×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 29 December 2017

ကိုယ္ပိုင္စီးပြားေရးလား၊ သူမ်ားစီးပြားေရးလား။ ဘာလို႔ ႏွစ္ခုလံုးမျဖစ္ႏိုင္ရတာလဲ

ကိုယ္ပိုင္စီးပြားေရးလား၊ သူမ်ားစီးပြားေရးလား။ ဘာလို႔ ႏွစ္ခုလံုးမျဖစ္ႏိုင္ရတာလဲ google.com

အသက္ေမြးဝမ္းေၾကာင္းအတြက္ ကို္ယ္ဝါသနာမပါတဲ့အလုပ္ေတြကို လုပ္ေနရတဲ့သူေတြ အမ်ားၾကီးရွိမွာပါ။ ၀ါသနာနဲ႔ထပ္တူပံုစံတူက်တဲ့ အလုပ္ဆိုတာေတာ့ အေတာ္ေလးကိုရွားရွားပါးပါးပါ။

အဲလို၀ါသနာပါတဲ့အလုပ္ ကို အသက္ေမြး၀မ္းေက်ာင္းအတြက္ လုပ္ေနရတယ္ဆိုရင္ အေတာ္ေလးကံေကာင္းတဲ့ အထဲမွာပါတယ္လို႔ ဆိုရမယ္။ ဒါေပမယ့္ ၀ါသနာပါတာကို မလုပ္ရလို႔ပါဆိုျပီး ထိုင္ညည္းေနရံုနဲ႔ေတာ့ အလုပ္မျဖစ္ဘူး။ ကၽြန္ေတာ္ နည္းနည္းေလာက္ အၾကံေပးခ်င္တယ္။

မိုက္ရူးရဲမဆန္ပါနဲ႔။

ပထမဆံုးက ကိုယ့္အလုပ္ကိုခ်က္ျခင္းထြက္ျပီး ကိုယ္၀ါသနာပါတဲ့အလုပ္ကို လုပ္ပစ္လိုက္စမ္းပါလို႔ အၾကံ ေပးတဲ့ motivation talk လိုမ်ိဳးဟာေတြကို အလံုးစံု မယံုလိုက္ပါနဲ႔။ ေအာင္ျမင္ျပီးတဲ့သူေတြက ကိုယ့္ ၀ါသနာပါတာအတြက္ အကုန္လံုးစြန္႔စားပစ္လိုက္စမ္းပါလို႔ေျပာတာက ထီေပါက္ထားတဲ့သူက တျခားလူ တစ္ေယာက္ကို ရွိတာအကုန္ေရာင္းျပီး ထီလက္မွတ္၀ယ္ပါလားလို႔ အၾကံေပးေနသလိုပဲ။ ကိုယ့္ဆီမွာ ခုိင္မာျပီး ၀င္ေငြေသခ်ာေနတဲ့အလုပ္တစ္ခုရွိေနတယ္ဆိုရင္ ခ်က္ျခင္းစြန္႔လႊတ္ပစ္ဖို႔ကို စိတ္အားမထက္ သန္ပါနဲ႔။

အေၾကာင္းျပခ်က္ေတြကို ေတာ္လိုက္ေတာ့။ ဘာလို႔ ႏွစ္ခုမလုပ္ႏုိင္တာလဲ။

လူေတာ္ေတာ္မ်ားမ်ားမွာ ၀ါသနာပါတဲ့အလုပ္နဲ႔ ၀င္ေငြရေနတဲ့အလုပ္ႏွစ္ခုရွိေနတယ္။ ၀ါသနာပါတဲ့အလုပ္ က ခ်က္ျခင္းလက္ငင္း၀င္ေငြမရႏုိင္ဘူးဆိုရင္ ၀င္ေငြရေနတဲ့အလုပ္ကို မစြန္႔လႊတ္ပါနဲ႔ဦးလို႔ ေျပာခဲ့ျပီးျပီ။ ဒါေပမယ့္ လံုး၀စမလုပ္ပါနဲ႔လို႔ မေျပာခဲ့ဘူး။ ဘာလို႔ ႏွစ္ခုကို အစမပ်ိဳးႏုိင္ရမွာလဲ။ အလုပ္ထဲမွာ မိုးလင္းက မိုးခ်ဳပ္ နားခ်ိန္မရွိေလာက္ေအာင္ကို အခ်ိန္ကုန္ေနလား။ အိမ္မွာေရာ။ တကယ္တမ္းက စလုပ္လို႔ရတာေတြ အမ်ားၾကီးပါ။ အေၾကာင္းျပခ်က္ေတြကို ရပ္တန္႔လိုက္ပါ။

