×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Wednesday, 07 February 2018

မွန္ၾကည့္တတ္ျပီလား ???

မွန္ၾကည့္တတ္ျပီလား ??? google.com

႐ုပ္ရွင္ျပကြက္တစ္ကြက္ ရလုိက္တဲ့ ခံစားမွဳက ရင္နွင့္မဆန္႔….

အသက္ ၆ ႏွစ္အရြယ္ ကေလးမေလးကို သူ႔မိခင္က “သမီးႀကီးလာရင္ ဘာျဖစ္ခ်င္သလဲ” လို႔ ေမးလိုက္တယ္။ ဒီေမးခြန္းက မိဘတိုင္း သားသမီးေတြကို ေမွ်ာ္လင့္ခ်က္နဲ႔ ေမးေလ့ရွိတာပဲ။ ကေလးမေလးက သူ႔အေမကို ဘယ္လို ျပန္ေျပာသလဲ သိလား။

“ေမေမ ေမးသင့္တာက ျဖစ္ခ်င္တာကို မေမးဘဲ … လုပ္ခ်င္တာကို ေမးသင့္တာ”

ကၽြန္ေတာ္ နားလည္ေအာင္ ျပန္ၿပီး ႀကိဳးစားရတယ္။

သူ႔မိခင္က “to be” လို႔ ေမးလိုက္တာကို ကေလးက “to do” လို႔ျပန္ၿပီးေတာ့ ေတာင္းဆိုေနတာ။ ကေလးက “ ေမေမတို႔ျဖစ္ခ်င္တာ သမီး မျဖစ္ခ်င္ဘူး … သမီးလုပ္ခ်င္တာ ဆရာဝန္ မဟုတ္ဘူး။ သမီးလုပ္ခ်င္တာ စကားျပန္ ” တဲ့။

Recommended for you - ဂ်ပန္နိုင္ငံမွာ ပညာသင္ၾကားလိုသူမ်ားအတြက္ လမ္းညႊန္

႐ုပ္ရွင္ကို ဆက္မၾကည့္ျဖစ္ေတာ့ဘူး။ အဲဒီတစ္ကြက္က ကၽြန္ေတာ့္ကို အေတြးေတြ အမ်ားႀကီး ေပးေနၿပီ။

တိုက္တိုက္ဆိုင္ဆိုင္ ကၽြန္ေတာ္ဖတ္ေနတဲ့ စာအုပ္ထဲက စာတစ္ေၾကာင္းကလည္း

“ မွန္ၾကည့္တတ္သလား ”

ဒီညေတာ့ အိပ္မရေအာင္ အေတြးေတြမ်ားရၿပီ။

ကဲ … ကိုယ့္ကိုယ္ကိုယ္လည္း ေမးၾကည့္စမ္းပါဦး။ မွန္ၾကည့္တတ္သလား။ မွန္ကို ဘာေၾကာင့္ ၾကည့္တာလဲ။ မွန္ၾကည့္တာ ကိုယ္ၿပံဳးရင္ သူျပန္ၿပံဳး … ကိုယ္မဲ့ရင္ သူျပန္မဲ့တာေလာက္ကို လိုခ်င္လို႔လား။

ငါလွသလား … အဆင္ေျပရဲ႕လား … ခ်စ္စရာ ေကာင္းပါ့မလား … ငါ့မွာ သူမ်ားေတြ ေလွာင္စရာ အျပစ္ေတြ မရွိႏိုင္ပါဘူးဆိုတာေလာက္ကို သိခ်င္လို႔ ၾကည့္တာလား။

Recommended for you - ကြ်န္ေတာ္တို႔ ဘာအတြက္ အလုပ္လုပ္ၾကတာလဲ ? ? ?

မွန္ဘာေၾကာင့္ ၾကည့္သလဲ။

မွန္ကိုတစ္ခ်က္ေလာက္ၾကည့္ၿပီးေတာ့ ေနာက္ ၁၀ ႏွစ္၊ ေနာက္ ႏွစ္ ၂၀ ၊ ေနာက္ ၃၀ … ၄၀ … ၅၀ … ၆၀ ေက်ာ္ၿပီးေတာ့ ျမင္ၾကည့္သလား။

လူေတြက မွန္ၾကည့္ရင္ လက္ရွိအေနအထားကိုပဲၾကည့္တာ

ဆံပင္ေတြ ျဖဴၾကည့္လိုက္ … မ်က္မွန္ေလးတပ္ၾကည့္လိုက္ … ပါးေပၚမွာ အေရးအေၾကာင္းေလးေတြ တင္ၾကည့္လိုက္ပါ။

ရင့္က်က္ေအာင္ မၾကည့္တတ္ဘဲ အျမင္အတိုင္းသာယာေနသမွ် မွန္မၾကည့္တတ္ေသးဘူးတဲ့။ မွန္ၾကည့္ တယ္ဆိုတာလည္း To be လား To do လား ကြဲျပားေအာင္ ခြဲျခားသင့္တယ္။

မွန္ထဲမွာ ျဖစ္ခ်င္တာေၾကာင့္ ၾကည့္ေနတာလား။ မွန္ထဲၾကည့္ၿပီး ဘာလုပ္ရေတာ့မယ္ဆိုတာ ဆင္ျခင္ႏိုင္ေအာင္ၾကည့္တာလား။

မွန္ဆိုတာ ေန႔စဥ္ ကၽြန္ေတာ္တို႔ကို ေျခာက္လွန္႔ေနတဲ့ ပံုရိပ္တစ္ခုပါ။

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပး ပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Credit: TinNyut

ရုပ်ရှင်ပြကွက်တစ်ကွက် ရလိုက်တဲ့ ခံစားမှုက ရင်နှင့်မဆန့်….

