×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 06 August 2018

သင့်ကလေး မူကြိုထားခြင်းက အံ့သြစရာကောင်းလောက်အောင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး

သင့်ကလေး မူကြိုထားခြင်းက အံ့သြစရာကောင်းလောက်အောင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး google.com

သားဦးလေးမွေးထားတဲ့ မိဘတွေအနေနဲ့ သင့်ကလေးအတွက် ဘာကောင်းသလဲဆိုတာသိဖို့ အရမ်းကိုခက်ခဲနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ သင့်ကလေးကို မူကြိုကျောင်းပို့သင့် မပို့သင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမိဖို့က အရမ်းကို အရေးကြီးပါတယ်။
မူကြိုကျောင်းရွေးခြင်းဟာ မိဘတစ်ယောက်အနေနဲ့ သင်ပထမဦးဆုံး ဆုံးဖြတ်ရမယ့်အရာပဲ ဖြစ်ပါတယ်။ သင့်ကလေးအတွက် မူကြိုကျောင်းက စောလွန်းသလား နောက်ကျလွန်းနေလားဆိုတာ ပြောပြနိုင်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အသက်

သင့်ကလေးကို မူကြိုအပ်ဖို့အတွက် ကလေးရဲ့အသက်အရွယ်ဟာ မူကြိုတက်နိုင်တဲ့အရွယ် ဖြစ်ဖို့လိုတယ်ဆိုတာကတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ မူကြိုကျောင်းတော်တော်များများမှာ ကျောင်းအပ်လက်ခံတဲ့ အသက်အပိုင်းအခြားရှိပါတယ်။ သင့်ကလေး အသက်သုံးနှစ်ဝန်းကျင်လောက်မှာ ကလေးနဲ့ခွဲပြီး အလုပ်တွေလုပ်လို့ရနေလောက်ပါပြီ။ ကလေးအသက်ကြီးလာတာနှင့်အမျှ မူကြိုထားမရ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အသက်နှစ်နှစ်အရွယ်လောက်မှာ သင့်တော်တဲ့မူကြိုကို လိုက်ရှာဖို့လိုအပ်ပါတယ်။


၂။ မေးခွန်းများ မေးမြန်းခြင်း

လူတွေရဲ့စိတ်က အသစ်သစ်သော တတ်ကျွမ်းမှုစွမ်းရည်တွေနှင့် အသေးစိတ်အချက်အလက်တွေ စုဆောင်းရှာဖွေရတာကို နှစ်သက်သဘောကျ ကြပါတယ်။ ထိုနည်းတူစွာပဲ သင့်ကလေးဆီမှာ သူမူကြိုတက်လို့ရလောက်ပြီဆိုပြီး သင့်ကိုထင်စေတဲ့ ပြောင်းလဲမှုလေးတွေကို သတိပြုမိနိုင်ပါတယ်။ ဥပမာ- သင့်ကလေးက မေးခွန်းတွေအရင်ကထက်ပိုပြီး မေးမြန်းလာတာကို သတိပြုမိတယ်ဆိုရင် ဒါဟာသင့်ကလေးရဲ့ ဦးနှောက်မြန်မြန်ဖွံ့ဖြိုးချင်နေတဲ့ လက္ခဏာတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ အဲ့ဒီတိုးတက်မှုကို အားပေးတိုက်တွန်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက သင့်ကလေးကို မူကြိုပို့လိုက်ခြင်းပဲ ဖြစ်ပါတယ်။


၃။ တိုးတက်မှုများ

ကလေးတစ်ယောက်က မေးခွန်းတွေမေးလာတာနှင့်အမျှ ဗဟုသုတတွေလည်း ပိုပြီးရရှိလာပါတယ်။ ဗဟုသုတပိုများလာမှုကြောင့် ကလေးမှာလည်း ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကလေးအနေနှင့် သင်ကြားပေးသမျှကို လိုက်နိုင်ပြီး အမှီအခိုကင်းလာတာကို သတိပြုမိမှာပါ။ သင်ဘာကိုပဲ သင်ပေးပေး နားလည်သဘောပေါက်နိုင်လာပြီဆိုလျှင်တော့ ပရော်ဖက်ရှင်နယ် တစ်ယောက်နှင့် သေချာသင်ကြားပေးတာက ပိုကောင်းမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်ကျွမ်းမှုစွမ်းရည်တွေကို ဖမ်းဆုပ်နိုင်မှုနှင့် မှတ်ဥာဏ်တွေပါ တိုးတက်လာမှုက သင့်ကလေး မူကြိုသွားဖို့ လိုအပ်နေပြီဆိုတာကို ဖော်ပြနေတဲ့ အလွန်ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

 

Recommended for you - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာအကြောင်း


၎။ အပြန်အလှန်ရှိမှု

သင့်ကလေးက အသက်ငယ်လေလေ သင်နှင့်အပြန်အလှန်ရှိမှုတွေ နည်းလေလေပါပဲ။ သူအသက်ကြီးလာတာနှင့်အမျှ သူနှင့်အပြန်အလှန်ပြောဆိုဆက်ဆံမှုက ပိုပြီးလွယ်ကူလာပါတယ်။ သင့်ရဲ့ ပူတူတူးလေးနှင့် ဆက်ဆံရတာ ပိုလွယ်လာတယ်လို့ သတိပြုမိတယ်ဆိုရင်တော့ မူကြိုသွားဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ သင့်ကလေးရဲ့ သင်ကြားပေးသမျှကို နားလည်သဘောပေါက်နိုင်မှုစွမ်းရည်ဟာ မူကြိုအပ်နိုင်တဲ့အချိန်ကို အဆုံးအဖြတ်ပေးပါတယ်။ သင်အမှတ်ရနေရမှာက ကလေးတစ်ယောက်ချင်းစီက မတူညီဘူးဆိုတာကိုပါပဲ။

ကလေးတစ်ယောက်ဟာ အသက်နှစ်နှစ်သာသာလောက်လေးမှာ အပြန်အလှန်ပြောဆိုဆက်ဆံနိုင်ပြီး အဆင်သင့်ဖြစ်ကောင်းဖြစ်နေနိုင်ချိန်မှာ တခြားကလေးတွေဟာ စကားပြောလာဖို့နှင့် ပွင့်ပွင့်လင်းလင်းရှိလာဖို့အရေး လေးနှစ်လောက် စောင့်ရနိုင်ပါတယ်။ သင့်ကလေးကို သင့်တော်တဲ့အသက်အရွယ်မှာ မူကြိုပို့နိုင်ခြင်းဟာလည်း သူတို့ကို ပုံဖော်တဲ့အခါ ကူညီပေးပါတယ်။ အချိန်ယူပြီး သင့်ကလေးအတွက် နာမည်ကောင်းရှိတဲ့ မူကြိုကို ရှာဖွေပါ။ အဲ့ဒါဆိုရင် သင့်ကလေးဘယ်လောက်ထိ မြန်မြန်ဆန်ဆန် သင်ယူနိုင်လဲဆိုတာ သင်အံ့သြလို့ဆုံးမှာတောင် မဟုတ်တော့ပါဘူး။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ

 

Recommended for you - ရန်ကုန်အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများ၏ စာစဉ်တင်ရက် တိုးမြှင့်

 

Credit; EDGE

Read times Last modified on Saturday, 11 January 2020 10:01
Rate this articles
(1 Vote)