သင့် ကံတရားကို စီမံဖန်တီးဖို့အတွက် သင့်မှာရှိတဲ့ အကြီးမားဆုံး ကိရိယာတခုကို အသုံးပြုဖို့ လိုအပ်ပါတယ်။
သင့်ရဲ့ အသံ ဖြစ်ပါတယ်။ သင့်စိတ် နှလုံးသားအတွင်းကနေလာတဲ့ အသံဟာ အစီအစဉ်တွေကို ဖြစ်ပေါ်လာစေပြီး အခြားသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ၊ အပြစ်တင်သံတွေကို ချေဖျက်ပစ်ပါတယ်။ သင့်ရဲ့ အသံဟာ မိမိကိုယ်ကို ယုံကြည်မှုကို တိုးတတ်စေသလို အခက်အခဲတွေဆီကနေ သင်ခန်းစာတွေရရှိစေပါတယ်။
မိမိကိုယ်မိမိ ရိုးသားမှုရှိပါ။ သင့်ရဲ့ အသံဟာ သံသယတွေ၊ မယုံကြည်ခြင်းတွေနဲ့ ပေါင်းစပ်နေလား? တကယ်လို့ ပေါင်းစပ်နေတယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့် စကားတွေကို နေ့စဉ်နေ့တိုင်းပြောဖို့လိုအပ်နေပါပြီ။
၁. အခုဘဲ လုပ်လိုက်ပါ။
အချိန်ဆွဲတယ်ဆိုတာ မကောင်းတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ သင့်မှာ ဒီအကျင့်ရှိတာကို မပြုမပြင်ဘူးဆိုရင်တော့ တချိန်မှာ ဒုက္ခတွေ့ပါလိမ့်မယ်။ နောက်ပြီး သင်ဟာ မိမိကိုယ်ကို ဘာမှမလုပ်လည်း အဆင်ပြေတယ်လို့ အဆက်မပြတ်ပြောနေရင် သင် ဘာမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မနက်မိုးလင်းကနေ မိုးချုပ်အထိ လုပ်စရာရှိတာကို လုပ်ပါ။ အချိန်မဆွဲပါနဲ့။ လုပ်သင့်ခဲ့တယ်၊ လုပ်နိုင်ခဲ့တယ်ဆိုတဲ့စကားလုံးတွေအစား လုပ်ခဲ့ပြီးပြီဆိုတဲ့ စကားလုံး ရေးထိုးရမယ်။ သင့်ဘဝရဲ့ အကြီးမားဆုံး နည်းပြဟာ သင်ကိုယ်တိုင်ပါဘဲ။ ဒါကို မမေ့ပါနဲ့။
Recommended for you - ဂျပန်နိုင်ငံမှ ပေးအပ်တဲ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာသင်ဆုများ လျှောက်ထားနိုင်
၂. ငါနဲ့ ထိုက်တန်မှုရှိတယ်။
သင့်အိမ်မက်တွေကို သင်ကိုယ်တိုင်မှ မယုံကြည်ရင် ဘယ်သူမှလည်း သင့်အိမ်မက်တွေကို ယုံကြည်မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ သင်မယုံကြည်တဲ့ အိမ်မက်တွေဟာ ဘယ်လိုမှ လက်တွေ့ဖြစ်လာမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ comfort zone ထဲကနေ ရုန်းထွက်နိုင်ဖို့ပါ။ အရာရာတိုင်းဟာ ငါနဲ့ ထိုက်တန်မှုရှိတယ်၊ တောက်ပတဲ့ အနာဂတ်တွေဟာ ငါနဲ့ထိုက်တန်မှုရှိတယ်လို့ နေ့စဉ်နေ့တိုင်း မိမိကိုယ်ကိုပြောပါ။ နောက်ပြီး အိမ်မက်တွေပြည့်ဝဖို့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ရမယ့် အရာတွေကို တစိုက်မတ်မတ် လုပ်ဆောင်ပါ။ နောက်ဆုံး အရေးကြီးတဲ့အချက်က သင့်ရဲ့ ပျော်ရွှင်မှုတွေ မဆုံးရှုံးစေပါနဲ့။
၃. ငါလုပ်နိုင်တယ်ဆိုတာကို ငါသိတယ်။
ကျရှုံးမှာ ကြောက်တဲ့စိတ်က အောင်မြင်မှုရရှိဖို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ အကြောက်တရားဆိုတာ ရှိကြပါတယ်။ ဘာဘဲလုပ်လုပ် အကြောက်တရားပေါ်မှာ အခြေခံပြီး လုပ်မယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းကွာနေဦးမှာပါဘဲ။ ယနေ့ကစပြီး သင့်ရဲ့ အသံကို နားထောင်ပါ။ သင်ဘာတွေပြောနေသလဲ? သင်အောင်မြင်မယ်လို့ ယုံကြည်သလား? အိမ်မက်တွေကို အကောင်အထည်ဖော်ပြီးတဲ့အခါမှာ အမြဲစိတ်ဓာတ်တတ်တတ်ကြွကြွနေပါ၊ အပြုသဘောဆောင်ပါ။ အောင်မြင်မှုဆိုတာ ဘယ်သူမှ အစိုးမရပါဘူး။ ငှားရမ်းထားခြင်းဘဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမြဲကြိုးစားနေမှ အောင်မြင်မှုကကြာရှည်ခံမှာပါ။
Recommended for you - သင့်အတွက် လူမှုကွန်ရက်တွေက ဆေးလား၊ ဘေးလား?
Recommended for you - သင်ရိုးသစ်ဖြင့် စမ်းသပ်သင်ကြားမည့် ပညာရေးကောလိပ်ငါးခု
Credit; chanmayeaung