×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 31 October 2019

"အလုပ်ခွင်မှာ အိပ်ငိုက်နေတဲ့အခါ လုပ်သင့်တဲ့အချက်များ

UNICODE

လူတိုင်းနီးပါး အလုပ်ခွင်မှာ တစ်ကြိမ်တစ်ခါတော့ အိပ်ငိုက်ဖူးကြတာချည်းပါပဲ။

အဲဒါက ဘာမှကြီးကျယ်တဲ့ကိစ္စမဟုတ်ပေမယ့် သင်တကယ်အိပ်ငိုက်တဲ့အချိန်မှာတော့ သင့်ရဲ့အလုပ်တွေမှာ အမှားအယွင်းတွေဖြစ်လာတာမျိုး၊ အလုပ်မှာ စိတ်မပါတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

သင့်အထက်လူကြီးက မြင်သွားတာမျိုးဖြစ်ရင်တော့ သင့်အတွက် မကောင်းနိုင်ပါဘူး။

ဒီနေ့လို အပြိုင်အဆိုင်များပြီး တိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာ အလုပ်ခွင်ထဲအိပ်ငိုက်နေလို့လည်း အလုပ်ကမပြီးမြောက်နိုင်၊ စိတ်မလန်းလူမလန်းဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် နိုးကြားတက်ကြွနေပြီး ဖြတ်လတ်စွာအလုပ်လုပ်နိုင်ဖို့လိုပါတယ်။

အဲဒါကြောင့် ဘယ်လိုနည်းလမ်းလေးတွေသုံးပြီ အလုပ်ခွင်မှာ အိပ်ငိုက်ခြင်းကို ဖြေရှင်းကြမလဲဖတ်ကြည့်လိုက်ပါအုံးနော်။

 

(၁) အနည်းငယ်လှုပ်လှုပ်ရှားရှားလုပ်ပါ
အချိန်အတော်ကြာအောင် ထိုင်နေပြီး တခုကို အာရုံစိုက်လုပ်နေခြင်းက သင့်ကိုပိုပြီးအိပ်ငိုက်စေပါတယ်။ အဲဒါကြောင့် အနည်းငယ်ထုံထိုင်းလေးလံလာပြီလို့ထင်တဲ့အခါ ထပြီး လမ်းလျှောက်တာ၊

ဟိုသွားဒီသွားခဏတဖြုတ်လုပ်ကြည့်လိုက်ပါ။ ၁၀မိနစ် ၁၅မိနစ်ခန့် လမ်းလျှောက်တာမျိုး လှုပ်ရှားတာမျိုးလုပ်ကြည့်လိုက်ပါနော်။

သင့်ရဲ့ခန္ဓာကိုယ်ကို အချိန်အကြာကြီး ထိုင်ပြီး ငြိမ်နေတာထက် လှုပ်ရှားမှုရှိဖို့လည်း လိုအပ်ပါတယ်။

အမြဲတမ်းတော့ လှုပ်ရှားနေစရာမလိုပေမယ့်လည်း အမြဲတမ်းလည်း အထိုင်များနေတာက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။

အဲဒါကြောင့် သတိရတိုင်း ခန္ဓာကိုယ်၊ ခြေလက်လှုပ်ရှားပြီး active ဖြစ်အောင်နေပါ။

 

(၂) ခဏတဖြုတ်မှေးလိုက်ပါ

၁၅မိနစ် (သို့) မိနစ် ၃၀ခန့်ခဏတဖြုတ်မှေးလိုက်ပါ။ မအိပ်ပျော်ပေမယ့် မျက်လုံးကိုခဏအနားပေးပြီး အနားယူ၊ ပြေလျော့တဲ့ပုံစံမျိုး၊ ခဏတဖြုတ် အားလပ်ချိန်ယူတာမျိုးပေါ့။

တကယ်အိပ်ပျော်သွားမယ်လို့ထင်ရင်တော့ alarm လေးပေးထားဖို့တော့မမေ့ပါနဲ့အုံး။ တော်ကြာ တနေကုန်အိပ်ပျော်သွားရင်တော့ သင့်အပြစ်ပါပဲနော်။

အမှန်တော့ မျက်လုံးတွေရော ခန္ဓာကိုယ်ရော ၊ ဦးနှောက်ရော ခဏတဖြုတ်အနားပေးလိုက်တဲ့သဘောပါ။

 

(၃) မျက်လုံးကိုခဏအနားပေးပါ
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ကွန်ပျူတာနဲ့အလုပ်လုပ်ကြတာမို့ အချိန်ကြာကြာ မရွေ့မပြောင်းဘဲ အာရုံစိုက်နေခြင်းက သင့်ကို မျက်ခွံတွေလေးလံလာစေပါတယ်။

