×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 06 October 2021

ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင် ရှိတတ်သော စရိုက်လက္ခဏာများ

ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင် ရှိတတ်သော စရိုက်လက္ခဏာများ

၁။ လောဘကြီးလွန်းခြင်း
➖➖➖➖➖➖➖➖➖
သင့်တင့်တဲ့ လောဘ (သို့) အပြုသဘောဆောင်တဲ့ မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက် အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို ရောက်သွားတတ်ကြပါတယ်။

 

၂။ အချိန်မလေးစားခြင်း
➖➖➖➖➖➖➖➖
တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ် အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ် ဂုဏ်သိက္ခာကျဆင်းပြီး လူအများ၏ လေးစားမှုကို ကျဆင်းစေပါလိမ့်မယ်။

 

၃။ အကောင်းမြင်စိတ် မရှိခြင်း
➖➖➖➖➖➖➖➖➖➖
အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့ မရလောက်အောင် ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ သင်ရှာဖွေကြည့်ရမယ်။

 

၄။ အားနာခြင်း
➖➖➖➖➖➖
ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊ လုပ်ချင်လို့ပဲ လုပ်ပါ။ အခြားသူကို အားနာလို့ လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ။

 

၅။ ဒေါသကြီးခြင်း
➖➖➖➖➖➖
အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။ အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့ စိတ်တိုတတ်တာဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း အသက်တိုစေနိုင်ပါတယ်။

 

၆။ လောင်းကစားကြူးခြင်း
➖➖➖➖➖➖➖➖➖
လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်ဝန်းကျင်ကိုပါ အောက်ကို ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။

 

၇။ အပျင်းကြီးခြင်း
➖➖➖➖➖➖➖
သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့ အလုပ်ပြီးအောင် လုပ်ပါ။

 

၈။ ကျန်းမားရေး မလိုက်စားခြင်း
➖➖➖➖➖➖➖➖➖➖➖
သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့ ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။

 

၉။ မာနကြီးခြင်း
➖➖➖➖➖
သင်မာနကြီးရင် သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။ မာနကြီးရင် အခြားသူတွေကို သင်နဲ့အတူ အလုပ်လုပ်ဖို့ အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။

 

၁၀။ အမှားအမှန်မခွဲခြားနိုင်ခြင်း
➖➖➖➖➖➖➖➖➖➖
သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကို မသိဘူး ဖြစ်လာမယ်။ အဲဒါကြောင့် စာများများ ဖတ်ပါ၊ ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

 

၁၁။ အယုံလွယ်ခြင်း
➖➖➖➖➖➖➖
ချမ်းသာနည်းတို့ အောင်မြင်နည်းတို့ ပေးမယ်လို့ ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့ ဈေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင် သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး လေ့လာကြည့်ပါ။

 

၁၂။ ကတ ိမတည်ခြင်း
➖➖➖➖➖➖➖
ကတိမတည်တဲ့သူကို ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက ဘယ်သူမှ မဝယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ။

 

၁၃။ အသုံးအဖြုန်းကြီးခြင်း
➖➖➖➖➖➖➖➖➖
လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းပါနဲ့။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

 

၁၄။ အပေါင်းအသင်း မှားခြင်း
➖➖➖➖➖➖➖➖➖➖
Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့ လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။ ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ ကြိုးဟားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

 

၁၅။ စည်းကမ်း မရှိခြင်း
➖➖➖➖➖➖➖➖
စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာ စပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ ထိန်းသိမ်းပါ။

 

၁၆။ အပျော်အပါး မက်လွန်းခြင်း
➖➖➖➖➖➖➖➖➖➖
လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်မပေးနိုင်ဖြစ်လာပါလိမ့်မယ်။

 

၁၇။ မူးယစ်ဆေးဝါး သုံးစွဲခြင်း
➖➖➖➖➖➖➖➖➖➖
မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

 

၁၈။ သံသယစိတ် များလွန်းခြင်း
➖➖➖➖➖➖➖➖➖➖
ယုံလွယ်လွန်းတာဟာ ပြဿနာဖြစ်သလို သံသယများလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။

 

၁၉။ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖
ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမဝင်တော့သလို အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

 

