×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 03 April 2018

How to Use Linking Verb … အဖြည့်ခံကြိယာများကို ဘယ်လိုသုံးမလဲ …

How to Use Linking Verb … အဖြည့်ခံကြိယာများကို ဘယ်လိုသုံးမလဲ … google.com

Adjective/ noun phrase တစ်ခုကို verb ရဲ့ နောက်မှာထားပြီး အဲဒီ phrase က subject ဘာဖြစ်တယ်၊ ဘယ်သူဖြစ်တယ်ဆိုတာကို ဖော်ပြနေရင် အဲဒီ phrase ကို complement လို့ခေါ်ပြီး verb ကိုတော့ linking verb လို့ခေါ်တယ်။

Lan is a doctor. She seemed unable to concentrate.

The house became Peter’s in 1980.

. အသိသာဆုံး linking verb ကတော့ be ဖြစ်တယ်။ အခြား linking verb တွေကတော့ ‘being’ ဖြစ်ခြင်း ကိုပြတဲ့ keep, prove, remain, stay, etc. ၊ “becoming” ဖြစ်လာခြင်းကို ဖော်ပြတဲ့ become, come, end up, grow, turn out နဲ့ “seeming” ထင်မြင်ရခြင်းကို ပြတဲ့ appear, look, seem, sound တို့ဖြစ်တယ်။ ဒီ verb အများစုရဲ့နောက်မှာ Adjective/ Noun phrase တစ်ခုလိုက်နိုင်တယ်။ သို့သော် come/grow ကို linking verb အဖြစ်သုံးတဲ့အခါ နောက်မှာ noun phrase လိုက်လို့မရဘူး။ keep ကတော့ နောက်ကပ်လျက်မှာ adjective ပါမှနောက်မှာ noun လိုက်လို့ရတယ်။

. appear (seems true), look (seem), prove, seem နဲ့ turn out တို့ရဲ့နောက်မှာ “to be” ပါလျက် ချန်ထားလျက် သုံးနိုင်တယ်။

The room appears (to be) brighter than when I last saw it.

She proved (to be) an extremely enthusiastic teacher.

Recommended for you - အသုံးမကျတဲ့လူ မဖြစ်စေနဲ့

*သို့သော် alive, alone, asleep, awake စတဲ့ adjective များနဲ့ ‑ing ရဲ့ ရှေ့မှာ to be ကိုချန်ထားလို့ မရဘူး။

I didn’t go in because she appeared to be asleep.

The roads seem to be getting icy so drive carefully.

*verb နောက်က noun ဟာ subject ဘာဖြစ်တယ်ဆိုတာကို ဖော်ပြနေရင် သူ့ရှေ့မှာ to be ထည့်လေ့ရှိ ပြီး၊ အဲ့ဒီ noun ဟာ subject နဲ့ ပက်သက်ပြီး ပြောသူရဲ့ ထင်မြင်ယူဆချက်ဖြစ်နေရင်တော့ အများအားဖြင့် to be ကို ချန်ထားနိုင်တယ်။ Formal English မှာ ချန်ထားလေ့ရှိတယ်။

He walked into what seemed to be a cave. (ချန်ထားလို့မရဘူး)

She seems (to be) a very efficient salesperson.

. ပြောင်းလဲမှု ဖြစ်စဉ်ကို ဖော်ပြဖို့ become ကို linking verb အဖြစ်သုံးလေ့ရှိတယ်။

come, get, go, grow, turn into စတဲ့ verb တွေကို become အစားသုံးနိုင်တယ်။

. difficult, ill, interested, pregnant, suspicious, unhappy, worried စတဲ့ adjectives တွေကို informal speech နဲ့ writing မှာ get နဲ့တွဲသုံးလေ့ရှိတယ်။ imperatives နဲ့ changed (clothes), dressed, married, divorced စတဲ့ participle adjectives တွေကိုလည်း get နဲ့အသုံးများတယ်။

I first got suspicious when he looked into all the cars. (more formally…become suspicious…)

Don’t get upset about it! Where did you live before you got married?

*စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာရပ်ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တွေကို ပြောတဲ့အခါ become ကို အသုံးများ တယ်။ adapted, apparent, aware, convinced, infected, irrelevant, obvious, recognised စတဲ့ adjective တွေဟာ become နဲ့ အတွဲများတယ်။

He became recognised as an expert.

Their bodies have became adapted to high attitudes.

*linking verb ရဲ့နောက်မှာ noun လာတဲ့အခါ become ကိုသုံးတယ်။

Dr Smith became an adviser to the government. She became a good tennis player.

Recommended for you - သင်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားလား

*အရောင်ပြောင်းတာကိုပြောတဲ့အခါ go/turn ကို သုံးတယ်။

The traffic light went / turned green and I pulled away.

*မကောင်းတဲ့အပြောင်းအခဲတွေပြောတဲ့အခါ go ကို linking verb အဖြစ်အသုံးများတယ်။

Go deaf, blind, bald; go bad/off/mouldy/rotten; go bust, go dead, go missing, go wrong

The children went completely crazy at the party.

My computer’s gone wrong again.

*come, get, grow တို့နောက်မှာ to infinitive ကိုသုံးနိုင်တယ်။ come နဲ့ grow ဟာအများဖြင့် တဖြည်း ဖြည်းဖြစ်ပေါ်တဲ့ ပြောင်းလဲမှုကို ဖော်ပြတယ်။

I eventually came/grew to appreciate his work.

I soon got to know their names.

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Credit: Myanmar-network.net

Read times Last modified on Tuesday, 07 January 2020 17:33
Rate this articles
(1 Vote)