×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 29 October 2019

“Wi-Fi ကိုတီထြင္ခဲ့တဲ့ ေဟာလိဝုဒ္မင္းသမီးေခ်ာ"

“Wi-Fi ကိုတီထြင္ခဲ့တဲ့ ေဟာလိဝုဒ္မင္းသမီးေခ်ာ" google.com

ZAWGYI

“Wi-Fi ကိုတီထြင္ခဲ့တဲ့ ေဟာလိဝုဒ္မင္းသမီးေခ်ာ"
႐ုပ္လွတဲ့မိန္းကေလးေတြ သိပ္မစားသာဘူး၊ဘယ္ေလာက္ပဲႀကိဳးစား၊ ဘယ္လိုေနရာမ်ိဳးပဲေရာက္ေရာက္႐ုပ္ရည္နဲ႔ျပစားတယ္လို႔ အမ်ားကထင္ၾကတယ္။

သူ႔ကို ေဟာ္လိဝုဒ္ရဲ႕ “ပန္းအိုး” လို႔ တင္စားၾကတယ္။ သူ႔မွာ လူေတြကို အံ့ၾသမင္တက္ေစတဲ့ အလွမ်ိဳးရွိလို႔ပါပဲ။ ဒါေပမယ့္ ပန္းအိုးဆိုတဲ့အဓိပၸာယ္က အဆံေဟာင္းေလာင္းနဲ႔ အလွပဲျပထားလို႔ရတဲ့ အရာမ်ိဳး။ သူ႔နာမည္က Hedy Lamarr လို႔ခၚတယ္။

Hedy Lamarr ကို ၾသစေၾတးယားႏိုင္ငံ Viennaၿမိဳ႕က ဂ်ဳးလူမ်ိဳးသူေဌးမိသားစုက ၁၉၁၄ခုႏွစ္မွာ ေမြးဖြားခဲ့တယ္။ ဖခင္က ဘဏ္လုပ္ငန္းရွင္ျဖစ္ၿပီး မိခင္က စႏၵာယားပညာရွင္ျဖစ္တယ္။ Hedy Lamarr က တစ္ဦးတည္းေသာသမီးျဖစ္တာေၾကာင့္ မိဘေတြရဲ႕လက္ဖဝါးေပၚက ပုလဲလုံးျဖစ္ခဲ့ၿပီး ငယ္ငယ္ေလးတည္းက လိုခ်င္တာဘာမဆိုရခဲ့တယ္။ ဒါဟာလည္း သူ႔ဘဝတေလွ်ာက္ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈ၊ တဇြတ္ထိုးေခါင္းမာမႈေတြရွိေစခဲ့တာပါပဲ။

2-46.jpg


ဂီတၿမိဳ႕ေတာ္ Vienna မွာ ကေလးငယ္ေတြဟာ သီခ်င္း၊ စႏၵယား၊ ဘဲေလးအကေတြကို ငယ္႐ြယ္စဥ္ကတည္းက သင္ယူၾကတယ္။ ဒါေပမယ့္ Hedyက မိန္းကေလးေတြ မေ႐ြးခ်ယ္တတ္တဲ့ ဆက္သြယ္ေရးအင္ဂ်င္နီယာကို ေ႐ြးခ်ယ္ခဲ့တယ္။ ဒါေပမယ့္ ေက်ာင္းမၿပီးခင္မွာပဲ သူဟာ ေက်ာင္းနားၿပီး ငယ္႐ြယ္စဥ္ကတည္းက စြဲလမ္းခဲ့တဲ့သ႐ုပ္ေဆာင္ပညာကို ဘာလင္ၿမိဳ႕မွာ လာေရာက္သင္ယူခဲ့တယ္။

သ႐ုပ္ေဆာင္ခြင့္တစ္ခါေလာက္ရဖို႔ စစခ်င္းမွာ ႐ိုက္ကြင္းသတင္းေထာက္အလုပ္ကေန သူစလုပ္ခဲ့တယ္။ သိပ္မၾကာပါဘူး.. သူရဲ႕လွပတဲ့႐ုပ္ရည္က ဒါ႐ိုက္တာကို သတိထားေစခဲ့မိတယ္။ အဲဒီေနာက္ အသက္ ၁၆ႏွစ္မွာ Gold on the Street ဆိုတဲ့ဇာတ္ကားမွာ သူပါဝင္ခြင့္ရခဲ့တယ္။ အေရးမပါတဲ့အရံသ႐ုပ္ေဆာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ရတယ္ဆိုေပမယ့္ သူ႔အလွက ပိတ္ကားေပၚကေနတဆင့္ လူေတြရဲ႕ႏွလုံးသားထဲ ေနရာယူခဲ့ပါတယ္။

5-43.jpg

 

Recommended for You >>>> "အတန္းပညာ မရွိေပမဲ့ ဘာလို႔ သူတို႔ (၃) ဦးက တစ္လမွာ ဝင္ေငြ က်ပ္ (၅၇) သိန္းရေနရတာလဲ"


သိပ္မၾကာပါဘူး… ႐ုပ္ရွင္ကုမၸဏီတစ္ခုက Ecstasy ႐ုပ္ရွင္ဇာတ္ကားအတြက္ Hedy ကို ေခါင္းေဆာင္မင္းသမီးတင္ဖို႔ ကမ္းလွမ္းလာခဲ့တယ္။ ဒီ႐ုပ္ရွင္ကို ႏိုင္ငံတကာအထိ ျဖန႔္ခ်ိမွာျဖစ္ေၾကာင္းလည္း ကတိေပးတယ္။ ဒါေပမယ့္ ဒီဇာတ္ကားမွာ Hedy က အဝတ္ဗလာနဲ႔သ႐ုပ္ေဆာင္ရမွာျဖစ္တယ္။ အသက္ ၁၈ႏွစ္ျပည့္စ Hedyဟာ အႏုပညာကိုခ်စ္ျမတ္ႏိုးစိတ္၊ ၿပီးေတာ့ ဒါ႐ိုက္တာရဲ႕ေခ်ာ့ေမာ့ေျပာဆိုမႈေၾကာင့္ ဒီ႐ုပ္ရွင္ကိုလက္ခံဖို႔ သေဘာတူခဲ့တယ္။ ဒါဟာ သူ႔ကို ႐ုပ္ရွင္သမိုင္းမွာ အဝတ္ဗလာနဲ႔ ပထမဦးဆုံးသ႐ုပ္ေဆာင္တဲ့ မင္းသမီးအျဖစ္ ျဖစ္သြားေစခဲ့တယ္။

အဲဒီ႐ုပ္ရွင္႐ုံတင္ေတာ့ ပိတ္ကားေပၚမွာ အဝတ္ဗလာနဲ႔လႈပ္ရွားေနတဲ့၊ ေရကူးေနတဲ့သမီးျဖစ္သူကိုၾကည့္ၿပီး သူ႔မိဘႏွစ္ပါး ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့ရတယ္။

