×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 19 February 2018

သင္သည္ အခ်ိန္ကို ခိုးယူေနသူေလာ၊ အခိုးခံေနရသူေလာ

သင္သည္ အခ်ိန္ကို ခိုးယူေနသူေလာ၊ အခိုးခံေနရသူေလာ google.com

လူသားတိုင္းအတြက္ ေန႕စဥ္ႏွင့္အမွ် သာတူညီမွ် ရရွိေနၾကသည္၊ ပိုင္ဆိုင္ခြင့္ရၾကသည္မွာ အခ်ိန္(Time) ပင္ျဖစ္သည္။ ထိုသို႔ အခ်ိန္ကို စနစ္တက် စီမံခန႔္ခြဲတတ္မႈအေပၚတြင္ မူတည္ၿပီး လူတစ္ဦးႏွင့္တစ္ဦး ေအာင္ျမင္မႈ က်ရႈံးမႈတို႔ကလည္း မတူညီတတ္ၾကေပ။

သက္ဆိုင္ရာ နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ ေက်ာ္ၾကား ထင္ရွားသူမ်ား သည္ မိမိတို႔၏ ကိုယ္ပိုင္အခ်ိန္မ်ားကို စနစ္တက် စီမံခန႔္ခြဲတတ္သူမ်ား၊ အခ်ိန္ကို တန္းဖိုးရွိစြာ အက်ိဳးရွိစြာ အသုံးခ်တတ္သူမ်ား၊ ကိုယ္ပိုင္ အခ်ိန္ဇယားျဖင့္ ဘဝကို ျဖတ္သန္းၾကသူမ်ားျဖစ္သည္ကို ေလ့လာေတြ႕ရွိရသည္။

ကြၽန္ေတာ္ ဆယ္တန္းေက်ာင္းသား အ႐ြယ္က အခ်ိန္ ခြဲေဝသုံးစြဲမႈႏွင့္ ပတ္သက္ၿပီး ဆရာတစ္ဦး ေျပာျပခဲ့ေသာ စကားမ်ားက ကြၽန္ေတာ့္အတြက္ တန္းဖိုးႀကီးမားလွသည္။ ဆရာက သူ၏တစ္ေန႕တာ ျဖတ္သန္းမႈ၊ တစ္လတာ ျဖတ္သန္းမႈ၊ တစ္ႏွစ္တာ ျဖတ္သန္းမႈတို႔ကို အခ်ိန္ဇယားတစ္ခု ျပဳလုပ္ၿပီး ဘဝကို ျဖတ္သန္းသည္။ သူ၏ အလုပ္ၿပီးေျမာက္မႈ၊ အလုပ္တိုးတက္မႈ၊ စီးပြားဥစၥာ တိုးတက္မႈတို႔ကိုလည္း ကုန္လြန္သြားခဲ့ေသာ အခ်ိန္မ်ားႏွင့္ အၿမဲတမ္း ႏွိုင္းယွဥ္သည္။ တိုးတက္မႈ မရွိဘဲ က်ဆဳံးမႈ ဆုတ္ယုတ္မႈတို႔ရွိခဲ့ပါက သူ၏ အခ်ိန္ခြဲေဝ သုံးစြဲမႈ မွားယြင္းေန ျခင္း ရွိ မရွိကို တစ္ဖန္ျပန္၍ ဆန္းစစ္တတ္သူ ျဖစ္သည္။

