×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 31 January 2019

ခေါင်းဆောင်တို့ရဲ့ အနားယူချိန် အသုံးချနည်း(၈)ခု

အလုပ်ချိန်ပြင်ပမှာ ခေါင်းဆောင်ကောင်းတွေ ဘယ်လိုအချိန်ကုန်တတ်ကြသလဲ?

အချိန်ရှိသ၍ အလုပ်ချည်းပဲလုပ်နေတာ ကောင်းတယ်ထင်ပါသလား ? တကယ်တော့ အနားယူအပန်းဖြေချိန်၊ စိတ်ပါဝင်စားရာကို လုပ်ဖို့အချိန်မရှိတာက သင့်ကို ပျင်းရိလေးလံလာစေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထိပ်ဆုံးအောင်မြင်မှုတွေ ရရှိထားပြီး အလုပ်အရမ်းလုပ်နိုင်တဲ့ ခေါင်းဆောင်တွေတောင်မှ အနားယူချိန်တွေရှိပါတယ်။ ဒါ့ကြောင့် အောင်မြင်နေတဲ့ ခေါင်းဆောင်တွေ အလုပ်ချိန်ပြင်ပမှာ ဘယ်လို အချိန်ဖြုန်းလေ့ရှိတယ် ဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

၁။ အပြင်ထွက်ကြတယ်။

အပြင်ကိုထွက်ပြီး သဘာဝအတိုင်း လတ်ဆတ်တဲ့ လေကို ရှုရှိုက်ရတာက နေ့စဉ်လုပ်ငန်းခွင်ထဲက စိတ်ဓာတ်တွေကို လန်းဆန်းနုပျိုစေနိုင်ပါတယ်။ လျှပ်စစ်မီးရောင်အောက်မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေဖို့က သဘာဝ မကျပါဘူး။ ဒါ့ကြောင့် အချိန်ရတာနဲ့ အပြင်ကိုထွက်ပြီး ခြေဆန့်လက်ဆန့်လုပ်သင့်ပါတယ်။ အလုပ်တွေကို ခဏမေ့ထားပြီး ငါးမျှားထွက်ခြင်း၊ ခြေလျင်တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်း၊ ရေလှိုင်းစီးခြင်း၊ နှင်းလျောစီးခြင်းတို့လို ပြင်ပမှာလုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ ဒီလှုပ်ရှားမှုတွေမှမဟုတ်ပါဘူး။ နေ့လည်စာစားချိန်မှ ခဏတာလမ်းလျှောက်လေ့ကျင့်လိုက်တာကလည်း ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ အများကြီးကို ရရှိစေနိုင်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ကြတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့လုံး ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်နေဖို့ ရည်ရွယ်တည်ဆောက် ထားတာမဟုတ်ပါဘူး။ ဒီလိုနေလို့လည်း ကျန်းမာရေးအကျိုးကျေးဇူးမရှိပါဘူး။ အထိုင်များခြင်းဟာ ဆေးလိပ်သောက်ခြင်းလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အားကစားခန်းမကို သွားပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့ကို အနည်းဆုံး(၁၀)မိနစ်လောက် အကြော့လျော့လေ့ကျင့်ခန်းတွေ၊ ဒါမှမဟုတ် ယောဂလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။ ဒီလုပ်ဆောင်ချက်တွေရဲ့ သင့်ရဲ့ ကိုယ်ရောစိတ်ကိုပါ တိုးတက်စေမှာဖြစ်ပါတယ်။

၃။ လုပ်ရိုးလုပ်စဉ်တွေကို ချိုးဖျက်တတ်ကြတယ်။

တစ်နေ့ပြီးတစ်နေ့ တူညီတဲ့အလုပ်တွေကိုပဲ လုပ်နေတာက သင့်ရဲ့တိမ်မြုပ်နေတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပတ်ဝန်းကျင်အသစ်ကို သွားရောက်ပါ၊ အရည်အချင်း အတတ်ပညာအသစ်တွေ သင်ယူပါ၊ ထူးခြားတဲ့နေရာဒေသတွေကို သွားရောက်လည်ပတ်ပါ။ ဆန်းသစ်တဲ့အမြင်နဲ့ စူးစမ်းလိုစိတ်ကို ပျိုးထောင်ထားပေးနိုင်ဖို့အတွက် အတွေ့အကြုံသစ်တွေကို စမ်းသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သင်ကိုယ်တိုင် အတွက် စိတ်ဝင်စားစရာတွေ များလာမှာဖြစ်သလို အများက စိတ်ဝင်စားတဲ့လူတစ်ယောက်လည်း ဖြစ်လာမှာပါ။

