Google ဆိုတာ ကျနော်တို့အားလုံးနဲ့ရင်းနှီးကျွမ်းဝင် ပြီးသား အရာတစ်ခုပါနော။်
ကျနော်တို့သိခြင်တာတစ်ခုခု ရှိရင် Google မှာအလွယ်တကူ ရှာလို့ရပါတယ်။ အဲ့လိုရှာတဲ့နေရာမှာ ထိရောက်အောင်ရှာတတ်ဖို့လဲ လိုပါတယ်ဗျ။ Google ရှာတာပဲ ထိရောက်အောင်ရှာဖို့ လိုသေးလို့လား လို့စာဖတ်သူတို့ထင်ခြင်ထင်ပါလိမ့်မယ်။ တကယ်တော့လိုပါတယ်ဗျ။ တခါတလေကိုယ်ရှာခြင်တာ တစ်ခြား၊ ထွက်လတာတစ်ခြား ဆိုအချိန်ကြန့်ကြာစေပါတယ်ဗျ။ အဲ့တော့ Google ကိုထိရောက် အောင် ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျနော်အချက်( ၉)ချက် နဲ့ ဖော်ပြပေးသွားပါမယ်ဗျ။
(၁) တိကျတဲ့အကြောင်းအရာရှာဖို့ အဆိုအမိန့် ကိုးကားချက်(Quotes)တွေ အသုံးပြုပါ။
ဒါကလူသိမ်ားၿပီၤး လြယ္ကူတဲ့ အခ်က္ပါပဲ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် page တစ်ခုခုကိုရှာဖို့ နာမည်သိစရာ မလိုပါဘူး။ သက်ဆိုင်ရာ လူပုဂ္ဂိုလ် ရဲ့ အဆိုအမိန့်ကိုသာ ရှာလိုက်ပါ။ ဥပမာ Martin Luther King Jr. ကိုရှာဖို့ သူ့နာမည်သိစရာမလိုပါဘူး။ (I have a dream)ကျနော့မှာ အိမ်မက်တစ်ခု ရှိတယ် လို့သာရှာလိုက်ရင် တန်းပေါ်လာမှာ ဖြစ်ပါတယ်။
(၂) မသိ/ မသေချာတဲ့ဆိုရိုး(quotes) တွေကိုရှာချင်ရင် * သင်္ကေတ အသုံးပြုပါ။
ဒါက လူသိနည်းတဲ့ အချက်ဖြစ်ပါတယ်။ ဆိုရိုးတွေကိုရှာရင်ဖြစ်စေ၊ သီချင်းတစ်ပုဒ်ပုဒ် ရဲ့ (lyric) စာသားကိုရှာခြင်ရင်ဖြစ်စေ * ကင်္ကေတ အသုံးပြုပါ။ ဥပမာ “ * is thicker than water” လို့ရှာရင် “Blood is thicker than water” လို့ထွက်လာမှာဖြစ်ပါတယ်။ English ဆိုရိုးတစ်ခုဖြစ်ပါတယ်။
(၃) မလိုခြင်တဲ့အကြောင်းအရာတွေဖယ်ထုတ်ဖို့ ( – )minus သင်္ကေတကိုအသုံးပြုပါ။
သင်မလိုခြင်တဲ့အကြောင်းအရာ ကိုဖယ်ထုတ်ခြင်ရင် minus သင်္ကေတ ကိုအသုံးပြုနိုင်ပါတယ်။ ဥပမာ ( Jaguar )လို့ရှာရင် ကားတွေထွက်လာမှာဖြစ်ပြီး ( Jaguar – car) လို့ရှာရင် ကျားသစ်ထွက်လာမှာ ဖြစ်ပါတယ်။
(၄) Websites key words တွေအသုံးပြုပါ။
“ site:” ဆိုတာ Google ရဲ့ Websites တွေရှာတဲ့ (special Function)အထူးလုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ သင်က TIME.com website ကှိုရှာခြင်ရင် “Google site:TIME.com” လို့ရှာရင် သင်ရှာတဲ့ Website တစ်ခုတည်းကိုပဲ ရှာပေးမှာ ဖြစ်ပါတယ်။
(၅) အစားအစာတွေကို “Vs” အသုံးပြုပြီး နှိုင်းယှဉ်နိုင်ပါတယ်။
အကယ်လို့သင်က ဝိတ်ချနေလို့ ညစာအတွက် ဟမ်ဘာဂါနဲ့ ပီဇာ ကြားမှာ ဘယ်ဟာက Calories များမှန်းမသိရင် Burger VS Pizza လို့ရှာလိုက်ပါ။Google ကကွာခြားချက်တွေကို ဖော်ပြပေး ပါလိမ့်မယ်။
(၆) ဗန်းစကားတွေ၊ စကားလုံးအဓိပ္ပါယ်တွေကိုရှာဖို့ “DEFINE:” အသုံးပြုပါ။
Google ဟာ dictionary အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Google က Graph နဲ့ အသုံးပြုပုံ(usage) တွေပါတစ်ခါတည်းဖော်ပြပေးပါတယ်။ (Idiom words)ဗန်းစကား တွေပါရှာနိုင်ပါတယ်။ ဥပမာ “DEFINE:bae” လို့ရှာရင် Bae ဆိုတဲ့ အဓိပ္ပါယ်ကိုပြပေးမှာဖြစ်ပါတယ်။
(၇) Google ကိုတစ်စောင်းအသုံးပြုနိုင်ပါတယ်။
ဒီ function က Google က Engineer တွေထည့်သွင်ထားတဲ့ function ဖြစ်ပါတယ်။ တစောင်းအသုံး ပြုရန် Google Search Box မှာ “Tilt” လို့ရိုက်ထည့်ရမှာဖြစ်ပါတယ်။
(၈) Wh- questions တွေအသုံးပြုမဲ့အစား ရှာခြင်တဲ့အကြောင်းအရာကို တိုက်ရိုက် ရှာခြင်းက ပိုမြန်စေပါတယ်။(What, where, how…….)
