ဆွေးနွေးပြီးမှ ရနိုင်မယ်၊ ပြောပြီးဆိုပြီးမှ ရယူနိုင်မယ်ဆိုတဲ့ ကိစ္စတွေအားလုံးကို ဘယ်တော့မှ မပြင်ဆင်ဘဲ မလုပ်ပါနဲ့။ အဘက်ဘက်က သုံးသပ်စဉ်းစားပြီးမှ ပြောဆိုတာအကောင်းဆုံးပါ။
မပြောခင် သင်လိုချင်တာကို အမှန်တကယ် ရှင်းရှင်းလင်းလင်းရှိဖို့လိုပါတယ်။ မကျေနပ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ တောင်းဆိုချင်မှုမျိုးကို သတိထားပါ။ နှစ်ခါရှုံးဖြစ်ရပါလိမ့်မယ်။
အလျင်မလိုနဲ့
ကိုယ်တောင်းဆိုရမယ့်အရာအတွက် အလျင်မလိုပါနဲ့။ ဒီလိုမျိုး ရပိုင်ခွင့်ကို ချက်ချင်းတောင်းဆိုတာဟာ တစ်ကုမ္ပဏီလုံး အာရုံစိုက်ရတဲ့ ကိစ္စဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ အချို့မန်နေဂျာတွေက လိုက်လျောပေးရဖို့ သဘောမတွေ့ပါဘူး။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး
ကြီးမားတဲ့ ရုံးတွင်းကိစ္စရပ်ကြီးတစ်ခုကို မဆွေးနွေးခင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး ရှိဖို့ လိုပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိသင့်ပါတယ်။ တချို့ကိစ္စတွေမှာ သင်ဘာကိုဆွေးနွေးတော့မယ်ဆိုတာ အထက်လူကြီးတွေက သိပြီးသားပါ၊ သူတို့မှာ အဖြေကလည်း ရှိပြီးသားဖြစ်နေတတ်ပါတယ်။ ရုံးတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခြင်းဟာ သင့်အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို အများကြီးအထောက်အကူဖြစ်ပါတယ်။
အားသာချက်ကိုရှာ
အထက်လူကြီးအနေနဲ့ ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ လက်အောက်ငယ်သားအနေနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးပွဲမှာ တစ်ဖက်လူရဲ့ အားနည်းချက်ကို အဓိကထားမပြောပါနဲ့။ အထူးသဖြင့် သင်မဟုတ်တဲ့ တခြားလူတွေရဲ့
သက်သောင့်သက်သာ ဖြစ်အောင်လုပ်
"မင်းမှာ အမှားတွေ အများကြီးလုပ်ထားတယ်၊ အားနည်းချက်တွေ မင်းမှာ အများကြီးပဲ ၊ ဒါကြောင့် ငါ့ကို အသာပေးရမယ်"ဆိုတဲ့ ဆွေးနွေးမှုမျိုးက အဆင်ပြေတဲ့ ရလဒ်တစ်ခု မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေတဲ့အချိန်မှာ နှစ်ဖက်စလုံး စကားပြောရတာ သက်သောင့်သက်သာမဖြစ်စေတဲ့ စကားမျိုးတွေ ရှောင်ပါ။ ဒီ့အတွက် ပြောတဲ့ ပုံစံနဲ့ စကားလုံးရွေးချယ်မှု ပါးနပ်ဖို့ လိုပါတယ်။
အကောင်းဆုံးအချိန်
ဆွေးနွေးဖို့ အကောင်းဆုံးအချိန်ကို ရွေးရမှာ ဖြစ်ပါတယ်။ ရုံးတွင်းအခြေအနေဟာ ကိုယ့်အတွက် ဆွေးနွေးလို့ကောင်းမယ့် အချိန်ဟုတ်ရဲ့လားဆိုတာ သုံးသပ်တတ်ဖို့ လိုပါတယ်။ သူ့ဘက်ကလည်း လိုက်လျောနိုင်တဲ့ ရလဒ်မျိုးကိုပဲ ဦးတည်ဆွေးနွေးပါ။ အဆုံးမှာ လမ်းခွဲတယ်ဆိုရင်တောင် လက်ဆွဲနှုတ်ဆက်ပြီး လမ်းခွဲနိုင်တဲ့ အခြေအနေဖြစ်အောင် ဆွေးနွေးပါ။
Source: Lifehack