(က) ကုသိုလ္ရရွိေအာင္ ျပဳမူေနထိုင္ျခင္း

(ခ) ဥစၥာဓန တိုးပြားေအာင္ ရွာေဖြျခင္း

(ဂ) ပညာ တိုးတက္ေအာင္ ဆက္လက္၍ သင္ယူမႈျပဳျခင္း

(ဃ) အသိပညာ ဗဟုသုတမ်ား တိုးပြားေအာင္ ရွာေဖြ ေလ့လာျခင္း

(င) မိတ္ေဆြေကာင္း မိတ္ေဆြသစ္မ်ား တိုးပြားေအာင္ ရွာေဖြျခင္း စသည့္ အခ်က္(၅)ခ်က္ကို ဆရာက လက္ကိုင္ျပဳထားသည္။ တစ္ေန႕တာတြင္ ထိုအခ်က္ (၅)ခ်က္ထဲမွ တစ္ခ်က္ (သို႔မဟုတ္) ႏွစ္ခ်က္ သုံးခ်က္ မရရွိခဲ့ပါက ထိုေနသည္ ဆရာအတြက္ အဓိပၸါယ္ မရွိေသာေန႕၊ အဓိပၸါယ္မဲ့ေသာေန႕ တစ္ေန႕အျဖစ္ သက္မွတ္ထားသူ ျဖစ္သည္။ ကြၽန္ေတာ္ကိုလည္း သူကဲ့သို႔ တစ္ေန႕တာ ျဖတ္သန္းမႈကို အတုယူရန္ ဆရာက အၿမဲတိုက္တြန္းတတ္သည္။ သို႔ေသာ္ လည္း ကြၽန္ေတာ္က သည္ကေန႕အခ်ိန္ထိ ဆရာကဲ့သို႔ အခ်ိန္ကို တန္ဖိုးရွိစြာ အက်ိဳးရွိစြာ အသုံးမခ်တတ္ေသးေပ။

Recommended for you - ေအာင္ျမင္မွဳလမ္းေၾကာင္းကို ဖန္တီးေပးနိုင္တာက

ေန႕စဥ္ တန္ဖိုးမဲ့ အဓိပၸါယ္မဲ့ ကုန္ဆုံးသြားေသာ အခ်ိန္မ်ားက တစ္ေန႕ နာရီေပါင္း သုံးေလးငါးနာရီ၊ တစ္လ နာရီေပါင္း တစ္ရာ ႏွစ္ရာ၊ တစ္ႏွစ္ နာရီေပါင္း တစ္ေထာင္ တစ္ေထာင့္ငါးရာ ျဖဳန္းတီးမိေနသည္။ ထိုသို႔ ျဖဳန္းတီးမိ ေသာ ကိုယ္ပိုင္အခ်ိန္မ်ားသည္ ကြၽန္ေတာ့္၏ ညံ့ဖ်င္းမႈ အပ်င္းထူမႈ အားနာတတ္မႈတို႔ေၾကာင့္ျဖစ္သလို သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းမ်ား၏ အခ်ိန္ခိုးယူမႈတို႔ေၾကာင့္လည္း ျဖစ္သည္။ တန္ဖိုးမဲ့ အဓိပၸါယ္မဲ့ ျဖဳန္းတီးမိေသာ နာရီေပါင္းမ်ားစြာကို လြန္စြာ ႏွေမ်ာမိသည္။ ကုန္ဆုံးသြားေသာ အခ်ိန္မ်ားကို ေငြျဖင့္ တန္ဖိုးသင့္ၿပီး ေပးဝယ္၍လည္း မရနိုင္ေတာ့ေပ။ အခ်ိန္လြန္ အခ်ိန္ေႏွာင္းမွ ေနာင္တရမိျခင္းသည္ အခ်ည္းအႏွီးသာျဖစ္ရသည္။

ကြၽန္ေတာ္တို႔ ျမန္မာ့ လူ႕ေဘာင္အဖြဲ႕အစည္းတြင္ အခ်ိန္ကို တန္ဖိုးထားသူ၊ အခ်ိန္တိက်သဴ အေရအတြက္မွာ လူတစ္ရာလွ်င္ လူငါးဆယ္ပင္ ရွိနိုင္မည္ မဟုတ္ပါ။ လူတိုင္းနီးပါးက အခ်ိန္ကို ခိုးယူေနၾကသူ အခိုးခံေနရသူမ်ား သာ ျဖစ္ေနၾကသည္။ မိမိက မိမိအခ်ိန္ကို မခိုးလွ်င္ တစ္ပါးသူက မိမိ၏ အခ်ိန္မ်ားကို ခိုးယူေနၾကသည္။

” သူငယ္ခ်င္းေရ… မင္းနဲ႕ငါ ေန႕လယ္စား စားရင္ ပုံမွန္အခ်ိန္မွာ ဆုံၾကမယ္ ”

” မင္းနဲ႕ငါ ေန႕လယ္(၁၂)နာရီ ဝန္းက်င္ေလာက္ ဆုံၾကမယ္ ”

” မင္းနဲ႕ငါ ညပိုင္း ေတြ႕ေနက် ေနရာ၊ ေတြ႕ေနက် အခ်ိန္မွာ ဆုံမယ္ေနာ္ ”

ထိုကဲ့သို႔ သူငယ္ခ်င္း မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း အလုပ္ကိစၥ ေဆြးေႏြးတိုင္ပင္ရန္ ခ်ိန္းဆိုလွ်င္ပင္ အခ်ိန္တိက်စြာ ခ်ိန္းဆိုမႈ မရွိ။ အရင္ေရာက္ႏွင့္သူက ေနာက္လူေရာက္လာသည့္ အခ်ိန္ထိ စိတ္ႀကိဳက္ အခ်ိန္ျဖဳန္းၿပီး ေစာင့္ၾကရစၿမဲပင္။