ဥပမာအေနနဲ႔ ကၽြန္ေတာ့္မွာ ၀င္ေငြၾကီးၾကီးမားမား၀င္ေနတဲ့အခ်ိန္ျပည့္အလုပ္တစ္ခုရွိတယ္။ ၀ါသနာပါ ေပမယ့္ ပ်င္းစရာေတာ့နည္းနည္းေကာင္းတယ္။ တကယ္တမ္းအရမ္း၀ါသနာပါတာက စာသင္တဲ့အလုပ္။ အခ်ိန္ျပည့္အလုပ္ကို ထြက္ပစ္လိုက္ဖို႔က အေျခအေနမေပးေသးဘူး။ ထိုင္ညည္းေနလို႔ေတာ့ရတယ္။ ဒါေပမယ့္ ျဖစ္ေအာင္လုပ္ၾကည့္လိုက္တယ္။ အခု ရံုးမွာအားတဲ့အခ်ိန္ေတြ စာေရး စာဖတ္လုပ္တယ္။ သင္တန္းအတြက္ presentation file ေတြျပင္တယ္။ ညေနဘက္ ရံုးဆင္းခ်ိန္မွာ သင္တန္းေပးတယ္။ ကိုယ္၀င္ေငြရေနတာကိုလည္း စြန္႔လႊတ္စရာမလိုဘူး။ ပင္ပန္းေပမယ့္ ကိုယ္၀ါသနာပါတဲ့ အလုပ္ကိုလုပ္ ရတာဆုိေတာ့ ေပ်ာ္ရႊင္ရတယ္။ ပိုက္ဆံစကားသိပ္ေျပာတာေတာ့မဟုတ္ဘူး ဒါေပမယ့္ ပိုက္ဆံမရွိေတာ့ ကိုယ့္ဘယ္သူလာေကၽြးထားမွာလဲ။ ဒီေတာ့ ကိုယ္၀ါသနာတကယ္ပါတဲ့အလုပ္ရဲ႕၀င္ေငြက လက္ရွိအလုပ္ ရဲ႕၀င္ေငြထက္ မေက်ာ္ႏုိင္ေသးဘူးဆိုရင္ေတာင္ ကိုယ့္လစဥ္ကုန္က်စရိတ္ေလာက္ေတာ့ ကာမိေနျပီဆုိမွ ထြက္ခ်င္ရင္ထြက္တာေကာင္းတယ္။ အပင္ပန္းေတာ့ခံေပါ့။ မခံခ်င္ရင္လည္း မညည္းနဲ႔ေပါ့။

Recommended for you - သင္ဘယ္ႏွစ္ႀကိမ္ ျငင္းပယ္ခံခဲ႔ရဘူးပါသလဲ?