အဲဒါကြောင့် သင့်မျက်လုံးကို ကွန်ပျူတာဆီကနေ ခဏအနားပေးပါ။ screen ကြည့်ခြင်းကို အနားပေးပြီး ပတ်ဝန်းကျင် တခြားအရာတွေကို ကြည့်ပါ။

အမြင်အာရုံကစားလိုက်ပါ။ ခဏအနားပေးလိုက်၊ အလုပ်ပြန်ုလုပ်လိုက်၊ တစ်နာရီခြားတစ်ခါလို ဒါမှမဟုတ် ၂နာရီခြားတစ်ခါလို လုပ်ကြည့်ပါနော်။

Recommended For You >>> “Wi-Fi ကိုတီထွင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီးချော"

 

(၄) ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆာပြေစားပေးပါ
(သတိပေးချက်။ အသင့်စားအစားအစာတွေ စားဖို့ တိုက်တွန်းတာမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွှတ်ပြီး သင်အိပ်ချင်ပြေစေမယ့် အစားအစာမျိုးကိုပြောချင်တာဖြစ်ပါတယ်)
သင့်ကိုစွမ်းအင်တိုးစေပြီး သင်အိပ်ငိုက်လာချိန်တိုင်း အလွယ်တကူလည်းစားနိုင်အောင် သင့်အလုပ်စားပွဲနားမှာ အဆာပြေပုံစံမျိုး ထားသင့်ပါတယ်။

ဥပမာ၊ ပန်းသီး ဒါမှမဟုတ် သစ်တော်သီးလိုမျိုး၊ ဟင်းသီးဟင်းရွက်သုပ်လိုမျိုး၊ အသီးဖျော်ရည်လိုမျိုးပေါ့။

 

(၅) ရေသောက်ပါ
တစ်နေ့ကို ရေ၂လီတာခန့်သောက်သင့်ပါတယ် ဒါမှမဟုတ် ဂါလန်ဝက်ခန့်သောက်သင့်ပါတယ်။ သင်မောပန်းနေတယ်လို့ခံစား၇တယ်

ဒါမှမဟုတ် အိပ်ငိုက်နေတယ်ဆိုရင် ၁၀မိနစ် ၁၅မိနစ်ခန့်ခြားပြီး ရေသောက်သင့်ပါတယ်။

 

(၆) နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့အကျင့်လေးလုပ်သင့်ပါတယ်
လေ့ကျင့်ခန်းလုပ်ခြင်းကို သင့်ကိုပိုပြီးမောပန်းစေတယ်လို့ထင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာပါ။

ဒါပေမယ့် တကယ်က လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့အတွက် သင့်ရဲ့ခံစားမှုတွေပြောင်းလဲပေးနိုင်သလို၊ သင့်ကိုပိုပြီး ကျန်းမာစေနိုင်ပါတယ်။

တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် ၄၅မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေပါတယ်။
အထက်ကအချက်လေးတွေကို မျှတအောင်လုပ်ကြည့်ရင်း အလုပ်ခွင်မှာ အိပ်ငိုက်လို့ မလန်းမဆန်းဖြစ်ခြင်းကို ကျော်လွှားနိုင်ပါတယ်။

ဒါပေမယ့် energy drinks နဲ့ ကော်ဖီတွေကိုတော့ အတတ်နိုင်ဆုံး အလွန်အကျွံ့ဖြစ်အောင် မသောက်သင့်သလို၊ နေ့စဉ်ရက်ဆက်မသောက်သုံးသင့်ပါဘူး။

https://themindsjournal.com/do-this-when-you-feel-sleepy-at-work/2/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

 

Sources : Bawa 101

ZAWGYI

"အလုပ္ခြင္မွာ အိပ္ငိုက္ေနတဲ့အခါ လုပ္သင့္တဲ့အခ်က္မ်ား"
လူတိုင္းနီးပါး အလုပ္ခြင္မွာ တစ္ႀကိမ္တစ္ခါေတာ့ အိပ္ငိုက္ဖူးၾကတာခ်ည္းပါပဲ။ အဲဒါက ဘာမွႀကီးက်ယ္တဲ့ကိစၥမဟုတ္ေပမယ့္ သင္တကယ္အိပ္ငိုက္တဲ့အခ်ိန္မွာေတာ့ သင့္ရဲ႕အလုပ္ေတြမွာ အမွားအယြင္းေတြျဖစ္လာတာမ်ိဳး၊ အလုပ္မွာ စိတ္မပါတာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