Recommended for you - ေက်ာင္းသားမ်ားအတြက္ မွတ္ဥာဏ္ေကာင္းျပီး ခြန္အားျဖစ္ေစနိုင္မယ့္ အစားအေသာက္မ်ား

ျမန္မာျပည္၏ေနရာ အႏွံ႕အျပားတြင္ စိတ္ႀကိဳက္ အခ်ိန္ျဖဳန္းနိုင္ရန္ ေနရာမ်ားကလည္း ေနရာတိုင္းမွာပင္ အဆင္သင့္ရွိေနၾက၏။ လက္ဖက္ရည္ဆိုင္၊ ထမင္းဆိုင္၊ အေအးဆိုင္၊ အရက္ ဘီယာဆိုင္စသည့္ ဆိုင္မ်ားအားလုံးက လည္း မိမိ စိတ္ႀကိဳက္ အခ်ိန္ျဖဳန္းနိုင္ရန္ အခြင့္အေရး အျပည့္ရွိသည္။ မည္သည့္ဆိုင္ကမွ အခ်ိန္ၾကာျမင့္စြာ ေနထိုင္ ျခင္းအတြက္ ေငြေၾကး အသျပာ တစ္ျပား တစ္က်ပ္မွ်ပင္ ေတာင္းခံျခင္း မရွိၾက။ ဆိုင္းတိုင္းလိုလိုပင္ ၾကည္ၾကည္ျဖဴျဖဴ စိတ္ႀကိဳက္ ေနထိုင္ခြင့္ေပးထားၾကသည္။
မိမိ၏ ကိုယ္ပိုင္အခ်ိန္ကို တန္ဖိုးရွိရွိ အဓိပၸါယ္ရွိရွိ အသုံးခ်ရန္ ကြၽန္ေတာ္ စတင္လုပ္ေဆာင္ေသာအခါတြင္ အခက္အခဲေပါင္းမ်ားစြာႏွင့္ ေန႕စဥ္ ႀကဳံေတြ႕ေနရသည္။

အလုပ္ကိစၥခ်ိန္းဆိုလွ်င္ပင္ ကြၽန္ေတာ္ ခ်ိန္းဆိုထားသူက ခ်ိန္းဆိုထားသည့္ အခ်ိန္တြင္ အခ်ိန္မီ ေရာက္မလာၾကသည္က မ်ားသည္။ အၿမဲတမ္း အခ်ိန္ေနာက္က်မွသာ ခ်ိန္းဆို ထားသည့္ ေနရာကို ေရာက္လာတတ္ၾကသည္။ ကြၽန္ေတာ္က အခ်ိန္ တိက်သဴ အခ်ိန္ကို တန္ဖိုးထားသူျဖစ္ရန္ ႀကိဳးစားတိုင္း တစ္ဖက္လူကို အားနာတတ္သျဖင့္ သူတစ္ပါးက မိမိ၏ အခ်ိန္ ခိုးယူေနမႈကို ၾကည္ၾကည္ျဖဴျဖဴႏွင့္ လက္ခံခြင့္ျပဳေနရသည္။

အခ်ိန္ကာလ ၾကာေညာင္းလာသည့္ႏွင့္အမွ် အခ်ိန္ကို မေလးစားသူ တစ္ပါးသူမ်ား၏ အခ်ိန္မ်ားကို ေပၚတင္ ခိုးယူေနၾကေသာ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို ကြၽန္ေတာ္ လြန္စြာ မုန္းတီးမိသည္။ တစ္ပါးသူက မိမိႏွင့္ေတြ႕ဆုံရန္ ခ်ိန္းဆိုလာလွ်င္ပင္ အခ်ိန္မီ သြားေရာက္နိုင္ရန္ ကြၽန္ေတာ္ အထူး ႀကိဳးစားေနရသည္။ မိမိက တစ္ပါးသူ၏ ကိုယ္ပိုင္ အခ်ိန္မ်ားကို ခိုးယူသူ မျဖစ္ေအာင္ အထူး ဂ႐ုျပဳသည္။ တစ္ခါတစ္ရံမွာေတာ့ မိမိကိုယ္တိုင္ပင္ တစ္ပါးသူ၏ တန္းဖိုးရွိေသာ အခ်ိန္မ်ားကို ခိုးယူေနသူ ျဖစ္ေနရျပန္သည္။

Recommended for you - စာေမးပြဲအတြက္ အခ်ိန္ကုိ ဘယ္လိုစီမံခန္႔ခြဲရမလဲ ???

