×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 11 May 2019

"အသက်ကြီးလာတဲ့တစ်နေ့ သင်နောင်တရလာမယ့်အရာ (၇) ခု"

"အသက်ကြီးလာတဲ့တစ်နေ့ သင်နောင်တရလာမယ့်အရာ (၇) ခု" google

၁။ မစွန့် စားရဲခဲ့တာ..
အသက်ကြီး လာတဲ့အခါ သင်မလုပ်လိုက်ရတာတွေအတွက်နောင်တရလာပါလိမ့်မယ်။ ဥပမာ အလုပ်တစ်ခုကို အောင်မြင်ဖို့ အတွက် သင်မလုပ်ရဲခဲ့တာ၊ မစွန့် စားရဲခဲ့တာ။ အသက်တွေကြီးလာခါမှ ဒီအလုပ်ကို ငါလုပ်ခဲ့ရ ကောင်းသားဆိုတဲ့အတွေးတွေ ဝင်လာလိမ့်မယ်။ အလုပ်မှ မဟုတ်ဘူး အရာအာလုံးပေါ့ဗျာ။ အဲ့အချိန်မှ နောင်တရနေလဲ ဘာမှ မထူးတော့ ဘူး သင်နောက်ကျခဲ့ပြီ။ အသက်ကြီးလာတဲ့အတွက် စိတ်သွား တိုင်းကိုယ်ပါနိုင်တော့မှာ မဟုတ်ပါဘူး။

 

woman traveling in india 759x500


၂။ သင့်အတွက်ဆိုးရွားတဲ့အလုပ်ကို မစွန့် လွှတ်နိုင်ခဲ့တာ..
သင် ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အလုပ်တစ်ခု ..သင့်အတွက် အကျိုးလဲမရှိ၊ အဲ့အလုပ်မှာလဲ သင်အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ သင်ဟာအရာ အားလုံးကို တန်ဖိုး ထားတတ်တဲ့လူတစ်ယောက်။ ဒါကြောင့်အဲ့အလုပ်ကို မစွန့် လွှတ်နိုင်ခဲ့ဘူး။ တစ်ခြားအလုပ်ကို ပြောင်းလုပ်ဖို့ အင်အားမရှိခဲ့ ဘူး။ နံပါတ် (၁) အချက်မှာ ပြောခဲ့သလိုပဲပေါ့ နောက်အလုပ်တစ်ခု လုပ်ဖို့  သင့်မှာ စွန့် စားရဲ တဲ့သတ္တိ မရှိခဲ့တာ ပေါ့ဗျာ။ အလုပ်မှမဟုတ်ပါဘူး သင့်အတွက် အဆင်မပြေတဲ့အရာအားလုံးကို သင်စွန့် လွှတ်ရမှာပါ။ အသက်ကြီးလာရင်တော့ အဲ့ဒီ မလုပ်ခဲ့မိတာတွေအတွက် သင်ရမှာ ကနောင်တပါပဲ။

 

bad job


၃။ သင့်မိဘတွေ ကို အချိန်မပေးနိုင်ခဲ့တာ....
အလုပ်တွေအရမ်းလုပ်နိုင်တဲ့အချိန်၊ သင့်မှာ အားအင်တွေအပြည့်ရှိတဲ့ အချိန်တုန်း ကတော့ အလုပ်တွေ သိမ်းကြုံးလုပ်မယ်။ ဒါပေမဲ့ သင့်ရဲ့မိဘတွေကို အချိန်မပေးနိုင်ခဲ့ဘူး။ မိဘဆိုတာမျိုး က ကိုယ့်သားသမီးတွေက နွေးထွေးတဲ့မေတ္တာ ကိုအမြဲ တောင့်တနေတဲ့သူတွေပါ။ ဒါပေမဲ့သူတို့က လိုချင်တယ်လို့ ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ အဲ့အရာတွေကို သင်ဟာ မိဘနေရာရောက်လာခါမှ သင်သိလာပါလိမ့်မယ်။ အဲ့ဒိ အချိန်ကျ မှ "အော် ငါငယ် ငယ်က ငါ့မိဘတွေကို အချိန်မပေးနိုင်ခဲ့ဘူး" ဆိုပြီး နောင်တရလာလိမ့်မယ်။ နောင်တရလို့ ပြန်အချိန်ပေးလို့ မရတော့ ပါဘူး.ကံကြမ္မာ က သင့်ကို အချိန်တွေအများကြီး ပေးခဲ့ပြီးပါပြီ။ အချိန်တွေမရတော့ ပါဘူး ..ရမှာကတော့နောင်တဆိုတဲ့အရာပါပဲ။