၂၀။ ဆုံးဖြတ်ချက် မပြတ်သားခြင်း
➖➖➖➖➖➖➖➖➖➖➖
သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု မရှိတဲ့သူတွေဖြစ်ပါတယ်။

 

၂၁။ လုံ့လဝိရိယ အားနည်းခြင်း
➖➖➖➖➖➖➖➖➖➖
သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။ အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့ ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

 

၂၂။ ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း
➖➖➖➖➖➖➖➖➖➖➖
တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့ နားလည်ရမယ်။ ပြောင်းလဲလိုစိတ်မရှိရင် တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။

 

၂၃။ လေ့လာသင်ယူမှု မရှိခြင်း
➖➖➖➖➖➖➖➖➖➖
လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။ သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့ အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

 

၂၄။ နှမြောလွန်းခြင်း
➖➖➖➖➖➖➖
ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို အသုံးမချတတ်သလို ဖြစ်လာမယ်။ သုံးသင့်တဲ့နေရာမှာ သုံးပါ။

 

၂၅။ အစွန်းရောက် လွန်းခြင်း
➖➖➖➖➖➖➖➖➖➖
သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

 

၂၆။ ရည်မှန်းချက် မရှိခြင်း
➖➖➖➖➖➖➖➖
ရည်မှန်းချက်မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။ သင့်လုပ်ငန်း၊ ဘဝ၊ အလုပ်အကိုင်၊ မိသားစု အားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။

 

၂၇။ မိမိကိုယ်ကိုယ် သုံးသပ်မှုမရှိခြင်း
➖➖➖➖➖➖➖➖➖➖➖➖
လူတိုင်းလူတိုင်းဟာ အချိန်ကာလတစ်ခုရောက်တိုင်းမှာ ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုသုံးသပ်မှုဟာ သင့်ကို ပိုမိုမြင့်မားတဲ့ အသိဉာဏ်တွေကို ရရှိပါစေလိမ့်မယ်။

 

၂၈။ တာဝန်ယူမှု/တာဝန်ခံမှု မရှိခြင်း
➖➖➖➖➖➖➖➖➖➖➖
ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း တာဝန်ယူမှု တာဝန်ခံမှု လိုလာပါတယ်။ အဲဒီလို မဟုတ်ပဲ အခြားသူတွေကို လက်ညှိူးထိုးနေသမျှ ကာလပတ်လုံး ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့ အခက်အခဲကနေ လွန်မြောက်မည့်နည်းကို ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ နောက်ထက်အောင်မြင်မှု အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။

 

၂၉။ ပူပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်း
➖➖➖➖➖➖➖➖➖➖➖➖
စိတ်နေသဘောထားကောင်းပြီး အရည်အချင်းရှိသူတွေ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့် လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။

 

၃၀။ တစ်ကိုယ်ကောင်းဆန်ခြင်း
➖➖➖➖➖➖➖➖➖➖
အတ္တစိတ်လွန်ကဲခြင်းဟာ လူအများနဲ့ ကင်းကွာခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ သင့်ဖက်ကိုသာ သင်ကြည့်နေသမျှ ကာလပတ်လုံး ပတ်ဝန်းကျင်ကသူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။

 

၃၁။ ကိုယ်ချင်းစာစိတ် မရှိခြင်း
➖➖➖➖➖➖➖➖➖➖
လူမှုဆက်ဆံရေးမှာ ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ သင့်ကို လာလုပ်ရင် သင်မကြိုက်သောအရာကို အခြားသူများကို မလုပ်ဖို့ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ဆိုတာဟာ ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ စိတ်နေစိတ်ထား ဖြစ်ပါတယ်။

 

၃၂။ အလိုက် မသိခြင်း
➖➖➖➖➖➖➖➖
အလိုက်ကန်းဆိုးနားမလည်ခြင်း၊ အခြေအနေကို မကြည့်ပဲ လုပ်ချင်ရာ လုပ်ခြင်းတို့ကြောင့် သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင် ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

 

တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့် ရွေးချယ်မှုသာ ဖြစ်ပါတယ်။

 

Credit - Ko Naing Gyi Notes

 

 

ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးသူမ်ားတြင္ ရွိတတ္ေသာ စ႐ိုက္လကၡဏာမ်ား