၎။ ပြန်လည်ပေးဆပ်ကြတယ်။

လုပ်အားပေးပွဲတွေ၊ ပရဟိတအဖွဲ့အစည်းတွေမှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီဥက္ကဌတွေပါဝင်နေကြတာကို သင်တွေ့ဖူးမှာပါ။ သင့်အနေနဲ့လည်း အလုပ်ချိန်ပြင်ပမှာ အများအကျိုးဆောင်ရွက်နိုင်ဖို့ အခွင့်အရေးကို ရှာဖွေလုပ်ဆောင် သင့်ပါတယ်။ သင့်ရဲ့ကူညီမှုကြောင့် သင့်ကိုယ်တိုင်လည်း ပီတိဖြစ်ရသလို အများအကျိုးဆောင်ရွက်တတ်သူအဖြစ်နဲ့လည်း လူသိများလာမှာဖြစ်ပါတယ်။

၅။ စူးစမ်းလေ့လာလိုစိတ်ရှိကြတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးလူတွေက သူတို့ဘ၀မှာ စဉ်ဆက်မပြတ်လေ့လာသင်ယူနေတတ်ကြပါတယ်။ စာသင်ခန်းထဲမှာသင်ယူတဲ့ပုံစံကနေ အတွေ့အကြုံကနေသင်ယူတာမျိုးအထိ နည်းလမ်းမျိုးစုံနဲ့ သူတို့ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကြိုးစားနေတတ်ကြပါတယ်။ ဒါ့ကြောင့် အချိန်ရမယ်ဆိုရင် အနုပညာတန်းတစ်ခုကို တက်ရောက်ပါ။ စာရေးတတ်အောင် ဒါမှမဟုတ် ဓာတ်ပုံပညာကို လေ့လာပါ။ ဒီလို လေ့လာသင်ယူမှု အသစ်တွေကို သင့်ရဲ့လက်ရှိ အလုပ်မှာရော နောက်ပိုင်းမှာပါ အကျိုးကျေးဇူးတွေ ပေးနိုင်တာကို တွေ့လာပါလိမ့်မယ်။

၆။ မိတ်ဆွေအပေါင်းအသင်းတွေအတွက် အချိန်ပေးကြတယ်။

ခေါင်းဆောင်ကောင်းတွေက ရုံးခန်းထဲမှာပဲ အချိန်ကုန်မနေတတ်ကြပါဘူး။ သူတို့ဟာ အပြင်သွားပြီး လုပ်ငန်းအတွက်အကျိုးရှိစေနိုင်မယ့်သူတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်တတ်ကြပါတယ်။ ပြီးတော့ သူတို့လေးစား အားကိုးသူတွေနဲ့ သာမန်ခင်မင်မှုမျိုးမဟုတ်ပဲ လေးနက်တဲ့ဆက်ဆံရေးတစ်ခု ရရှိတဲ့အထိ ကြိုးစားတတ်ကြပါတယ်။ ဒီလိုမိတ်ဆွေမျိုးနဲ့ နေ့လည်စာအတူစားပါ၊ လုပ်ငန်းခွင်ကို ဒါမှမဟုတ် အလှူပွဲကို လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ခေါ်ပါ။

၇။ မိသားစုအတွက်လည်း အချိန်ပေးတတ်ကြတယ်။

လူတိုင်းတစ်နေ့မှာ (၂၄)နာရီပဲ ရှိတာဖြစ်ပါတယ်။ ဒါ့ပေမယ့် ခေါင်းဆောင်တွေကတော့ သူတို့ချစ်တဲ့လူတွေအတွက် အချိန်ပေးနိုင်ကြပါတယ်။ မိသားစုနဲ့သက်ဆိုင်တဲ့ ပွဲလမ်းတွေကို မတက်ရောက်နိုင်လောက်အောင် အလုပ်များတဲ့ သူမဖြစ်ပါစေနဲ့။ မိသားစုက ပထမဦးစားပေးဖြစ်နေပါစေ။

၈။ အနားယူချိန်ရအောင်ယူတတ်ကြတယ်။

အောင်မြင်တဲ့ခေါင်းဆောင်တွေက အချိန်ရဲ့တန်ဖိုးကို သိကြပါတယ်။ ဒါပေမယ့် သူတို့က သမားရိုးကျအလုပ်ကနေ အနားယူချိန်ရအောင် ယူတတ်ကြပြီး လုပ်ရိုးလုပ်စဉ်တွေထဲက ဖောက်ထွက်ကာ ဘ၀ရဲ့စိတ်ဝင်စားစရာတွေကို ရှာဖွေကို ပတ်ဝန်းကျင်အသစ်တွေထဲမှာ ကျင်လည်တတ်ကြပါတယ်။ လေးလံထိုင်းမှိုင်းနေတတ်တဲ့ ခေါင်းဆောင်မျိုးကို သင်မြင်ဖူးတွေ့ဖူးပါသလား။ သင်လည်းပဲ ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင် အခုပဲ ထပြီး အပြင်ထွက်ပါ။ လုပ်ချင်တာတွေ လုပ်ကြည့်လိုက်ပါ။

source; mmgentleman

Read times Last modified on Wednesday, 29 January 2020 11:33
Rate this articles
(3 votes)