×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 16 January 2018

သိန္းတစ္ေထာင္ေက်ာ္ ($80,000) ခ်ီးျမွင့္မည့္ ျဗိတိသွ်ေကာင္စီမွ IELTS Prize

သိန္းတစ္ေထာင္ေက်ာ္ ($80,000) ခ်ီးျမွင့္မည့္ ျဗိတိသွ်ေကာင္စီမွ IELTS Prize google.com

အေမရိကန္ေဒၚလာ ၈၀,၀၀၀ ေက်ာ္ကုိ ၂၀၁၈ ပညာသင္နွစ္တြင္ ျပည္တြင္းတြင္ (သို႔) ျပည္ပတြင္ ဘြဲ႔ၾကိဳ (သို႔) ဘြဲ႕လြန္သင္တန္းမ်ား တက္ေရာက္မည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ျဗိတိသွ်ေကာင္စီ မွ ေပးအပ္မည္။ ျဗိတိသွ်ေကာင္စီ IELTS Prize ၂၀၁၇/၁၈ ေပးအပ္ရန္ ေလွ်ာက္လႊာမ်ား စတင္ေခၚယူေနျပီ ျဖစ္သည္။

ျမန္မာနိုင္ငံမွ ေက်ာင္သားမ်ားအတြက္ အေမရိကန္ေဒၚလာ ၇,၉၈၀ တန္ဖိုးရွိ ျပည္တြင္းဆုသံုးဆု၊ အေရွ႕အာရွေဒသတြင္းရွိ ေဒသဆိုင္ရာမွ ေက်ာင္းသားမ်ားအတြက္ အေမရိကန္ေဒၚလာ ၇၃,၁၅၀ တန္ဖိုးရွိ ေဒသဆိုင္ရာဆုမ်ားကို ခ်ီးျမွင့္သြားမည္ျဖစ္သည္။

IELTS Prize အား ၂၀၁၁ ခုႏွစ္မွ စတင္အေကာင္အထည္ေဖာ္ခဲ့ျပီး မိမိတို႔သြားေရာက္ ပညာသင္ၾကားလို သည့္ နိုင္ငံမ်ားျဖစ္သည့္ ယူေက၊ ယူအက္စ္ေအ၊ ကေနဒါနွင့္ ၾသစေၾတးလ်တို႔တြင္ တကၠသိုလ္ပညာ သင္ၾကားနိုင္ရန္ ထူးခြ်န္သည့္ေက်ာင္းသား ၈၀ ေက်ာ္ကို IELTS Prize ဆုမ်ား ခ်ီးျမွင့္ခဲ့သည္။ IELTS Prize ရရွိသူမ်ားသည္ ေဆးပညာ၊ နိုင္ငံတကာဆက္ဆံေရး၊ အင္ဂ်င္နီယာသိပၸံ၊ သမိုင္း၊ ျပည္သူ႔ဆက္ဆံေရးႏွင့္ စြမး္ဆာင္ရည္ အစရွိသည္တို႔အျပင္ အျခားဘာသာရပ္မ်ားကို ေလ့လာဆည္းပူးခဲ့ၾကသည္။

Recommended for you - အက်ဥ္းစံ ေထာင္သား ဘဝကေန စြန္႔ဦးတီထြင္သူျဖစ္လာခဲ့ရတဲ့ အဓိကအေၾကာင္းရင္း ခုနစ္ခ်က္

