×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 05 February 2018

ကြ်န္ေတာ္တို႔ ဘာအတြက္ အလုပ္လုပ္ၾကတာလဲ ? ? ?

ကြ်န္ေတာ္တို႔ ဘာအတြက္ အလုပ္လုပ္ၾကတာလဲ ? ? ? google.com

ဒီေန႔ဆို ရံုးေတြျပန္ဖြင့္ျပီ…..

အလုပ္ေတြ လုပ္ရေတာ့မွာေပါ့…..

Monday Blues ဆိုတာၾကီးကို စတင္ခံစားရေတာ့မယ္ဗ်ာ…..

(Monday Blues ဆိုတာ … တနလၤာေန႔တြင္ အလုပ္တက္ရန္ စိုးရိမ္မွဳခံစားေနရျခင္း၊ စိတ္အားတက္ၾကြမွဳ ေပ်ာက္ဆံုးေနျခင္းႏွင့္ ၾကံဳေတြ႔လာရမည့္ တစ္ပတ္တာ အလုပ္တာဝန္မ်ားအတြက္ အဆင္သင့္ မျဖစ္ျခင္းတို႔ ျဖစ္သည္။)

ကြ်န္ေတာ္ စဥ္းစားမိတယ္

အလုပ္မွာ ဒီေန႔စဥ္ Repetitive jobs ေတြကို လုပ္ေနရင္း တစ္ခါတစ္ခါ ျငီးေငြ႕လာသလို ခံစားရတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ မသိၾကဘဲ အလုပ္ထဲေရာက္မွ သိၾက အတင္းေျပာၾက၊ ဖိနိွပ္ၾက၊ အေပၚဖား ေအာက္ဖိလူေတြ စသည္ျဖင့္ေပါ့ ကြ်န္ေတာ္တို႔ ၾကံဳေနၾကရတာပဲ။

ဒီလုိ စားဝတ္ေနေရးအတြက္ ပိုက္ဆံရဖို႔အလုပ္လုပ္ေနရေတာ့ သူတို႔ေျပာတာ မခံခ်င္လည္း ခံ၊ မမွန္လည္း ဟုတ္ မွန္လည္းဟုတ္ေနရမယ္၊ လူတိုင္းမာနေလးရွိေတာ့ အေျပာမခံနိုင္ရင္ အလုပ္ထြက္ဆိုရင္လည္း စားဝတ္ေနေရးက တစ္ဦးတည္းဆိုရင္ေတာ့ ဘာမွမျဖစ္၊ မိသားစုနဲ႕သာဆိုရင္ လြယ္မွာမဟုတ္ဘူး၊ ဒီေတာ့ ၾကိတ္မွိတ္လုပ္ၾကရင္း အခ်ိန္တန္ရင္ လစာေလးထုတ္၊ ဒီလစာေလးရဖို႔ ဝတ္ေက်တန္းေက်ပဲ လုပ္ၾကေတာ့ တာေပါ့။

လုပ္သက္သာၾကာလာတယ္ လစာမတိုး ေနာက္အလုပ္တစ္ခုေျပာင္းလုပ္၊ ဒီလုိနဲ႕ ေနာက္တစ္ၾကိမ္ အလုပ္သစ္မွာ အလားတူမ်ိဳး ျပန္ၾကံဳလာရင္း ဘာမွမထူးျခားလာဘဲ အသက္ေတြသာ ၾကီးလာၾကျပီး ဘဝအတြက္ ေနျမဲတိုင္းကေနျမဲတိုင္းေပါ့ဗ်ာ။

Recommended for you - ကိုယ္က သူတို႔ကို လိုအပ္တယ္ဆိုတာ သူတို႔သိပါေစ

ဒီေတာ့ ကြ်န္ေတာ္တို႔ ဘာအတြက္ အလုပ္လုပ္ေနရတာလဲ???

စားဝတ္ေနေရးအတြက္ ပိုက္ဆံရဖုိ႔ ဝတ္ေက်တန္းေက် အလုပ္လုပ္ေနၾကေတာ့မွာလား။ ကြ်န္ေတာ္အေနနဲ႕ ေတာ့ ပိုက္ဆံရဖုိ႔တစ္ခုတည္းအတြက္ အလုပ္မလုပ္ေစခ်င္ဘူး။ ကြ်န္ေတာ္တို႔ သင္ယူလာခဲ့တဲ့ ကြ်မ္းက်င္ တဲ့ပညာနဲ႕ လုပ္အားကိုေပါင္းျပီး လစာဆိုတဲ့ ပိုက္ဆံကို ကုမၸဏီက ျပန္ရၾကတာပါ။ ကြ်န္ေတာ္တုိ႔ ဒီတိုင္းေန ရင္ ဒီအတိုင္းပဲ ျဖစ္ေနမွာပါ။ ကြ်န္ေတာ္တို႔ဘဝတိုးတက္မွဳအတြက္ အနည္းငယ္ေျပာင္းလဲ ၾကည့္ရေအာင္..