တကယ်လို့သင်က California ဘယ်မှာရှိလဲမသိရင် “Where is California” လို့ အရှည်ကြီးရှာစရှာ မလိုပါဘူး။ “California” လို့သာ ရှာလိုက်ပါ။ အကြောင်းအရာ အားလုံးအတွက် မှန်ကန်ပါတယ်။
(၉) Google က လွန်ခဲ့သောနှစ် ၁၀၀ လောက်က/ 1880s အစောပိုင်းက ပုံတွေ အကြောင်းအရာတွေထိပါ ရှာလို့ရပါတယ်။
ဒီအပါတ်မှာ ကျနော်တင်ပြပေးခဲ့တာက Google ကိုဘယ်လိုအကျိုးရှိအောင်အသုံးပြုမလဲ? ဆိုတဲ့အေကြောင်းအရာဖြစ်ပါတယ်။ ITနဲ့ပက်သတ်တဲ့ အကြောင်းအရာတွေ page ကတင်ပေးတာ သဘောကျ/ မကျကို Comment box ထဲမှာ ရေးသားပေးခဲ့ကြပါအုန်းခင်ဗျ။ အကယ်လို့ သိခြင်တဲ့ အကြောင်းအရာများရှိရင်လည်း ရေးခဲ့လို့ရပါတယ်။ ကျနော်တို့တတ်နိုင်သလောက်ကြိုးစား ပေးပါ့မယ် ခင်ဗျ။…..
Google ဆိုတာ ကျနော်တို့အားလုံးနဲ့ရင်းနှီးကျွမ်းဝင် ပြီးသား အရာတစ်ခုပါနော။် ကျနော်တို့သိခြင်တာတစ်ခုခု ရှိရင် Google မှာအလွယ်တကူ ရှာလို့ရပါတယ်။ အဲ့လိုရှာတဲ့နေရာမှာ ထိရောက်အောင်ရှာတတ်ဖို့လဲ လိုပါတယ်ဗျ။ Google ရှာတာပဲ ထိရောက်အောင်ရှာဖို့ လိုသေးလို့လား လို့စာဖတ်သူတို့ထင်ခြင်ထင်ပါလိမ့်မယ်။ တကယ်တော့လိုပါတယ်ဗျ။ တခါတလေကိုယ်ရှာခြင်တာ တစ်ခြား၊ ထွက်လတာတစ်ခြား ဆိုအချိန်ကြန့်ကြာစေပါတယ်ဗျ။ အဲ့တော့ Google ကိုထိရောက် အောင် ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျနော်အချက်( ၉)ချက် နဲ့ ဖော်ပြပေးသွားပါမယ်ဗျ။
(၁) တိကျတဲ့အကြောင်းအရာရှာဖို့ အဆိုအမိန့် ကိုးကားချက်(Quotes)တွေ အသုံးပြုပါ။
ဒါကလူသိမ်ားၿပီၤး လြယ္ကူတဲ့ အခ်က္ပါပဲ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် page တစ်ခုခုကိုရှာဖို့ နာမည်သိစရာ မလိုပါဘူး။ သက်ဆိုင်ရာ လူပုဂ္ဂိုလ် ရဲ့ အဆိုအမိန့်ကိုသာ ရှာလိုက်ပါ။ ဥပမာ Martin Luther King Jr. ကိုရှာဖို့ သူ့နာမည်သိစရာမလိုပါဘူး။ (I have a dream)ကျနော့မှာ အိမ်မက်တစ်ခု ရှိတယ် လို့သာရှာလိုက်ရင် တန်းပေါ်လာမှာ ဖြစ်ပါတယ်။
(၂) မသိ/ မသေချာတဲ့ဆိုရိုး(quotes) တွေကိုရှာချင်ရင် * သင်္ကေတ အသုံးပြုပါ။
ဒါက လူသိနည်းတဲ့ အချက်ဖြစ်ပါတယ်။ ဆိုရိုးတွေကိုရှာရင်ဖြစ်စေ၊ သီချင်းတစ်ပုဒ်ပုဒ် ရဲ့ (lyric) စာသားကိုရှာခြင်ရင်ဖြစ်စေ * ကင်္ကေတ အသုံးပြုပါ။ ဥပမာ “ * is thicker than water” လို့ရှာရင် “Blood is thicker than water” လို့ထွက်လာမှာဖြစ်ပါတယ်။ English ဆိုရိုးတစ်ခုဖြစ်ပါတယ်။