၁။ ေလာဘႀကီးလြန္းျခင္း
➖➖➖➖➖➖➖➖➖
သင့္တင့္တဲ့ ေလာဘ (သို႔) အျပဳသေဘာေဆာင္တဲ့ မေက်နပ္မႈရွိျခင္းဟာ တိုးတက္ေျပာင္းလဲမႈအတြက္ အားေပးေသာ အခ်က္ျဖစ္ေသာ္လည္း တစ္ခ်ိဳ႕လူမ်ားဟာ လြန္ကဲတဲ့ အတၱေလာဘစိတ္ေၾကာင့္ လမ္းမွားကို ေရာက္သြားတတ္ၾကပါတယ္။

 

၂။ အခ်ိန္မေလးစားျခင္း
➖➖➖➖➖➖➖➖
တစ္စုံတစ္ဦးနဲ႔ ခ်ိန္းဆိုရာမွာပဲ ျဖစ္ျဖစ္၊ အလုပ္ကိစၥတစ္ခုခုကို အၿပီးသတ္ရာမွာပဲ ျဖစ္ျဖစ္ အခ်ိန္မေလးစားမႈဟာ ေရရွည္မွာ ကိုယ့္ကိုယ္ ဂုဏ္သိကၡာက်ဆင္းၿပီး လူအမ်ား၏ ေလးစားမႈကို က်ဆင္းေစပါလိမ့္မယ္။

 

၃။ အေကာင္းျမင္စိတ္ မရွိျခင္း
➖➖➖➖➖➖➖➖➖➖
အခ်ိဳ႕ေသာ အေျခအေနေတြဟာ အေကာင္းျမင္လို႔ မရေလာက္ေအာင္ ဆိုးတယ္လို႔ သင္ထင္လိမ့္မယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ အျခားေသာေကာင္းတဲ့ အဓိပၸာယ္ဘာရွိေနေသးလဲဆိုတာ သင္ရွာေဖြၾကည့္ရမယ္။

 

၄။ အားနာျခင္း
➖➖➖➖➖➖
ဘာပဲလုပ္လုပ္ သင္သြားခ်င္လို႔၊ စားခ်င္လို႔၊ လုပ္ခ်င္လို႔ပဲ လုပ္ပါ။ အျခားသူကို အားနာလို႔ လုပ္ေပးတယ္ဆိုၿပီး မေက်မခ်မ္းျဖစ္ေနတတ္ျခင္းဟာ အဓိပၸာယ္မရွိပါ။

 

၅။ ေဒါသႀကီးျခင္း
➖➖➖➖➖➖
အခ်ိဳ႕ေသာသူမ်ားဟာ လမ္းေဘးက ေခြးေဟာင္လည္း စိတ္တိုသလို မိုး႐ြာေနပူရင္လည္း စိတ္တိုတတ္ၾကတယ္။ အဲဒီအထဲမွာ သင္မပါ ပါေစနဲ႔။ ဘာမဟုတ္တာေလးနဲ႔ စိတ္တိုတတ္တာဟာ ပတ္၀န္းက်င္ကို အေႏွာက္အယွက္ျဖစ္ေစသလို သင့္ကိုလည္း အသက္တိုေစႏိုင္ပါတယ္။

 

၆။ ေလာင္းကစားျကဴးျခင္း
➖➖➖➖➖➖➖➖➖
ေလာင္းကစားလုပ္ျခင္းဟာ သင္တစ္ဦးတည္း မဟုတ္ပဲ သင့္မိသားစု ပတ္၀န္းက်င္ကိုပါ ေအာက္ကို ဆိုးဆိုးဝါးဝါး ဆြဲခ်သြားေစႏိုင္ပါတယ္။

 

၇။ အပ်င္းႀကီးျခင္း
➖➖➖➖➖➖➖
သင္အပ်င္းႀကီးေနသမွ် ကာလပတ္လုံး လူေတာေကာင္းေကာင္း မတိုးႏိုင္ေတာ့ဘူးဆိုတာကို သင္သိထားရင္ အပ်င္းမႀကီးပါနဲ႔။ အခ်ိန္နဲ႔ အလုပ္ၿပီးေအာင္ လုပ္ပါ။

 

