×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 17 September 2018

ကမ္ဘာကျော်တွေ လိုက်နာကြတဲ့ ငါးနာရီစည်းမျဉ်း

ကမ္ဘာကျော်တွေ လိုက်နာကြတဲ့ ငါးနာရီစည်းမျဉ်း google.com

ငါးနာရီစည်းမျဉ်းကို သင်ခန်းစားတစ်ခုအဖြစ် အချိန်ယူလေ့လာသင့်ပါတယ်။ ဒီစည်းမျဉ်းကို ကျင့်သုံးတဲ့ လူတိုင်းဟာ သူတို့ရဲ့ အလုပ်မှာ အကျိုးကျေးဇူးတွေ ရကြပါတယ်။ စနစ်တကျ လေ့လာပြီး လက်တွေ့ကျင့်သုံးလုပ်ဆောင်ခြင်းနဲ့ သာမန်အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်းကြားမှာ မကြာခဏ ဝိရောဓိ ဖြစ်လေ့ရှိပါတယ်။


ပရော်ဖက်ရှင်နယ် အများစုကတော့ အလုပ်ဖြစ်ဖို့နဲ့ လုံလုံလောက်လောက်ဖြစ်ဖို့ကိုပဲ အားထည့်ကြပေမယ့် သူတို့ရဲ့ အဆင့်(သို့) နှုန်းကို မြှင့်တင်ဖို့တော့ မေ့လျော့နေကြပါတယ်။ ရလဒ်အနေနဲ့ကတော့ စနစ်တကျလေ့လာသုံးသပ်ပြီး လက်တွေ့စမ်းသပ်ခြင်းကို တစ်ပတ်မှာ ငါးနာရီလောက် အချိန်ယူပြီး သင်ယူလိုက်မယ်ဆို ကိုယ့်ကို တခြားလူတွေနဲ့ မတူညီတဲ့ နေရာတစ်ခုကို ရောက်ရှိစေနိုင်ပါတယ်။


၁။ စာဖတ်ပါ

Oprah Winfrey ကတော့ သူ့ရဲ့အောင်မြင်မှုအများစုဟာ စာအုပ်တွေကြောင့်လို့ ပြောပါတယ်။ “ စာအုပ်တွေက ကျွန်မရဲ့ ပုဂ္ဂလိက လွတ်မြောက်မှုအတွက် ကျော်ဖြတ်ရာတွေပါ ” လို့ သူက သူ့ရဲ့ စာဖတ်တဲ့အလေ့အထကို သူ့ရဲ့ စာဖတ်အသင်းကနေတဆင့် တစ်ကမ္ဘာလုံးကို ပြန်လည်ဝေမျှပေးခဲ့တာပါ။


ကမ္ဘာကျော်အများစုဟာ သူတို့အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ တစ်နေ့မှာ အနည်းဆုံး တစ်နာရီ ဒါမှမဟုတ် တစ်ပတ်ကို ငါးနာရီတော့ စာဖတ်ကြပါတယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာ ကိစ္စအဝဝကို ဆောင်ရွက်တဲ့အခါ စာဖတ်ခြင်းက လေ့လာသင်ယူရတာတွေကို လက်တွေ့မှာ ပြန်လည်အသုံးချကြပါတယ်။ အဲဒီတော့ ငါးနာရီစည်းမျဉ်းရဲ့ ပထမဆုံး တစ်ချက်ကတော့ စာဖတ်ခြင်းပါ။


