×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Wednesday, 25 October 2017

မင္း တန္ဖိုးက်သြားျပီလား အခ်ိန္ေရ…

မင္း တန္ဖိုးက်သြားျပီလား အခ်ိန္ေရ… google.com

ခုေခတ္မွာဆိုရင္ နည္းပညာေတြက အရမ္းကိုတိုးတက္လာတဲ့အတြက္ တစ္ေန႔တစ္ေန႔ ကြန္ပ်ဴတာေရွ႕ ဖုန္းေရွ႕မွာပဲ အလုပ္ေတြရွဳပ္ကာ အခ်ိန္ေတြကုန္မွန္းမသိကုန္သြားတတ္ပါတယ္။

တစ္ေန႕တစ္ေန႔လည္း အဓိပၸါယ္မရွိျဖတ္သန္းရတဲ့ အခ်ိန္ေတြပိုလာတယ္ေလ။ တစ္ေန႔တာအတြက္ တကယ္ကိုယ့္အတြက္ ေပ်ာ္ရႊင္ျပီး ေက်ေက်နပ္နပ္နဲ႕ အဓိပၸါယ္ရွိတယ္လို႔ ခံစားရတဲ့အခ်ိန္အတိုင္းအတာေလးကို သတိထား မိရဲ႕လား။

နံနက္တိုင္း သင့္ရဲ႕ဘဏ္စာရင္းထဲကို ေဒၚလာ (၈၆၄၀၀) ထုတ္ေပးေနတဲ့ ဘဏ္တစ္ခုရွိတယ္ဆိုပါစို႕။
အဲဒီဘဏ္ဟာ တစ္ေန႕တာလက္က်န္ေငြကို ေနာက္တစ္ေန႕အထိ သယ္ေဆာင္မသြားပါဘူး။ တစ္ေန႕တာအတြက္ အသံုးျပဳရမဲ့ေငြ က်န္ရွိေနေသးတယ္ဆိုရင္ ညေနေရာက္တိုင္း ပယ္ဖ်က္ပစ္ပါ လိမ့္မယ္။ သင္ ဘာလုပ္မလဲ။ က်ိန္းေသတာေပ့ါ…တစ္ျပားမွမက်န္ေအာင္ သံုးပစ္မွာပဲ မဟုတ္လား။

ကြ်န္ေတာ္တို႕ အားလံုးမွာ အဲဒီလိုဘဏ္မ်ိဳး ရွိေနပါတယ္။ အဲဒါကေတာ့ အခ်ိန္ဆိုတဲ့ ဘဏ္ပါ။
နံနက္တိုင္း အခ်ိန္ဆိုတဲ့ဘဏ္ဟာ သင့္ကို (၈၆၄၀၀) စကၠန္႕ ထုတ္ေပးေနပါတယ္။ တစ္ေန႕တာအတြင္း ေကာင္းမြန္စြာ အသံုးမခ်ဘဲ က်န္ေနတဲ့အခ်ိန္ေတြကိုေတာ့ ညေနေရာက္တိုင္း ပယ္ဖ်က္ပစ္ပါတယ္။
အခ်ိန္ဆိုတဲ့ ဘဏ္ဟာ လက္က်န္စာရင္းကို ဆုိင္းထားမွာမဟုတ္ဘူး။ စာရင္းမွာရွိတာထက္ ပိုသံုးလို႕ လည္းမရဘူး။
Recommended for you -
တစ္ခုတည္းေျပာင္းလဲၾကည့္ပါ
ေန႕စဥ္ေန႕တိုင္း သင့္အတြက္ စာရင္းအသစ္ ဖြင့္ေပးေနမွာပါ။ ညေရာက္တဲ့အခါတိုင္း တစ္ေန႕တာ လက္က်န္ကို ပယ္ဖ်က္ပစ္ပါတယ္။ တစ္ေန႕တာ ထုတ္ေပးထားတဲ့ ပမာဏကို အက်ိဳးရွိရွိ အသံုးမျပဳမိခဲ့ဘူး ဆိုရင္ေတာ့ အဲဒီဆံုးရႈံးမႈဟာ သင့္ေၾကာင့္ျဖစ္ရတာပါ။ ဆံုးရံႈးသြားတဲ့ အခ်ိန္ကို ျပန္ျပီးမရနုိင္ေတာ့သလို မနက္ျဖန္အတြက္ ၾကိဳတင္ျပင္ဆင္လို႕လည္း မရနိုင္ပါဘူး။ ဒီေန႕ ထုတ္ေပးတဲ့အခ်ိန္ကို္ ဒီေန႕ပဲ အသံုးခ်လိုက္ပါ။

က်န္းမာေရး၊ ေပ်ာ္ရႊင္မႈနဲ႕ ေအာင္ျမင္မႈေတြ အေကာင္းဆံုးရရွိဖို႕ အဲဒီအခ်ိန္ကို ရင္းႏွီးျမွဳပ္ႏွံလုိက္ပါ။
နာရီဆုိတာ လည္ပတ္ေနတာပါ။ တစ္ေန႕တာရဲ႕ အခ်ိန္အမ်ားစုကို အက်ိဳးရွိရွိ အသံုးခ်လိုက္ပါ။