ျဖည္းျဖည္းကေနစပါ။ အဆက္အသြယ္စုပါ။

အလုပ္လုပ္တယ္ဆိုတာ အဆက္အသြယ္က ငါးဆယ္ရာခိုင္ႏႈန္းအေရးၾကီးပါတယ္။ တကယ္ကလက္ရွိ ကိုယ္သူမ်ားအတြက္ လုပ္ေပးေနရတယ္လို႔ထင္တဲ့ေနရာမွာ ကိုယ့္အတြက္အသံုး၀င္တာေတြအမ်ားၾကီးပါ။ အဆက္အသြယ္ေတြရႏုိင္တယ္၊ ကိုယ္မသိေသးတဲ့နည္းပညာေတြ၊ စီးပြားေရးအေၾကာင္းေတြအမ်ားၾကီးမွ အမ်ားၾကီးသိႏုိင္တယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕စိတ္ေနစိတ္ထားေတာ့ေျပာင္းဖို႔လိုလိမ့္မယ္။ ကိုယ္က Client နဲ႔သြားေတြ႔တယ္သေဘာထားရင္ေတာ့ client နဲ႔ေတြ႔ရံုေပါ့။ ကိုယ့္အတြက္ အဆက္အသြယ္သစ္ ဖန္တီးတာ လို႔ သေဘာထားရင္ ကိုယ့္အလုပ္အတြက္အသံုး၀င္ျပီ။ လက္ရွိ ကိုယ္လုပ္ေနရတာေတြကို ပ်င္းစရာေကာင္း တယ္လို႔ မွတ္ယူလည္းရတယ္။ ကိုယ္သင္တန္းအလကားတက္ေနရတယ္လို႔ မွတ္ယူလည္းရတယ္။ ေနာက္ တစ္ခုက ျဖည္းျဖည္းကေန စၾကည့္ဖို႔ပါ။ ကၽြန္ေတာ္နဲ႔ပဲဆက္ယွဥ္ေျပာမယ္ေနာ္။ ကၽြန္ေတာ္ အလုပ္လုပ္ တယ္။ ၀ါသနာက စာသင္ခ်င္တယ္။ ၀ုန္းဒိုင္းၾကီး သင္တန္းေက်ာင္းအခမ္းအနားၾကီးနဲ႔ ထမလုပ္ဘူး။ အရင္း အႏွီးလည္းမရွိဘူး။ ဒါေပမယ့္ ျဖည္းျဖည္းကေန ျဖစ္ေအာင္စလုပ္လို႔ေတာ့ရတယ္။

စြန္႔လႊတ္သင့္တာေတြစြန္႔လႊတ္ပါ။ မစြန္႔လႊတ္ႏုိင္ရင္ အပင္ပန္းခံပါ။

လူတုိင္းမွာ အခ်ိန္နဲ႔ စြမ္းအားက အကန္႔အသတ္ရွိတယ္။ အဲဒီေတာ့ စြန္႔လႊတ္သင့္တာေတာ့စြန္႔လႊတ္ရမွာပါ။ တစ္ေနကုန္အလုပ္လုပ္ျပီးရင္ လူတုိင္းနားခ်င္ၾကတာပဲ။ ေအးေဆးဘီယာေသာက္မယ္။ ဂိမ္းေဆာ့မယ္။ ရုပ္ရွင္ၾကည့္မယ္။ ဒါေပမယ့္ ကိုယ္၀ါသနာပါတာကိုလုပ္ခ်င္တယ္၊ ၀င္ေငြလည္းရခ်င္တယ္ဆိုရင္ေတာ့ နားခ်ိန္ေလးေတြစြန္႔လႊတ္ေပါ့။ မစြန္႔လႊတ္ႏုိင္ဘူးဆိုရင္ ေနာက္တစ္နည္းက အပင္ပန္းခံေလ။ ကၽြန္ေတာ္ လည္း တစ္ေနကုန္အလုပ္လုပ္တယ္။ ညေနဘက္စာသင္တဲ့ အခါစာသင္တယ္။ တစ္ဘက္မွာ ဂိမ္းေဆာ့ တာက ကၽြန္ေတာ့္ရဲ႕ နားခ်ိန္။ သိပ္ပင္ပန္းလာရင္ ဂိမ္းမေဆာ့ဘဲေနတယ္။ တစ္ခါတေလ သိပ္ေဆာ့ခ်င္လာ ရင္ေတာ့ ညနက္တဲ့ထိေဆာ့တယ္။ မနက္က်ရင္ေတာ့ ပင္ပန္းျပီပဲ။ ဆိုေတာ့ အလုပ္ႏွစ္ခု ဒါမွမဟုတ္ အဲဒီထက္ ပိုေအာင္လုပ္ရင္ ပင္ပန္းမယ္၊ စြန္႔လႊတ္ရမွာေတြရွိတယ္။ အားလံုးကို ရခ်င္ေနလို႔ေတာ့ မျဖစ္ဘူး ေလ။ ၾကာလာေတာ့လည္း အက်င့္ပါသြားပါလိမ့္မယ္။ ကိုယ့္ဘာသာ ေအးေဆးျဖစ္ေနရင္ေတာင္ မေနတတ္မထိုင္တတ္ျဖစ္လာျပီး ငါဘာလုပ္ဖို႔လိုေနေသးတာလဲဆိုျပီးျဖစ္လာတယ္။