သင့္အထက္လူႀကီးက ျမင္သြားတာမ်ိဳးျဖစ္ရင္ေတာ့ သင့္အတြက္ မေကာင္းႏိုင္ပါဘူး။

ဒီေန႔လို အၿပိဳင္အဆိုင္မ်ားၿပီး တိုးတက္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္မွာ အလုပ္ခြင္ထဲအိပ္ငိုက္ေနလို႔လည္း အလုပ္ကမၿပီးေျမာက္ႏိုင္၊ စိတ္မလန္းလူမလန္းျဖစ္ႏိုင္တာေပါ့။ အဲဒါေၾကာင့္ ႏိုးၾကားတက္ႂကြေနၿပီး ျဖတ္လတ္စြာအလုပ္လုပ္ႏိုင္ဖို႔လိုပါတယ္။

အဲဒါေၾကာင့္ ဘယ္လိုနည္းလမ္းေလးေတြသုံးၿပီ အလုပ္ခြင္မွာ အိပ္ငိုက္ျခင္းကို ေျဖရွင္းၾကမလဲဖတ္ၾကည့္လိုက္ပါအုံးေနာ္။

 

(၁) အနည္းငယ္လႈပ္လႈပ္ရွားရွားလုပ္ပါ
အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ေနၿပီး တခုကို အာ႐ုံစိုက္လုပ္ေနျခင္းက သင့္ကိုပိုၿပီးအိပ္ငိုက္ေစပါတယ္။ အဲဒါေၾကာင့္ အနည္းငယ္ထုံထိုင္းေလးလံလာၿပီလို႔ထင္တဲ့အခါ ထၿပီး လမ္းေလွ်ာက္တာ၊

ဟိုသြားဒီသြားခဏတျဖဳတ္လုပ္ၾကည့္လိုက္ပါ။ ၁၀မိနစ္ ၁၅မိနစ္ခန႔္ လမ္းေလွ်ာက္တာမ်ိဳး လႈပ္ရွားတာမ်ိဳးလုပ္ၾကည့္လိုက္ပါေနာ္။

သင့္ရဲ႕ခႏၶာကိုယ္ကို အခ်ိန္အၾကာႀကီး ထိုင္ၿပီး ၿငိမ္ေနတာထက္ လႈပ္ရွားမႈရွိဖို႔လည္း လိုအပ္ပါတယ္။

အၿမဲတမ္းေတာ့ လႈပ္ရွားေနစရာမလိုေပမယ့္လည္း အၿမဲတမ္းလည္း အထိုင္မ်ားေနတာက ေကာင္းတဲ့အရာေတာ့မဟုတ္ပါဘူး။

အဲဒါေၾကာင့္ သတိရတိုင္း ခႏၶာကိုယ္၊ ေျခလက္လႈပ္ရွားၿပီး active ျဖစ္ေအာင္ေနပါ။

 

(၂) ခဏတျဖဳတ္ေမွးလိုက္ပါ

၁၅မိနစ္ (သို႔) မိနစ္ ၃၀ခန႔္ခဏတျဖဳတ္ေမွးလိုက္ပါ။ မအိပ္ေပ်ာ္ေပမယ့္ မ်က္လုံးကိုခဏအနားေပးၿပီး အနားယူ၊ ေျပေလ်ာ့တဲ့ပုံစံမ်ိဳး၊ ခဏတျဖဳတ္ အားလပ္ခ်ိန္ယူတာမ်ိဳးေပါ့။

တကယ္အိပ္ေပ်ာ္သြားမယ္လို႔ထင္ရင္ေတာ့ alarm ေလးေပးထားဖို႔ေတာ့မေမ့ပါနဲ႔အုံး။ ေတာ္ၾကာ တေနကုန္အိပ္ေပ်ာ္သြားရင္ေတာ့ သင့္အျပစ္ပါပဲေနာ္။

အမွန္ေတာ့ မ်က္လုံးေတြေရာ ခႏၶာကိုယ္ေရာ ၊ ဦးေႏွာက္ေရာ ခဏတျဖဳတ္အနားေပးလိုက္တဲ့သေဘာပါ။

 

(၃) မ်က္လုံးကိုခဏအနားေပးပါ
ဒီေန႔ေခတ္မွာ လူတိုင္းနီးပါး ကြန္ပ်ဴတာနဲ႔အလုပ္လုပ္ၾကတာမို႔ အခ်ိန္ၾကာၾကာ မေ႐ြ႕မေျပာင္းဘဲ အာ႐ုံစိုက္ေနျခင္းက သင့္ကို မ်က္ခြံေတြေလးလံလာေစပါတယ္။

အဲဒါေၾကာင့္ သင့္မ်က္လုံးကို ကြန္ပ်ဴတာဆီကေန ခဏအနားေပးပါ။ screen ၾကည့္ျခင္းကို အနားေပးၿပီး ပတ္ဝန္းက်င္ တျခားအရာေတြကို ၾကည့္ပါ။

