စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်သလို၊ မှတ်ဥာဏ်လျော့ကျမှုတွေကလည်း ကာကွယ် ပေးနိုင်ပါတယ်။
စာဖတ်ခြင်းကို မြှင့်တင်လေ၊ သင့်အတွက် တိုးတက်လေပါပဲ။ စာဖတ်ခြင်းဟာ အချိန်တော်တော်ကုန်တဲ့ အလုပ်ဖြစ်ပေမယ့် စာဖတ်ခြင်းက ရတဲ့ အကျိုးအမြတ်တွေဟာ အများကြီးပါပဲ။
၁. တကယ့်စာအုပ်တွေ ဖတ်ပါ။
e-book တွေ ဖတ်တာထက် လက်တွေ့ကိုင်တွယ်ထိတွေ့လို့ရတဲ့ စာအုပ်တွေ ဖတ်တာ အကောင်းဆုံးပါပဲ။ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ e-book တွေ ဖတ်မယ်ဆိုရင် တခြား အာရုံ ပျံ့လွင့်စရာ တွေက အများကြီးပါပဲ။ အင်တာနက်သုံးဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောင်းဆုံးက တကယ့်စာအုပ်တွေ ဖတ်ပါ။
၂. စိတ်ထားကို ပြောင်းပါ။
မီဒီယာ ကျွမ်းကျင်သူနဲ့ စာရေးဆရာ ရိုင်ယန်ဟောလီးဒေးက စာဖတ်တယ်ဆိုတာကို သာမန် အသက်ရှူသလို၊ ထမင်းစားသလိုပဲ သဘောထားပြီး များများ ဖတ်ဖို့ တိုက်တွန်းပါတယ်။ ဘယ်စာအုပ်ဖတ်ရင် ဘာရမယ်ဆိုပြီး တွေးနေရင်တော့ စာဖတ်ဖြစ်မယ်မဟုတ်ဘူးလို. သူကထောက်ပြပါတယ်။ အရေးကြီးတာက နေ့စဉ်စာဖတ်နေဖို့ လိုတာပါပဲ။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. ဖတ်မယ့် ပထမဆုံး စာအုပ်စာရင်းပြုစုပါ။
ငါ ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက်ချရတာဟာ ခက်ခဲပါတယ်။ စာဖတ်တဲ့ အကျင့်မှာလည်း အလေ့အကျင့် တစ်ခုထားဖို့လိုပါတယ်။ နှစ်စဉ်စာအုပ်တွေက အများကြီးထွက်နေတာမို့ ဘယ်စာအုပ်တွေ ဖတ်ရမလဲဆိုတာ ရွေးချယ်ဖို့ ခက်ပါတယ်။ ဘယ်သူတွေက ဘယ်စာအုပ်တွေ ဖတ်နေသလဲဆိုတဲ့ စာစုစာရင်းကို လိုက်ကြည့်ဖို့ လိုအပ်ပါတယ်။
၎. မကြိုက်ရင် ဆက်မဖတ်ပါနဲ့။
တစ်ခါတစ်ရံမှာ စာအုပ်တစ်အုပ်ကို စဖတ်မိပေမယ့် ဖတ်ရတာ မပျော်တဲ့ အတွေ့အကြုံလူတိုင်းမှာ ရှိပါတယ်။ ဆက်မဖတ်ချင်ပေမယ့် ငါဟာ အလွယ်တကူ အလျှော့မပေးတတ်သူတိုဆိုတဲ့ အသိရှိနေတာကြောင့် မကြိုက်သော်လည်း အောင့်ကာ ဆက်ဖတ်နေမိတတ်တယ်။
တစ်နှစ်မှာ စာအုပ်ပေါင်း ၅၀၀၀၀ ကျော် ထွက်နေတာမို့ ကိုယ်ကြိုက်တဲ့ စာအုပ်ကို ရွေးဖတ်ခွင့်ရှိပါတယ်။
၅. ပိုလျှံနေသော မိနစ်လေးများ
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အမြဲပြောလေ့ရှိတတ်တဲ့ အောင်မြင်တဲ့ စာရေးဆရာ စတီဖင်ကင်း ဟာ တစ်နေ့ကို အချိန်ငါးနာရီ စာဖတ်ပါတယ်။
စတီဖင်ကင်းကို ကြည့်လိုက်ရင် အိမ်ပြင်မှာနေတဲ့ အချိန်က များသလို၊ Red Sox ဘေ့စ်ဘောအသင်းရဲ့ ပွဲတွေကိုပဲ ကြည့်နေတာလို့ ပြောလို့ရပေမယ့် သူဟာ ပွဲမစခင်အချိန်တွေမှာဆို စာဖတ်နေတာကို တွေ့ရပါလိမ့်မယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
Source: kanaung