အရည်အချင်းအရမ်းအရေးကြီးပါတယ်။ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ဦးဆောင်နိုင်မှု အရည်အချင်း ၊ ဆက်ဆံရေး အရည်အချင်း စသည်ဖြင့်များစွာရှိပါတယ်။ ဒါပေမဲ့ အရည်အချင်းထက် အရေးကြီးတာတွေရှိပါသေးတယ်။
လူတစ်ဦးတစ်ယောက်ကို ကုမ္မဏီဘက်က ( သို့ ) စီမံအုပ်ချုပ်သူဘက်က ဘယ်လိုစဉ်းစားသုံးသပ်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ။
၁။ သစ္စာရှိခြင်း
ကုမ္မဏီဘက်ကနေ အမြဲရပ်တည်ပြီး စဉ်းစားတတ်ခြင်း၊ ကုမ္မဏီ အကျိုးကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမြူအစွယ် အစမ်းအသပ် ခံနိုင်ရည်ရှိခြင်း။
၂။ အလုပ်ကို လေးစားခြင်း
အလုပ်လုပ်ရတဲ့ အကြောင်းရင်းဟာ လခအတွက် သက်သက်မဖြစ်သင့်ပါ။ တာဝန်ကျေပွန်ခြင်းထက် ပိုမိုကြိုးစားလုပ်ကိုင်တတ်တဲ့ အကျင့်ကို မွေးမြူထားရှိဖို့လိုအပ်ပါတယ်။
၃။ အသိစိတ်ရှိခြင်း
ခိုင်းမှ၊ တာဝန်ပေးမှလုပ်တာမျိုးမဟုတ်ပဲ ကိုယ့်အသိစိတ်ရှိရှိနဲ့ တာဝန်ပြင်ပမှ အလုပ်များကို လုပ်ကိုင်တတ်ခြင်းကို ဆိုလိုပါတယ်။
၄။ တာဝန်ယူခြင်း
တာဝန်ယူစိတ် ရှိခြင်း၊ တာဝန်သိစိတ်ရှိခြင်းဟာ အရေးကြီးပါတယ်။ ကိစ္စသေးသေး မျှင်မျှင်ကအစ သေသေသပ်သပ် ပြီးဆုံးအောင် ဆောင်ရွက်တတ်ခြင်း၊ ရှည်ရှည်မျောမျော အချိန်ဆွဲလာတဲ့ ပြသနာတစ်ခု သင်ထံရောက်ရင် ရပ်တန့်စေပါ။
၅။ ထိရောက်မူကို အလေးပေးခြင်း
နေ့စဉ်လုပ်နေတဲ့ အလုပ်ထဲမှာ ဘယ်ဟာကပိုအရေးကြီးတယ်။ ဘယ်အလုပ်တော့ဖြင့် ပိုပြီးအလျှင်စလိုဖြစ်တယ်။ စသည်ဖြင့် ခွဲခြမ်းစိပ်ဖြာတတ်ပြီး အရေးကြီးပြီး အလျှင်စလို ဖြစ်တဲ့အလုပ်ကို ဦးစားပေးလုပ်ကိုင်တတ်ခြင်းဟာ ပိုမိုထိရောက်စေတတ်ပါတယ်။
၆။ ဆက်ဆံရေးကောင်းမွန်ခြင်း
မျက်နာချင်းဆိုင် ပြောရဲတယ်။ ချက်ချင်းပြဿနာကို ဖြေရှင်းတတ်တယ်။ ဖြေရှင်းတဲ့နည်းလမ်းကို အရင်စဉ်းစားပြီးမှ တစ်ဖက်သားကို မေးခွန်းထုတ်တတ်တယ်။ သူများဝေဖန်လာတာကိုလည်း လက်ခံနိုင်စွမ်းရှိတယ်။