ေရွး႐ိုးစြဲအစဥ္အလာရွိတဲ့ ၁၉၃၃ခုႏွစ္မွာ ဥေရာပတစ္ခုလုံးကို အဲဒီ႐ုပ္ရွင္က တုန္လႈပ္ေခ်ာက္ခ်ားသြားေစခဲ့တယ္။ ပုပ္ရဟန္းမင္းႀကီးကေတာင္ သူ႔ကို “ဥေရာပသမိုင္းမွာ အ႐ုပ္ဆိုးဆုံးသတင္း”ဆိုၿပီး အျပစ္ဆိုခဲ့တယ္။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အဲဒီ႐ုပ္ရွင္ကိုမျပရလို႔ တားျမစ္ပိတ္ပင္ထားခဲ့တယ္။
Hedy ကေတာ့ “တကယ္လို႔ စိတ္ကူးအစြမ္းနဲ႔ပုံေဖာ္ၾကည့္ရင္ မင္းသမီးတိုင္းရဲ႕ကိုယ္လုံးတီးကို ရွင္တို႔ေတြ႕ျမင္ႏိုင္တယ္”လို႔ ေအးေအးသာသာ တုန႔္ျပန္ခဲ့တယ္။

Hedy-Lamarr-wifi.png

 

အဝတ္ဗလာနဲ႔နာမည္ႀကီးလာခဲ့တဲ့ Hedy ရဲ႕အလွဟာ လူတိုင္းရဲ႕ဦးေႏွာက္အေတြးထဲ အတားအဆီးမဲ့ တိုးဝင္ခဲ့ေတာ့တယ္။ အဲဒီထဲက ၾသစေၾတးယားသူႂကြယ္စာရင္းဝင္ Fritz Mandl လည္း အပါအဝင္ျဖစ္တယ္။ Fritz Mandl ရဲ႕အေျပာခ်ိဳခ်ိဳဟာ Hedy ရဲ႕အခ်စ္ကို အလဲၿဖိဳႏိုင္ခဲ့တယ္။ သိပ္မၾကာခင္မွာပဲ သူတို႔လက္ထပ္ခဲ့ၾကတယ္။

လက္ထပ္ၿပီးအတူေနၾကတဲ့ လွပခ်ိဳၿမိန္ျခင္းက သိပ္ၾကာၾကာမခံလိုက္ဘူး။ ခင္ပြန္းျဖစ္သူဟာ Hedy ရဲ႕ဗလာက်င္းတဲ့ကိုယ္လုံးကို လူေတြၾကည့္မရေအာင္ဆိုၿပီး Ecstasy ႐ုပ္ရွင္ကားကို ေနရာအႏွံ႔လိုက္သိမ္းခဲ့တယ္။ Hedy ကိုလည္း ႐ုပ္ရွင္ေလာကထဲ အဝင္မခံေတာ့ဘူး။ ေနာက္ဆုံး အိမ္ထဲအိမ္ျပင္ေတာင္ ေပးမထြက္ခဲ့ေတာ့ဘူး။ ဒါေပမယ့္ Hedyကို လူတန္းစားတစ္ရပ္နဲ႔ေတာ့ ေျပာဆိုဆက္ဆံခြင့္ေပးထားတယ္။ အဲဒီလူတန္းစားေတြက နာဇီတပ္ထဲက ဗိုလ္ေတြပါပဲ။ ဟစ္တလာ၊ Mussolini တို႔အပါအဝင္ျဖစ္တယ္။ သူ႔ရဲ႕လွပတဲ့႐ုပ္ရည္၊ ထက္ျမက္တဲ့ဆက္ဆံေပါင္းသင္းေရးက ခင္ပြန္းအတြက္ အက်ိဳးအျမတ္ရေစႏိုင္လို႔ျဖစ္တယ္။
ေနာက္ပိုင္း ခင္ပြန္းအေပၚသည္းခံစိတ္ကုန္လြန္သြားတဲ့ Hedy ဟာ ညစာစားပြဲတစ္ခုမွာ ေနထိုင္မေကာင္းအေၾကာင္းျပၿပီး အိမ္ျပန္ခဲ့တယ္။ ႀကိဳတင္စီစဥ္ထားတဲ့ အိပ္ေဆးနဲ႔ အေစခံမကို အိပ္ေမြ႕ခ်ၿပီး ေရခ်ိဳးခန္းျပတင္းေပါက္ကေနတဆင့္ ထြက္ေျပးခဲ့ေတာ့တယ္။ အဲဒီညမွာပဲ မီးရထားနဲ႔ ပဲရစ္ၿမိဳ႕ကိုေရာက္ရွိခဲ့ၿပီး ကြၽန္သဖြယ္အႏိုင္က်င့္ခံရတဲ့အိမ္ေထာင္ေရးကို ျပည့္ဖုံးကားခ်ခဲ့ေတာ့တယ္။

hedy_lamarr23_0.jpg

 

Recommended For You >>> "ဂ်က္မား၏ လူငယ္ဘ၀အား ေလ့လာၿခင္း"

အဲဒီေနာက္ လန္ဒန္ၿမိဳ႕ကိုေျပာင္းေ႐ြ႕ခဲ့ၿပီး အဲဒီမွာပဲ ေဟာ္လိဝုဒ္နာမည္ႀကီး႐ုပ္ရွင္ကုမၸဏီျဖစ္တဲ့ Metro-Goldwyn-Mayer (ျခေသၤ့ေခါင္းပုံနဲ႔) ထဲက ေခါင္းေဆာင္ပိုင္းတစ္ဦးျဖစ္တဲ့ Louis B. Mayer နဲ႔ေတြ႕ခဲ့တယ္။ Louisရဲ႕ လမ္းၫႊန္မႈေနာက္မွာ သ႐ုပ္ေဆာင္အမ်ားစုေဝးတဲ့ ေဟာ္လိဝုဒ္ကို သူေရာက္လာခဲ့ေတာ့တယ္။

Louis က Hedy ကို “ကမာၻ႔အေခ်ာဆုံး မိန္းမလွ”လို႔ တင္စားခဲ့တယ္။ သူေခါင္းေဆာင္အျဖစ္ ပါဝင္႐ိုက္ကူးတဲ့ ႐ုပ္ရွင္တိုင္းက အလွအပနဲ႔မကင္းခဲ့ဘူး။ သူ႔အႏုပညာကိုသက္ေသျပႏိုင္ဖို႔ သူဘယ္လို ႀကိဳးစားၿပီး သ႐ုပ္ေဆာင္လည္း လူေတြက သူ႔အႏုပညာကို ဂ႐ုမစိုက္ခဲ့ဘူး။ ႐ုပ္ရွင္ပိုစတာမွာ သူ႔ပုံျမင္တာနဲ႔ ႐ုံျပည့္႐ုံလ်ံတာပါပဲ။
ကိုယ့္သ႐ုပ္ေဆာင္အတတ္ကို ႀကိဳးစားၿပီး သူျပသခဲ့ေပမယ့္ ျပသႏိုင္မယ့္ဇာတ္ကားေတြမရွိခဲ့ဘူး။ သူရဲ႕အိမ္ေထာင္ေရးကလည္း ပိုရင္နာစရာေကာင္းလွတယ္။ အိမ္ေထာင္ ၆ခါက်ခဲ့ေပမယ့္ အိမ္ေထာင္ဆက္ေတြက ႏႈိင္းဆလို႔မရေအာင္ တိုေတာင္းခဲ့တယ္။

hedylamarr5.jpg

 

