×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 06 March 2018

စာမေးပွဲရဲ့ အနှစ်သာရ

စာမေးပွဲရဲ့ အနှစ်သာရ google.com

ကျောင်းသားဘဝဖြတ်သန်းရတဲ့သူတိုင်း စာမေးပွဲဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ ဒါဖြင့် စာမေးပွဲ ဆိုတာ ဘာလဲ… ဘာအတွက် စာမေးပွဲဆိုတာ ဖြေဆိုခိုင်းရတာလဲ… စာမေးပွဲရဲ့ အနှစ်သာရဆိုတာ ဘာလဲ။

ဆရာအောင်ပြည်စိုးဆွေးနွေးချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။ စာသင်သူ၊ စာစစ်သူ၊ စာဖြေသူ အားလုံး ဖတ်ကြည့်ပြီး ဝေဖန်ကြည့်ပါ။

(၁)
သင်ကြားမှူ တတ်မြောက်ခြင်း ရှိ မရှိကို စစ်ဆေးနိုင်တဲ့ တခြားနည်းမရှိလို့ စာမေးပွဲ ဆိုတာ ဖြစ်လာပါ။ စာမေးပွဲကို ကောင်းလို့ ရွေးချယ်ထားတာ မဟုတ်ပါဘူး။

(၂)
စာသင်သူက အကြောင်းအရာ"တစ်ခု" ကို သင်တယ်။ တစ်ခုပဲနော်။ အဲ့ဒီ အကြောင်းအရာတစ်ခုကို ကျောင်းသား တတ်မတတ် ပြန်စစ်တယ်။ အောင်သွားရင် အဲ့ဒီ ကျောင်းသား စာတတ်တယ် ခေါ်မလား။ ခေါ်လို့ရပါတယ်။ ဥပမာ - Basic life support ဆိုရင် တစ်မျိုးထဲ သင်ပြီး တစ်မျိုးထဲ ပြန်စစ်တာပဲ။

Recommended for you - ခေါင်းဆောင်မှု အတတ်ပညာ

(၃)
စာသင်သူက အကြောင်းအရာ "ဆယ်ခု" သင်တယ်။ "တစ်ခု" ပြန်စစ်တယ်။ အောင်သွားရင် အဲ့ဒီ ကျောင်းသား စာတတ်တယ် ခေါ်မလား။ မခေါ်နိုင်ဘူး။ ရှင်းရှင်းလေးပဲ။ သူ ဆယ်ခုလုံး ဖတ်ခဲ့လား၊ ဒီတစ်ခုပဲ ဖတ်ခဲ့လား ဘယ်သူမှ မသိဘူးလေ။ ကံတရားလို့ခေါ်တဲ့ chance က ပါလာတယ်။ တခါ သူကျ သွားရင်ရော၊ စာမတတ်ဘူး ပြောမှာလား။ မခေါ်နိုင်ပြန်ဘူး။ သူက ဆယ်ခု မှာ ကိုးခု ဖတ်ပြီး ဒီတစ်ခုပဲ မဖတ်ခဲ့ရင်လည်း ကျနိုင်တာပဲ။

ကဲ.... စိတ်ဝင်စားစရာ မကောင်းဘူးလား။

(၄)
အဲ့တော့ စာမေးပွဲတွေကို ပိုပြီး ခိုင်မာလာအောင်လုပ်တယ်။
1. အကြောင်းအရာ ဆယ်ခု လုံးကို ထည့်စစ်ဖို့ ကြိုးစားတယ်။
2. အကြောင်းအရာ အစား ယေဘူယျသဘောတရား (general principle) ကို ပါအောင် စစ်ဖို့ ကြိုးစားတယ်။
3. အကြောင်းအရာ အစား skill ကို အမှန်တကယ် စစ်မိဖို့ ကြိုးစားတယ်။
4. Examiner bias နည်းအောင် examiner များများနဲ့ ဖြေစေပြီး average marking ကို ယူဖို့ ကြိုးစားတယ်။

(၅)
အဲ့တော့ စာမေးပွဲနဲ့ စာဖြေသူ ဟာ ပြိုင်ပွဲလို ဖြစ်လာတယ်။ စာမေးပွဲရဲ့ အရည်အသွေးနဲ့ စာဖြေသူရဲ့ အရည်အသွေး ပြိုင်ကြတယ်။