အသက် ၆ နှစ်အရွယ် ကလေးမလေးကို သူ့မိခင်က “သမီးကြီးလာရင် ဘာဖြစ်ချင်သလဲ” လို့ မေးလိုက်တယ်။ ဒီမေးခွန်းက မိဘတိုင်း သားသမီးတွေကို မျှော်လင့်ချက်နဲ့ မေးလေ့ရှိတာပဲ။ ကလေးမလေးက သူ့အမေကို ဘယ်လို ပြန်ပြောသလဲ သိလား။

“မေမေ မေးသင့်တာက ဖြစ်ချင်တာကို မမေးဘဲ … လုပ်ချင်တာကို မေးသင့်တာ”

ကျွန်တော် နားလည်အောင် ပြန်ပြီး ကြိုးစားရတယ်။

သူ့မိခင်က “to be” လို့ မေးလိုက်တာကို ကလေးက “to do” လို့ပြန်ပြီးတော့ တောင်းဆိုနေတာ။ ကလေးက “ မေမေတို့ဖြစ်ချင်တာ သမီး မဖြစ်ချင်ဘူး … သမီးလုပ်ချင်တာ ဆရာဝန် မဟုတ်ဘူး။ သမီးလုပ်ချင်တာ စကားပြန် ” တဲ့။

Recommended for you - ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်

ရုပ်ရှင်ကို ဆက်မကြည့်ဖြစ်တော့ဘူး။ အဲဒီတစ်ကွက်က ကျွန်တော့်ကို အတွေးတွေ အများကြီး ပေးနေပြီ။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ဖတ်နေတဲ့ စာအုပ်ထဲက စာတစ်ကြောင်းကလည်း

“ မှန်ကြည့်တတ်သလား ”

ဒီညတော့ အိပ်မရအောင် အတွေးတွေများရပြီ။

ကဲ … ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်စမ်းပါဦး။ မှန်ကြည့်တတ်သလား။ မှန်ကို ဘာကြောင့် ကြည့်တာလဲ။ မှန်ကြည့်တာ ကိုယ်ပြုံးရင် သူပြန်ပြံုး … ကိုယ်မဲ့ရင် သူပြန်မဲ့တာလောက်ကို လိုချင်လို့လား။

ငါလှသလား … အဆင်ပြေရဲ့လား … ချစ်စရာ ကောင်းပါ့မလား … ငါ့မှာ သူများတွေ လှောင်စရာ အပြစ်တွေ မရှိနိုင်ပါဘူးဆိုတာလောက်ကို သိချင်လို့ ကြည့်တာလား။

Recommended for you - ကျွန်တော်တို့ ဘာအတွက် အလုပ်လုပ်ကြတာလဲ ? ? ?

မှန်ဘာကြောင့် ကြည့်သလဲ။

မှန်ကိုတစ်ချက်လောက်ကြည့်ပြီးတော့ နောက် ၁၀ နှစ်၊ နောက် နှစ် ၂၀ ၊ နောက် ၃၀ … ၄၀ … ၅၀ … ၆၀ ကျော်ပြီးတော့ မြင်ကြည့်သလား။

လူတွေက မှန်ကြည့်ရင် လက်ရှိအနေအထားကိုပဲကြည့်တာ

ဆံပင်တွေ ဖြူကြည့်လိုက် … မျက်မှန်လေးတပ်ကြည့်လိုက် … ပါးပေါ်မှာ အရေးအကြောင်းလေးတွေ တင်ကြည့်လိုက်ပါ။

ရင့်ကျက်အောင် မကြည့်တတ်ဘဲ အမြင်အတိုင်းသာယာနေသမျှ မှန်မကြည့်တတ်သေးဘူးတဲ့။ မှန်ကြည့် တယ်ဆိုတာလည်း To be လား To do လား ကွဲပြားအောင် ခွဲခြားသင့်တယ်။

မှန်ထဲမှာ ဖြစ်ချင်တာကြောင့် ကြည့်နေတာလား။ မှန်ထဲကြည့်ပြီး ဘာလုပ်ရတော့မယ်ဆိုတာ ဆင်ခြင်နိုင်အောင်ကြည့်တာလား။

မှန်ဆိုတာ နေ့စဉ် ကျွန်တော်တို့ကို ခြောက်လှန့်နေတဲ့ ပုံရိပ်တစ်ခုပါ။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြံုရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: TinNyut

Read times Last modified on Monday, 30 December 2019 16:35
Rate this articles
(1 Vote)