၈။ က်န္းမားေရး မလိုက္စားျခင္း
➖➖➖➖➖➖➖➖➖➖➖
ေသတဲ့သူေတြဟာ ထပ္ၿပီး ဘာမွ မလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ သင္ဘာကိုပဲ လုပ္ေန လုပ္ေန ဆက္လက္အသက္ရွင္ဖို႔ လူအမ်ားကို ကူညီႏိုင္ဖို႔ က်န္းမာေရးကို လိုက္စားပါ။ လြယ္ၿပီး ထိေရာက္တာေလးေတြကေန စပါ။

 

၉။ မာနႀကီးျခင္း
➖➖➖➖➖
သင္မာနႀကီးရင္ သင္ယူလို႔ မရေတာ့ဘူး ျဖစ္လာမယ္။ မာနႀကီးရင္ အျခားသူေတြကို သင္နဲ႔အတူ အလုပ္လုပ္ဖို႔ အကူအညီမေတာင္းႏိုင္ဘူး ျဖစ္လာမယ္။ က်ဥ္းေျမာင္းတဲ့အျမင္ေတြကို စြန္႔လႊတ္လိုက္ျခင္းက သင့္ကို ပိုၿပီး တန္ဖိုး တက္လာပါေစလိမ့္မယ္။

 

၁၀။ အမွားအမွန္မခြဲျခားႏိုင္ျခင္း
➖➖➖➖➖➖➖➖➖➖
သင္ဗဟုသုတနည္းတဲ့အခါ အမွားအမွန္ကို မသိဘူး ျဖစ္လာမယ္။ အဲဒါေၾကာင့္ စာမ်ားမ်ား ဖတ္ပါ၊ ဘာသာတရား အဆုံးအမေတြကိုလည္း ေလ့လာပါ။

 

၁၁။ အယုံလြယ္ျခင္း
➖➖➖➖➖➖➖
ခ်မ္းသာနည္းတို႔ ေအာင္ျမင္နည္းတို႔ ေပးမယ္လို႔ ဆိုရင္ သင္သတိထားရေတာ့မယ္။ လြယ္လြယ္နဲ႔ ေစ်းေပါေပါနဲ႔ တစ္ခုခု ရေတာ့မယ္ဆိုရင္ သင္အလိမ္ခံရႏိုင္တယ္ဆိုတာကို သတိေလးထားၿပီး ေလ့လာၾကည့္ပါ။

 

၁၂။ ကတ ိမတည္ျခင္း
➖➖➖➖➖➖➖
ကတိမတည္တဲ့သူကို ဘယ္သူမွ ေခါင္းေဆာင္မတင္ခ်င္ဘူး။ ကတိမတည္တဲ့သူဆီက ဘယ္သူမွ မ၀ယ္ခ်င္ဘူး။ အဲဒါေၾကာင့္ သင့္လုပ္ငန္းကို ေအာင္ျမင္ခ်င္ရင္ ကတိတည္ပါ။

 

၁၃။ အသုံးအျဖဳန္းႀကီးျခင္း
➖➖➖➖➖➖➖➖➖
လိုအပ္တဲ့ေနရာမွာ သုံးပါ၊ မလိုအပ္တဲ့ေနရာေတြမွာ မျဖဳန္းပါနဲ႔။ ျဖဳန္းတာမ်ားရင္ သုံးရမယ့္ေနရာေတြမွာပါ မသုံးႏိုင္ေတာ့ဘူး ျဖစ္လာလိမ့္မယ္။

 

၁၄။ အေပါင္းအသင္း မွားျခင္း
➖➖➖➖➖➖➖➖➖➖
Jim Ron က ေျပာတယ္။ သင္အမ်ားဆုံးတြဲတဲ့ လူ ၅ ေယာက္ရဲ႕ ပွ်မ္းမွ်အတိုင္း သင္ျဖစ္လာလိမ့္မယ္။ အဲဒါေၾကာင့္ အေပါင္းအသင္းကို ေ႐ြးခ်ယ္ေပါင္းပါ။ ဆင္းရဲခ်မ္းသာထက္ အက်င့္စာရိတၱနဲ႔ ႀကိဳးဟားအားထုတ္မႈကို အေျခခံၿပီး ေ႐ြးခ်ယ္ပါ။

 