ထိုကဲ့သို႔ ကြၽန္ေတာ္တို႔ ျမန္မာျပည္သူ ျပည္သားမ်ားသည္ အခ်ိန္ခိုးယူသူျဖစ္လိုက္ အခ်ိန္အခိုးခံရသူ ျဖစ္လိုက္ႏွင့္ မဆုံးနိုင္ေသာ သံသရာလည္ေနေတာ့သည္။ အခ်ိန္ကို တန္ဖိုးရွိစြာ အသုံးခ်နိဳင္မႈ နည္းပါးျခင္းတို႔ေၾကာင့္ ကြၽန္ေတာ္တို႔၏ အမိျမန္မာျပည္သည္ ကမာၻ႔အလယ္တြင္ အစစ အရာရာ က႑ေပါင္းစုံ ဖြံ႕ၿဖိဳးမႈ ေနာက္က်က်န္ခဲ့ရ သည္ မဟုတ္ပါလား… ။

ျမန္မာျပည္သူ ျပည္သားမ်ား အခ်ိန္ကို ေလးစား တန္ဖိုးထားသူမ်ား အခ်ိန္ကို တန္ဖိုးရွိစြာ အသုံးခ်သဴမ်ား ျဖစ္ၾကပါေစေသာ္ဝ္…. ။

Credit: ဟန္သုေသာ္

[Unicode Version]

လူသားတိုင်းအတွက် နေ့စဉ်နှင့်အမျှ သာတူညီမျှ ရရှိနေကြသည်၊ ပိုင်ဆိုင်ခွင့်ရကြသည်မှာ အချိန်(Time) ပင်ဖြစ်သည်။ ထိုသို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်မှုအပေါ်တွင် မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦး အောင်မြင်မှု ကျရှုံးမှုတို့ကလည်း မတူညီတတ်ကြပေ။

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင် ကျော်ကြား ထင်ရှားသူများ သည် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို စနစ်တကျ စီမံခန့်ခွဲတတ်သူများ၊ အချိန်ကို တန်းဖိုးရှိစွာ အကျိုးရှိစွာ အသုံးချတတ်သူများ၊ ကိုယ်ပိုင် အချိန်ဇယားဖြင့် ဘဝကို ဖြတ်သန်းကြသူများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

ကျွန်တော် ဆယ်တန်းကျောင်းသား အရွယ်က အချိန် ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်ပြီး ဆရာတစ်ဦး ပြောပြခဲ့သော စကားများက ကျွန်တော့်အတွက် တန်းဖိုးကြီးမားလှသည်။ ဆရာက သူ၏တစ်နေ့တာ ဖြတ်သန်းမှု၊ တစ်လတာ ဖြတ်သန်းမှု၊ တစ်နှစ်တာ ဖြတ်သန်းမှုတို့ကို အချိန်ဇယားတစ်ခု ပြုလုပ်ပြီး ဘဝကို ဖြတ်သန်းသည်။ သူ၏ အလုပ်ပြီးမြောက်မှု၊ အလုပ်တိုးတက်မှု၊ စီးပွားဥစ္စာ တိုးတက်မှုတို့ကိုလည်း ကုန်လွန်သွားခဲ့သော အချိန်များနှင့် အမြဲတမ်း နှိုင်းယှဉ်သည်။ တိုးတက်မှု မရှိဘဲ ကျဆုံးမှု ဆုတ်ယုတ်မှုတို့ရှိခဲ့ပါက သူ၏ အချိန်ခွဲဝေ သုံးစွဲမှု မှားယွင်းနေ ခြင်း ရှိ မရှိကို တစ်ဖန်ပြန်၍ ဆန်းစစ်တတ်သူ ဖြစ်သည်။