၇။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း
အစည်းအဝေးမှာ ကိုယ့်ရဲ့ အယူအဆကို အပြည့်အဝ တင်ပြတတ်တယ်။ ကိုယ့်သဘောအတိုင်းဟုတ်ဟုတ်မဟုတ်ဟုတ် အစည်းအဝေးက ဆုံးဖြတ်လာလျှင် ဆုံးဖြတ်တဲ့အတိုင်း ထောက်ခံဆောင်ရွက်တတ်ခြင်း။ စည်းကမ်းကို လိုက်နာတယ်။ အသင်းအဖွဲ့
ထဲက ငါးခုံးမတစ်ကောင် အဖြစ်မခံပါ။
၈။ အပြုသဘောဆောင်ပြီး အမြဲလေ့လာသင်ယူနေခြင်း
အမြဲပဲ သင်ယူသူ အဖြစ်ရပ်တည်နေခြင်း၊ အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲတတ်ပြီး ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အမြဲကြိုးစားအားထုတ်နေခြင်း။
၉။ ချွေတာခြင်း
စက္ကူတစ်ရွက်ကအစ ချွေတာသင့်ရင် ချွေတာတတ်ခြင်း၊ ငွေတစ်ပြားတစ်ချပ်မှ အစ အလုပ်လုပ်ချိန်ကအဆုံး လုံးဝချွေတာတတ်ခြင်းကို ဆိုလိုပါတယ်။
၁၀။ ကျေးဇူးသိတတ်ခြင်း
လူဆိုတာ အသက်ရှင်နေသရွေ့ ကျေးဇူးသိတတ်ဖို့လိုပါတယ်။ သူများကျေးဇူးကို မှတ်ထားပါ။ ကိုယ့်ကျေးဇူးကို မေ့လိုက်ပါ။
ZAWGYI
အရည္အခ်င္းအရမ္းအေရးႀကီးပါတယ္။ ပညာအရည္အခ်င္း၊ ကၽြမ္းက်င္မႈ အရည္အခ်င္း၊ ဦးေဆာင္ႏိုင္မႈ အရည္အခ်င္း ၊ ဆက္ဆံေရး အရည္အခ်င္း စသည္ျဖင့္မ်ားစြာရိွပါတယ္။ ဒါေပမဲ့ အရည္အခ်င္းထက္ အေရးႀကီးတာေတြရိွပါေသးတယ္။ လူတစ္ဦးတစ္ေယာက္ကို ကုမၼဏီဘက္က ( သို႔ ) စီမံအုပ္ခ်ဳပ္သူဘက္က ဘယ္လိုစဥ္းစားသံုးသပ္ၿပီး ဘယ္လိုအကဲျဖတ္ပါသလဲ။
၁။ သစၥာရိွျခင္း
ကုမၼဏီဘက္ကေန အၿမဲရပ္တည္ၿပီး စဥ္းစားတတ္ျခင္း၊ ကုမၼဏီ အက်ဳိးကို သစၥာရိွရိွ ကာကြယ္ေစာင့္ေရွာက္ေပးျခင္း၊ အျမဴအစြယ္ အစမ္းအသပ္ ခံႏိုင္ရည္ရိွျခင္း။
၂။ အလုပ္ကို ေလးစားျခင္း
အလုပ္လုပ္ရတဲ့ အေၾကာင္းရင္းဟာ လခအတြက္ သက္သက္မျဖစ္သင့္ပါ။ တာဝန္ေက်ပြန္ျခင္းထက္ ပိုမိုႀကိဳးစားလုပ္ကိုင္တတ္တဲ့ အက်င့္ကို ေမြးျမဴထားရိွဖို႔လိုအပ္ပါတယ္။
၃။ အသိစိတ္ရိွျခင္း