(၃) မလိုခြင်တဲ့အကြောင်းအရာတွေဖယ်ထုတ်ဖို့ ( – )minus သင်္ကေတကိုအသုံးပြုပါ။
သင်မလိုခြင်တဲ့အကြောင်းအရာ ကိုဖယ်ထုတ်ခြင်ရင် minus သင်္ကေတ ကိုအသုံးပြုနိုင်ပါတယ်။ ဥပမာ ( Jaguar )လို့ရှာရင် ကားတွေထွက်လာမှာဖြစ်ပြီး ( Jaguar – car) လို့ရှာရင် ကျားသစ်ထွက်လာမှာ ဖြစ်ပါတယ်။
(၄) Websites key words တွေအသုံးပြုပါ။
“ site:” ဆိုတာ Google ရဲ့ Websites တွေရှာတဲ့ (special Function)အထူးလုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ သင်က TIME.com website ကှိုရှာခြင်ရင် “Google site:TIME.com” လို့ရှာရင် သင်ရှာတဲ့ Website တစ်ခုတည်းကိုပဲ ရှာပေးမှာ ဖြစ်ပါတယ်။
(၅) အစားအစာတွေကို “Vs” အသုံးပြုပြီး နှိုင်းယှဉ်နိုင်ပါတယ်။
အကယ်လို့သင်က ဝိတ်ချနေလို့ ညစာအတွက် ဟမ်ဘာဂါနဲ့ ပီဇာ ကြားမှာ ဘယ်ဟာက Calories များမှန်းမသိရင် Burger VS Pizza လို့ရှာလိုက်ပါ။Google ကကွာခြားချက်တွေကို ဖော်ပြပေး ပါလိမ့်မယ်။
(၆) ဗန်းစကားတွေ၊ စကားလုံးအဓိပ္ပါယ်တွေကိုရှာဖို့ “DEFINE:” အသုံးပြုပါ။
Google ဟာ dictionary အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Google က Graph နဲ့ အသုံးပြုပုံ(usage) တွေပါတစ်ခါတည်းဖော်ပြပေးပါတယ်။ (Idiom words)ဗန်းစကား တွေပါရှာနိုင်ပါတယ်။ ဥပမာ “DEFINE:bae” လို့ရှာရင် Bae ဆိုတဲ့ အဓိပ္ပါယ်ကိုပြပေးမှာဖြစ်ပါတယ်။
(၇) Google ကိုတစ်စောင်းအသုံးပြုနိုင်ပါတယ်။
ဒီ function က Google က Engineer တွေထည့်သွင်ထားတဲ့ function ဖြစ်ပါတယ်။ တစောင်းအသုံး ပြုရန် Google Search Box မှာ “Tilt” လို့ရိုက်ထည့်ရမှာဖြစ်ပါတယ်။
(၈) Wh- questions တွေအသုံးပြုမဲ့အစား ရှာခြင်တဲ့အကြောင်းအရာကို တိုက်ရိုက် ရှာခြင်းက ပိုမြန်စေပါတယ်။(What, where, how…….)
တကယ်လို့သင်က California ဘယ်မှာရှိလဲမသိရင် “Where is California” လို့ အရှည်ကြီးရှာစရှာ မလိုပါဘူး။ “California” လို့သာ ရှာလိုက်ပါ။ အကြောင်းအရာ အားလုံးအတွက် မှန်ကန်ပါတယ်။
(၉) Google က လွန်ခဲ့သောနှစ် ၁၀၀ လောက်က/ 1880s အစောပိုင်းက ပုံတွေ အကြောင်းအရာတွေထိပါ ရှာလို့ရပါတယ်။
Source ; live the dream