×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 08 October 2018

ကိုယ်ရောက်လိုတဲ့နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ

ကိုယ်ရောက်လိုတဲ့နေရာအတွက် ကိုယ်တိုင်လမ်းဖောက်ပါ google.com

အောင်​မြင်​မှုဆိုတာ သင့်​ရဲ့ အမြင့်​တစ်​နေရာမှာ ရှိပြီးသားပါ။


သင်​ ဒါကို ဘယ်​လိုယူမလဲဆိုတာ သင့်​ပေါ်မှာ မူတည်​ပါတယ်​။

 

အောင်​မြင်​သူတိုင်းဟာ လွယ်​လွယ်​​နဲ့​တော့ မရကြဘူး။


အောင်​မြင်​မှုနဲ့ ထိုက်​တန်​တဲ့ ​ပေးဆပ်​မှု​တွေ၊ စိန်​​ခေါ်မှု​တွေ ​ကျော်​ဖြတ်​ပြီးမှ ရလာခြင်းဖြစ်​တယ်​။


တောင်​​ပေါ်ရှု့ခင်း​တွေရဲ့ အလှကိုကြည့်ချင်​ရင်​ ​တောင်​ထိပ်​​ပေါ်တက်​ရသလို ဒီအလှတရား​တွေဟာလည်း ဒီလိုဖြတ်​​ကျော်​ရဲတဲ့ သူရဲ​ကောင်းတွက်​သာ ပိုင်​ဆိုင်​ခွင့်ရှိတာပါ။


သင်​ ဖြတ်​​ကျော်​ခဲ့တဲ့ လမ်းခရီးတ​လျှောက်​ဟာ လမ်းမှား​တွေရှိနိုင်​သလို လမ်းမှန်​ကို ပို့​ပေးသူ​တွေလည်း ရှိစမြဲပါ။


ဒါ​တွေဟာ သင်​အပန်း​ဖြေချိန်​မှာ​တော့ ပုံပြင်​ (story) တွေ ဖြစ်​လာမှာပါ။


ဒီအတွက်​ သင့်သမိုင်းကို သင်​​ရေးချိန်​…

– သင်​ဟာဘယ်​လိုလူလဲ?

– သင့် သမိုင်းဟာ လှသလား​၊ ကောင်းသလား?

– သင်​ ​ပြောပြ​နေတဲ့ သင့်​ပုံပြင်​ဟာ ရှည်​သလား၊ ​ကောင်းသလား?

– သင်​​သေသွား​သော်​လည်း သင့်​နာမည်​ကျန်​ခဲ့မလား?

ဒါ​တွေအားလုံးဟာ သင်​ခံယူထားတဲ့ သင့်ဘဝ အ​ဆောက်​အဦးပါ။


သာမန်​အားဖြင့် သင်​မလုပ်နိုင်​ မဖြတ်​​ကျော်​နိုင်​သေး​သော အရာ​တွေဟာ အကြိမ်​​အ​ရေအတွက်​ နည်းခြင်း​ကြောင့်​သာ ဖြစ်​ပါတယ်​။


မရနိုင်​ဘူးဆိုတာ မရှိပါဘူး…!


သင့်​ခံစားချက်​​တွေနဲ့ လုပ်​​ဆောင်​မှု​တွေ ထပ်​တူညီလာရင်​ သင့်အ​ပေါ် သက်​​ရောက်​မှု​တွေ ရှိလာမှာပါ။


ဒါ​ကြောင့် သင်​ စိတ်​ဓာတ်​မကျနဲ့။


သင်​ ​လျှောက်​လို​သောနေရာ သင်​ကိုယ်​တိုင်​ ​လျှောက်​ရမှာမို့…ပျင်းရိ မ​နေပါနဲ့။


ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ရမှာမို့ ပျင်းရိမနေပါနဲ့တော့နော်…

 

Recommended for you - ဘဝမှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်

 

Recommended for you - စာသင်ကျောင်းများရှေ့တွင် မျဉ်းဝါကြားများ ပြုလုပ်ပေးမည်

 

Credit; socialmedia

Read times Last modified on Wednesday, 29 January 2020 10:57
Rate this articles
(1 Vote)