၁၅။ စည္းကမ္း မရွိျခင္း
➖➖➖➖➖➖➖➖
စိတ္အားတက္ႂကြမႈရွိရင္ လူတစ္ေယာက္ဟာ စၿပီးသြားတယ္။ စည္းကမ္းရွိရင္ ေဝးေဝးကို သြားႏိုင္တယ္။ အဲဒါေၾကာင့္ သင့္ကိုယ္သင္ စည္းကမ္းေတြ သတ္မွတ္ထားပါ။ သင္ကိုယ္တိုင္ပဲ ထိန္းသိမ္းပါ။

 

၁၆။ အေပ်ာ္အပါး မက္လြန္းျခင္း
➖➖➖➖➖➖➖➖➖➖
လူငယ္ေတြဆိုရင္ အေပ်ာ္အပါးနဲ႔ ကင္းခ်င္မွ ကင္းမယ္။ ဒါေပမယ့္ အကယ္၍ သင္အေပ်ာ္အပါးပဲ လုပ္တာမ်ားေနရင္ တိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ အခ်ိန္မေပးႏိုင္ျဖစ္လာပါလိမ့္မယ္။

 

၁၇။ မူးယစ္ေဆးဝါး သုံးစြဲျခင္း
➖➖➖➖➖➖➖➖➖➖
မူးယစ္ေဆးဝါးသုံးစြဲတာဟာ ဥပေဒေၾကာင္းအရ ရင္ဆိုင္ရ႐ုံမွ်မက က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးအကုန္ထိခိုက္ေစတာမို႔ သင့္ကိုယ္သင္ ပ်က္စီးေအာင္ လုပ္တာနဲ႔ တူတူပါပဲ။

 

၁၈။ သံသယစိတ္ မ်ားလြန္းျခင္း
➖➖➖➖➖➖➖➖➖➖
ယုံလြယ္လြန္းတာဟာ ျပႆနာျဖစ္သလို သံသယမ်ားလြန္းေတာ့လည္း အဆင္မေျပျဖစ္တတ္ပါတယ္။ သံသယစိတ္နဲ႔ ဟိုစြပ္စြဲ ဒီစြပ္စြဲလုပ္တဲ့အခါမွာ လုပ္ငန္းခြင္မွာ ျဖစ္ျဖစ္၊ မိသားစုနဲ႔ ကိုယ္ေရးကိုယ္တာဘ၀မွာ ျဖစ္ျဖစ္ အဆင္မေျပမႈေတြ ျဖစ္လာပါလိမ့္မယ္။

 

၁၉။ မိမိကိုယ္ကိုယ္ အထင္ႀကီးလြန္းျခင္း
➖➖➖➖➖➖➖➖➖➖➖➖➖
ကိုယ့္ကိုယ္ကိုယ္ အထင္ေသးလြန္းရင္ လူရာမ၀င္ေတာ့သလို အထင္ႀကီးလြန္းေတာ့လည္း တျခားသူေတြကို ႏွိမ္ခ်င္သလို ျဖစ္လာပါလိမ့္မယ္။

 

၂၀။ ဆုံးျဖတ္ခ်က္ မျပတ္သားျခင္း
➖➖➖➖➖➖➖➖➖➖➖
သင္နိစၥဓူ၀ ဟိုလိုလို ဒီလိုလိုနဲ႔ မျပတ္သားၾကတဲ့သူေတြ ေတြ႕ရလိမ့္မယ္။ အဲဒီလိုလူေတြဟာ ထိေရာက္မႈ မရွိတဲ့သူေတြျဖစ္ပါတယ္။

 

၂၁။ လုံ႔လဝိရိယ အားနည္းျခင္း
➖➖➖➖➖➖➖➖➖➖
သင္လိုခ်င္တဲ့ ရည္မွန္းခ်က္က ျမင့္တယ္ မဟုတ္လား။ အဲဒါကို သာမန္ေလာက္ ႀကိဳးစားအားထုတ္မႈနဲ႔ ရလာမွာ မဟုတ္ဘူး။ အသားကုန္ ႀကိဳးစားမွ သင္ရည္မွန္းတာေတြ ျဖစ္လာလိမ့္မယ္။

 