 

older_people_2.jpeg


၎။ အလုပ်ကိုပဲဦးစားပေးနေခဲ့တာ..
အလုပ်ကြိုးစားခြင်းဟာကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ လူရယ် လို့ ဖြစ်လာတာနဲ့  အလုပ်ကြီးပဲကြိုးစားနေလို့မရပါဘူး။ သင့်ဘေးမှာ ရှိတဲ့အရာတွေ အားလုံးအတွက် အချိန်ပေးနိုင်ရမယ်။ ဥပမာ..လူမှုရေး၊ သင့်ရဲ့ မိသားစု၊ သင့်ရဲ့သူငယ်ချင်းမိတ်ဆွေ တွေကိုလဲအချိန်ပေးနိုင်ရမှာပေါ့ဗျာ။ အထူသဖြင့်တော့ သင့်ရဲ့မိသားစုပေါ့.. သင်ဟာ အလုပ်ကိုကြီးပဲ ဦးစားပေးနေတဲ့အတွက် သင့်ရဲ့ မိသားစု၊ သားသမီးတွေကို အချိန်မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကြာလာတဲ့ အခါ သင့် နဲ့ သင့်မိသားစုကြားနွေးထွေးမှု မရှိတော့တဲ့ အတွက် ..သင့်ရဲ့ သားသမီးတွေဟာသင့်အပေါ် သူစိမ်းဆန်လာပါလိမ့်မယ်။ အဲ့ဒါကို သင်သတိမထားခဲ့မိဘူး..။ အသက်ကြီးလာတဲ့အချိန်းဒါတွေကို သင်နားလည်တဲ့အခါ သင်ရမှာက နွေးထွေးမှု မဟုတ်ပဲ နောင်တတွေသာ ဖြစ်နေပါလိမ့်မယ်။

 

STRESS-6.jpg


၅။ ချစ်တယ် လို့ ပြောဖို့ ကြောက်နေခဲ့တာ..
သင့်ရဲ့ ငယ်ရွယ် တုန်းအချိန် မှာ သင်ချစ်တဲ့သူတွေ ကို ချစ်တယ်လို့ ပြောဖို့ မကြောက်ပါနဲ့ ၊ ရှက်လည်းမရှက်ပါနဲ့ ။
ချစ်တယ် ဆိုတဲ့စကားဟာ စကားလုံးနှစ်လုံးထဲပေမဲ့  ကမ္ဘာပေါ်မှာ အကြီးကျယ်ခမ်းနားဆုံးအရာပါ။ အသက်ကြီး လာတဲ့အခါ သင်ချစ်တဲ့သူတွေ၊ သင်ချစ်တယ်လို့ ပြောချင်တဲ့သူတွေဟာ သင့်အနားမှာ ရှိချင်မှ ရှိတော့မှာပါ။ သင်ဟာသူတို့ ရဲ့ အနားကနေထွက်ခွာသွားတဲ့ လူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့် မယ်။ အဲ့အချိန်ကျ မှ ငါချစ်တဲ့သူတွေကို ချစ်တယ်ပြောချင်လိုက်တာ မလုပ်ပါနဲ့ ..သင့်ကိုကံကြမ္မာ အဲ့လောက်မျက်နှသာမပေးပါဘူး။

 

321631-couple-reading.jpg


၆။ သင့်အပေါ် မကောင်းတဲ့သူတွေ ကို မစွန့် ခွာ နိုင်ခဲ့တာ..
သင့်အပေါ့် မကောင်းတဲ့ ချစ်သူ၊ ရည်းစားပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကိုပဲ ဖြစ်ဖြစ် မစွန့့် လွှတ်နိုင်ခဲ့တာ ၊ ဖက်တွယ်နေခဲ့တာတွေဟာ သင့်အသက်ကြီးလာတဲ့အခါ ရတဲ့အကြီးမားဆုံးနောင်တတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။

 

112818_LS_mood-zap_feat.jpg


၇။ အခွင့်အရေး ရတုန်းခရီးတွေ မထွက်ဖြစ်ခဲ့တာ..
သင်ရဲ့ ငယ်ရွယ်ချိန်၊ သန်စွမ်းနေတဲ့အချိန်၊ စိတ်သွားတိုင်းကိုယ်ပါတဲ့အချိန်မှာ ခရီးထွက်ပါ။ သင်အသက်ကြီးလာတဲ့အခါ သင့်မှာ ခရီးထွက်ချင်စိတ်ရှိခဲ့ရင်တောင် စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့မှာ မဟုတ်ပါဘူး။ သင့်မှာစိတ်ဘယ်လောက်ရှိရှိ သင့်ရဲ့ ခန္ဓာ ကိုယ် က စကားပြောပါလာပါလိမ့်မယ်။ အဲ့အချိန်ကျရင်တော့ စိတ်သွားတိုင်းနောင်တတွေကြီး ပဲ ရနေပါလိမ့်မယ်။

 

hiking near gatlinburg tn

 


Ref; Pragonia

Read times Last modified on Wednesday, 18 March 2020 15:16
Rate this articles
(1 Vote)