ျခံဳငံုျပီးေျပာရရင္ေတာ့ ၀ါသနာပါတဲ့အလုပ္နဲ႔ ၀င္ေငြရတဲ့အလုပ္ တစ္ထပ္တည္းမက်ေနလည္း ညည္းရံုပဲ ညည္းမေနပါနဲ႔။ ဘာလို႔ ႏွစ္ခုလံုးလုပ္ႏုိင္ေအာင္ အစမပ်ိဳးၾကည့္တာလဲ။ အေပၚက ေပးထားတဲ့ အၾကံေပး ခ်က္ေလးေတြသံုးၾကည့္ပါ။ ေနာက္ထပ္ ေျပာဖို႔က်န္ေနတာက စာဖတ္ပါ။ အမ်ားၾကီး အေထာက္အကူ ျပဳႏုိင္ပါလိမ့္မယ္။

Credit: Thurein Hlaing Win

[Unicode Version]

အသက်မွေးဝမ်းကြောင်းအတွက် ကို်ယ်ဝါသနာမပါတဲ့အလုပ်တွေကို လုပ်နေရတဲ့သူတွေ အများကြီးရှိမှာပါ။ ၀ါသနာနဲ့ထပ်တူပုံစံတူကျတဲ့အလုပ်ဆိုတာတော့ အတော်လေးကိုရှားရှားပါးပါးပါ။ အဲလိုဝါသနာပါတဲ့အလုပ် ကို အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေရတယ်ဆိုရင် အတော်လေးကံကောင်းတဲ့ အထဲမှာပါတယ်လို့ ဆိုရမယ်။ ဒါပေမယ့် ၀ါသနာပါတာကို မလုပ်ရလို့ပါဆိုပြီး ထိုင်ညည်းနေရုံနဲ့တော့ အလုပ်မဖြစ်ဘူး။ ကျွန်တော် နည်းနည်းလောက် အကြံပေးချင်တယ်။
မိုက်ရူးရဲမဆန်ပါနဲ့။
ပထမဆုံးက ကိုယ့်အလုပ်ကိုချက်ခြင်းထွက်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပစ်လိုက်စမ်းပါလို့ အကြံ ပေးတဲ့ motivation talk လိုမျိုးဟာတွေကို အလုံးစုံ မယုံလိုက်ပါနဲ့။ အောင်မြင်ပြီးတဲ့သူတွေက ကိုယ့် ၀ါသနာပါတာအတွက် အကုန်လုံးစွန့်စားပစ်လိုက်စမ်းပါလို့ပြောတာက ထီပေါက်ထားတဲ့သူက တခြားလူ တစ်ယောက်ကို ရှိတာအကုန်ရောင်းပြီး ထီလက်မှတ်ဝယ်ပါလားလို့ အကြံပေးနေသလိုပဲ။ ကိုယ့်ဆီမှာ ခိုင်မာပြီး ၀င်ငွေသေချာနေတဲ့အလုပ်တစ်ခုရှိနေတယ်ဆိုရင် ချက်ခြင်းစွန့်လွှတ်ပစ်ဖို့ကို စိတ်အားမထက် သန်ပါနဲ့။
အကြောင်းပြချက်တွေကို တော်လိုက်တော့။ ဘာလို့ နှစ်ခုမလုပ်နိုင်တာလဲ။
