×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 02 July 2018

'' ကလေးကျောင်းအတွက် စိတ်မပူနဲ့ ''

'' ကလေးကျောင်းအတွက် စိတ်မပူနဲ့ '' google.com

''ကလေးတွေ ကျောင်းထားရတော့မယ် ... စိတ်ညစ်တယ်''

ဒီလိုစိတ်ပူမှုမျိုးကို သားသမီးရှိတဲ့မိဘတိုင်း ကြုံဖူးကြမှာပါ။ မူလတန်းလည်း မူလတန်းအလျောက်၊ တက္ကသိုလ် လည်း တက္ကသိုလ်အလျောက် သူ့နေရာနဲ့သူတော့ ပူနေရတာပါပဲ။ ဒီလိုအခက်အခဲမျိုးကို အမေရိကားကို ပြောင်းလာကြတဲ့ မြန်မာမိသားစုတွေမှာလည်း ရှိကြပါတယ်။

 

မိသားတစ်စုဟာ အမေရိကားကို လာတော့မယ်ဆိုရင် ဘယ်အရွယ် ကလေးငယ်တွေ ပါလာမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကျောင်းကိစ္စတွေက မတူနိုင်ပါဘူး။ ကျွန်တော့် စာတွေဖတ်မိသူနေတွေထဲမှာ ဒီနိုင်ငံကို လတ် တလော လာမယ့်သူတွေ မေးလေ့ရှိတာက စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်ပုံနဲ့ ကလေးကျောင်းထားတဲ့ ကိစ္စတွေက အများဆုံးပါ။

အကြမ်းအားဖြင့် ကလေးရဲ့အသက်အရွယ်အရ ကျောင်းတက်ရပုံ ကို ကျွန်တော်က () မျိုး ခွဲပြောချင်ပါတယ်။

» အထက်တန်းကျောင်း - High School

ဒီအုပ်စုထဲမှာ ရင်ခွင်ပိုက် - Infant နဲ့ မူကြို - Pre-School (Kinder-garten) တို့ထက်ကြီးတာ တစ်နည်းအား ဖြင့် အတန်းကြီးရောက်တဲ့အရွယ် အားလုံးကို ဆိုလိုပါတယ်။ ဒါကြောင့် (1)တန်း - 1st Grader ကနေ (12) တန်း - Senior အထိ အမေရိကားမှာ အခမဲ့တက်နိုင်ပါတယ်။ ဒီအတွက် ရောက်လာတဲ့ မြန်မာမိသားစုထဲမှာ ကလေးမိဘက အမြဲတမ်း နေထိုင်ခွင့် - Permanent Residence ( Green Card ) ရရှိထားရပါမယ်။

 

တစ်ဆက်တည်း အပ်ရမယ့်ကျောင်းကို မိမိနေတဲ့မြို့နယ်ပေါ် မူတည်ပြီး ခွဲတာဖြစ်လို့ ကျောင်းအုပ်ချုပ်ရေးရုံး - School District က ချပေးတဲ့ကျောင်းကို တက်ရမယ်။ ဒီအတွက် မိဘတွေဟာ ဒီရပ်ကွက်ထဲက ဒီအိမ် လိပ်စာမှာ အမှန်တကယ်နေတယ်ဆိုတဲ့ Proof of Residence ပြရပါမယ်။

 

ကျောင်းတွင်းလေ့လာရေး - Orientation သွားတဲ့အခါလည်း အခက်အခဲ မရှိနိုင်ပါဘူး။ ကျောင်းအပ် တဲ့နေ့မှာ ဘာလုပ် ဘယ်သွားဆိုတာမျိုးနဲ့ အမြဲကူညီနေတဲ့ လုပ်အားပေးကျောင်းသားတွေကို ကျောင်းက လေ့ကျင့် - Train ပေးပြီးသားပါ။ ဒါကြောင့် အိမ်စာမှတ်ချက်နဲ့ မိဘနဲ့ဆရာ အချိတ်အဆက်ရှိစေဖို့ တစ်နှစ်စာအစီအစဉ် ဇယား - Planner တစ်အုပ်ဝယ်ဖို့ ဒေါ်လာဆယ်ဂဏန်းနဲ့ ပြီးသွားပါပြီ။ (စားရေးကိရိယာတွေ ကိုယ်တိုင် ဝယ်ရဦးမှာ ...)