၂၂။ ျပဳျပင္ေျပာင္းလဲလိုစိတ္ မရွိျခင္း
➖➖➖➖➖➖➖➖➖➖➖
တိုးတက္မႈနဲ႔ ေျပာင္းလဲမႈဟာ ဒြန္တြဲေနတယ္။ Transformation လို႔ ေျပာရင္ တိုးတက္ေျပာင္းလဲမႈလို႔ နားလည္ရမယ္။ ေျပာင္းလဲလိုစိတ္မရွိရင္ တိုးတက္မႈလည္း ရွိလာမွာ မဟုတ္ဘူး။

 

၂၃။ ေလ့လာသင္ယူမႈ မရွိျခင္း
➖➖➖➖➖➖➖➖➖➖
ေလ့လာသင္ယူမႈဟာ စစ္ေျမျပင္ကို ထြက္မယ့္ စစ္သူႀကီးကို လက္နက္တပ္ဆင္ေပးသလိုပါပဲ။ သင္မ်ားမ်ားေလ့လာေလေလ ပိုၿပီး ေအာင္ျမင္ဖို႔ အလားအလာမ်ားေလေလပါပဲ။ သင္ဘာစာအုပ္ေတြ ဖတ္လဲ၊ ဘာသင္တန္းေတြ တက္လဲ။

 

၂၄။ ႏွေျမာလြန္းျခင္း
➖➖➖➖➖➖➖
ေခြၽတာတတ္တာဟာ ေကာင္းတဲ့အမူအက်င့္ျဖစ္တယ္။ ႏွေျမာလြန္းရင္ေတာ့ သင္ရွာေဖြထားတာေတြကို အသုံးမခ်တတ္သလို ျဖစ္လာမယ္။ သုံးသင့္တဲ့ေနရာမွာ သုံးပါ။

 

၂၅။ အစြန္းေရာက္ လြန္းျခင္း
➖➖➖➖➖➖➖➖➖➖
သင္မွန္တယ္လို႔ ျမင္တဲ့အရာေတြဟာ တစ္ခါတစ္ရံမွာ သင္ျမင္တာပဲ ျဖစ္ႏိုင္ၿပီး တကယ့္အမွန္တရား ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မယ္။ အျခားသူေတြ ဘယ္လိုျမင္တယ္၊ ဘာေၾကာင့္ ျမင္တယ္ဆိုတာကို ေလ့လာမယ္ဆိုရင္ သင္အျမင္က်ယ္တဲ့သူတစ္ဦး ျဖစ္လာပါလိမ့္မယ္။

 

၂၆။ ရည္မွန္းခ်က္ မရွိျခင္း
➖➖➖➖➖➖➖➖
ရည္မွန္းခ်က္မခ်မွတ္ထားတဲ့ ျဖစ္ခ်င္စိတ္ဟာ ေရာက္ခ်င္ရာ ေရာက္ဖို႔ကို ဦးတည္ေစပါတယ္။ သင့္လုပ္ငန္း၊ ဘ၀၊ အလုပ္အကိုင္၊ မိသားစု အားလုံးအတြက္ ရည္မွန္းခ်က္ တိတိက်က် ခ်မွတ္ထားပါ။

 

၂၇။ မိမိကိုယ္ကိုယ္ သုံးသပ္မႈမရွိျခင္း
➖➖➖➖➖➖➖➖➖➖➖➖
လူတိုင္းလူတိုင္းဟာ အခ်ိန္ကာလတစ္ခုေရာက္တိုင္းမွာ ခဏရပ္တန္႔ၿပီး ကိုယ္ဘာေတြ လိုအပ္ေနတယ္ဆိုတာကို ျပန္လည္သုံးသပ္ဖို႔ လိုပါတယ္။ အဲဒီလိုသုံးသပ္မႈဟာ သင့္ကို ပိုမိုျမင့္မားတဲ့ အသိဥာဏ္ေတြကို ရရွိပါေစလိမ့္မယ္။

 