“ကြၽန္မရဲ႕မ်က္ႏွာအလွအပက ကြၽန္မရဲ႕ကံမေကာင္းျခင္းေပါ့။ ဒီမ်က္ႏွာက မေအာင္ျမင္တဲ့အိမ္ေထာင္ဆက္ ၆ ဆက္ကို ဆြဲေဆာင္ခဲ့တယ္။ ဒီမ်က္ႏွာက ကိုယ္နဲ႔မသင့္ေတာ္မအပ္စပ္တဲ့အိမ္ေထာင္ဘက္ကို ကြၽန္မဆီအေရာက္ ဆြဲေခၚခဲ့တယ္။ ၿပီးေတာ့ ႏွစ္ေပါင္း ၅ဝအတြင္း ကြၽန္မကို စိတ္မခ်မ္းေျမ့မႈ၊ နာက်င္မႈေတြေပးခဲ့တယ္။ ကြၽန္မရဲ႕မ်က္ႏွာက ကြၽန္မဆီကေန ဖယ္ထုတ္လို႔မရႏိုင္တဲ့ မ်က္ႏွာဖုံးပါ။ သူနဲ႔ ကြၽန္မတစ္သက္လုံးေနရပါမယ္၊ သူ႔ကို ကြၽန္မက်ိန္ဆဲေနဦးမွာပါပဲ”

၁၉၅၈ခုႏွစ္ မွာ ၄၄ႏွစ္အ႐ြယ္ Hedy Lamarr ဟာ ႐ုပ္ရွင္ေလာကကိုေက်ာခိုင္းလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္တယ္။ ႐ုပ္ရွင္ကားေပါင္း ၃၀ခန႔္႐ိုက္ကူးခဲ့တဲ့သူမကို ၁၉၆၀ ခုႏွစ္မွာေတာ့ Hollywood Walk of Fame မွာ ဂုဏ္ျပဳမွတ္တမ္းတင္ျခင္းခံခဲ့ရတယ္။ ႐ုပ္ရွင္ေလာကကေန အနားယူၿပီးတဲ့ေနာက္ သူ႔ဘဝဟာ ေျခာက္ေသြ႕အထီးက်န္လာခဲ့တယ္။
တြသူ႔ကို ျပန္အာ႐ုံစိုက္လာမိတဲ့အခ်ိန္က အေရာင္းဆိုင္ကေန သူပစၥည္းႏွစ္ခါခိုးလို႔ အဖမ္းခံရခ်ိန္ျဖစ္တယ္။ သူ ပိုက္ဆံမလိုပါဘူး။ စိတ္ေရာဂါေၾကာင့္လား၊ ဒါမွမဟုတ္ လူေတြသတိထားေစခ်င္မိတဲ့အတြက္ေၾကာင့္လားေတာ့ မေျပာတတ္ဘူး။ လူတကာဝိုင္းဝိုင္းလည္တဲ့ ေဟာ္လိဝုဒ္ဘဝကေန အခုေတာ့ လူေတြရဲ႕ ဥေပကၡာျပဳတာကို ခံေနခဲ့ရၿပီ။

freqhop1

 

Recommended For You >>>> (၇) ႏွစ္ၾကာ သုေတသန ျပဳလုပ္ျပီးမွ သိရွိခဲ့တဲ႔ ေအာင္ျမင္မႈရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား

႐ုပ္ရွင္မ႐ိုက္ေတာ့တဲ့ ႏွစ္ေပါင္း ၄ဝအတြင္းမွာ Hedyရဲ႕ဘဝက အရသာမဲ့ အထီးက်န္လြန္းခဲ့တယ္။ ၁၉၉၇ခုႏွစ္ သူ႔အသက္ ၈၃ႏွစ္အ႐ြယ္ေရာက္မွ အေမရိကန္ EFF (Electronic Frontier Foundation) က ဆက္လာတဲ့ဖုန္းက သူ႔ဘဝကို လုံးဝေျပာင္းလဲသြားေစခဲ့တယ္။ အဲဒီဖုန္းက Hedy ကို နည္းပညာဆုခ်ီးျမႇင့္ဖို႔ျဖစ္တယ္။

ဇာတ္လမ္းကို အစကျပန္ေကာက္ရရင္ ပထမအိမ္ေထာင္ Fritz Mandl ရဲ႕မယားအျဖစ္ သူရွိေနစဥ္တုန္းက တစ္ေန႔မွာ Fritz Mandlနဲ႔ လက္နက္ပညာရွင္တို႔ေဆြးေႏြးတဲ့စကားမွာ ႀကိဳးမဲ့ဆက္သြယ္ေရးဝင္ေရာက္စြပ္ဖက္ျခင္းနည္းပညာကို မထင္မွတ္ဘဲ သူၾကားခဲ့မိတယ္။

ေဟာ္လိဝုဒ္ေရာက္ၿပီးေနာက္ ႐ုပ္ရွင္ကားတစ္ကားအတြက္ ခႏၶာကိုယ္အခ်ိဳးအစားကို သူႀကိဳးစားပုံေဖာ္ေနစဥ္အတြင္းမွာ George Antheil ေရးသားတဲ့ ေဟာ္မုန္းစနစ္နဲ႔ ခႏၶာကိုယ္ထိန္းညႇိတဲ့ေဆာင္းပါးေတြကို သတင္းစာမွာ သူဖတ္မိလိုက္တယ္။ အဲဒီေနာက္ Antheil ကို သူသြားေရာက္ေတြ႕ဆုံခဲ့ၿပီး ခႏၶာကိုယ္အခ်ိဳးအစားပုံေဖာ္မႈအတြက္ ေဆြးေႏြးခဲ့တယ္။ ဒီ့အတြက္ Antheil မ်က္ႏွာပူခဲ့ပါတယ္။ စာမူခရဖို႔အတြက္ ဒီစာေတြကိုေရးခဲ့ရတယ္ဆိုေပမယ့္ တကယ္တမ္းမွာ Antheil က စႏၵရားပညာရွင္တစ္ဦးျဖစ္တယ္။

အျဖစ္မွန္ကိုသိလိုက္ေပမယ့္၊ ခႏၶာကိုယ္အခ်ိဳးအစားအတြက္ သူတို႔မေဆြးေႏြးျဖစ္ခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္မွာ ေျပာစရာစကားက မကုန္ခဲ့ဘူး။ အလွအပ ဝိတ္ခ်ျခင္းကေန စစ္ပြဲ၊ ႏိုင္ငံေရးအထိ အဲဒီအျပင္ ႀကိဳးမဲ့ဆက္သြယ္ေရးအထိ သူတို႔ေျပာျဖစ္ခဲ့ၾကတယ္။

