုက္ပါ။ အေျဖကရွင္းပါတယ္။ မိမိသံုးတာထက္ ပိုေအာင္ရွာပါ။ ပိုတာေတြကို အက်ိဳးရွိစြာ ရင္းႏွီးျမွဳပ္ႏွံပါ။ ပိုေနတဲ့ ပိုက္ဆံေတြကို အၿမဲမ်ားျပားလာေအာင္ လုပ္ပါ။ အသံုးအျဖဳန္းကိုေလ်ာ့ပါ။ ျဖတ္လမ္းမရွိဘူးဆိုတာကို လက္ခံပါ။ လြယ္လြယ္ရတဲ့ပိုက္ဆံက လြယ္လြယ္နဲ႔ပဲ ျပန္ကုန္တတ္ပါတယ္။

 

(၃) သင့္ဆီမွာ ရင္းႏွီးျမွဳပ္ႏွံပါ။
အျခားအရာေတြကို ရင္းႏွီးျမွဳပ္ႏွံဖို႔မစဥ္းစားခင္ သင့္ကိုယ္သင္ အရင္ဆံုး ရင္ႏွီးျမွဳပ္ႏွံသင့္ပါတယ္။ သင့္ဘ၀ တိုးတက္ဖို႔ ႀကိဳးစားရာမွာ အေရးအႀကီးဆံုး အရင္းအျမစ္က သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။ ပညာသင္ပါ။ လိုအပ္တဲ့သင္တန္းေတြတက္ပါ။ စာေတြမ်ားႀကီးဖတ္ပါ။ ပညာဗဟုသုတ ပိုၿပီးၾကြယ္၀လာေလေလ သင့္အတြက္ အခြင့္အလမ္းေတြက ပိုမိုမ်ားျပားလာေလပဲျဖစ္ပါတယ္။ လစာေတြလည္း ပိုေကာင္းလာမွာျဖစ္ၿပီး သင့္ကိုယ္ပိုင္လုပ္ငန္းလုပ္ဖို႔ ပိုက္ဆံေတြလည္း ပိုထြက္လာမွာပဲျဖစ္ပါတယ္။

 

(၄) ပိုက္ဆံအသံုးအစြဲစာရင္းလုပ္ထားပါ။
ပိုက္ဆံေတြကို သံုးခ်င္သလိုသံုး၊ ဘယ္ေတြေရာက္လို႔ေရာက္မွန္းမသိ၊ ဘယ္ကဘယ္ေလာက္၀င္မွန္းမသိ၊ ဘယ္ေနရာက အမ်ားဆံုးထြက္ေနမွန္း မသိျဖစ္ေနတယ္ဆိုရင္ေတာ့ သင္အခုကစၿပီး စနစ္တက်နဲ႔ ေငြစာရင္းကို ေသေသခ်ာခ်ာလုပ္သင့္ပါၿပီ။ ဒါမွသာ ဘယ္ေနရာမွာ ပိုက္ဆံအမ်ားဆံုးထြက္ေနတယ္ဆိုတာကို သိျမင္ႏိုင္မွာျဖစ္ၿပီး ဘယ္လိုမ်ိဳးထိန္းခ်ဳပ္သင့္တယ္ဆိုတာကို တြက္ခ်က္ႏိုင္မွာပဲျဖစ္ပါတယ္။

 

(၅) အေၾကြးမရွိပါေစနဲ႔။
ပိုက္ဆံစုျခင္း၊ ရင္းႏွီးျမွဳပ္ႏွံျခင္းေတြ မစမွီမွာ သင့္အေနနဲ႔ ပထမဆံုးလုပ္သင့္တာက တင္ေနတဲ့အေၾကြးေတြကို အရင္ဆပ္ဖို႔ပါပဲ။ အေၾကြးေတြပတ္ခ်ာလည္၀ိုင္းေနရင္ ေရွ႕ကိုဆက္လက္ခ်ီတက္ဖို႔ရာ မလြယ္ကူပါဘူး။ အကယ္၍ အတိုးပါတက္ေနတယ္ဆိုရင္ ပိုၿပီး စိုးရိမ္ရတဲ့ အေျခအေနကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ရွိေနတဲ့ အေၾကြးေတြကို အရင္ဆံုးရွင္းလိုက္ပါ။

 

(၆) စြန္႔စားရဲပါေစ။
အသက္အရြယ္အလိုက္ အေၾကာက္တရားေတြ ရွိေနတတ္ပါတယ္။ အဲ့ဒီ့အေၾကာက္တရားေတြကို ပိုတိုးပြားမလာေအာင္ ႀကိဳးစားရမွာပဲျဖစ္ပတယ္။ စြန္႔စားရဲပါေစ။ ဒါေပမယ့္ ဘယ္အရာကိုမဆို မ်က္လံုးစံုမွိတ္ၿပီး ခုန္ခ်လိုက္သလိုမ်ိဳးေတာ့ မလုပ္မိပါေစနဲပ။ ေသခ်ာစံုစမ္းပါ။ ေက်နပ္ေလာက္တဲ့အေျဖရၿပီဆိုရင္ စြန္႔စားလိုက္ပါ။ ေအာင္ျမင္ခ်င္မွလည္း ေအာင္ျမင္မယ္။ ဒါေပမယ့္ အဲ့ဒီ့အေတြ႕အႀကံဳေတြကပဲ ကိုယ့္ကုိ ေအာင္ျမင္္မႈေတြဆီကို တြဲေခၚသြားမွာပဲျဖစ္ပါတယ္။

 

(၇) အေတြးေတြ က်ယ္ျပန္႔ပါေစ။
Warren Buffett ေျပာသလိုပါပဲ။ "ၾကက္ဥအားလံုးကို ျခင္းတစ္လံုးထဲ မထည့္မိပါေစနဲ႔"။ တစ္ေနရာထဲမွာ စုၿပံဳၿပီးရွိသမွ် ရင္းႏွီးတာထက္ မတူညီတဲ့အရာေတြမွာ ရင္းႏွီးျမွဳပ္ႏွံႏိုင္ေအာင္ ႀကိဳးစားပါ။ Back-up Plan ေတြ ထားပါ။ ဒါမွသာ လဲက်တိုင္း၊ တစ္စံုတစ္ခု ဆံုးရွံဳးသြားတိုင္း အျမန္ဆံုး ျပန္ထႏိုင္မွာ ျဖစ္ပါတယ္။

 

Original Writer - မိုးရွင္း (I.M.T)

Read times
Rate this articles
(1 Vote)