လူတော်တော်များများမှာ ၀ါသနာပါတဲ့အလုပ်နဲ့ ၀င်ငွေရနေတဲ့အလုပ်နှစ်ခုရှိနေတယ်။ ၀ါသနာပါတဲ့အလုပ် က ချက်ခြင်းလက်ငင်းဝင်ငွေမရနိုင်ဘူးဆိုရင် ၀င်ငွေရနေတဲ့အလုပ်ကို မစွန့်လွှတ်ပါနဲ့ဦးလို့ ပြောခဲ့ပြီးပြီ။ ဒါပေမယ့် လုံးဝစမလုပ်ပါနဲ့လို့ မပြောခဲ့ဘူး။ ဘာလို့ နှစ်ခုကို အစမပျိုးနိုင်ရမှာလဲ။ အလုပ်ထဲမှာ မိုးလင်းက မိုးချုပ် နားချိန်မရှိလောက်အောင်ကို အချိန်ကုန်နေလား။ အိမ်မှာရော။ တကယ်တမ်းက စလုပ်လို့ရတာတွေ အများကြီးပါ။ အကြောင်းပြချက်တွေကို ရပ်တန့်လိုက်ပါ။
ဥပမာအနေနဲ့ ကျွန်တော့်မှာ ၀င်ငွေကြီးကြီးမားမားဝင်နေတဲ့အချိန်ပြည့်အလုပ်တစ်ခုရှိတယ်။ ၀ါသနာပါ ပေမယ့် ပျင်းစရာတော့နည်းနည်းကောင်းတယ်။ တကယ်တမ်းအရမ်းဝါသနာပါတာက စာသင်တဲ့အလုပ်။ အချိန်ပြည့်အလုပ်ကို ထွက်ပစ်လိုက်ဖို့က အခြေအနေမပေးသေးဘူး။ ထိုင်ညည်းနေလို့တော့ရတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်ကြည့်လိုက်တယ်။ အခု ရုံးမှာအားတဲ့အချိန်တွေ စာရေး စာဖတ်လုပ်တယ်။ သင်တန်းအတွက် presentation file တွေပြင်တယ်။ ညနေဘက် ရုံးဆင်းချိန်မှာ သင်တန်းပေးတယ်။ ကိုယ်ဝင်ငွေရနေတာကိုလည်း စွန့်လွှတ်စရာမလိုဘူး။ ပင်ပန်းပေမယ့် ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ် ရတာဆိုတော့ ပျော်ရွှင်ရတယ်။ ပိုက်ဆံစကားသိပ်ပြောတာတော့မဟုတ်ဘူး ဒါပေမယ့် ပိုက်ဆံမရှိတော့ ကိုယ့်ဘယ်သူလာကျွေးထားမှာလဲ။ ဒီတော့ ကိုယ်ဝါသနာတကယ်ပါတဲ့အလုပ်ရဲ့ဝင်ငွေက လက်ရှိအလုပ် ရဲ့ဝင်ငွေထက် မကျော်နိုင်သေးဘူးဆိုရင်တောင် ကိုယ့်လစဉ်ကုန်ကျစရိတ်လောက်တော့ ကာမိနေပြီဆိုမှ ထွက်ချင်ရင်ထွက်တာကောင်းတယ်။ အပင်ပန်းတော့ခံပေါ့။ မခံချင်ရင်လည်း မညည်းနဲ့ပေါ့။