၁. ကိုယ့္အတြက္ လုိအပ္တဲ့ အလုပ္နဲ႕ သက္ဆိုင္တဲ့ ပညာရပ္ေတြကို ထပ္မံေလ့လာသင္ယူပါ Upgrade လုပ္ပါ။

ပုိက္ဆံကုန္မွာပဲ၊ အခ်ိန္မရွိလို႔၊ အေဝးေရာက္ေနလို႔ဆိုျပီး ဆင္ေျခေတြေပးေနရင္ ကိုယ့္အတြက္တိုးတက္မွဳ ေတြက တစ္ျခားသူေတြနဲ႕ယွဥ္လိုက္ရင္ ဆုတ္ေလ်ာ့လာပါလိမ့္မယ္၊ ဒီအတြက္ေန႔စဥ္ နည္းနည္းစီ ေလ့လာသင္ယူပါ။

၂. အလုပ္ေတြကို စိတ္ဝင္စားပါ။

မိမိအလုပ္ကုိ စိတ္ဝင္တစားလုပ္မွ အလုပ္က တိုးတက္လာမွာပါ၊ လစာတိုးလာမယ္၊ ရာထူးတိုးလာမယ္ အခြင့္အလမ္းေကာင္းေတြက သင့္အတြက္ အျမဲျဖစ္ေနေတာ့မွာပါ၊ ဒီအတြက္ မခိုမကပ္ပါနဲ႕၊ ဥာဏ္စြမး္ရွိသ ေလာက္ ထုတ္ေဖာ္ျပလိုက္ပါ။

၃. မိတ္ေဆြမ်ားမ်ားထားျပီး မတူတာေတြကို ေလ့လာသင္ယူပါ။

မိတ္ေဆြေတြက သင့္ကို ကူညီနိုင္သလို သင့္ကိုလည္း ဖ်က္ဆီးပစ္နိုင္ပါတယ္၊ ဒါေပမယ့္ မိတ္ေဆြမ်ား ျခင္းက သင့္အလုပ္အတြက္ တစ္ဖက္တစ္လမ္းက အေထာက္အကူ ျဖစ္ေစမွာပါ၊ ဒီအတြက္ အလုပ္ပတ္ ဝန္းက်င္က လူေတြနဲ႕ မိတ္ေဆြဖြဲ႔ပါ။ သူတို႔ရဲ႕ စီးပြါးေရးလုပ္ငန္းအေတြ႔အၾကံဳေတြကို ေလ့လာသင္ယူပါ။

Recommended for you - သာမန္စက္ရုံ၀န္ထမ္းသမဘ၀မွ ႏုိင္ငံရဲ႕အခ်မ္းသာဆုံးအမ်ဳိးသမီးအျဖစ္သုိ

၄. လစာအျပင္ အပုိထပ္ရနိုင္မယ့္ စီပြါးေရးနည္းလမ္းေတြကို အျမဲရွာေဖြပါ။

ကုိယ္ဘာတတ္ကြ်မ္းသလဲ ဘယ္အပိုင္းမွာ အားသာခ်က္ရွိလည္း ကိုယ့္ကိုကိုယ္ ဆန္းစစ္ပါ။ (ဒီေနရာမွာ ေျပာခ်င္တာက ကြ်န္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ အဂၤလိပ္စာကြ်မ္းက်င္တယ္ ဒီေတာ့ အလုပ္ခ်ိန္ျပင္ပ မွာ အိမ္ေတြလိုက္ျပီး အဂၤလိပ္စကားေျပာလိုက္သင္ျပီး ဝင္ေငြအပိုရွာတယ္၊ ျပီးေတာ့ တစ္ပတ္ (၃) ရက္ စာမူေတြကို ဘာသာျပန္တယ္၊) ဒီအတြက္ ကိုယ္က ဝင္ေငြအပိုရနိုင္မည့္ နည္းလမ္းေတြကို အျပင္မိတ္ေဆြ ေတြဆီက ျဖစ္ျဖစ္ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းေတြကပဲ ျဖစ္ျဖစ္ စူးစမ္းေလ့လာျပီး အခြင့္အလမ္းေတြကို ဖန္တီးရယူပါ။

၅. ကုိယ္တတ္စြမ္းနိုင္သေလာက္ သူတစ္ပါးကို ကူညီေပးပါ။

လူတစ္ေယာက္က အကူအညီေတာင္းလိုက္တဲ့ အခါမ်ိဳးဆိုရင္ ဒီလူဆီက ဘာျပန္ရမလဲဆိုျပီး မေတြးပါနဲ႕။ မေမွ်ာ္လင့္ပါနဲ႕။ စိတ္ရွင္းရွင္းထားျပီး ကိုယ္တတ္နိုင္သေလာက္ ကူညီေပးလိုက္ပါ။ ကိုယ္ေပးခဲ့တဲ့ အကူအညီက တစ္ခ်ိန္မွာ သင့္အတြက္ အက်ိဳးရွိေစမွာပါ။ အကူအညီဆိုတာ အသြားအျပန္ရွိတဲ့ အတြက္ ကူညီေပးလိုက္ပါ။