စကားေျပာေမာလာတဲ့အခါ Antheil က စႏၵရားတီးျပတယ္။ Antheilတီးေနတဲ့ စႏၵရားခလုတ္ေတြကိုၾကည့္ၿပီး Hedy ႐ုတ္တရက္ ဉာဏ္ကြန႔္ျမဴးသြားခဲ့တယ္။ ခလုတ္ေလးေတြ ခုန္ဆြေျပာင္းႏွိပ္တာနဲ႔ ေတးသြားသံစဥ္ေတြကို ေျပာင္းလဲတီးခတ္လို႔ရရင္ အဲဒီသေဘာတရားနဲ႔ ႀကိဳးမဲ့ဆက္သြယ္ေရးလႈိင္းေတြမွာလည္း အသုံးျပဳႏိုင္တာပဲလို႔ သူေတြးလိုက္မိတယ္။

သိပ္မၾကာပါဘူး.. Hedy ဟာ သူေရးဆြဲထားတဲ့ဒီဇိုင္းပုံနဲ႔ Antheil ကို အားရဝမ္းသာသြားရွာခဲ့တယ္။ Antheilက Hedy ရဲ႕ဒီဇိုင္းပုံနဲ႔ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မယ့္ နည္းလမ္းကို ရွာေဖြခဲ့တယ္။

၁၉၄၂ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္လုံး အေမရိကန္မူပိုင္ခြင့္႐ုံးကေန လွ်ိဳ႕ဝွက္ဆက္သြယ္ေရးစနစ္ မူပိုင္ခြင့္ကိုရရွိခဲ့တယ္။ နံပါတ္က 2,292,387 ျဖစ္တယ္။ သူတို႔က ဒီမူပိုင္ခြင့္ကို အေမရိကန္အစိုးရကို ေပးလိုက္တယ္။ ဒါေပမယ့္ ဒီနည္းပညာကို အေလးထားဂ႐ုစိုက္တာ မခံခဲ့ရတဲ့အျပင္ ဗဟိုဆက္သြယ္ေရးလွ်ိဳ႕ွဝွက္ခ်က္ထဲ ပါဝင္ပတ္သက္တယ္ဆိုၿပီး အစိုးရရဲ႕ပိတ္ဆို႔မႈကို ခံလိုက္ရတယ္။ ဒီလိုပိတ္ဆို႔မႈက ႏွစ္ေပါင္း ၅ဝၾကာသြားခဲ့တယ္။

ေနာက္ပိုင္းမွာ CDMA ႀကိဳးမဲ့ဒီဂ်စ္တယ္ဆယ္သြယ္ေရးစနစ္ကို ဖြံ႕ၿဖိဳးေအာင္ သုေတသနျပဳတဲ့ ကုမၸဏီေသးတစ္ခု (အခုခ်ိန္မွာေတာ့ အဲဒီကုမၸဏီဟာ ကမာၻ႔ကုမၸဏီ၅ဝဝထဲမွာ တစ္ခုအပါအဝင္ျဖစ္ေနပါၿပီ) က Hedyတို႔ရဲ႕တီထြင္မႈကို ရွာေဖြေတြ႕ရွိခဲ့တယ္။ ၁၉၉၇ခုႏွစ္မွာ CDMA အေျခခံထားတဲ့ 3G နည္းပညာဟာ လူေတြရဲ႕ဘဝထဲ ဝင္ေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္က်မွ သိပၸံပညာရွင္ေတြဟာ အသက္ ၈၃ႏွစ္ရွိၿပီျဖစ္တဲ့ Hedy ကို သတိရလိုက္မိတယ္။ ေနာက္က်မွေရာက္လာတဲ့ ဒီဂုဏ္ျပဳခ်ီးျမႇင့္မႈကို သူလက္ခံခဲ့ေပမယ့္ သူ႔ရဲ႕မူပိုင္ခြင့္က ႏွစ္ေက်ာ္လြန္သြားခဲ့ပါၿပီ။ ေသဆုံးခ်ိန္အထိ သူဟာ သူတီထြင္ခဲ့တဲ့အရာနဲ႔ အက်ိဳးအျမတ္ မခံစားခဲ့ရပါဘူး။

74235486_2554217878186172_497271944891072512_n.jpg

 

Recommended For You >>> "အလုပ္နဲ႔ပတ္သတ္ၿပီး လူငယ္ေတြမွားယြင္းစြာ လက္ခံထားတဲ့ အယူအဆမ်ား"

၂ဝဝဝခုႏွစ္ ဇန္နဝါရီလ ၁၉ရက္ေန႔မွာ Hedy ကို ဖေလာ္ရီဒါေနအိမ္မွာ ေသဆုံးေနတာကို ေတြ႕ခဲ့ရပါတယ္။ ေသဆုံးခ်ိန္မွာ သူ႔အသက္က ၈၆ႏွစ္ပါ။ သူဟာ အိပ္ေနရင္း ေသဆုံးသြားတယ္လို႔ တာဝန္ ရွိသူေတြက ေျပာပါတယ္။ ကုတင္ေခါင္းရင္းက တီဗီဟာ ဖြင့္လ်က္ႀကီးျဖစ္ေနခဲ့လို႔ပါတဲ့။

Hedy ေသဆုံးသြားခဲ့ၿပီ… ဒါေပမယ့္ သူတီထြင္ခဲ့တဲ့ ႀကိမ္ႏႈန္းခုန္နည္းပညာ (Frequency hopping technology) က ဒီကမာၻေလာကကို ေျပာင္းလဲေစခဲ့ပါတယ္။ CDMA၊ Wi-Fi ေတြက အဲဒီနည္းပညာကေန အေျခခံထားတဲ့အရာျဖစ္လို႔ပါပဲ။ “The Guardian” သတင္းစာက Hedy သာမရွိရင္ ကြၽန္ေတာ္တို႔မွာ Wi-Fiရွိလိမ့္မွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့တယ္။

နည္းပညာဆက္သြယ္ေရးလုပ္ငန္းက နာမည္ႀကီးအင္ဂ်င္နီယာDave Mock က ၂ဝဝ၅ခုႏွစ္က ထုတ္ေဝတဲ့ သူ႔အတၳဳပတၱိစာအုပ္ျဖစ္တဲ့ “Qualcomm Equation”မွာ “တိုးခ်ဲ႕ျပန႔္ကားသံစဥ္လႈိင္းဆက္သြယ္ေရး (Spread spectrum communication) ကို ထင္မွတ္မထားတဲ့လူတစ္ေယာက္က စူးစမ္းရွာေဖြခဲ့တယ္။ သူဟာ ထိုးထြင္းဉာဏ္ရွိတဲ့ လွပေခ်ာေမာတဲ့ သ႐ုပ္ေဆာင္မင္းသမီး Hedy Lamarr ျဖစ္တယ္။ သင္ဟာ မိုဘိုင္းဖုန္းေတြကို အသုံးျပဳေနသူဆိုရင္ သူ႔ကို သင္ေက်းဇူးတင္ရမယ္” လို႔ ေရးသားခဲ့တယ္။

ဘိုရင္းကုမၸဏီကလည္း Hady ေသဆုံးၿပီးတဲ့ေနာက္ သူ႔ရဲ႕ေအာင္ျမင္ျဖစ္ထြန္းမႈကို ေအာက္ေမ့သတိရတဲ့စာေတြ ေရးသားျဖန႔္ေဝခဲ့တယ္။ အိုဟိုင္းယိုးမွာရွိတဲ့ ႏိုင္ငံတကာတီထြင္သူမ်ား ျပခန္း National Inventors Hall of Fame မွာလည္း သူမနာမည္ကို ထည့္သြင္းခဲ့ၾကတယ္။