၂၈။ တာဝန္ယူမႈ/တာဝန္ခံမႈ မရွိျခင္း
➖➖➖➖➖➖➖➖➖➖➖
ေခါင္းေဆာင္မႈကို သြားမယ္ဆိုရင္ ၁၀၀ ရာခိုင္ႏႈန္း တာ၀န္ယူမႈ တာ၀န္ခံမႈ လိုလာပါတယ္။ အဲဒီလို မဟုတ္ပဲ အျခားသူေတြကို လက္ညႇိဴးထိုးေနသမွ် ကာလပတ္လုံး ေထာင္ေခ်ာက္မိေနတဲ့ သားေကာင္တစ္ေကာင္ ညည္းတြားေနသကဲ့သို႔ အခက္အခဲကေန လြန္ေျမာက္မည့္နည္းကို ရွာေတြ႕ႏိုင္မည္ မဟုတ္သကဲ့သို႔ ေနာက္ထက္ေအာင္ျမင္မႈ အဆင့္ကိုလည္း ရရွိလာမွာ မဟုတ္ပါဘူး။

 

၂၉။ ပူေပါင္းေဆာင္႐ြက္လိုစိတ္ မရွိျခင္း
➖➖➖➖➖➖➖➖➖➖➖➖
စိတ္ေနသေဘာထားေကာင္းၿပီး အရည္အခ်င္းရွိသူေတြ အျခားသူေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈမရွိတာေၾကာင့္ လုပ္ႏိုင္စြမ္းအားေတြ အကန္႔အသတ္ျဖစ္ၾကရတာေတြ ၾကားဖူးၾကမယ္ထင္ပါတယ္။ အဲဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ လက္ေအာက္ကသူမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ သင့္ရဲ႕ လုပ္ေဆာင္မႈမ်ား ပိုမိုထိေရာက္လာပါလိမ့္မယ္။

 

၃၀။ တစ္ကိုယ္ေကာင္းဆန္ျခင္း
➖➖➖➖➖➖➖➖➖➖
အတၱစိတ္လြန္ကဲျခင္းဟာ လူအမ်ားနဲ႔ ကင္းကြာျခင္းရဲ႕ အေျခခံအေၾကာင္းရင္း ျဖစ္ပါတယ္။ သင့္ဖက္ကိုသာ သင္ၾကည့္ေနသမွ် ကာလပတ္လုံး ပတ္၀န္းက်င္ကသူေတြနဲ႔ ကင္းကြာေနမွာ ျဖစ္ၿပီး သူတို႔ကို ေကာင္းေကာင္းမြန္မြန္ ဦးေဆာင္လာႏိုင္မည္ မဟုတ္ပါ။

 

၃၁။ ကိုယ္ခ်င္းစာစိတ္ မရွိျခင္း
➖➖➖➖➖➖➖➖➖➖
လူမႈဆက္ဆံေရးမွာ ေ႐ႊစည္းကမ္းဆိုတာ ရွိပါတယ္။ အဲဒါကေတာ့ သင့္ကို လာလုပ္ရင္ သင္မႀကိဳက္ေသာအရာကို အျခားသူမ်ားကို မလုပ္ဖို႔ ျဖစ္ပါတယ္။ ကိုယ္ခ်င္းစာစိတ္ဆိုတာဟာ ေခါင္းေဆာင္ေတြမွာ ရွိသင့္တဲ့ အေျခခံ စိတ္ေနစိတ္ထား ျဖစ္ပါတယ္။

 

၃၂။ အလိုက္ မသိျခင္း
➖➖➖➖➖➖➖➖
အလိုက္ကန္းဆိုးနားမလည္ျခင္း၊ အေျခအေနကို မၾကည့္ပဲ လုပ္ခ်င္ရာ လုပ္ျခင္းတို႔ေၾကာင့္ သင့္အေပၚ လူေတြ အထင္အျမင္ေသးႏိုင္ၿပီး လူမႈဆက္ဆံေရးမွာ အဖုအထစ္ေတြ ျဖစ္လာႏိုင္ပါတယ္။ အကယ္၍ သင္သာ အရိပ္အကဲနားလည္လာေအာင္ ႀကိဳးစားလာမယ္ဆိုရင္ လူခ်စ္လူခင္မ်ားလာၿပီး လူအမ်ားကို ၾသဇာေညာင္းတဲ့ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

 

တိုးတက္ေျပာင္းလဲမႈဆိုတာဟာ သင့္ရဲ႕ သိစိတ္ျဖင့္ ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။

 

Credit - Ko Naing Gyi Notes

Read times Last modified on Wednesday, 06 October 2021 10:00
Rate this articles
(1 Vote)