 

အခက်အခဲကတော့ ရောက်ခါစကလေးကို ကျောင်းဘယ်သူပို့မလဲ ဆိုတာပါပဲ။ ဒါကလည်း မိဘနှစ်ယောက် ထဲမှာ တစ်ယောက်က ဝင်ငွေရှိတဲ့ အလုပ်တစ်ခုရှာပြီး နောက်တစ်ယောက်က ကလေးကိစ္စ ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။ နောက်ပိုင်း ကလေးက ကျောင်းမှာလည်းပျော်၊ လူတော်လူ ကောင်းလေးတွေနဲ့ တွေ့ပြီးနေသားကျ လာတဲ့အခါ မိဘတွေမှာ သူတို့ လိုအပ်ချက်တွေကို ကြည့်ပြီး သူတို့အနာဂတ်ကို စိတ်ကူးယဉ်နိုင်ပါပြီ။

 

» ကောလိပ်နဲ့ တက္ကသိုလ်

အမေရိကန်ရဲ့ ပြည်နယ်တွေပေါ်လိုက်ပြီး အထက်တန်းကျောင်းပြီး တဲ့ ကျောင်းသားတွေကို ထောက်ပံ့ပေးတဲ့ ရန်ပုံငွေဆိုတာ ရှိပါတယ်။ ကျောင်းသားထောက်ပံ့ငွေလို့ အသိများတဲ့ Financial Aid ဒီနိုင်ငံမှာ ''နိုင်ငံ သားဖြစ်သူနဲ့ အမြဲတမ်း နေထိုင်ခွင့်ရှိသူ'' ဘယ်သူမဆို လျှောက်ခွင့်ရတာချင်း တူပါတယ်။ သို့ပေမယ့် ချပေး လိုက်တဲ့ Financial Aid မှာ ကျောင်းစရိတ်ကို စိုက်ထုတ်ပေးခြင်း - Cover ဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ မတူနိုင်ပါဘူး။

 

ဒါဆို ဘယ်လိုလူတွေက ကျောင်းစရိတ်ကာမိလို့ အပိုငွေရပြီး ဘယ်လိုလူတွေက ကိုယ့်စရိတ်နဲ့ကိုယ် ကောလိပ် တက်ရမလဲဆိုတာ မေးစရာ ရှိပါတယ်။ ဒါက လူတစ်ဦးချင်းလား၊ မိသားစုနဲ့လား၊ အိမ်ထောင်နဲ့လား၊ ကလေး ရှိလား၊ အိမ်ထောင်စုထဲမှာ ကျောင်းကြီးတက်နေသူ ဘယ်နှယောက် ရှိသလဲ၊ အလုပ်လုပ်ရင်း ကျောင်းတက် မှာလား ဆိုတဲ့အပေါ်တွေမှာ ကွဲပြား ပါတယ်။

 

တစ်ဆက်တည်း ဝင်ငွေနည်းသူတွေကို ပေးတဲ့ကူငွေ ဖြစ်တာမို့လို့ ဝင်ငွေနည်းသူ - Low Income သမားတွေ ကို ပြည်နယ်တွေက ကယ်တင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကနေ ကျောင်းလာတက်သူတွေက Green Card မရှိလို့ Financial Aid လျှောက်ခွင့်မရှိပါဘူး။ ပညာသင်ဆုလို့ ခေါ်ကြတဲ့ Scholarship ကိုတော့ ကျွန်တော့်တစ်ဦးတည်း အမြင်အရ ဈေးရောင်းတဲ့ ပရိုမိုးရှင်းလို့ အမြဲဖြေမိတယ်။

 

