×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 20 August 2019

"လူငယ်တွေ ကျောင်းတက်ရင်း အလုပ်လုပ်ကြတဲ့အခါ"

"လူငယ်တွေ ကျောင်းတက်ရင်း အလုပ်လုပ်ကြတဲ့အခါ" free pick

ကျွန်တော်တို့တွေရဲ့ ဆယ်ကျော်သက်ဘဝတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲကွဲပြားခြားနားတတ်ကြပါတယ်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ အချိန်မှာပေါ့။

တချို့တွေကတော့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အရ အမှတ်များများနဲ့အောင်လို့ ရန်ကုန်တက္ကသိုလ်တို့၊ ရေကြောင်းသိပ္ပံ၊ ရေကြောင်းတက္ကသလိုလ်၊

ဆေးကျောင်း၊ အင်ဂျင်နီယာတက္ကသိုလ်တွေ၊ စီးပွားရေးတက္ကသိုလ်တွေကိုရောက်သွားကြပြီး တချို့တွေကျတော့လည်း ရွေးချယ်စရာများလွန်းတဲ့ ယနေ့ခေတ်ရဲ့ ပညာရေးမှာ private universities တွေ တက်တဲ့လူနဲ့၊ အဝေးသင်တတ်တဲ့လူနဲ့ စတင်ကွဲပြားသွားလေ့ရှိပါတယ်။

အဲဒီအထဲကမှ ကျောင်းတက်နေတုန်း လုပ်ငန်းခွင်ထဲပါ ဝင်နေကြတဲ့လူတွေလည်း ထုနဲ့ထေးရှိလို့နေကြပြန်တယ်။

မိသားစုစီးပွားရေးကြောင့်သော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင်က ပိုက်ဆံကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းအတွေ့အကြုံလိုချင်လို့ပဲဖြစ်ဖြစ်

လုပ်ငန်းခွင်ထဲကို ဆယ်ကျော်သက်သာသာ ချာတိတ်ဘဝလေးတွေနဲ့ ဝင်သွားတ့အခါ ကောင်းကျိုးတွေအများကြီးရှိနေသလို တစ်ဖက်မှာလည်း ဒွန့်တွဲနေတဲ့ ဆိုးကျိုးတွေ ရှိနေတတ်တာကို သတိထားစေချင်လို့အတွက် ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဖြစ်ပေါ်တတ်တဲ့ ဆိုးကျိုးတွေကတော့..


(၁) ဘက်မမျှခြင်း
ပညာသင်နေတုန်း အလုပ်တွဲလုပ်တာဟာ ကောင်းဖက်ကစဉ်းစားကြည့်မယ်ဆိုရင်တော့ မိဘတွေကိုအပူကပ်စရာမလိုတော့တာရယ်၊

နောင်တစ်ချိန်မှာ ရွယ်တူတွေနဲ့ယှဉ်ရင် လုပ်ငန်းခွင်အတွေ့အကြုံ ပိုပြီးများလာနိုင်တာရယ်ဆိုပြီး အဓိကအားဖြင့် ရှိတတ်ပါတယ်။

ဒါပေမဲ့လည်း တစ်ဖက်မှာလည်း ပညာ၊ တစ်ဖက်မှာလည်း အလုပ်ဆိုတဲ့အတွက် ဆယ်ကျော်သက်တို့အနေနဲ့ ဘက်မျှအောင်စီမံခန့်ခွဲနိုင်မှ တော်ကာကျပါလိမ့်မယ်။

အလုပ်ဖိလုပ်လိုက်ရလို့ စာမေးပွဲတစ်နှစ်ကျသွားတဲ့သူတွေ ကျွန်တော်အပါအဝင် အများကြီးရှိလို့နေတာကြောင့် အခြေအနေနဲ့ အချိန်အခါကို သိပါစေနော်။

ဆရာမောင်သာချို ပြောပြတဲ့ "အဆင့်တစ်မရတော့ ဘာဖြစ်လဲ"


(၂) စိတ်ဖိဆီးမှု

အလုပ်မှာတာဝန်ယူရတဲ့ အခန်းကဏ္ဍ ဘယ်လောက်ပဲ သေးသေးကြီးကြီး အလုပ်ရဲ့ဖိဆီးမှုဆိုတာကတော့ ရှိတတ်ကြစမြဲပါ။

တစ်ဖက်မှာကလည်း ပညာရေးအတွက် ဖိဆီးမှုကတစ်မျိုး၊ တစ်ဖက်မှာကလည်း အလုပ်မှာ အထောင်းမခံရအောင်

တာဝန်ကျေရသေးတယ်ဆိုရင်တော့ အသက် ၂၀ တန်းမှာတင် ဆံပင်ဖြူဖို့ မျှော်လင့်ထားကြပါတော့။ ကြားထဲ ရည်းစားကတစ်မျိုး၊ အိမ်ကတစ်မျိုးဆိုရင် ပိုလို့တောင်ဆိုး။ သတိထားရမှာက စိတ်ဖိဆီးမှုကို လက်မခံဖို့ပါပဲ။

