Singapore Institute of Management ရဲ့ ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာလ ၈ ရက်၊ မနက် ၁၀ နာရီမှ နေ့လယ် ၁၁ နာရီခွဲ အထိ Study Abroad မန္တလေးရုံးမှာလည်းကောင်း၊ စက်တင်ဘာလ ၉ ရက်မှာ မနက် ၁၀ နာရီမှ နေ့လယ် ၁၁ နာရီခွဲအထိ ရန်ကုန်မြို့ရှိ Novotel Hotel မှာလည်းကောင်း ကျင်းပသွားမှာပါ။
ဆွေးနွေးပွဲကို SIM မှာ ဘာသာရပ် ရွေးချယ်တက်ရောက်ရာမှာ မှန်ကန်မှုရှိစေဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ စပ်လျဉ်းပြီး Singapore Institute of Management ကျောင်းမှ ကျောင်းတာဝန်ခံကိုယ်တိုင် လာရောက်ဆွေးနွေးပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် တစ်နေရာတည်းမှာပင် မိမိတို့ရဲ့ လက်ရှိပညာအရည်အချင်းပေါ် မူတည်ပြီး တက်ရောက်နိုင်မယ့် လမ်းကြောင်းတွေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို မိမိကိုယ်တိုင်သိရှိနိုင်မှာ ဖြစ်ပါတယ်။
ပွဲတက်ရောက်လိုသူတွေအနေနဲ့ STUDY ABROAD Information Centre ရန်ကုန် ရုံး ဖုန်း – ၀၉ ၅၁၅၁ ၀၀၈ ၊ ၀၉ ၇၃ ၂၄၂၄ ၀၄ နှင့် မန္တလေးရုံး ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉၇ ကို ဆက်သွယ်စုံစမ်း တက်ရောက်နိုင်ပါတယ်။
Recommended for you - မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများလျှောက်ထားနိုင်တဲ့ ပညာသင်ဆု
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - အင်္ဂလန်မှ ပေးအပ်တဲ့ဘွဲ့ကို ကျောင်းလခသက်သာစွာဖြင့် ပြည်တွင်းမှာပင် တက်ရောက်နိုင်
Recommended for you - တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲကြီး ကျင်းပမည်
Credit; Internet Journal