ဒီစာရင်းတွေကတော့သူတို့နိုင်ငံသားတွေ အတွက်သာ မဟုတ်ဘဲ တခြားနိုင်ငံတွေက လာရောက်ပညာ သင်ကြားတဲ့ ကျောင်းသားတွေကို အလုပ်အခွင့်အလမ်း ပေးမှု အပေါ်မှာပါ အခြေခံထားတာဖြစ်ပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကကျောင်းသားတွေ အနေနဲ့လည်း နိုင်ငံရပ်ခြား မှာပညာသွားသင်ပြီး ပိုက်ဆံရှာဖို့ စဉ်းစားရင် ဒီနိုင်ငံတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
ဒီစာရင်းတွေကတော့သူတို့နိုင်ငံသားတွေ အတွက်သာ မဟုတ်ဘဲ တခြားနိုင်ငံတွေက လာရောက်ပညာ သင်ကြားတဲ့ ကျောင်းသားတွေကို အလုပ်အခွင့်အလမ်း ပေးမှု အပေါ်မှာပါ အခြေခံထားတာဖြစ်ပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကကျောင်းသားတွေ အနေနဲ့လည်း နိုင်ငံရပ်ခြား မှာပညာသွားသင်ပြီး ပိုက်ဆံရှာဖို့ စဉ်းစားရင်ဒီနိုင်ငံတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
America
America ကတော့လူတိုင်းသိထားကြသလိုပါပဲ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးနိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ် တတ်မြောက် ၊ ဘွဲ့ရရှိပြီးတဲ့ ကျောင်းသားတွေကို နယ်ပယ်အသီးသီးမှာအလုပ်အကိုင်ပေါင်း 400, 000 ကျော် ရွေးချယ်ခွင့်ပေးထားပါတယ်။
ကျောင်းတက်နေစဉ် ကာလအတွင်းမှာ Part time အလုပ်အကိုင် တွေ အများအပြား ပေးထားပြီး Vacation ကာလ တွေမှာဆို ကျောင်းသားတွေလည်းFull Time ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ် ။
Canada
US ပြီးရင်နိုင်ငံရပ်ခြား ကျောင်းသားတွေ အတွက် နေရာ အပေးဆုံးကတော့ Canada ပါပဲ။ Canada နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဖြစ်တဲ့ McCallum ကိုယ်တိုင်ကလည်း သူတို့နိုင်ငံမှာ အလုပ်လုပ်ဖို့လူငယ် လူရွယ် တွေများစွာ လိုအပ်နေကြောင်း ဖွင့်ဟ ထားပါတယ်။ သူတို့နိုင်ငံ ရဲ့ ပညာရေးစနစ် ဟာဆိုရင်လည်း US နဲ့ တန်းတူ ရှိပြီး Montreal တို့ Toronto တို့လို အနောက်ဖက်အပိုင်းတွေမှာ နေမယ်ဆိုရင် နေထိုင်စရိတ် အလွန်သက်သာပါတယ်။
NewZealand
NewZealand ဟာ ပညာရေးပိုင်း၊ ပတ်ဝန်းကျင် နိုင်ငံ အနေအထားသာ မက Foreigner Student တွေကိုအင်မတန် ဦးစားပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းစရိတ် တွေကတော့ Artsand Social Science ဆိုရင်တောင် တစ်နှစ်ကို မြန်မာငွေ သိန်း၁၅၀ ဝန်းကျင် ရှိပါတယ်။
Australia
များသောအားဖြင့်တော့Australia မှာ Foreigner student အနေနဲ့ Indian တွေ အများအပြား လာရောက် သင်ကြားကြပြီးကျောင်းပြီးရင်လည်း Australia မှာပဲ အလုပ်ဆက်လက်လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် Australia မှာကျောင်းတတ်ပြီး အလုပ်ဆက်လုပ်မယ် စဉ်းစားရင် တခြားနိုင်ငံ တွေထက်တော့ ပညာရေးစရိတ် ပိုမို အသုံးပြုရမှာပါ။ ကျောင်းပြီးတာနဲ့ အလုပ်ရဖို့ လွယ်ကူသလောက် ကျူရှင်စရိတ်တွေ၊ ကျောင်းစရိတ် တွေဟာ အလွန်မြင့်ပါတယ်။
Ireland
Ireland ရဲ့ပညာရေး စနစ်ဟာ Foreigner တွေကို ဦးတည်ထားသလား ထင်ရလောက်အောင် ကောင်းမွန်ပါတယ်။ ကျောင်းသားတစ်ယောက်ဟာ College တတ်ပြီးတာနဲ့ အလွယ်တကူ အလုပ်ရနိုင်သလို ကျောင်းတတ်နေစဉ် ကာလ အတွင်းမှာလည်းတစ်ပတ်ကို နာရီ ၂၀ အထိ Part time လုပ်ခွင့် တရားဝင်ပေးထားပါတယ်။
Credit: Lunge