တစ္ႏွစ္တန္ဖိုးကို သိခ်င္ရင္ စာေမးပြဲက်တဲ့ ေက်ာင္းသားတစ္ဦးကို ေမးၾကည့္ပါ။

တစ္လတန္ဖိုးကို သိခ်င္ရင္ လမေစ့ဘဲ ကေလးေမြးခဲ့တဲ့ မိခင္တစ္ဦးကို ေမးၾကည့္ပါ။

တစ္ပတ္တန္ဖိုးကို သိခ်င္ရင္ အပတ္စဥ္ထုတ္သတင္းစာရဲ႕ အယ္ဒီတာကို ေမးၾကည့္ပါ။

တစ္နာရီတန္ဖိုးကို သိခ်င္ရင္ ေတြ႕ဖို႕ေစာင့္ေနၾကတဲ့ ခ်စ္သူႏွစ္ဦးကိုေမးၾကည့္ပါ။

တစ္မိနစ္တန္ဖိုးကို သိခ်င္ရင္ ရထားမမီျဖစ္သြားတဲ့ လူတစ္ဦးကိုေမးၾကည့္ပါ။

တစ္စကၠန္႕တန္ဖိုးကို သိခ်င္ရင္ မေတာ္တဆျဖစ္ရပ္တစ္ခုမွ သီသီေလးလြတ္သြားတဲ့ လူတစ္ဦးကို ေမးၾကည့္ပါ။
Recommended for you -
တည္ျငိမ္ရင့္က်က္သူတို႔ရဲ႕ အမူအက်င့္မ်ား
သင့္မွာရွိေနတဲ့ တဒဂၤ အခ်ိန္ကာလတိုင္းကိုလည္း တန္ဖိုးထားပါ။ သင့္ရဲ႕အခ်ိန္ကို ထိုက္တန္တဲ့ တစ္စံုတစ္ဦးနဲ႕ အသံုးခ်ျပီး ခံစားေပ်ာ္ရႊင္နုိင္တဲ့ အတြက္ေၾကာင့္ အဲဒီအခ်ိန္ေလးေတြကို ပုိျပီးတန္ဖိုးထားပါ။
အခ်ိန္ဟာ မည္သူ႕ကိုမွ မေစာင့္ဘူးဆိုတာ သတိရပါ။
မေန႕ကဆိုတာ ျပီးဆံုးခဲ့တဲ့ သမိုင္းမွတ္တမ္းမ်ွသာ။
မနက္ျဖန္ဆုိတာ မျဖစ္နိုင္ေသးတဲ့ ဒ႑ာရီမွ်သာ။
ဒီေန႕ဆိုတာ လက္ေဆာင္တစ္ခုပါ။ ဒီေတာ့ လက္ရွိတစ္ေန႕တာကိုပဲ အက်ိဳးရွိရွိ အသံုးခ်လိုက္ပါ။

Time is like money in the bank by unknown ကို ကိုေနလင္းေအာင္ ဘာသာျပန္ဆိုထားတာကုိ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

အက်ိဳးရွိတဲ့အခ်ိန္ေတြကုိ တန္ဖိုးရွိရွိအသံုးခ်ဖို႔အတြက္ sayar.com.mm မွာရွိတဲ့ ဘာသာရပ္ေတြထဲက စိတ္ဝင္စားတဲ့ပညာရပ္တစ္ခုကို ရွာေဖြျပီး သင္ယူလိုက္ပါ။

[Unicode Version]

ခုခေတ်မှာဆိုရင် နည်းပညာတွေက အရမ်းကိုတိုးတက်လာတဲ့အတွက် တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့ ဖုန်းရှေ့မှာပဲ အလုပ်တွေရှုပ်ကာ အချိန်တွေကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ တစ်နေ့တစ်နေ့လည်း အဓိပ္ပါယ်မရှိဖြတ်သန်းရတဲ့ အချိန်တွေပိုလာတယ်လေ။ တစ်နေ့တာအတွက် တကယ်ကိုယ့်အတွက် ပျော်ရွှင်ပြီး ကျေကျေနပ်နပ်နဲ့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတဲ့အချိန်အတိုင်းအတာလေးကို သတိထား မိရဲ့လား။
နံနက်တိုင်း သင့်ရဲ့ဘဏ်စာရင်းထဲကို ဒေါ်လာ (၈၆၄၀၀) ထုတ်ပေးနေတဲ့ ဘဏ်တစ်ခုရှိတယ်ဆိုပါစို့။
အဲဒီဘဏ်ဟာ တစ်နေ့တာလက်ကျန်ငွေကို နောက်တစ်နေ့အထိ သယ်ဆောင်မသွားပါဘူး။ တစ်နေ့တာအတွက် အသုံးပြုရမဲ့ငွေ ကျန်ရှိနေသေးတယ်ဆိုရင် ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါ လိမ့်မယ်။ သင် ဘာလုပ်မလဲ။ ကျိန်းသေတာပေ့ါ…တစ်ပြားမှမကျန်အောင် သုံးပစ်မှာပဲ မဟုတ်လား။