နောက်ထပ်မျှော်လင့်စရာရှိတာက ကျောင်းကလည်း အစိုးရကျောင်း - Public School ဖြစ်ဦးမယ်ဆိုရင် အစိုးရပေးတဲ့ထောက်ပံ့ငွေအပြင် ပြည်နယ်ကပေးတဲ့ ထောက်ပံ့ငွေနဲ့ ကျောင်းကိုယ်တိုင်ကပေးတဲ့ လျှော့ပေး ငွေတွေ ရနိုင်ပါသေးတယ်။ ဒီထဲမှာ မိမိကလေးရတဲ့ ပရိုဂရမ်ပေါ်မူတည်ပြီး အမည်နာမကွဲပြားသလို ငွေပမာဏ လည်း မတူနိုင်ပါဘူး။ ဒါပေမဲ့ ကလေးက သူ " Grant " ရတယ်လို့ဆိုရင်တော့ တစ်နှစ်စာလုံးမှာ ''တစ်ကြိမ်သာ'' ရပြီး ပြန်ဆပ်စရာ မလိုဘူးဆိုတာ သိရပါတယ်။

 

Recommended for you - မည်သည့်ကျောင်းသား/သူမဆို လျှောက်ထားနိုင်တဲ့ တက္ကသိုလ်ပညာသင်ဆု

» တက္ကသိုလ်

အထက်က အပိုဒ်မှာ ကောလိပ်နဲ့ တက္ကသိုလ်ကို ပေါင်းထားရတာ အကြောင်းရှိပါတယ်။ အမေရိကန်ကျောင်း သားတွေရဲ့ စိတ်ထဲမှာ ကောလိပ်သည်လည်း တက္ကသိုလ်၊ တက္ကသိုလ်သည်လည်း ကောလိပ်လို့ (အများ အားဖြင့်) ယူဆထားတဲ့အတွက်ကြောင့် ဖြစ်တယ်။ သင်ကြားပြီးစီးမှု အတိုင်းအတာကို အခန်း - Unit (အပိုင်း) တွေနဲ့ တွက်တာကြောင့် စာတူရင် ကောလိပ်မှာ တက်ပြီးထားရင် တက္ကသိုလ်မှာ ရှေ့ဆက်သွားရုံဆိုတော့ ကလေးအတွက် သိပ်ထမ်းစရာမလိုတော့ပါဘူး။

 

ဆိုလိုတာက အင်ဂျင်နီယာလိုင်း (တစ်ခုခု) တက်မယ့်ကျောင်းသားဟာ သူ့မေဂျာဝင်ဖို့ လိုအပ်ချက် - Requirement ဘာသာရပ်တွေထဲက ဥပမာ - သချာင်္ဆိုရင် Algebra, Trigonometry တို့လို အပေါစားလေးကို ကောလိပ်မှာ သင်ထားပြီး Statistics ကိုပါ အချိန်စုပြီး ပြီးအောင်လုပ်ထားမယ်ဆိုရင် တက္ကသိုလ်ပြောင်းတဲ့အခါ အဲဒီယူနစ်တွေကို ကဲ့ယူ - Transfer လုပ်သွားရင် ကျောင်းက ပေးယူပါတယ်။

 

ဒီလိုနည်းလမ်းအားဖြင့် မြန်မာနိုင်ငံကနေ ငွေကုန်ကြေးကျခံပြီး ဒီနိုင်ငံက နာမည်ကြီးကျောင်းကိုရောက်မှ အခြေခံကနေ ပြန်တက်ရတဲ့ အင်္ဂလိပ်စာ၊ အောက်သက်မကြေလို့ နားလည်အောင် လုပ်နေရတဲ့သချာင်္၊ သိပြီးတတ်ပြီးသားဖြစ်ပေမယ့် ဒီနိုင်ငံက အခေါ်အဝေါ်တွေကို အကျွမ်းဝင်အောင် လုပ်နေရတဲ့တချို့ Professional Major တွေအပေါ်မှာ အချိန်ဖြုန်း၊ ငွေဖြုန်းနေတဲ့ဒုက္ခကနေ ရှောင်ကွင်းနိုင်ပါတယ်။