ဒီအခ်က္ေတြက ပိုက္ဆံရဖို႔တစ္ခုတည္းအတြက္ အလုပ္လုပ္ေနေတာ့တာမဟုတ္သလုိ အခ်ိန္အတိုင္း အတာ တစ္ခုျပီးဆံုးသြားရင္ေတာ့ ကြ်န္ေတာ္တို႔ ေျပာင္းလဲလိုက္တဲ့ ဒီၾကိဳးစားမွဳရလဒ္ေတြက ကြ်န္ေတာ္တို႔ ဘဝေရွ႕ေရးအတြက္ အရာထင္လာမွာပါ။

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပး ပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Credit: MyoMyintKyaw

ဒီနေ့ဆို ရုံးတွေပြန်ဖွင့်ပြီ…..

အလုပ်တွေ လုပ်ရတော့မှာပေါ့…..

Monday Blues ဆိုတာကြီးကို စတင်ခံစားရတော့မယ်ဗျာ…..

(Monday Blues ဆိုတာ … တနင်္လာနေ့တွင် အလုပ်တက်ရန် စိုးရိမ်မှုခံစားနေရခြင်း၊ စိတ်အားတက်ကြွမှု ပျောက်ဆုံးနေခြင်းနှင့် ကြုံတွေ့လာရမည့် တစ်ပတ်တာ အလုပ်တာဝန်များအတွက် အဆင်သင့် မဖြစ်ခြင်းတို့ ဖြစ်သည်။)

ကျွန်တော် စဉ်းစားမိတယ်

အလုပ်မှာ ဒီနေ့စဉ် Repetitive jobs တွေကို လုပ်နေရင်း တစ်ခါတစ်ခါ ငြီးငွေ့လာသလို ခံစားရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ အလုပ်ထဲရောက်မှ သိကြ အတင်းပြောကြ၊ ဖိနှိပ်ကြ၊ အပေါ်ဖား အောက်ဖိလူတွေ စသည်ဖြင့်ပေါ့ ကျွန်တော်တို့ ကြံုနေကြရတာပဲ။

ဒီလို စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့အလုပ်လုပ်နေရတော့ သူတို့ပြောတာ မခံချင်လည်း ခံ၊ မမှန်လည်း ဟုတ် မှန်လည်းဟုတ်နေရမယ်၊ လူတိုင်းမာနလေးရှိတော့ အပြောမခံနိုင်ရင် အလုပ်ထွက်ဆိုရင်လည်း စားဝတ်နေရေးက တစ်ဦးတည်းဆိုရင်တော့ ဘာမှမဖြစ်၊ မိသားစုနဲ့သာဆိုရင် လွယ်မှာမဟုတ်ဘူး၊ ဒီတော့ ကြိတ်မှိတ်လုပ်ကြရင်း အချိန်တန်ရင် လစာလေးထုတ်၊ ဒီလစာလေးရဖို့ ဝတ်ကျေတန်းကျေပဲ လုပ်ကြတော့ တာပေါ့။

လုပ်သက်သာကြာလာတယ် လစာမတိုး နောက်အလုပ်တစ်ခုပြောင်းလုပ်၊ ဒီလိုနဲ့ နောက်တစ်ကြိမ် အလုပ်သစ်မှာ အလားတူမျိုး ပြန်ကြံုလာရင်း ဘာမှမထူးခြားလာဘဲ အသက်တွေသာ ကြီးလာကြပြီး ဘဝအတွက် နေမြဲတိုင်းကနေမြဲတိုင်းပေါ့ဗျာ။

Recommended for you - ကိုယ်က သူတို့ကို လိုအပ်တယ်ဆိုတာ သူတို့သိပါစေ

ဒီတော့ ကျွန်တော်တို့ ဘာအတွက် အလုပ်လုပ်နေရတာလဲ???

စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ ဝတ်ကျေတန်းကျေ အလုပ်လုပ်နေကြတော့မှာလား။ ကျွန်တော်အနေနဲ့ တော့ ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်စေချင်ဘူး။ ကျွန်တော်တို့ သင်ယူလာခဲ့တဲ့ ကျွမ်းကျင် တဲ့ပညာနဲ့ လုပ်အားကိုပေါင်းပြီး လစာဆိုတဲ့ ပိုက်ဆံကို ကုမ္ပဏီက ပြန်ရကြတာပါ။ ကျွန်တော်တို့ ဒီတိုင်းနေ ရင် ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ ကျွန်တော်တို့ဘဝတိုးတက်မှုအတွက် အနည်းငယ်ပြောင်းလဲ ကြည့်ရအောင်..