အရွယ်မတိုင်ခင် အဆမတန် စိတ်ဖိဆီးလာတဲ့အခါ ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာသာမကဘဲ စိတ်ကျန်းမာရေးပါ ထိခိုက်ပြီး ဆိုးဆိုးရွားရွားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။


(၃) ပညာရပ်အသစ်တွေ ဆက်မသင်တော့တဲ့ အကြောင်းပြချက်ကောင်း

ငါကအလုပ်နဲ့၊ အလုပ်ကပြန်ရင်နားချင်တယ်၊ ပိတ်ရက်မှာလည်း မအားဘူး၊ ပိုက်ဆံမရှိသေးဘူးလို့ဆိုကာ ဘဝတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်သစ်တွေ၊

ဘွဲ့ဒီဂရီတွေကို ထပ်တက်ဖို့အတွက် တွန့်ဆုတ်နေတတ်ကြပါတယ်။ အလုပ်ရှိတာကပဲ အကြောင်းပြချက်တစ်ခုလိုကိုဖြစ်လို့။ အဓိကကတော့ စိတ်ပါပဲ။

"သင့်ရဲ့ မနက်ခင်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့  ဆောင်ရန် ရှောင်ရန် အချက်များ"


(၄) ဘဝင်လေဟပ်မယ့် ပြဿနာ

ဒါဟာ အသက်ငယ်ငယ်လေးနဲ့ ကျောင်းတက်ရင်း အလုပ်လုပ်ကာ ကိုယ့်ထက်အသက်ကြီးသူတွေထက်တောင်မှ ဝင်ငွေပိုရနေသူလေးတွေရဲ့ မရင့်ကျက်ခင်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။

ဥပမာ ၁၈ နှစ်လောက်နဲ့ တစ်လဝင်ငွေ ၅ သိန်းအောက်ထစ်ရနေပြီဆိုရင်လည်း မနည်းဘူးလေနော်။

ကိုယ်တိုင်လည်း ငယ်ရွယ်စဉ်တုန်းက မြောက်ကြွမြောက်ကြွဖြစ်ခဲ့ဖူးပြီး နောက်ဆုံးပြန်ရလိုက်တာကတော့ လူတွေရဲ့အသလွတ်အမြင်ကတ်မှုတွေပါပဲ။

လူမှုဆက်ဆံရေးမှာ လူပြောစမှတ်တွင်စရာကြီး ဖြစ်သွားနိုင်တဲ့အပြင်ကိုမှ ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးနေတာပဲဆိုပြီး မိဘအုပ်ထိန်းသူတွေရဲ့ ဆိုဆုံးမမှုတွေကိုလည်း ကလန်ကဆန်လုပ်ချင်စိတ်တွေ ဖြစ်ပေါ်မိပါလိမ့်မယ်။


(၅) ဆယ်ကျော်သက်ဘဝ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးခဲ့လေခြင်း

အလုပ်ကိုပေါ့ပေါ့တန်တန် စဉ်းစားပြီး ဝင်လုပ်နေတဲ့သူတွေအတွက်တော့ ဒီအချက်က အကျုံးဝင်ချင်မှဝင်ပါလိမ့်မယ်။

 ကျောင်းပဲတက်နေတဲ့ သူငယ်ချင်းတွေနဲ့ အရင်လိုတွေ့ဖို့ကိုတောင်မှ ဘယ်တော့မှ ကိုယ့်မှာမအားလို့ အကြိမ်ကြိမ်ငြှိယူရင်း သူငယ်ချင်းတွေရဲ့ စည်းဝိုင်းအပြင်ဖက်ကို ရောက်မှန်းမသိရောက်သွားတဲ့ အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။ ပျော်စရာကိစ္စတွေ၊ တက္ကသိုလ်ကျောင်းသား ဘဝတွေကို မခံစားဖူးဘဲ ဘယ်လိုကျောင်းပြီးလို့ ပြီးသွားမှန်းတောင် တချို့ဆိုမသိကြတော့ပါဘူး။

အဓိကကတော့ စိတ်ပျော်အောင်ထားပါ။ သူငယ်ချင်းတွေနဲ့ အလုပ်ကြား Time management လုပ်နိုင်ပါစေ။

ဒီလိုဆိုးကျိုးတွေကို လူတိုင်းတော့လည်း မခံစားရနိုင်ပါဘူး။ ဒါပေမဲ့လို့ ဒီလိုဆိုးကျိုးတွေရှိလာနိုင်တာကြောင့် ဆယ်ကျော်သက်ဘဝ ကျောင်းတက်ရင်း လပ်ငန်းခွင်ဝင်တာ ဆိုးရွားလိက်တာလို့ မထင်စေချင်ပါဘူးနော်။

အလုပ်နဲ့တခြားသော ပညာရေး၊ ဘာသာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ မိသားစုအရေးတို့ဟာ ကိုယ့်လက်ခုတ်ထဲကရေမလို့ ကိုယ်ကသာ အကောင်းဆုံး ဘက်မျှအောင်စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ဝင်ရတဲ့ အနှစ်သာရကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။

"ကျောင်းသား ၊ ကျောင်းသူများ Programming ကို ဘယ်လိုလေ့လာမလဲ"

 

 

Shwemom

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 14:30
Rate this articles
(0 votes)