 

တက္ကသိုလ်တက်ဖို့အတွက် ကျောင်းသားဟာ ကျောင်းဝင်ခွင့်ကဲ့သို့ အာဏာရှိတဲ့ SAT နဲ့ ACT တို့ကို ဖြေရပါမယ်။ ကျောင်းကောင်းရင် ကိုယ့်ကလေးက ဒီစာမေးပွဲတွေမှာ အမှတ်များများ ရထားဖို့ ဆုတောင်းထား နိုင်ရင် ပိုစိတ်ချရတယ်။ ဒီအတွက် အထက်တန်း မပြီးခင် (10) တန်း ကတည်းက ကျောင်းက လေ့ကျင့်ပေးတဲ့ ပရိုဂရမ်တွေ ရှိတယ်။ စာမေးပွဲ ဖြေရရင် ကိုယ့်ကလေး ဖြေချင်ရင် ငွေသွင်းပြီး ဖြေရမှာ ဖြစ်ပါတယ်။

 

ကျောင်းရွေးပြီးသွားတဲ့ ကျောင်းသားအတွက် အဆောင် စဉ်းစားရပါမယ်။ အိမ်ကနေ တက္ကသိုလ် အသွားအပြန် တက်မယ့် ကလေးအတွက်က ကား၊ ရထား စီစဉ်ပေးရမယ်။ တစ်နယ်တစ်ကျေးမှာတက်ရင် ကျောင်း သားဟာ သွားလာစားသောက် အိမ်စာကျောင်းကိစ္စအားလုံး သူ့ဟာသူ လုပ်နိုင်ရပါမယ်။ ဒီနေရာမှာ အခမဲ့ဆိုပြီး အုတ်မြစ်ချခဲ့တဲ့ အမေရိကန်ပညာရေးဟာ သောက်သောက်လဲ ငွေစကုန်ပါပြီ။ မိဘက ထောက်ပံ့ပေး နိုင်သူတွေအတွက် အရေးမကြီးတဲ့ဘဏ္ဍာရေး အခြေအနေဟာ မတတ်နိုင်သူတွေ အတွက်ကျပြန်တော့ ချေးငွေ - Student Loan နဲ့ နှစ်ပါးသွားရပါမယ်။

 

အလုပ်ခွင်ဝင်ပြီးခါမှ ကျောင်းတက်တုန်းက ချေးခဲ့တဲ့ငွေကို (3) နှစ် တန်သည် (5)နှစ်တန်သည် ပြန်ဆပ်ကြတဲ့ ဇာတ်လမ်းမျိုးက ဒီဘက်မှာ မဆန်းလှတဲ့ကျောင်းသားနဲ့ ငွေကြေး စိန်ပြေးတမ်းလိုက်တမ်းကစားနည်း တစ်မျိုးလို့ ကျွန်တော်က ပြောချင်တယ်။

 

ချုပ်ပြီးဆိုရရင် အမေရိကား ပညာရေးဟာ (တတ်နိုင်ရင်) တစ်သက်မှာ တစ်ခါတော့ ယူထားသင့်တဲ့ ''အသိဥာဏ်ဥစ္စာအိုး'' လို့ ကျွန်တော် ယူဆတယ်။ အဲဒါအတွက် ရောက်လာတဲ့ ကျွန်တော့်ရဲ့ အမေရိကား ဘဝမှာလည်း အလဲအလှယ်တချို့ လုပ်ခဲ့ရသမို့ အခုလို သိသလောက်ပြန် ပြောပြခွင့်ရတာကိုပဲ အလွန်အမင်း ကျေနပ်မိပါတယ်။

Recommended for you - ခေတ်ပညာတတ်ဆိုတာ

Recommended for you - တက္ကသိုလ်အတုများကို နှိမ်နင်းမည်ဟု ဘယ်လ်ဂျီယံ ကြုံးဝါး

Credit; NetGuide Journal

Read times Last modified on Friday, 10 January 2020 10:12
Rate this articles
(1 Vote)