×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 21 August 2018

Asian Development Bank - Japan Scholarship Program ပညာသင်ဆု

Asian Development Bank - Japan Scholarship Program ပညာသင်ဆု google.com

Asian Development Bank-Japan Scholarship Program (ADB-JSP) ကနေ ADB အဖွဲ့ဝင်နိုင်ငံတွေကို Postgraduate (Masters, PhD) အတွက် ပညာသင်ဆုများ ပေးအပ်နေပါသည်။


လျှောက်ထားနိုင်တဲ့ ဘာသာရပ်များမှာ

1. စီးပွားရေး (Economics)

2. စီမံခန့်ခွဲမှု (Management)

3. ကျန်းမာရေး (Health)

4. ပညာရေး (Education)

5. စိုက်ပျိုးရေး (Agriculture)

6. သဘာဝပတ်ဝန်းကျင် (Environment)

7. သဘာဝရင်းမြစ်များ စီမံခန့်ခွဲမှု (Natural resource management)

8. သိပ္ပံနှင့် နည်းပညာ (Science and technology)

9. အခြားဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သောနယ်ပယ်များ ဖြစ်ပြီးတော့ ကျောင်းပြီးတာနဲ့ ကိုယ့်တိုင်းပြည်ပြန်လာပြီး နိုင်ငံ့စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပါဝင်လှုပ်ရှားရမှာပဲ ဖြစ်ပါတယ်။


ပညာသင်ဆုထဲမှာ ပါဝင်တာတွေက

- ကျောင်းလခ စရိတ်ငြိမ်း (full tuition fees)

- လစဉ် တကိုယ်ရည်အသုံးစရိတ်နဲ့ နေထိုင်မှုစရိတ်

- စာအုပ်နဲ့ အခြားသင်ထောက်ကူပစ္စည်းများ

- Medical insurance

- သွားလာရေးစရိတ် (travel expenses)

- သုတေသနလုပ်ရတဲ့ ကျောင်းသားတွေအတွက်ကတော့ Thesis အတွက် Grant သီးသန့်ထပ်ပေးပါတယ်။


ပညာသင်ဆုကို ဘယ်နှစ်နှစ်စာ ပေးတာလဲ

ပညာသင်ဆုက မာစတာအတွက် ၁ နှစ် ပုံမှန်ပေးပါတယ်။ လိုအပ်တယ်ဆိုရင် ကျောင်းမှာလည်း Performance ကောင်းကောင်းပြနိုင်ရင် နောက်ထပ် ၁ နှစ် ထပ်တိုးပေးပါတယ်။ အဲ့ဒီတော့ မာစတာအတွက် အများဆုံး ၂ နှစ်၊ ဒေါက်တာပရိုဂရမ်တွေအတွက် အများဆုံး ၃ နှစ် ချီးမြှင့်ပေးပါတယ်။

 

Recommended for you - ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် မြန်မာ့ဝါးလက်မှုပညာသင်တန်း


ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်များ

- ADB ချေးငွေရရှိထားသောနိုင်ငံ၏ နိုင်ငံသားဖြစ်ရမည်။ Japan ODA ပညာသင်ဆု လျှောက်နိုင်သောနိုင်ငံဖြစ်ရမည်။

- Academic institution တစ်ခုခုတွင် ခွင့်ပြုထားသော Master သို့မဟုတ် PhD ဘာသာရပ်တစ်ခုတွင် လက်ခံပြီးဖြစ်ရမည်။

- Bachelor’s degree သို့မဟုတ် ၄င်းနှင့်အညီအမျှဖြစ်သော အဆင့်မြင့်ပညာရေး record ရှိရမည်။

- လျှောက်လွှာတင်ချိန်တွင် အနည်းဆုံး ၂ နှစ်ခန့် အလုပ်ခွင်ဝင်ပြီးသူဖြစ်ရမည် (တက္ကသိုလ်မှဘွဲ့ရပြီး ဝင်လုပ်သောအလုပ်)။စာပေလေ့လာနိုင်ရန် အင်္ဂလိပ်စာ အရေး၊ အဖတ်ကျွမ်းကျင်မှု ရှိရမည်။

- လျှောက်လွှာတင်ချိန်တွင် အသက် ၃၅ နှစ် ထက်မကြီးရ။ ချွင်းချက်အနေဖြင့် မန်နေဂျာနှင့် senior officials များအတွက် သင့်တော်သော ပရိုဂရမ်များတွင် အသက်ပိုင်းခြားမှာ ၄၅ နှစ် ဖြစ်ပါသည်။

- ကျန်းမာရေးကောင်းသူ ဖြစ်ရမည်။

- ကျောင်းပြီးသောအခါ မိမိနိုင်ငံသို့ပြန်လာပြီး အလုပ်လုပ်ရန် သဘောတူရမည်။

- ADB ၏ Executive Director ၊ Alternate Director ၊ Management နှင့် ဝန်ထမ်းများ၊ အကြံပေးများနှင့် ၄င်းတို့နှင့်တော်စပ်သော ဆွေမျိုးသားချင်းများ လျှောက်ထားခွင့်မရှိပါ။

- ADB-JSP နှင့်ဆက်နွယ်သော institutions များ၏ ဝန်ထမ်းများ လျှောက်ထားခွင့်မရှိပါ။

- မိမိနိုင်ငံ၏ ပြင်ပ အခြားနိုင်ငံတွင် အလုပ်လုပ်နေသော သို့မဟုတ် နေထိုင်သောသူများ လျှောက်ထားခွင့်မရှိပါ။

- Graduate degree programs များတွင် လက်ရှိ ဝင်ခွင့်၊ တက်ရောက်ခွင့် ရရှိထားပြီးသားသူများကို ADB-JSP မှ ထောက်ပံ့ပေးခြင်းမျိုး မပြုလုပ်ပါ။

- ADB-JSP မှ Undergraduate Studies၊ အဝေးသင်ပရိုဂရမ်များ၊ ကာလတိုလေ့ကျင့်ရေးသင်တန်းများ၊ Conference Seminar များ၊ Thesis ရေးခြင်းများနှင့် သုတေသန project များအား ထောက်ပံ့ပေးခြင်းမျိုး မပြုလုပ်ပါ။


လျှောက်လွှာနောက်ဆုံးရက် - လျှောက်လွှာတင်ရမည့်ရက်သည် မိမိသက်ဆိုင်ရာလျှောက်ထားလိုသည့်တက္ကသိုလ်၏ Intake နှင့်အတူတူဖြစ်ပါသည်။ Intake မတိုင်မှီ အနည်းဆုံး (၆)လ ကြိုတင်လျှောက်ထားရန်လိုအပ်ပါသည်။ လျှောက်ထားသူများသည် မိမိတို့ တက္ကသိုလ်တက်ရောက်မည့်အချိန်ထက် အနည်းဆုံး (၆) လ စောပြီး လျှောက်ထားသင့်ပါသည်။


လျှောက်ထားနိုင်သော (၁၀)နိုင်ငံမှ တက္ကသိုလ်များကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.adb.org/site/careers/japan-scholarship-program/jsp-institutions

 

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - စင်ကာပူနိုင်ငံရှိ SIM GE တွင် တက်ရောက်နိုင်မည့် ပညာရေးနှင့်ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲ

 

Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့် form များ တင်သွင်းနိုင်ပါပြီ

 

Credit; EDGE

Read times Last modified on Saturday, 11 January 2020 10:39
Rate this articles
(1 Vote)