×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 11 July 2018

ဖုန်းကိုအသုံးပြုပြီး ကျောင်းစာလေ့လာနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဓာတ်သင်ပုန်း

ဖုန်းကိုအသုံးပြုပြီး ကျောင်းစာလေ့လာနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဓာတ်သင်ပုန်း google.com

နည်းပညာတွေ တိုးတက်လာတာနဲ့ အညီ ကလေးတွေရဲ့ပညာရေးကိုနည်းပညာနဲ့ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့အချက်ကို စဉ်းစားဖို့လိုပါတယ်။

ဥပမာ-ဒီခေတ်ကြီးထဲမှာ လူတိုင်းဖုန်းကိုင်နိုင်ကြတယ် အဲ့ဒီတော့ ဒီဖုန်းကိုအသုံးပြုပြီး ကျောင်းစာတွေကို အလွယ်တကူနားလည်လွယ်အောင်၊ အထောက်အကူပြုနိုင်အောင် ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။

ဖုန်းတွေပေါ်လာပြီးနောက်ပိုင်းမှာ ကလေးတော်တော်များများဟာ ဖုန်းကိုလက်ထဲကကို မချတော့ပါဘူး။ ဒါဟာဆိုးရွားတဲ့နည်းပညာအကျိုးသက်ရောက်မှုတစ်ခုပါ။ ဒါပေမဲ့ဒီနည်းပညာကိုအသုံးပြုပြီး ကျောင်းစာတွေကို ဆွဲဆောင်မယ်ဆိုရင်ကော၊ ဖုန်းကိုလက်ထဲက မချတဲ့ကလေးတွေကို ဖုန်းထဲကနေ 3D ရုပ်ကြွလေးတွေနဲ့ကျောင်းစာတွေကို စိတ်ဝင်စားဖွယ်ဖော်ပြပေးလိုက်မယ်ဆိုရင် တော်တော်အကျိုးရှိမှာပါ။

ဒီနည်းလမ်းကို 360ed education center ကအကောင်းဆုံးအသုံးချလိုက်ပါပြီ။ သူတို့ဖန်တီးလိုက်တဲ့ အိုင်ဒီယာလေးက မိုက်တယ်ဗျ..

Recommended for you - ပညာရေးတက္ကသိုလ်ရဲ့ ၀င်ခွင့်အမှတ်များ

 

မူကြိုအရွယ်ကလေးတွေအတွက် ရောင်စုံပုံလေးတွေ၊ အကောင်လေးတွေ၊ အရုပ်လေးတွေ ကိုဖုန်းထဲမှာ 3D ရုပ်ကြွလေးတွေနဲ့ဖော်ပြပေးမှာဆိုတော့ သားသား၊ မီးမီးတို့အကြိုက်ပေါ့။

owl 

360ed ကထုတ်လိုက်တဲ့ ဓာတ်သင်ပုန်း alphabet ကိုဝယ်ယူလိုက်ရုံနဲ့စသုံးလို့ရပါပြီ။ 
အထဲမှာ ပါတဲ့ feature တွေက

-3D ရုပ်ကြွပုံ 79 ပုံ နှင့် ပီသမှန်ကန်သော Englishအသံထွက်
- Learn and play section -
ကစား၍သင်ယူနိုင်သော ဂိမ်း section
- Application size - 75 Mb
- Card size - 3 x 4.2 inches
- Activation QR code
- Instruction
စာရွက် - Application download လုပ်နည်း။

chemistry 

နောက်တခုက (၉တန်း၊ ၁၀တန်း)အတန်းကြီးသမားတွေအတွက် Chemistry Biology စတဲ့ဘာသာရပ်များကို ပုံအညွှန်းနဲ့တကွ၊ 3D ရုပ်ကြွပုံများဖြင့် လွယ်လွယ်ကူကူလေ့လာနိုင်ဖို့အတွက် ဓာတ်သင်ပုန်း Chemistry နဲ့ ဓာတ်သင်ပုန်း Biology ကိုထုတ်ပေးထားပါတယ်။ အရင်ကဆို စာအုပ်ထဲက ပုံတွေရဲ့ အညွှန်းတွေကို အတင်း ပြူးကြည့်နေရတာလေ..။ အခုအဆင်ပြေသွားပြီ..

အသုံးပြုပုံ

ဗူးထဲက နောက်ကျောအဖုံးမှာ QR code ရှိပြီး Scan ဖတ်လိုက်တာနဲ့ App ဒေါင်းလို့ရတဲ့နေရာကိုရောက်သွားမှာပါ။ ရှေ့ဖုံးက QR code ကတော့စစသုံးချင်းမှာ Scan ဖတ်ပေးရမှာပါ။

ဘူးထဲမှာပါတဲ့ Flashcards လေးတွေကတော့ App ထဲမှာပါတဲ့ scanလေးနဲ့ဖတ်လိုက်တာနဲ့ ပုံထဲမှာပါတဲ့ အညွှန်းတွေနဲ့တကွ ပုံကိုရှင်းရှင်းလင်းလင်းလေ့လာနိုင်မှာပါ။ ကလေးတွေအတွက် Alphabet AR Application မှာလည်း ပုံလေးတွေရဲ့ အင်္ဂလိပ်အသံထွက်အမှန်ကို ပီပီသသပြောပြပေးသွားမှာပါ။

အသစ်ရောက်သောစာအုပ်များကို လွယ်ကူစွာကြည့်နိုင်ရန် မိမိဖုန်းထဲသို့ One One App download ထားနိုင်ပါသည်
အောက်ပါ link ကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်
Download Link

iOS: https://itunes.apple.com/…/a…/one-one-book-shop/id1359019335[^]

Android: https://play.google.com/store/apps/details…[^]

https://www.oneonebookshop.com/

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ချင်းတွင်းကောလိပ်မှာ HND ယူပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ယူကြမယ်

 

Recommended for you - မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

 

Credit; Myanmar ICT Guide

Read times Last modified on Friday, 10 January 2020 10:41
Rate this articles
(2 votes)