၂။ ဖတ်ထားသမျှ ပြန်သုံးသပ်ပါ

နောက်ထပ် ၅ နာရီ စည်းမျဉ်းကတော့ ပြန်လည်စဉ်းစားသုံးသပ်ခြင်းပါ။ AOL ရဲ့ CEO Tim Armstrong က သူ့ရဲ့ အလုပ်အဖွဲ့ကို တစ်ပတ်မှာ လေးနာရီ ထိုင်စဉ်းစားခိုင်းပါတယ်တဲ့။ Linked In ရဲ့ CEO Jeff Weiner က သူ့ရဲ့ အချိန်ဇယားမှာ တစ်နေ့ကို စဉ်းစားချိန် ၂ နာရီ ထည့်ဆွဲထားပါတယ်။ 250 million dollar companyနဲ့ O2E Brands တို့ရဲ့ တည်ထောင်သူ Brian Scudamore ကတော့ တစ်ပတ်မှာ ဆယ်နာရီကို စဉ်းစားတွေးခေါ်ဖို့အတွက် သုံးပါတယ်။


Reid Hoffman ကတော့ သူ့အတွက် စိက်ကူးအတွေးအခေါ်ကောင်းတွေထွက်လာဖို့ ကူတွေးပေးမယ့်သူလိုတဲ့အခါ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်တွေဖြစ်တဲ့ Elon Musk ဒါမှမဟုတ် Max Levchin တို့ထဲက တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီး ကူတွေးခိုင်းပါသတဲ့။


ဘဝတစ်လျှောက် သင်ယူလေ့လာခြင်းဟာ ကောင်းပါတယ်၊ ပြီးရင် ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့နဲ့ ရေရှည်တည်တံ့စေဖို့အတွက် သာမန်လူတွေအဖို့ ကိုယ်သင်ယူလေ့လာထားတာတွေထဲက တစ်နေ့မှာ နည်းနည်းလောက်ဖြစ်ဖြစ် နက်နက်ရှိုင်းရှိုင်း ပြန်လည်တွေးခေါ်ဖို့လိုပါတယ်။

 

Recommended for you - အခမဲ့ သင်ကြားပေးမည့် ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ


၃။လက်တွေ့စမ်းသပ်ခြင်း

နောက်ဆုံး ငါးနာရီ စည်းမျဉ်းကတော့ လက်တွေ့စမ်းသပ်ခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခြင်းပါပဲ။ Ben Franklin က သူ့ဘဝတစ်လျှောက်မှာ လက်တွေ့စမ်းသပ်မှုတွေလုပ်ဖို့ အချိန်ဇယားဆွဲထားခဲ့ပါတယ်။ Google ကလဲ သူတို့ရဲ့ စီမံကိန်းအသစ်တွေလုပ်တဲ့အခါတိုင်း အလုပ်ချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကို လက်တွေ့စမ်းသပ်မှုလုပ်ဖို့ ခွင့်ပြုထားပါတယ်။


လက်တွေ့စမ်းသပ်မှုနဲ့ ပတ်သတ်ပြီး အကောင်းဆုံး ဥပမာကို ပြရမယ်ဆိုရင်တော့ Thomas Edison ပါပဲ။ သူက ဘယ်လောက်ပဲ ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့တီထွင်မှုအသစ်တွေ လုပ်တဲ့အခါတိုင်း စိတ်ရှည်သည်းခံပြီး လုပ်လေ့ရှိပါတယ်။ သူက ဖြစ်နိုင်ချေအားလုံးကို မှတ်သားထားတယ်၊ ပြီးတော့ အဲ့ဒါတွေကို စနစ်တကျ စမ်းသပ်ပါတယ်။


ငါးနာရီစည်းမျဉ်းရဲ့ စွမ်းရည်က ကိုယ့်ရဲ့ အဆင့် (သို့) အလုပ်လုပ်နိုင်မှု နှုန်းကို တိုးတတ်စေပါတယ်။

 

Recommended for you - အရှုံးဆိုတာ အနာဂတ်အတွက် စမ်းသပ်မှုတစ်ခုပါ

 

Recommended for you - ၁၄ နှစ်ဆက်တိုက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမများကို ကမ္ဘာ့ဆရာများနေ့တွင် ဆုချီးမြှင့်မည်

 

Credit; စီးပွားရှင်

Read times Last modified on Wednesday, 29 January 2020 10:23
Rate this articles
(1 Vote)