Recommended for you - သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ?
ဖြည်းဖြည်းကနေစပါ။ အဆက်အသွယ်စုပါ။
အလုပ်လုပ်တယ်ဆိုတာ အဆက်အသွယ်က ငါးဆယ်ရာခိုင်နှုန်းအရေးကြီးပါတယ်။ တကယ်ကလက်ရှိ ကိုယ်သူများအတွက် လုပ်ပေးနေရတယ်လို့ထင်တဲ့နေရာမှာ ကိုယ့်အတွက်အသုံးဝင်တာတွေအများကြီးပါ။ အဆက်အသွယ်တွေရနိုင်တယ်၊ ကိုယ်မသိသေးတဲ့နည်းပညာတွေ၊ စီးပွားရေးအကြောင်းတွေအများကြီးမှ အများကြီးသိနိုင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်နေစိတ်ထားတော့ပြောင်းဖို့လိုလိမ့်မယ်။ ကိုယ်က Client နဲ့သွားတွေ့တယ်သဘောထားရင်တော့ client နဲ့တွေ့ရုံပေါ့။ ကိုယ့်အတွက် အဆက်အသွယ်သစ် ဖန်တီးတာ လို့ သဘောထားရင် ကိုယ့်အလုပ်အတွက်အသုံးဝင်ပြီ။ လက်ရှိ ကိုယ်လုပ်နေရတာတွေကို ပျင်းစရာကောင်း တယ်လို့ မှတ်ယူလည်းရတယ်။ ကိုယ်သင်တန်းအလကားတက်နေရတယ်လို့ မှတ်ယူလည်းရတယ်။ နောက် တစ်ခုက ဖြည်းဖြည်းကနေ စကြည့်ဖို့ပါ။ ကျွန်တော်နဲ့ပဲဆက်ယှဉ်ပြောမယ်နော်။ ကျွန်တော် အလုပ်လုပ် တယ်။ ၀ါသနာက စာသင်ချင်တယ်။ ၀ုန်းဒိုင်းကြီး သင်တန်းကျောင်းအခမ်းအနားကြီးနဲ့ ထမလုပ်ဘူး။ အရင်း အနှီးလည်းမရှိဘူး။ ဒါပေမယ့် ဖြည်းဖြည်းကနေ ဖြစ်အောင်စလုပ်လို့တော့ရတယ်။
စွန့်လွှတ်သင့်တာတွေစွန့်လွှတ်ပါ။ မစွန့်လွှတ်နိုင်ရင် အပင်ပန်းခံပါ။
လူတိုင်းမှာ အချိန်နဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်။ အဲဒီတော့ စွန့်လွှတ်သင့်တာတော့စွန့်လွှတ်ရမှာပါ။ တစ်နေကုန်အလုပ်လုပ်ပြီးရင် လူတိုင်းနားချင်ကြတာပဲ။ အေးဆေးဘီယာသောက်မယ်။ ဂိမ်းဆော့မယ်။ ရုပ်ရှင်ကြည့်မယ်။ ဒါပေမယ့် ကိုယ်ဝါသနာပါတာကိုလုပ်ချင်တယ်၊ ၀င်ငွေလည်းရချင်တယ်ဆိုရင်တော့ နားချိန်လေးတွေစွန့်လွှတ်ပေါ့။ မစွန့်လွှတ်နိုင်ဘူးဆိုရင် နောက်တစ်နည်းက အပင်ပန်းခံလေ။ ကျွန်တော် လည်း တစ်နေကုန်အလုပ်လုပ်တယ်။ ညနေဘက်စာသင်တဲ့ အခါစာသင်တယ်။ တစ်ဘက်မှာ ဂိမ်းဆော့ တာက ကျွန်တော့်ရဲ့ နားချိန်။ သိပ်ပင်ပန်းလာရင် ဂိမ်းမဆော့ဘဲနေတယ်။ တစ်ခါတလေ သိပ်ဆော့ချင်လာ ရင်တော့ ညနက်တဲ့ထိဆော့တယ်။ မနက်ကျရင်တော့ ပင်ပန်းပြီပဲ။ ဆိုတော့ အလုပ်နှစ်ခု ဒါမှမဟုတ် အဲဒီထက် ပိုအောင်လုပ်ရင် ပင်ပန်းမယ်၊ စွန့်လွှတ်ရမှာတွေရှိတယ်။ အားလုံးကို ရချင်နေလို့တော့ မဖြစ်ဘူး လေ။ ကြာလာတော့လည်း အကျင့်ပါသွားပါလိမ့်မယ်။ ကိုယ့်ဘာသာ အေးဆေးဖြစ်နေရင်တောင် မနေတတ်မထိုင်တတ်ဖြစ်လာပြီး ငါဘာလုပ်ဖို့လိုနေသေးတာလဲဆိုပြီးဖြစ်လာတယ်။
ခြုံငုံပြီးပြောရရင်တော့ ၀ါသနာပါတဲ့အလုပ်နဲ့ ၀င်ငွေရတဲ့အလုပ် တစ်ထပ်တည်းမကျနေလည်း ညည်းရုံပဲ ညည်းမနေပါနဲ့။ ဘာလို့ နှစ်ခုလုံးလုပ်နိုင်အောင် အစမပျိုးကြည့်တာလဲ။ အပေါ်က ပေးထားတဲ့ အကြံပေး ချက်လေးတွေသုံးကြည့်ပါ။ နောက်ထပ် ပြောဖို့ကျန်နေတာက စာဖတ်ပါ။ အများကြီး အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
Credit: Thurein Hlaing Win

 

Read times Last modified on Friday, 03 January 2020 10:25
Rate this articles
(0 votes)