ကျွန်တော်တို့ အားလုံးမှာ အဲဒီလိုဘဏ်မျိုး ရှိနေပါတယ်။ အဲဒါကတော့ အချိန်ဆိုတဲ့ ဘဏ်ပါ။
နံနက်တိုင်း အချိန်ဆိုတဲ့ဘဏ်ဟာ သင့်ကို (၈၆၄၀၀) စက္ကန့် ထုတ်ပေးနေပါတယ်။ တစ်နေ့တာအတွင်း ကောင်းမွန်စွာ အသုံးမချဘဲ ကျန်နေတဲ့အချိန်တွေကိုတော့ ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါတယ်။
အချိန်ဆိုတဲ့ ဘဏ်ဟာ လက်ကျန်စာရင်းကို ဆိုင်းထားမှာမဟုတ်ဘူး။ စာရင်းမှာရှိတာထက် ပိုသုံးလို့ လည်းမရဘူး။

Recommended for you - တစ်ခုတည်းပြောင်းလဲကြည့်ပါ

နေ့စဉ်နေ့တိုင်း သင့်အတွက် စာရင်းအသစ် ဖွင့်ပေးနေမှာပါ။  ညရောက်တဲ့အခါတိုင်း တစ်နေ့တာ လက်ကျန်ကို ပယ်ဖျက်ပစ်ပါတယ်။  တစ်နေ့တာ ထုတ်ပေးထားတဲ့ ပမာဏကို အကျိုးရှိရှိ အသုံးမပြုမိခဲ့ဘူး ဆိုရင်တော့ အဲဒီဆုံးရှုံးမှုဟာ သင့်ကြောင့်ဖြစ်ရတာပါ။ ဆုံးရှုံးသွားတဲ့ အချိန်ကို ပြန်ပြီးမရနိုင်တော့သလို မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်လို့လည်း မရနိုင်ပါဘူး။ ဒီနေ့ ထုတ်ပေးတဲ့အချိန်ကို် ဒီနေ့ပဲ အသုံးချလိုက်ပါ။

ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေ အကောင်းဆုံးရရှိဖို့ အဲဒီအချိန်ကို ရင်းနှီးမြှုပ်နှံလိုက်ပါ။
နာရီဆိုတာ လည်ပတ်နေတာပါ။ တစ်နေ့တာရဲ့ အချိန်အများစုကို အကျိုးရှိရှိ အသုံးချလိုက်ပါ။

တစ်နှစ်တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားတစ်ဦးကို မေးကြည့်ပါ။

တစ်လတန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးခဲ့တဲ့ မိခင်တစ်ဦးကို မေးကြည့်ပါ။

တစ်ပတ်တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာကို မေးကြည့်ပါ။

တစ်နာရီတန်ဖိုးကို သိချင်ရင် တွေ့ဖို့စောင့်နေကြတဲ့ ချစ်သူနှစ်ဦးကိုမေးကြည့်ပါ။

တစ်မိနစ်တန်ဖိုးကို သိချင်ရင် ရထားမမီဖြစ်သွားတဲ့ လူတစ်ဦးကိုမေးကြည့်ပါ။

တစ်စက္ကန့်တန်ဖိုးကို သိချင်ရင် မတော်တဆဖြစ်ရပ်တစ်ခုမှ သီသီလေးလွတ်သွားတဲ့ လူတစ်ဦးကို မေးကြည့်ပါ။

Recommended for you - တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်များ

သင့်မှာရှိနေတဲ့ တဒင်္ဂ အချိန်ကာလတိုင်းကိုလည်း တန်ဖိုးထားပါ။ သင့်ရဲ့အချိန်ကို ထိုက်တန်တဲ့ တစ်စုံတစ်ဦးနဲ့ အသုံးချပြီး ခံစားပျော်ရွှင်နိုင်တဲ့ အတွက်ကြောင့် အဲဒီအချိန်လေးတွေကို ပိုပြီးတန်ဖိုးထားပါ။

အချိန်ဟာ မည်သူ့ကိုမှ မစောင့်ဘူးဆိုတာ သတိရပါ။
မနေ့ကဆိုတာ ပြီးဆုံးခဲ့တဲ့ သမိုင်းမှတ်တမ်းမျှသာ။
မနက်ဖြန်ဆိုတာ မဖြစ်နိုင်သေးတဲ့ ဒဏ္ဍာရီမျှသာ။
ဒီနေ့ဆိုတာ လက်ဆောင်တစ်ခုပါ။ ဒီတော့ လက်ရှိတစ်နေ့တာကိုပဲ အကျိုးရှိရှိ အသုံးချလိုက်ပါ။
Time is like money in the bank by unknown ကို ကိုနေလင်းအောင် ဘာသာပြန်ဆိုထားတာကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

အကျိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့အတွက် sayar.com.mm မှာရှိတဲ့ ဘာသာရပ်တွေထဲက စိတ်ဝင်စားတဲ့ပညာရပ်တစ်ခုကို ရှာဖွေပြီး သင်ယူလိုက်ပါ။

Read times Last modified on Monday, 30 December 2019 15:17
Rate this articles
(2 votes)