Hedy Lamarrဆိုတဲ့ သူ႔နာမည္ကို အေမရိကန္တီထြင္ပညာရွင္စာရင္းထဲသြင္းလိုက္တယ္။ အဲဒီစာရင္းထဲမွာပါဝင္တဲ့သူေတြက လူသားမ်ိဳးႏႊယ္အတြက္ ထူးခြၽန္တဲ့ကူညီေထာက္ပံ့မႈေတြ ေပးဆပ္ခဲ့သူေတြျဖစ္တယ္။ ဥပမာ- အက္ဒီဆင္၊ ႐ိုက္ညီေနာင္……

Hedyရဲ႕စူးစမ္းတီထြင္မႈက ဒီကေန႔မွာအသုံးျပဳေနတဲ့ ႀကိဳးမဲ့နည္းပညာရဲ႕ေရွ႕ေဆာင္ျဖစ္တယ္။ ဆယ္လူလာနက္ေဝါ့၊ GPS၊ Bluetooth ေတြအပါအဝင္ျဖစ္တယ္။

လွပတဲ့႐ုပ္ရည္နဲ႔ ႐ုပ္ရွင္က ေခတ္တစ္ေခတ္ကို ၾသဇာလႊမ္းမိုးေကာင္း လႊမ္းမိုးႏိုင္ေပမယ့္ နည္းပညာကေတာ့ ေႏွာင္းလူေတြအတြက္ ထာဝစဥ္ျဖစ္တယ္။ Hedy ဟာ သူ႔ကိုယ္ပိုင္ ဉာဏ္ပညာနဲ႔ သူဟာ အဆံေခ်ာင္တဲ့ အလွျပ “ပန္းအိုး” တစ္လုံးမဟုတ္ေၾကာင္း လူေတြကို သက္ေသျပခဲ့ပါတယ္။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ sayar.com.mm ေလးကိုသာႏွိပ္လိုက္ပါ။

 

 

Ref: https://en.wikipedia.org/wiki/Hedy_Lamarr
http://baike.baidu.com/view/654576.htm

 

credit – thutazone

 

UNICODE

“Wi-Fi ကိုတီထွင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီးချော"

ရုပ်လှတဲ့မိန်းကလေးတွေ သိပ်မစားသာဘူး၊ဘယ်လောက်ပဲကြိုးစား၊ ဘယ်လိုနေရာမျိုးပဲရောက်ရောက်ရုပ်ရည်နဲ့ပြစားတယ်လို့ အများကထင်ကြတယ်။

သူ့ကို ဟော်လိဝုဒ်ရဲ့ “ပန်းအိုး” လို့ တင်စားကြတယ်။ သူ့မှာ လူတွေကို အံ့သြမင်တက်စေတဲ့ အလှမျိုးရှိလို့ပါပဲ။ ဒါပေမယ့် ပန်းအိုးဆိုတဲ့အဓိပ္ပာယ်က အဆံဟောင်းလောင်းနဲ့ အလှပဲပြထားလို့ရတဲ့ အရာမျိုး။ သူ့နာမည်က Hedy Lamarr လို့ခါ်တယ်။

Hedy Lamarr ကို သြစတြေးယားနိုင်ငံ Viennaမြို့က ဂျုးလူမျိုးသူဌေးမိသားစုက ၁၉၁၄ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ဖခင်က ဘဏ်လုပ်ငန်းရှင်ဖြစ်ပြီး မိခင်က စန္ဒာယားပညာရှင်ဖြစ်တယ်။ Hedy Lamarr က တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် မိဘတွေရဲ့လက်ဖဝါးပေါ်က ပုလဲလုံးဖြစ်ခဲ့ပြီး ငယ်ငယ်လေးတည်းက လိုချင်တာဘာမဆိုရခဲ့တယ်။ ဒါဟာလည်း သူ့ဘဝတလျှောက် ကိုယ်ပိုင်ရွေးချယ်မှု၊ တဇွတ်ထိုးခေါင်းမာမှုတွေရှိစေခဲ့တာပါပဲ။

2-46.jpg

 


ဂီတမြို့တော် Vienna မှာ ကလေးငယ်တွေဟာ သီချင်း၊ စန္ဒယား၊ ဘဲလေးအကတွေကို ငယ်ရွယ်စဉ်ကတည်းက သင်ယူကြတယ်။ ဒါပေမယ့် Hedyက မိန်းကလေးတွေ မရွေးချယ်တတ်တဲ့ ဆက်သွယ်ရေးအင်ဂျင်နီယာကို ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ကျောင်းမပြီးခင်မှာပဲ သူဟာ ကျောင်းနားပြီး ငယ်ရွယ်စဉ်ကတည်းက စွဲလမ်းခဲ့တဲ့သရုပ်ဆောင်ပညာကို ဘာလင်မြို့မှာ လာရောက်သင်ယူခဲ့တယ်။

သရုပ်ဆောင်ခွင့်တစ်ခါလောက်ရဖို့ စစချင်းမှာ ရိုက်ကွင်းသတင်းထောက်အလုပ်ကနေ သူစလုပ်ခဲ့တယ်။ သိပ်မကြာပါဘူး.. သူရဲ့လှပတဲ့ရုပ်ရည်က ဒါရိုက်တာကို သတိထားစေခဲ့မိတယ်။ အဲဒီနောက် အသက် ၁၆နှစ်မှာ Gold on the Street ဆိုတဲ့ဇာတ်ကားမှာ သူပါဝင်ခွင့်ရခဲ့တယ်။ အရေးမပါတဲ့အရံသရုပ်ဆောင်နေရာမှာ သရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် သူ့အလှက ပိတ်ကားပေါ်ကနေတဆင့် လူတွေရဲ့နှလုံးသားထဲ နေရာယူခဲ့ပါတယ်။

5-43.jpg

 


Recommended for You >>>> "အတန်းပညာ မရှိပေမဲ့ ဘာလို့ သူတို့ (၃) ဦးက တစ်လမှာ ဝင်ငွေ ကျပ် (၅၇) သိန်းရနေရတာလဲ"


သိပ်မကြာပါဘူး… ရုပ်ရှင်ကုမ္ပဏီတစ်ခုက Ecstasy ရုပ်ရှင်ဇာတ်ကားအတွက် Hedy ကို ခေါင်းဆောင်မင်းသမီးတင်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဒီရုပ်ရှင်ကို နိုင်ငံတကာအထိ ဖြန့်ချိမှာဖြစ်ကြောင်းလည်း ကတိပေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာ Hedy က အဝတ်ဗလာနဲ့သရုပ်ဆောင်ရမှာဖြစ်တယ်။ အသက် ၁၈နှစ်ပြည့်စ Hedyဟာ အနုပညာကိုချစ်မြတ်နိုးစိတ်၊ ပြီးတော့ ဒါရိုက်တာရဲ့ချော့မော့ပြောဆိုမှုကြောင့် ဒီရုပ်ရှင်ကိုလက်ခံဖို့ သဘောတူခဲ့တယ်။ ဒါဟာ သူ့ကို ရုပ်ရှင်သမိုင်းမှာ အဝတ်ဗလာနဲ့ ပထမဦးဆုံးသရုပ်ဆောင်တဲ့ မင်းသမီးအဖြစ် ဖြစ်သွားစေခဲ့တယ်။