ခုိုင္းမွ၊ တာဝန္ေပးမွလုပ္တာမ်ဳိးမဟုတ္ပဲ ကိုယ့္အသိစိ္တ္ရိွရိွနဲ႔ တာဝန္ျပင္ပမွ အလုပ္မ်ားကို လုပ္ကိုင္တတ္ျခင္းကို ဆိုလိုပါတယ္။
၄။ တာဝန္ယူျခင္း
တာဝန္ယူစိတ္ ရိွျခင္း၊ တာဝန္သိစိတ္ရိွျခင္းဟာ အေရးႀကီးပါတယ္။ ကိစၥေသးေသး မၽွင္မၽွင္ကအစ ေသေသသပ္သပ္ ၿပီးဆံုးေအာင္ ေဆာင္ရြက္တတ္ျခင္း၊ ရွည္ရွည္ေမ်ာေမ်ာ အခ်ိန္ဆြဲလာတဲ့ ျပသနာတစ္ခု သင္ထံေရာက္ရင္ ရပ္တန္႔ေစပါ။
၅။ ထိေရာက္မူကို အေလးေပးျခင္း
ေန႔စဥ္လုပ္ေနတဲ့ အလုပ္ထဲမွာ ဘယ္ဟာကပိုအေရးႀကီးတယ္။ ဘယ္အလုပ္ေတာ့ျဖင့္ ပိုၿပီးအလၽွင္စလိုျဖစ္တယ္။ စသည္ျဖင့္ ခြဲျခမ္းစိပ္ျဖာတတ္ၿပီး အေရးႀကီးၿပီး အလၽွင္စလို ျဖစ္တဲ့အလုပ္ကို ဦးစားေပးလုပ္ကိုင္တတ္ျခင္းဟာ ပိုမိုထိေရာက္ေစတတ္ပါတယ္။
၆။ ဆက္ဆံေရးေကာင္းမြန္ျခင္း
မ်က္နာခ်င္းဆိုင္ ေျပာရဲတယ္။ ခ်က္ခ်င္းျပႆနာကို ေျဖရွင္းတတ္တယ္။ ေျဖရွင္းတဲ့နည္းလမ္းကို အရင္စဥ္းစားၿပီးမွ တစ္ဖက္သားကို ေမးခြန္းထုတ္တတ္တယ္။ သူမ်ားေဝဖန္လာတာကိုလည္း လက္ခံႏိုင္စြမ္းရိွတယ္။
၇။ ပူးေပါင္းေဆာင္ရြက္တတ္ျခင္း
အစည္းအေဝးမွာ ကိုယ့္ရဲ႕ အယူအဆကို အျပည့္အဝ တင္ျပတတ္တယ္။ ကိုယ့္သေဘာအတိုင္းဟုတ္ဟုတ္မဟုတ္ဟုတ္ အစည္းအေဝးက ဆံုးျဖတ္လာလၽွင္ ဆံုးျဖတ္တဲ့အတိုင္း ေထာက္ခံေဆာင္ရြက္တတ္ျခင္း။ စည္းကမ္းကို လိုက္နာတယ္။ အသင္းအဖြဲ႔
ထဲက ငါးခံုးမတစ္ေကာင္ အျဖစ္မခံပါ။
၈။ အျပဳသေဘာေဆာင္ၿပီး အၿမဲေလ့လာသင္ယူေနျခင္း
အၿမဲပဲ သင္ယူသူ အျဖစ္ရပ္တည္ေနျခင္း၊ အခ်ိန္ကို ေကာင္းမြန္စြာစီမံခန္႔ခြဲတတ္ၿပီး ကိုယ့္တိုးတက္ရာတိုးတက္ေၾကာင္း အၿမဲႀကိဳးစားအားထုတ္ေနျခင္း။
၉။ ေခၽြတာျခင္း
စကၠဴတစ္ရြက္ကအစ ေခၽြတာသင့္ရင္ ေခၽြတာတတ္ျခင္း၊ ေငြတစ္ျပားတစ္ခ်ပ္မွ အစ အလုပ္လုပ္ခ်ိန္ကအဆံုး လံုးဝေခၽြတာတတ္ျခင္းကို ဆိုလိုပါတယ္။
၁၀။ ေက်းဇူးသိတတ္ျခင္း
လူဆိုတာ အသက္ရွင္ေနသေရြ႔ ေက်းဇူးသိတတ္ဖို႔လိုပါတယ္။ သူမ်ားေက်းဇူးကို မွတ္ထားပါ။ ကိုယ့္ေက်းဇူးကို ေမ့လိုက္ပါ။
Sources : Jobs4u