အျမင္အာ႐ုံကစားလိုက္ပါ။ ခဏအနားေပးလိုက္၊ အလုပ္ျပႏ္ုလုပ္လိုက္၊ တစ္နာရီျခားတစ္ခါလို ဒါမွမဟုတ္ ၂နာရီျခားတစ္ခါလို လုပ္ၾကည့္ပါေနာ္။

 

Recommended For You >>> “Wi-Fi ကိုတီထြင္ခဲ့တဲ့ ေဟာလိဝုဒ္မင္းသမီးေခ်ာ"

 

(၄) က်န္းမာေရးနဲ႔ညီၫႊတ္တဲ့အဆာေျပစားေပးပါ
(သတိေပးခ်က္။ အသင့္စားအစားအစာေတြ စားဖို႔ တိုက္တြန္းတာမဟုတ္ဘဲ က်န္းမာေရးနဲ႔ညီၫႊတ္ၿပီး သင္အိပ္ခ်င္ေျပေစမယ့္ အစားအစာမ်ိဳးကိုေျပာခ်င္တာျဖစ္ပါတယ္)
သင့္ကိုစြမ္းအင္တိုးေစၿပီး သင္အိပ္ငိုက္လာခ်ိန္တိုင္း အလြယ္တကူလည္းစားႏိုင္ေအာင္ သင့္အလုပ္စားပြဲနားမွာ အဆာေျပပုံစံမ်ိဳး ထားသင့္ပါတယ္။

ဥပမာ၊ ပန္းသီး ဒါမွမဟုတ္ သစ္ေတာ္သီးလိုမ်ိဳး၊ ဟင္းသီးဟင္း႐ြက္သုပ္လိုမ်ိဳး၊ အသီးေဖ်ာ္ရည္လိုမ်ိဳးေပါ့။

 

(၅) ေရေသာက္ပါ
တစ္ေန႔ကို ေရ၂လီတာခန႔္ေသာက္သင့္ပါတယ္ ဒါမွမဟုတ္ ဂါလန္ဝက္ခန႔္ေသာက္သင့္ပါတယ္။ သင္ေမာပန္းေနတယ္လို႔ခံစား၇တယ္

ဒါမွမဟုတ္ အိပ္ငိုက္ေနတယ္ဆိုရင္ ၁၀မိနစ္ ၁၅မိနစ္ခန႔္ျခားၿပီး ေရေသာက္သင့္ပါတယ္။

 

(၆) ေန႔တိုင္းေလ့က်င့္ခန္းလုပ္တဲ့အက်င့္ေလးလုပ္သင့္ပါတယ္
ေလ့က်င့္ခန္းလုပ္ျခင္းကို သင့္ကိုပိုၿပီးေမာပန္းေစတယ္လို႔ထင္တဲ့အတြက္ ေလ့က်င့္ခန္းလုပ္ျဖစ္ခ်င္မွလုပ္ျဖစ္မွာပါ။

ဒါေပမယ့္ တကယ္က ေလ့က်င့္ခန္းလုပ္ျဖစ္တဲ့အတြက္ သင့္ရဲ႕ခံစားမႈေတြေျပာင္းလဲေပးႏိုင္သလို၊ သင့္ကိုပိုၿပီး က်န္းမာေစႏိုင္ပါတယ္။

တစ္ေန႔ကို မိနစ္ ၃၀ ဒါမွမဟုတ္ ၄၅မိနစ္ခန႔္ ေလ့က်င့္ခန္းလုပ္ေပးသင့္ပါတယ္။ သင့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာကို က်န္းမာေစပါတယ္။
အထက္ကအခ်က္ေလးေတြကို မွ်တေအာင္လုပ္ၾကည့္ရင္း အလုပ္ခြင္မွာ အိပ္ငိုက္လို႔ မလန္းမဆန္းျဖစ္ျခင္းကို ေက်ာ္လႊားႏိုင္ပါတယ္။

ဒါေပမယ့္ energy drinks နဲ႔ ေကာ္ဖီေတြကိုေတာ့ အတတ္ႏိုင္ဆုံး အလြန္အကြၽံ႕ျဖစ္ေအာင္ မေသာက္သင့္သလို၊ ေန႔စဥ္ရက္ဆက္မေသာက္သုံးသင့္ပါဘူး။

https://themindsjournal.com/do-this-when-you-feel-sleepy-at-work/2/ လင့္မွ ဘာသာျပန္ေဖာ္ျပျခင္းျဖစ္ပါတယ္။


သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm  မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources : Bawa 101

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:14
Rate this articles
(0 votes)