အဲဒီရုပ်ရှင်ရုံတင်တော့ ပိတ်ကားပေါ်မှာ အဝတ်ဗလာနဲ့လှုပ်ရှားနေတဲ့၊ ရေကူးနေတဲ့သမီးဖြစ်သူကိုကြည့်ပြီး သူ့မိဘနှစ်ပါး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်။

ရှေးရိုးစွဲအစဉ်အလာရှိတဲ့ ၁၉၃၃ခုနှစ်မှာ ဥရောပတစ်ခုလုံးကို အဲဒီရုပ်ရှင်က တုန်လှုပ်ချောက်ချားသွားစေခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးကတောင် သူ့ကို “ဥရောပသမိုင်းမှာ အရုပ်ဆိုးဆုံးသတင်း”ဆိုပြီး အပြစ်ဆိုခဲ့တယ်။ နိုင်ငံတော်တော်များများက အဲဒီရုပ်ရှင်ကိုမပြရလို့ တားမြစ်ပိတ်ပင်ထားခဲ့တယ်။
Hedy ကတော့ “တကယ်လို့ စိတ်ကူးအစွမ်းနဲ့ပုံဖော်ကြည့်ရင် မင်းသမီးတိုင်းရဲ့ကိုယ်လုံးတီးကို ရှင်တို့တွေ့မြင်နိုင်တယ်”လို့ အေးအေးသာသာ တုန့်ပြန်ခဲ့တယ်။

Hedy-Lamarr-wifi.png

 

အဝတ်ဗလာနဲ့နာမည်ကြီးလာခဲ့တဲ့ Hedy ရဲ့အလှဟာ လူတိုင်းရဲ့ဦးနှောက်အတွေးထဲ အတားအဆီးမဲ့ တိုးဝင်ခဲ့တော့တယ်။ အဲဒီထဲက သြစတြေးယားသူကြွယ်စာရင်းဝင် Fritz Mandl လည်း အပါအဝင်ဖြစ်တယ်။ Fritz Mandl ရဲ့အပြောချိုချိုဟာ Hedy ရဲ့အချစ်ကို အလဲဖြိုနိုင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်။

လက်ထပ်ပြီးအတူနေကြတဲ့ လှပချိုမြိန်ခြင်းက သိပ်ကြာကြာမခံလိုက်ဘူး။ ခင်ပွန်းဖြစ်သူဟာ Hedy ရဲ့ဗလာကျင်းတဲ့ကိုယ်လုံးကို လူတွေကြည့်မရအောင်ဆိုပြီး Ecstasy ရုပ်ရှင်ကားကို နေရာအနှံ့လိုက်သိမ်းခဲ့တယ်။ Hedy ကိုလည်း ရုပ်ရှင်လောကထဲ အဝင်မခံတော့ဘူး။ နောက်ဆုံး အိမ်ထဲအိမ်ပြင်တောင် ပေးမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် Hedyကို လူတန်းစားတစ်ရပ်နဲ့တော့ ပြောဆိုဆက်ဆံခွင့်ပေးထားတယ်။ အဲဒီလူတန်းစားတွေက နာဇီတပ်ထဲက ဗိုလ်တွေပါပဲ။ ဟစ်တလာ၊ Mussolini တို့အပါအဝင်ဖြစ်တယ်။ သူ့ရဲ့လှပတဲ့ရုပ်ရည်၊ ထက်မြက်တဲ့ဆက်ဆံပေါင်းသင်းရေးက ခင်ပွန်းအတွက် အကျိုးအမြတ်ရစေနိုင်လို့ဖြစ်တယ်။
နောက်ပိုင်း ခင်ပွန်းအပေါ်သည်းခံစိတ်ကုန်လွန်သွားတဲ့ Hedy ဟာ ညစာစားပွဲတစ်ခုမှာ နေထိုင်မကောင်းအကြောင်းပြပြီး အိမ်ပြန်ခဲ့တယ်။ ကြိုတင်စီစဉ်ထားတဲ့ အိပ်ဆေးနဲ့ အစေခံမကို အိပ်မွေ့ချပြီး ရေချိုးခန်းပြတင်းပေါက်ကနေတဆင့် ထွက်ပြေးခဲ့တော့တယ်။ အဲဒီညမှာပဲ မီးရထားနဲ့ ပဲရစ်မြို့ကိုရောက်ရှိခဲ့ပြီး ကျွန်သဖွယ်အနိုင်ကျင့်ခံရတဲ့အိမ်ထောင်ရေးကို ပြည့်ဖုံးကားချခဲ့တော့တယ်။

hedy_lamarr23_0.jpg

 

Recommended For You >>> "ဂျက်မား၏ လူငယ်ဘဝအား လေ့လာခြင်း"

အဲဒီနောက် လန်ဒန်မြို့ကိုပြောင်းရွေ့ခဲ့ပြီး အဲဒီမှာပဲ ဟော်လိဝုဒ်နာမည်ကြီးရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ Metro-Goldwyn-Mayer (ခြင်္သေ့ခေါင်းပုံနဲ့) ထဲက ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်တဲ့ Louis B. Mayer နဲ့တွေ့ခဲ့တယ်။ Louisရဲ့ လမ်းညွှန်မှုနောက်မှာ သရုပ်ဆောင်အများစုဝေးတဲ့ ဟော်လိဝုဒ်ကို သူရောက်လာခဲ့တော့တယ်။

Louis က Hedy ကို “ကမ္ဘာ့အချောဆုံး မိန်းမလှ”လို့ တင်စားခဲ့တယ်။ သူခေါင်းဆောင်အဖြစ် ပါဝင်ရိုက်ကူးတဲ့ ရုပ်ရှင်တိုင်းက အလှအပနဲ့မကင်းခဲ့ဘူး။ သူ့အနုပညာကိုသက်သေပြနိုင်ဖို့ သူဘယ်လို ကြိုးစားပြီး သရုပ်ဆောင်လည်း လူတွေက သူ့အနုပညာကို ဂရုမစိုက်ခဲ့ဘူး။ ရုပ်ရှင်ပိုစတာမှာ သူ့ပုံမြင်တာနဲ့ ရုံပြည့်ရုံလျံတာပါပဲ။
ကိုယ့်သရုပ်ဆောင်အတတ်ကို ကြိုးစားပြီး သူပြသခဲ့ပေမယ့် ပြသနိုင်မယ့်ဇာတ်ကားတွေမရှိခဲ့ဘူး။ သူရဲ့အိမ်ထောင်ရေးကလည်း ပိုရင်နာစရာကောင်းလှတယ်။ အိမ်ထောင် ၆ခါကျခဲ့ပေမယ့် အိမ်ထောင်ဆက်တွေက နှိုင်းဆလို့မရအောင် တိုတောင်းခဲ့တယ်။

hedylamarr5.jpg

 

