×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 17 July 2018

Kaplan Myanmar University College မှာ နိုင်ငံတကာအဆင့်မီ MBA ဘွဲ့အတွက် သင်ယူနိုင်တော့မည်

Kaplan Myanmar University College မှာ နိုင်ငံတကာအဆင့်မီ MBA ဘွဲ့အတွက် သင်ယူနိုင်တော့မည် google.com

ပညာရေးဗဟိုပြုတဲ့ ဒီနေ့ခေတ်ကြီးမှာ ပညာရည်ပြည့်ဝမှသာ အောင်မြင်တဲ့ အနာဂတ်ခရီးကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘဝဆိုတဲ့ ခရီးရှည်ကြီးမှာ ပညာဆိုတဲ့ ရိက္ခာမပါရင် အခက်အခဲမျိုးစုံကို ပွေ့ပိုက်ရင်း ကူးခတ်ရမှာပါ။

ပညာဝမ်းစာရှိမှသာ ဥာဏကို အသုံးချပြီး ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုရင်လည်း ဒီနေ့ခေတ်လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာတွေကို အလေးထားသင်ယူလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော်တက္ကသိုလ်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် ပြည်တွင်းမှာ နေထိုင်ရင်း နိုင်ငံတကာအဆင့်မီဘွဲ့တွေကို အရယူနိုင်မယ့်အခွင့်အရေးဖြစ်လာတာပါ။


အခုဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့ Kaplan Education Group ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Kaplan University ကို ၁၉၃၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၈ဝ) ကြာ အောင်မြင်မှုအပေါင်းနဲ့ ရပ်တည်လာခဲ့တဲ့ ပညာရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော်မှာ ကျောင်းခွဲပေါင်း (၄ဝဝ) ကျော် ဖွင့်လှစ်ထားပြီး သမိုင်းကြောင်းခိုင်မာတဲ့ ပညာရေးအဖွဲ့အစည်းဟာ Kaplan Myanmar University College (KMUC) ကျောင်းခွဲကို မြန်မာနိုင်ငံမှာလည်း ဖွင့်လှစ်လိုက်ပါပြီ။


Kaplan Myanmar University College (KMUC) မှာ သင်ကြားပေးမယ့် ဘာသာရပ်ဖွဲ့စည်းမှု၊ စာမေးပွဲစစ်ဆေးမှုနဲ့ ပညာရေးသုံးပစ္စည်းတွေအားလုံးဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ တခြား Kaplan ကျောင်းတွေနဲ့ စံချိန်စံညွှန်းအတူတူပဲဖြစ်ပါတယ်။ နောက်ဆုံးပေါ်ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဆရာနဲ့ ကျောင်းသားကြား ချိတ်ဆက်သင်ကြားမှုတွေ အကောင်းဆုံးဖြစ်စေဖို့ မြန်မာ့ပထမဆုံး Synergy Pod စာသင်ခန်းတွေနဲ့ ထောက်ပံ့ပေးထားပါတယ်။


အခုဆိုရင် Kaplan Myanmar University College ဟာ သင်ကြားရေးသုတေသနနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းတွေမှာ ကျော်စောထင်ရှားတဲ့ သြစတေးလျနိုင်ငံ အခြေစိုက် Murdoch University နဲ့ ချိတ်ဆက်ထားပြီး Australia Murdoch MBA Program ကို ဖွင့်လှစ်လိုက်ပါပြီ။ Murdoch University ကို ၁၉၇၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅ဝ) သက်တမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၇ဝ) ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

 

Recommended for you - ဝင်ခွင့်ရတက္ကသိုလ်တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ လိုအပ်သည့် အချက်အလက်များ

 

(၈၅) နိုင်ငံကျော်မှာ ကျောင်းသားပေါင်း (၂၃,ဝဝဝ) ကျော် တက်ရောက်နေပြီး ဝန်ထမ်းပေါင်းနှစ်ထောင်ကျော်နဲ့ ထောက်ပံ့ပေးထားပါတယ်။ Australia Murdoch MBA Program မှာ သင်ကြားပေးမယ့် ဆရာတွေအားလုံးဟာ Oversea Lecturer တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သြစတေးလျနိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ ယူအေအီးနိုင်ငံတွေမှာ ကျောင်းခွဲတွေ ဖွင့်လှစ်ထားပြီး ကမ္ဘာ့တက္ကသိုလ်ကြီးတွေရဲ့ Overall Experience ၊ Learner Engagement ၊ Learning Resource ၊ Skill Development ၊ Students Support ၊ Teaching Quality နဲ့ Graduate Starting Salary အပိုင်းတွေမှာ 5 Stars (⭐⭐⭐⭐⭐) ရရှိထားပါတယ်။


Australia Murdoch MBA Program ကို (၁၆) လကြာ တက်ရောက်ရမှာဖြစ်ပြီး Global Business in the Asian Century ၊ Entrepreneurship and Innovation Management ၊ Strategic Marketing Management ၊ Leading the Engaged Enterprise ၊ Business, Society & Environment ၊ Business Finance ၊ Strategies for Growth and Excellence နဲ့ Accounting for Managers စတဲ့ Module (၈) ခုပါဝင်မှာဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာနေရင်း နိုင်ငံတကာအဆင့်မီ MBA ဘွဲ့ကို ရယူချင်ရင်တော့ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်တော့မယ့် Australia Murdoch MBA Program ကို တက်ရောက်ဖို့လိုမှာပါ။ အစောဆုံးအပ်နှံမယ့် ကျောင်းသား၊ ကျောင်းသူ (၂ဝ) ကိုတော့ ဒေါ်လာ၅ထောင်အထိ ပညာသင်ဆုပေးမယ့် “US$ 5000 Scholarship Rebate” အစီအစဉ်လည်း ရှိသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ 09 777 63 6000 နဲ့ 09 777 68 6000 ကို ဆက်သွယ်နိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

 

Recommended for you - ဘယ်အချိန်က ကော်ဖီသောက်ဖို့ အကောင်းဆုံးလဲ

 

Recommended for you - ဥပဒေမေဂျာတက်ရောက်မည့်သူများ လျှောက်ထားနိုင်တဲ့ပညာသင်ဆု

 

Credit; akhayar

Read times Last modified on Friday, 10 January 2020 10:59
Rate this articles
(1 Vote)