အေရွ႔အာရွတြင္ အျမဲတမ္းေနထိုင္ေသာ ေက်ာင္းသားေက်ာင္းသူမ်ား အေနျဖင့္ ၂၀၁၇/၁၈ IELTS Prize ဆုအတြက္ ေလွ်ာက္ထားနုိင္ျပီး ေက်ာင္းဝင္ခြင့္လိုအပ္ခ်က္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ IELTS ကို လက္ခံ ေပးသည့္ ျပည္တြင္း (သို႔) ျပည္ပတကၠသိုလ္တစ္ခုခုတြင္ ၂၀၁၈ ခုနွစ္အတြက္ ဘြဲ႕ၾကိဳ (သို႔) ဘြဲ႕လြန္တက္ ေရာက္နိုင္မည္ျဖစ္ပါသည္။ ၂၀၁၇ ဧျပီလအပါအဝင္ ေနာက္ပိုင္းတြင္က်င္းပသည့္ ျဗိတိသွ်ေကာင္စီက ျပဳလုပ္သည့္ IELTS စာေမးပြဲမ်ားတြင္ ေျဖဆိုျပီး အေရး၊ အဖတ္၊ အၾကား၊ အေျပာဟူသည့္ စြမး္ရည္ေလးခု စလံုးအတြက္ တစ္ခုစီတြင္ အနည္းဆံုးရမွတ္ (band score) ၆ ရွိရပါမည္။

ေလွ်ာက္ထားနိုင္သည့္ ေနာက္ဆံုးရက္မွာ ၂၀၁၈ ခုနွစ္၊ ဧျပီလ ၃၀ ရက္ျဖစ္ျပီး အေသးစိတ္သိရွိလုိပါက https://www.ieltsasia.org/ieltsprize/application သို႔ ဝင္ေရာက္ၾကည့္ရွဳနိုင္ပါသည္။

ျပည္တြင္းအဆင့္ဆုမ်ား - (၃) ဆု (2,660 USD (၃) ဆု )

ေဒသအဆင့္ဆုၾကီးမ်ား - အထူးဆု ပထမနွစ္ေက်ာင္းလခ (53,200 USD (၁) ဆု)၊ ဒုတိယဆု - 13,300 USD (၁) ဆု၊ တတိယဆု - 6,650 USD (၁) ဆု

ပညာသင္ဆုနွင့္ ပက္သက္ျပီး သိရွိလိုသည္မ်ားကို မခင္ျဖဴစင္ဝင္း +၉၅ (၀) ၁ ၃၇၀၉၃၃ လုိင္းခြဲ ၃၃၃၁ (သို႔) This email address is being protected from spambots. You need JavaScript enabled to view it. သို႔ ဆက္သြယ္စံုစမ္းေမးျမန္းနိုင္ပါသည္။

အလုပ္ကလည္းတစ္ဖက္ သင္တန္းတက္ဖို႔ အခ်ိန္ကလည္း သိီးသန္႔မေပးနိုင္သူမ်ား စိတ္ပူစရာမလုိပါဘူး IELTS စာေမးပြဲကို အေကာင္းဆံုး အဆင္ေျဖဆိုေအာင္ျမင္ဖုိ႔အတြက္ sayar.com.mm တြင္ရွိေသာ ဆရာ ဆရာမမ်ားနွင့္ ဆက္သြယ္လိုက္ပါ။

သင္ကုိယ္တိုင္က ဆရာတစ္ေယာက္ဆိုရင္ အခုပဲ register လုပ္လိုက္ျပီး ကြ်န္ေတာ္တို႔ ႏွင့္ လက္တြဲလိုက္ပါ။

Source: internet journal

[Unicode Version]

အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ကျော်ကို ၂၀၁၈ ပညာသင်နှစ်တွင် ပြည်တွင်းတွင် (သို့) ပြည်ပတွင် ဘွဲ့ကြို (သို့) ဘွဲ့လွန်သင်တန်းများ တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် ဗြိတိသျှကောင်စီ မှ ပေးအပ်မည်။ ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၇/၁၈ ပေးအပ်ရန် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောင်သားများအတွက် အမေရိကန်ဒေါ်လာ ရ,၉၈၀ တန်ဖိုးရှိ ပြည်တွင်းဆုသုံးဆု၊ အရှေ့အာရှဒေသတွင်းရှိ ဒေသဆိုင်ရာမှ ကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ရ၃,၁၅၀ တန်ဖိုးရှိ ဒေသဆိုင်ရာဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။
IELTS Prize အား ၂၀၁၁ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး မိမိတို့သွားရောက် ပညာသင်ကြားလို သည့် နိုင်ငံများဖြစ်သည့် ယူကေ၊ ယူအက်စ်အေ၊ ကနေဒါနှင့် သြစတြေးလျတို့တွင် တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် ထူးချွန်သည့်ကျောင်းသား ၈၀ ကျော်ကို IELTS Prize ဆုများ ချီးမြှင့်ခဲ့သည်။ IELTS Prize ရရှိသူများသည် ဆေးပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ အင်ဂျင်နီယာသိပ္ပံ၊ သမိုင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စွမး်ဆာင်ရည် အစရှိသည်တို့အပြင် အခြားဘာသာရပ်များကို လေ့လာဆည်းပူးခဲ့ကြသည်။

Recommended for you - အကျဉ်းစံ ထောင်သား ဘဝကနေ စွန့်ဦးတီထွင်သူဖြစ်လာခဲ့ရတဲ့ အဓိကအကြောင်းရင်း ခုနစ်ချက်
အရှေ့အာရှတွင် အမြဲတမ်းနေထိုင်သော ကျောင်းသားကျောင်းသူများ အနေဖြင့် ၂၀၁၇/၁၈ IELTS Prize ဆုအတွက် လျှောက်ထားနိုင်ပြီး ကျောင်းဝင်ခွင့်လိုအပ်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် IELTS ကို လက်ခံ ပေးသည့် ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ်တစ်ခုခုတွင် ၂၀၁၈ ခုနှစ်အတွက် ဘွဲ့ကြို (သို့) ဘွဲ့လွန်တက် ရောက်နိုင်မည်ဖြစ်ပါသည်။ ၂၀၁၇ ဧပြီလအပါအဝင် နောက်ပိုင်းတွင်ကျင်းပသည့် ဗြိတိသျှကောင်စီက ပြုလုပ်သည့် IELTS စာမေးပွဲများတွင် ဖြေဆိုပြီး အရေး၊ အဖတ်၊ အကြား၊ အပြောဟူသည့် စွမး်ရည်လေးခု စလုံးအတွက် တစ်ခုစီတွင် အနည်းဆုံးရမှတ် (band score) ၆ ရှိရပါမည်။
လျှောက်ထားနိုင်သည့် နောက်ဆုံးရက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက https://www.ieltsasia.org/ieltsprize/application သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပြည်တွင်းအဆင့်ဆုများ - (၃) ဆု (2,660 USD (၃) ဆု )
ဒေသအဆင့်ဆုကြီးများ - အထူးဆု ပထမနှစ်ကျောင်းလခ (53,200 USD (၁) ဆု)၊ ဒုတိယဆု - 13,300 USD (၁) ဆု၊ တတိယဆု - 6,650 USD (၁) ဆု
ပညာသင်ဆုနှင့် ပက်သက်ပြီး သိရှိလိုသည်များကို မခင်ဖြူစင်ဝင်း +၉၅ (၀) ၁ ၃၇၀၉၃၃ လိုင်းခွဲ ၃၃၃၁ (သို့) This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အလုပ်ကလည်းတစ်ဖက် သင်တန်းတက်ဖို့ အချိန်ကလည်း သိီးသန့်မပေးနိုင်သူများ စိတ်ပူစရာမလိုပါဘူး IELTS စာမေးပွဲကို အကောင်းဆုံး အဆင်ဖြေဆိုအောင်မြင်ဖို့အတွက် sayar.com.mm တွင်ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုရင် အခုပဲ register လုပ်လိုက်ပြီး ကျွန်တော်တို့ နှင့် လက်တွဲလိုက်ပါ။


Source: internet journal

Read times Last modified on Friday, 03 January 2020 14:12
Rate this articles
(1 Vote)