“ကျွန်မရဲ့မျက်နှာအလှအပက ကျွန်မရဲ့ကံမကောင်းခြင်းပေါ့။ ဒီမျက်နှာက မအောင်မြင်တဲ့အိမ်ထောင်ဆက် ၆ ဆက်ကို ဆွဲဆောင်ခဲ့တယ်။ ဒီမျက်နှာက ကိုယ်နဲ့မသင့်တော်မအပ်စပ်တဲ့အိမ်ထောင်ဘက်ကို ကျွန်မဆီအရောက် ဆွဲခေါ်ခဲ့တယ်။ ပြီးတော့ နှစ်ပေါင်း ၅ဝအတွင်း ကျွန်မကို စိတ်မချမ်းမြေ့မှု၊ နာကျင်မှုတွေပေးခဲ့တယ်။ ကျွန်မရဲ့မျက်နှာက ကျွန်မဆီကနေ ဖယ်ထုတ်လို့မရနိုင်တဲ့ မျက်နှာဖုံးပါ။ သူနဲ့ ကျွန်မတစ်သက်လုံးနေရပါမယ်၊ သူ့ကို ကျွန်မကျိန်ဆဲနေဦးမှာပါပဲ”

၁၉၅၈ခုနှစ် မှာ ၄၄နှစ်အရွယ် Hedy Lamarr ဟာ ရုပ်ရှင်လောကကိုကျောခိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တယ်။ ရုပ်ရှင်ကားပေါင်း ၃၀ခန့်ရိုက်ကူးခဲ့တဲ့သူမကို ၁၉၆၀ ခုနှစ်မှာတော့ Hollywood Walk of Fame မှာ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံခဲ့ရတယ်။ ရုပ်ရှင်လောကကနေ အနားယူပြီးတဲ့နောက် သူ့ဘဝဟာ ခြောက်သွေ့အထီးကျန်လာခဲ့တယ်။
တွသူ့ကို ပြန်အာရုံစိုက်လာမိတဲ့အချိန်က အရောင်းဆိုင်ကနေ သူပစ္စည်းနှစ်ခါခိုးလို့ အဖမ်းခံရချိန်ဖြစ်တယ်။ သူ ပိုက်ဆံမလိုပါဘူး။ စိတ်ရောဂါကြောင့်လား၊ ဒါမှမဟုတ် လူတွေသတိထားစေချင်မိတဲ့အတွက်ကြောင့်လားတော့ မပြောတတ်ဘူး။ လူတကာဝိုင်းဝိုင်းလည်တဲ့ ဟော်လိဝုဒ်ဘဝကနေ အခုတော့ လူတွေရဲ့ ဥပေက္ခာပြုတာကို ခံနေခဲ့ရပြီ။

freqhop1

 

Recommended For You >>>> (၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ

ရုပ်ရှင်မရိုက်တော့တဲ့ နှစ်ပေါင်း ၄ဝအတွင်းမှာ Hedyရဲ့ဘဝက အရသာမဲ့ အထီးကျန်လွန်းခဲ့တယ်။ ၁၉၉၇ခုနှစ် သူ့အသက် ၈၃နှစ်အရွယ်ရောက်မှ အမေရိကန် EFF (Electronic Frontier Foundation) က ဆက်လာတဲ့ဖုန်းက သူ့ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။ အဲဒီဖုန်းက Hedy ကို နည်းပညာဆုချီးမြှင့်ဖို့ဖြစ်တယ်။

ဇာတ်လမ်းကို အစကပြန်ကောက်ရရင် ပထမအိမ်ထောင် Fritz Mandl ရဲ့မယားအဖြစ် သူရှိနေစဉ်တုန်းက တစ်နေ့မှာ Fritz Mandlနဲ့ လက်နက်ပညာရှင်တို့ဆွေးနွေးတဲ့စကားမှာ ကြိုးမဲ့ဆက်သွယ်ရေးဝင်ရောက်စွပ်ဖက်ခြင်းနည်းပညာကို မထင်မှတ်ဘဲ သူကြားခဲ့မိတယ်။

ဟော်လိဝုဒ်ရောက်ပြီးနောက် ရုပ်ရှင်ကားတစ်ကားအတွက် ခန္ဓာကိုယ်အချိုးအစားကို သူကြိုးစားပုံဖော်နေစဉ်အတွင်းမှာ George Antheil ရေးသားတဲ့ ဟော်မုန်းစနစ်နဲ့ ခန္ဓာကိုယ်ထိန်းညှိတဲ့ဆောင်းပါးတွေကို သတင်းစာမှာ သူဖတ်မိလိုက်တယ်။ အဲဒီနောက် Antheil ကို သူသွားရောက်တွေ့ဆုံခဲ့ပြီး ခန္ဓာကိုယ်အချိုးအစားပုံဖော်မှုအတွက် ဆွေးနွေးခဲ့တယ်။ ဒီ့အတွက် Antheil မျက်နှာပူခဲ့ပါတယ်။ စာမူခရဖို့အတွက် ဒီစာတွေကိုရေးခဲ့ရတယ်ဆိုပေမယ့် တကယ်တမ်းမှာ Antheil က စန္ဒရားပညာရှင်တစ်ဦးဖြစ်တယ်။

အဖြစ်မှန်ကိုသိလိုက်ပေမယ့်၊ ခန္ဓာကိုယ်အချိုးအစားအတွက် သူတို့မဆွေးနွေးဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်မှာ ပြောစရာစကားက မကုန်ခဲ့ဘူး။ အလှအပ ဝိတ်ချခြင်းကနေ စစ်ပွဲ၊ နိုင်ငံရေးအထိ အဲဒီအပြင် ကြိုးမဲ့ဆက်သွယ်ရေးအထိ သူတို့ပြောဖြစ်ခဲ့ကြတယ်။

စကားပြောမောလာတဲ့အခါ Antheil က စန္ဒရားတီးပြတယ်။ Antheilတီးနေတဲ့ စန္ဒရားခလုတ်တွေကိုကြည့်ပြီး Hedy ရုတ်တရက် ဉာဏ်ကွန့်မြူးသွားခဲ့တယ်။ ခလုတ်လေးတွေ ခုန်ဆွပြောင်းနှိပ်တာနဲ့ တေးသွားသံစဉ်တွေကို ပြောင်းလဲတီးခတ်လို့ရရင် အဲဒီသဘောတရားနဲ့ ကြိုးမဲ့ဆက်သွယ်ရေးလှိုင်းတွေမှာလည်း အသုံးပြုနိုင်တာပဲလို့ သူတွေးလိုက်မိတယ်။

သိပ်မကြာပါဘူး.. Hedy ဟာ သူရေးဆွဲထားတဲ့ဒီဇိုင်းပုံနဲ့ Antheil ကို အားရဝမ်းသာသွားရှာခဲ့တယ်။ Antheilက Hedy ရဲ့ဒီဇိုင်းပုံနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့တယ်။