၁. ကိုယ့်အတွက် လိုအပ်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို ထပ်မံလေ့လာသင်ယူပါ Upgrade လုပ်ပါ။

ပိုက်ဆံကုန်မှာပဲ၊ အချိန်မရှိလို့၊ အဝေးရောက်နေလို့ဆိုပြီး ဆင်ခြေတွေပေးနေရင် ကိုယ့်အတွက်တိုးတက်မှု တွေက တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် ဆုတ်လျော့လာပါလိမ့်မယ်၊ ဒီအတွက်နေ့စဉ် နည်းနည်းစီ လေ့လာသင်ယူပါ။

၂. အလုပ်တွေကို စိတ်ဝင်စားပါ။

မိမိအလုပ်ကို စိတ်ဝင်တစားလုပ်မှ အလုပ်က တိုးတက်လာမှာပါ၊ လစာတိုးလာမယ်၊ ရာထူးတိုးလာမယ် အခွင့်အလမ်းကောင်းတွေက သင့်အတွက် အမြဲဖြစ်နေတော့မှာပါ၊ ဒီအတွက် မခိုမကပ်ပါနဲ့၊ ဉာဏ်စွမး်ရှိသ လောက် ထုတ်ဖော်ပြလိုက်ပါ။

၃. မိတ်ဆွေများများထားပြီး မတူတာတွေကို လေ့လာသင်ယူပါ။

မိတ်ဆွေတွေက သင့်ကို ကူညီနိုင်သလို သင့်ကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်၊ ဒါပေမယ့် မိတ်ဆွေများ ခြင်းက သင့်အလုပ်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမှာပါ၊ ဒီအတွက် အလုပ်ပတ် ဝန်းကျင်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းအတွေ့အကြံုတွေကို လေ့လာသင်ယူပါ။

Recommended for you - သာမန်စက်ရုံဝန်ထမ်းသမဘဝမှ နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသမီးအဖြစ်သို့

၄. လစာအပြင် အပိုထပ်ရနိုင်မယ့် စီပွါးရေးနည်းလမ်းတွေကို အမြဲရှာဖွေပါ။

ကိုယ်ဘာတတ်ကျွမ်းသလဲ ဘယ်အပိုင်းမှာ အားသာချက်ရှိလည်း ကိုယ့်ကိုကိုယ် ဆန်းစစ်ပါ။ (ဒီနေရာမှာ ပြောချင်တာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် အင်္ဂလိပ်စာကျွမ်းကျင်တယ် ဒီတော့ အလုပ်ချိန်ပြင်ပ မှာ အိမ်တွေလိုက်ပြီး အင်္ဂလိပ်စကားပြောလိုက်သင်ပြီး ဝင်ငွေအပိုရှာတယ်၊ ပြီးတော့ တစ်ပတ် (၃) ရက် စာမူတွေကို ဘာသာပြန်တယ်၊) ဒီအတွက် ကိုယ်က ဝင်ငွေအပိုရနိုင်မည့် နည်းလမ်းတွေကို အပြင်မိတ်ဆွေ တွေဆီက ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကပဲ ဖြစ်ဖြစ် စူးစမ်းလေ့လာပြီး အခွင့်အလမ်းတွေကို ဖန်တီးရယူပါ။

၅. ကိုယ်တတ်စွမ်းနိုင်သလောက် သူတစ်ပါးကို ကူညီပေးပါ။

လူတစ်ယောက်က အကူအညီတောင်းလိုက်တဲ့ အခါမျိုးဆိုရင် ဒီလူဆီက ဘာပြန်ရမလဲဆိုပြီး မတွေးပါနဲ့။ မမျှော်လင့်ပါနဲ့။ စိတ်ရှင်းရှင်းထားပြီး ကိုယ်တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။ ကိုယ်ပေးခဲ့တဲ့ အကူအညီက တစ်ချိန်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။ အကူအညီဆိုတာ အသွားအပြန်ရှိတဲ့ အတွက် ကူညီပေးလိုက်ပါ။

ဒီအချက်တွေက ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်လုပ်နေတော့တာမဟုတ်သလို အချိန်အတိုင်း အတာ တစ်ခုပြီးဆုံးသွားရင်တော့ ကျွန်တော်တို့ ပြောင်းလဲလိုက်တဲ့ ဒီကြိုးစားမှုရလဒ်တွေက ကျွန်တော်တို့ ဘဝရှေ့ရေးအတွက် အရာထင်လာမှာပါ။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြံုရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: MyoMyintKyaw

Read times Last modified on Monday, 30 December 2019 16:33
Rate this articles
(1 Vote)