အလုပ်လုပ်နေတဲ့သူတော်တော်များများကတော့ အလုပ်ခွင်ကြောင့်ပင်ပန်းရတတ်ပါတယ်။
တခါတလေ အလုပ်တွေပိလာတဲ့အခါ မအိပ်ရတဲ့ ရက်တချို့ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အသက်အလယ်အလတ်ပိုင်း လူတစ်ယောက်ဟာ တစ်နေ့မှာ အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီကြားထိရှိသင့်ပါတယ်။ ဒါပေမဲ့ လေ့လာစမ်းစစ်ချက်တွေအရ ၃ ယောက်မှ ၁ ယောက်ဟာ ဒီအချက်ကို မလိုက်နာနုင်ကျပါဘူး။ သင်ဟာ သင်ရဲ့ မိသားစုကြောင့်ပဲဖြစ်ဖြစ်၊ သင့်အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ သင့်သူငယ်ချင်းတွေနဲ့ အတူ ညက ဘောပွဲကြည့်လို့ ပဲဖြစ်ဖြစ် ..အိပ်ရာဝင်တာနောက်ကျပြီး ..သင့်ရဲ့ အိပ်ချိန်ဟာ (၅) နာရီထက်နည်းသွားခဲ့ရင်………
(၁) သင့်စိတ်တွေရှပ်ထွေးလာမယ်။အိပ်ရေးမဝတဲ့ဘူတယောက်ဟာ၊ မနက်အလုပ်သွားဖို့ အိပ်ရာထတဲ့အခါ..ဘယ်လိုနည်းနဲ့ မှ စိတ်ကြည်ကြည်လင်လင်နဲ့ ထနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒိစိတ်မကြည်လင်မှုကြီးက သင့်အလုပ်ခွင်ထဲထိ ပါလာပါလိမ့်မယ်။ အဲ့လိုစိတ်မကြည်တဲ့ အခါ..သင့်ရဲ့ အလုပ်ကို သင်အာရုံကောင်းကောင်းမွန်မွန်စိုက်နိုင်မှာလား?
(၂) သင့်မှာစိုးရိမ်စိတ်တွေများလာမယ်။နေ့ တိုင်းလိုလို သင့်ရဲ့ အိပ်ချိန်ဟာအရမ်းနည်းနေရင် သင့်မှာစိုးရိမ်စိတ်၊ ကြောက်ရွံ့ စိတ်တွေများလာပါလိမ့်မယ်။ အမြဲတမ်း အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရသလို ခံစားရပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က ပြောပြထားတာပါ။ သင်ရဲ့ အလုပ်မှာလဲ သင်ဘယ်လောက်ပဲကြိုးစားကြိုးစား စိုးရိမ်စိတ်တွေများလာလိမ့်မယ်။ ဥပမာ ငါ ဘယ်တော့ အလုပ်ထုတ်ခံရမလဲ အစရှိသဖြင့်ပေါ့။
(၃) သင်ဟာဒေါသထွက်လွယ်၊ စိတ်တိုလွယ်လာမယ်။သင်ဟာ အိပ်ရေးပျက်တာတွေများလာတဲ့ခါ သင့်ရဲ့ အပြုမူတွေဟာ သင့်ရဲ့ နဂိုမူလပုံစ့ထက်.. ဒေါသထွက်လွယ်၊ စိတ်တိုလွယ်လာပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာစမ်းစစ်ချက်အရ လူနှစ်ယောက်တွင်.. တစ်ယောက်ကို (၇) နာရီနီးပါးအိပ်ခိုင်းပြီး .. ကျန်တစ်ယောက် ကို (၄) နာရီ လောက်ပဲ ….နေ့ တိုင်းနီးပါးအိပ်ကြည့်ခိုင်းခဲ့ပါတယ်။ ၃လပြည့်တဲ့အခါမှာ …..နေ့ တိုင်း (၄) နာရီပဲ အိပ်ရတဲ့လူဟာ နေတိုင်း (၇) နာရီ အိပ်တဲ့လူထက် ပိုပြီးတော့ ကိုယ့်စိတ်ကို မထိန်းနိုင်းပဲ ဒေါသထွက်လွယ်တာကို တွေ့ ရမှာပါ။
(၄) သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ သဟဇာတ မဖြစ်တော့ဘူး။
နံပါတ်(၃) အချက်မှာပြောထားသလို့ ပဲ သင့်မှာ အိပ်ချိန်တွေအရမ်းနည်းလာပြီး ..ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ ဒေါသထွက်လွယ်၊ စိတ်တိုလွယ်လာတဲ့အခါ..သင့်ရဲ့ ပတ်ဝန်းကျင်..အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ်မှာ သည်းခံစိတ်တွေနည်းလာမယ်။ အဲ့ လိုသည်းခံစိတ်နည်းလာတဲ့အခါ၊ ဘာမဟုတ်တာလေးကစ ဒေါသထွက်နေမယ်၊ ကြာလာတဲ့အခါ ဒီပတ်ဝန်းကျင်နဲ့ သင် ဘယ်လိုမှ သဟဇာတဖြစ်မှာမဟုတ်တော့ပါဘူး။