Smart student ဆိုတာ စာတော်တာမဟုတ်ဘူး။ လူရည်လည်တာ၊ သူတို့တွေက လက်တွေ့တတ်တာ ဖြစ်ချင်မှ ဖြစ်မယ်။ စာမေးပွဲ ဖြေတတ်တယ်။
ဘယ်လိုလုပ်လဲဆိုတော့........
မေးခွန်းဟောင်းကို ရအောင် ထုတ်နှုတ်နိုင်တယ်။ ဘယ်လို မရရင် မေးခွန်းကို အလွတ်ကျက်ပြီး recall ဆိုပြီး ထုတ်တယ်။
မေးခွန်း pattern ကို လေ့လာပြီး ဘယ်လို မေးခွန်းတွေကို မေးလေ့ရှိတယ်ဆိုတာ သုံးသပ်တယ်။ (အဲ့ဒါတွေက exam spot တွေ ဖြစ်လာတာပါ။)
အမှတ်ပေး စည်းမျဉ်းကို ရအောင်ကြည့်တယ်။ အမှတ်ပေးစည်းမျဉ်း ဘောင်ဝင်အောင် ဖြေတယ်။

အကျင့်မကောင်းတဲ့သူတွေက မေးခွန်းခိုးတယ်။ ဝယ်တယ်ပေါ့။ ဒါက လူနည်းစုပါ။

(၆)
စာမေးပွဲတွေကလည်း ဒါမျိုး အဖြစ်မခံနိုငိအောင် ကာကွယ်ရတယ်။
1. သင်တဲ့သူနဲ့ မေးခွန်းထုတ်သူ မတူရဘူး။
2. မေးခွန်းတွေ အများကြီးထုတ်ပြီး question bank တည်ဆောက်တယ်။
3. Question bank ကို အမြဲ update လုပ်တယ်။
4. Exam question set up ကို ခိုးလို့မရအောင် ကာကွယ်တယ်။
5. Last minute အထိ မေးခွန်းတည်ငြိမ်မှုကို ရွှေ့ဆိုင်းထားတယ်။ စစ်ခါနီးကျမှ အတည်ထုတ်တယ်။

Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုနိုင်ဖို့ လမ်းညွှန်ချက်တချို့

(၇)
ဒီမှာ စိတ်ဝင်စားစရာက exam က ဘာကို စစ်လဲ ဆိုတာပဲ။
Knowledge assessment ဆိုရင် မေးခွန်းမပေါက်ဖို့ အင်မတန်မှ အရေးကြီးတယ်။ မေးခွန်းတွေကလည်း အားလုံးနဲ့ တန်းတူ consistent ဖြစ်ရမယ်။
Skill assessment ဆိုရင် မေးခွန်းပေါက်လည်း ကျောင်းသားက အောင်ချင်မှ အောင်မှာပါ။ သူ တကယ် မလေ့ကျင့်ထားရင် ကျမှာပါပဲ။

(၈)
နောက်တစ်ခုက မသင်ဘဲ စစ်တာ။ တရားလား။
သင်ခဲ့တာ general principle စစ်တာက application ဆို တရားပါတယ်။
Principle ကို လုံးဝ မသင်ခဲ့ဘဲ စစ်တယ်ဆို မတရားပါ။

(၉)
နောက်တစ်ခုက တကယ်သင်ရမှာ ဆယ်ခု၊ ဒါကို တစ်ခုပဲ သင်ပြီး တစ်ခုပဲ စစ်တာ။ တနည်းအားဖြင့် မေးခွန်းအောက်တယ်ပေါ့။ အဲ့ဒါကောင်းလား။
သင်ခဲ့တဲ့ တစ်ခုကြောင့် ကျန်တဲ့ ကိုးခုကို ကိုယ့်ကိုယ်ကို လေ့လာတတ်မြောက်စေတယ်ဆိုရင် ကောင်းပါတယ်။ တကယ်လို့ အဲ့လို မဟုတ်ဘူးဆိုရင် ဒါကို efficient teaching လို့ မမြင်ပါ။

(၁၀)
ကျွန်တော် အယူအဆကတော့ စာမေးပွဲထက် သင်ကြားမှုက အရေးပိုကြီးပါတယ်။ ဘယ်စာမေးပွဲကိုပဲ အောင်ခဲ့၊ အောင်ခဲ့ အဲ့ဒီ စာမေးပွဲက တောင်းဆိုတဲ့ objectives and topics တွေကို အကုန်တတ်မြောက်ခဲ့တာ မဟုတ်သလို ကျခဲ့ရင်လည်း ညံ့တဲ့သူလို့ ပြောလို့မရပါ။
ဒါကြောင့်လည်း နိုင်ငံခြားက သူတွေက exam ထက် training ကို ပိုပြီး focus လုပ်နေကြတာပါ။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Read times Last modified on Friday, 03 January 2020 14:32
Rate this articles
(1 Vote)