(က) ကုသိုလ်ရရှိအောင် ပြုမူနေထိုင်ခြင်း

(ခ) ဥစ္စာဓန တိုးပွားအောင် ရှာဖွေခြင်း

(ဂ) ပညာ တိုးတက်အောင် ဆက်လက်၍ သင်ယူမှုပြုခြင်း

(ဃ) အသိပညာ ဗဟုသုတများ တိုးပွားအောင် ရှာဖွေ လေ့လာခြင်း

(င) မိတ်ဆွေကောင်း မိတ်ဆွေသစ်များ တိုးပွားအောင် ရှာဖွေခြင်း စသည့် အချက်(၅)ချက်ကို ဆရာက လက်ကိုင်ပြုထားသည်။ တစ်နေ့တာတွင် ထိုအချက် (၅)ချက်ထဲမှ တစ်ချက် (သို့မဟုတ်) နှစ်ချက် သုံးချက် မရရှိခဲ့ပါက ထိုနေသည် ဆရာအတွက် အဓိပ္ပါယ် မရှိသောနေ့၊ အဓိပ္ပါယ်မဲ့သောနေ့ တစ်နေ့အဖြစ် သက်မှတ်ထားသူ ဖြစ်သည်။ ကျွန်တော်ကိုလည်း သူကဲ့သို့ တစ်နေ့တာ ဖြတ်သန်းမှုကို အတုယူရန် ဆရာက အမြဲတိုက်တွန်းတတ်သည်။ သို့သော် လည်း ကျွန်တော်က သည်ကနေ့အချိန်ထိ ဆရာကဲ့သို့ အချိန်ကို တန်ဖိုးရှိစွာ အကျိုးရှိစွာ အသုံးမချတတ်သေးပေ။

Recommended for you - အောင်မြင်မှုလမ်းကြောင်းကို ဖန်တီးပေးနိုင်တာက

နေ့စဉ် တန်ဖိုးမဲ့ အဓိပ္ပါယ်မဲ့ ကုန်ဆုံးသွားသော အချိန်များက တစ်နေ့ နာရီပေါင်း သုံးလေးငါးနာရီ၊ တစ်လ နာရီပေါင်း တစ်ရာ နှစ်ရာ၊ တစ်နှစ် နာရီပေါင်း တစ်ထောင် တစ်ထောင့်ငါးရာ ဖြုန်းတီးမိနေသည်။ ထိုသို့ ဖြုန်းတီးမိ သော ကိုယ်ပိုင်အချိန်များသည် ကျွန်တော့်၏ ညံ့ဖျင်းမှု အပျင်းထူမှု အားနာတတ်မှုတို့ကြောင့်ဖြစ်သလို သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ၏ အချိန်ခိုးယူမှုတို့ကြောင့်လည်း ဖြစ်သည်။ တန်ဖိုးမဲ့ အဓိပ္ပါယ်မဲ့ ဖြုန်းတီးမိသော နာရီပေါင်းများစွာကို လွန်စွာ နှမျောမိသည်။ ကုန်ဆုံးသွားသော အချိန်များကို ငွေဖြင့် တန်ဖိုးသင့်ပြီး ပေးဝယ်၍လည်း မရနိုင်တော့ပေ။ အချိန်လွန် အချိန်နှောင်းမှ နောင်တရမိခြင်းသည် အချည်းအနှီးသာဖြစ်ရသည်။

ကျွန်တော်တို့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် အချိန်ကို တန်ဖိုးထားသူ၊ အချိန်တိကျသူ အရေအတွက်မှာ လူတစ်ရာလျှင် လူငါးဆယ်ပင် ရှိနိုင်မည် မဟုတ်ပါ။ လူတိုင်းနီးပါးက အချိန်ကို ခိုးယူနေကြသူ အခိုးခံနေရသူများ သာ ဖြစ်နေကြသည်။ မိမိက မိမိအချိန်ကို မခိုးလျှင် တစ်ပါးသူက မိမိ၏ အချိန်များကို ခိုးယူနေကြသည်။

” သူငယ်ချင်းရေ… မင်းနဲ့ငါ နေ့လယ်စား စားရင် ပုံမှန်အချိန်မှာ ဆုံကြမယ် ”

” မင်းနဲ့ငါ နေ့လယ်(၁၂)နာရီ ဝန်းကျင်လောက် ဆုံကြမယ် ”

” မင်းနဲ့ငါ ညပိုင်း တွေ့နေကျ နေရာ၊ တွေ့နေကျ အချိန်မှာ ဆုံမယ်နော် ”

ထိုကဲ့သို့ သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အလုပ်ကိစ္စ ဆွေးနွေးတိုင်ပင်ရန် ချိန်းဆိုလျှင်ပင် အချိန်တိကျစွာ ချိန်းဆိုမှု မရှိ။ အရင်ရောက်နှင့်သူက နောက်လူရောက်လာသည့် အချိန်ထိ စိတ်ကြိုက် အချိန်ဖြုန်းပြီး စောင့်ကြရစမြဲပင်။