၁၉၄၂ခုနှစ်မှာ သူတို့နှစ်ယောက်လုံး အမေရိကန်မူပိုင်ခွင့်ရုံးကနေ လျှို့ဝှက်ဆက်သွယ်ရေးစနစ် မူပိုင်ခွင့်ကိုရရှိခဲ့တယ်။ နံပါတ်က 2,292,387 ဖြစ်တယ်။ သူတို့က ဒီမူပိုင်ခွင့်ကို အမေရိကန်အစိုးရကို ပေးလိုက်တယ်။ ဒါပေမယ့် ဒီနည်းပညာကို အလေးထားဂရုစိုက်တာ မခံခဲ့ရတဲ့အပြင် ဗဟိုဆက်သွယ်ရေးလျှို့ှဝှက်ချက်ထဲ ပါဝင်ပတ်သက်တယ်ဆိုပြီး အစိုးရရဲ့ပိတ်ဆို့မှုကို ခံလိုက်ရတယ်။ ဒီလိုပိတ်ဆို့မှုက နှစ်ပေါင်း ၅ဝကြာသွားခဲ့တယ်။

နောက်ပိုင်းမှာ CDMA ကြိုးမဲ့ဒီဂျစ်တယ်ဆယ်သွယ်ရေးစနစ်ကို ဖွံ့ဖြိုးအောင် သုတေသနပြုတဲ့ ကုမ္ပဏီသေးတစ်ခု (အခုချိန်မှာတော့ အဲဒီကုမ္ပဏီဟာ ကမ္ဘာ့ကုမ္ပဏီ၅ဝဝထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါပြီ) က Hedyတို့ရဲ့တီထွင်မှုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ၁၉၉၇ခုနှစ်မှာ CDMA အခြေခံထားတဲ့ 3G နည်းပညာဟာ လူတွေရဲ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။ အဲဒီအချိန်ကျမှ သိပ္ပံပညာရှင်တွေဟာ အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ Hedy ကို သတိရလိုက်မိတယ်။ နောက်ကျမှရောက်လာတဲ့ ဒီဂုဏ်ပြုချီးမြှင့်မှုကို သူလက်ခံခဲ့ပေမယ့် သူ့ရဲ့မူပိုင်ခွင့်က နှစ်ကျော်လွန်သွားခဲ့ပါပြီ။ သေဆုံးချိန်အထိ သူဟာ သူတီထွင်ခဲ့တဲ့အရာနဲ့ အကျိုးအမြတ် မခံစားခဲ့ရပါဘူး။
74235486_2554217878186172_497271944891072512_n.jpg

 

Recommended For You >>> "အလုပ်နဲ့ပတ်သတ်ပြီး လူငယ်တွေမှားယွင်းစွာ လက်ခံထားတဲ့ အယူအဆများ"

၂ဝဝဝခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့မှာ Hedy ကို ဖလော်ရီဒါနေအိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ သေဆုံးချိန်မှာ သူ့အသက်က ၈၆နှစ်ပါ။ သူဟာ အိပ်နေရင်း သေဆုံးသွားတယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။ ကုတင်ခေါင်းရင်းက တီဗီဟာ ဖွင့်လျက်ကြီးဖြစ်နေခဲ့လို့ပါတဲ့။

Hedy သေဆုံးသွားခဲ့ပြီ… ဒါပေမယ့် သူတီထွင်ခဲ့တဲ့ ကြိမ်နှုန်းခုန်နည်းပညာ (Frequency hopping technology) က ဒီကမ္ဘာလောကကို ပြောင်းလဲစေခဲ့ပါတယ်။ CDMA၊ Wi-Fi တွေက အဲဒီနည်းပညာကနေ အခြေခံထားတဲ့အရာဖြစ်လို့ပါပဲ။ “The Guardian” သတင်းစာက Hedy သာမရှိရင် ကျွန်တော်တို့မှာ Wi-Fiရှိလိမ့်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။

နည်းပညာဆက်သွယ်ရေးလုပ်ငန်းက နာမည်ကြီးအင်ဂျင်နီယာDave Mock က ၂ဝဝ၅ခုနှစ်က ထုတ်ဝေတဲ့ သူ့အတ္ထုပတ္တိစာအုပ်ဖြစ်တဲ့ “Qualcomm Equation”မှာ “တိုးချဲ့ပြန့်ကားသံစဉ်လှိုင်းဆက်သွယ်ရေး (Spread spectrum communication) ကို ထင်မှတ်မထားတဲ့လူတစ်ယောက်က စူးစမ်းရှာဖွေခဲ့တယ်။ သူဟာ ထိုးထွင်းဉာဏ်ရှိတဲ့ လှပချောမောတဲ့ သရုပ်ဆောင်မင်းသမီး Hedy Lamarr ဖြစ်တယ်။ သင်ဟာ မိုဘိုင်းဖုန်းတွေကို အသုံးပြုနေသူဆိုရင် သူ့ကို သင်ကျေးဇူးတင်ရမယ်” လို့ ရေးသားခဲ့တယ်။

ဘိုရင်းကုမ္ပဏီကလည်း Hady သေဆုံးပြီးတဲ့နောက် သူ့ရဲ့အောင်မြင်ဖြစ်ထွန်းမှုကို အောက်မေ့သတိရတဲ့စာတွေ ရေးသားဖြန့်ဝေခဲ့တယ်။ အိုဟိုင်းယိုးမှာရှိတဲ့ နိုင်ငံတကာတီထွင်သူများ ပြခန်း National Inventors Hall of Fame မှာလည်း သူမနာမည်ကို ထည့်သွင်းခဲ့ကြတယ်။

Hedy Lamarrဆိုတဲ့ သူ့နာမည်ကို အမေရိကန်တီထွင်ပညာရှင်စာရင်းထဲသွင်းလိုက်တယ်။ အဲဒီစာရင်းထဲမှာပါဝင်တဲ့သူတွေက လူသားမျိုးနွှယ်အတွက် ထူးချွန်တဲ့ကူညီထောက်ပံ့မှုတွေ ပေးဆပ်ခဲ့သူတွေဖြစ်တယ်။ ဥပမာ- အက်ဒီဆင်၊ ရိုက်ညီနောင်……

Hedyရဲ့စူးစမ်းတီထွင်မှုက ဒီကနေ့မှာအသုံးပြုနေတဲ့ ကြိုးမဲ့နည်းပညာရဲ့ရှေ့ဆောင်ဖြစ်တယ်။ ဆယ်လူလာနက်ဝေါ့၊ GPS၊ Bluetooth တွေအပါအဝင်ဖြစ်တယ်။

လှပတဲ့ရုပ်ရည်နဲ့ ရုပ်ရှင်က ခေတ်တစ်ခေတ်ကို သြဇာလွှမ်းမိုးကောင်း လွှမ်းမိုးနိုင်ပေမယ့် နည်းပညာကတော့ နှောင်းလူတွေအတွက် ထာဝစဉ်ဖြစ်တယ်။ Hedy ဟာ သူ့ကိုယ်ပိုင် ဉာဏ်ပညာနဲ့ သူဟာ အဆံချောင်တဲ့ အလှပြ “ပန်းအိုး” တစ်လုံးမဟုတ်ကြောင်း လူတွေကို သက်သေပြခဲ့ပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။

ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ

 

Ref: https://en.wikipedia.org/wiki/Hedy_Lamarr
http://baike.baidu.com/view/654576.htm


credit – thutazone

Read times Last modified on Wednesday, 08 January 2020 17:01
Rate this articles
(0 votes)