Recommended for you - ကျောင်းသားများအတွက် မှတ်ဉာဏ်ကောင်းပြီး ခွန်အားဖြစ်စေနိုင်မယ့် အစားအသောက်များ

မြန်မာပြည်၏နေရာ အနှံ့အပြားတွင် စိတ်ကြိုက် အချိန်ဖြုန်းနိုင်ရန် နေရာများကလည်း နေရာတိုင်းမှာပင် အဆင်သင့်ရှိနေကြ၏။ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အအေးဆိုင်၊ အရက် ဘီယာဆိုင်စသည့် ဆိုင်များအားလုံးက လည်း မိမိ စိတ်ကြိုက် အချိန်ဖြုန်းနိုင်ရန် အခွင့်အရေး အပြည့်ရှိသည်။ မည်သည့်ဆိုင်ကမှ အချိန်ကြာမြင့်စွာ နေထိုင် ခြင်းအတွက် ငွေကြေး အသပြာ တစ်ပြား တစ်ကျပ်မျှပင် တောင်းခံခြင်း မရှိကြ။ ဆိုင်းတိုင်းလိုလိုပင် ကြည်ကြည်ဖြူဖြူ စိတ်ကြိုက် နေထိုင်ခွင့်ပေးထားကြသည်။
မိမိ၏ ကိုယ်ပိုင်အချိန်ကို တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ အသုံးချရန် ကျွန်တော် စတင်လုပ်ဆောင်သောအခါတွင် အခက်အခဲပေါင်းများစွာနှင့် နေ့စဉ် ကြုံတွေ့နေရသည်။

အလုပ်ကိစ္စချိန်းဆိုလျှင်ပင် ကျွန်တော် ချိန်းဆိုထားသူက ချိန်းဆိုထားသည့် အချိန်တွင် အချိန်မီ ရောက်မလာကြသည်က များသည်။ အမြဲတမ်း အချိန်နောက်ကျမှသာ ချိန်းဆို ထားသည့် နေရာကို ရောက်လာတတ်ကြသည်။ ကျွန်တော်က အချိန် တိကျသူ အချိန်ကို တန်ဖိုးထားသူဖြစ်ရန် ကြိုးစားတိုင်း တစ်ဖက်လူကို အားနာတတ်သဖြင့် သူတစ်ပါးက မိမိ၏ အချိန် ခိုးယူနေမှုကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံခွင့်ပြုနေရသည်။

အချိန်ကာလ ကြာညောင်းလာသည့်နှင့်အမျှ အချိန်ကို မလေးစားသူ တစ်ပါးသူများ၏ အချိန်များကို ပေါ်တင် ခိုးယူနေကြသော မိတ်ဆွေ သူငယ်ချင်းများကို ကျွန်တော် လွန်စွာ မုန်းတီးမိသည်။ တစ်ပါးသူက မိမိနှင့်တွေ့ဆုံရန် ချိန်းဆိုလာလျှင်ပင် အချိန်မီ သွားရောက်နိုင်ရန် ကျွန်တော် အထူး ကြိုးစားနေရသည်။ မိမိက တစ်ပါးသူ၏ ကိုယ်ပိုင် အချိန်များကို ခိုးယူသူ မဖြစ်အောင် အထူး ဂရုပြုသည်။ တစ်ခါတစ်ရံမှာတော့ မိမိကိုယ်တိုင်ပင် တစ်ပါးသူ၏ တန်းဖိုးရှိသော အချိန်များကို ခိုးယူနေသူ ဖြစ်နေရပြန်သည်။

Recommended for you - စာမေးပွဲအတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ ???

ထိုကဲ့သို့ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် အချိန်ခိုးယူသူဖြစ်လိုက် အချိန်အခိုးခံရသူ ဖြစ်လိုက်နှင့် မဆုံးနိုင်သော သံသရာလည်နေတော့သည်။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်မှု နည်းပါးခြင်းတို့ကြောင့် ကျွန်တော်တို့၏ အမိမြန်မာပြည်သည် ကမ္ဘာ့အလယ်တွင် အစစ အရာရာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရ သည် မဟုတ်ပါလား… ။

မြန်မာပြည်သူ ပြည်သားများ အချိန်ကို လေးစား တန်ဖိုးထားသူများ အချိန်ကို တန်ဖိုးရှိစွာ အသုံးချသူများ ဖြစ်ကြပါစေသော်ဝ်…. ။

Credit: ဟန်သုသော်

 

 

Read times Last modified on Monday, 30 December 2019 16:49
Rate this articles
(1 Vote)