ရှုံးနိမ့်ခြင်းဆိုတဲ့ အတွေ့အကြုံကို မခံစားဖူးပဲနဲ့ ဘယ်သူမှ အောင်မြင်မှုအသီးအပွင့်ကို မခံစားနိုင်ပါဘူး။ မွေးကတည်းက တတ်လာတဲ့ပညာ အရည်အချင်းဆိုတာ မရှိပါဘူး။
အတတ်ပညာတစ်ခုခုကို စတင်သင် ယူမည် အလုပ်တစ်ခုခုကို စတင်လုပ်ဆောင်မည်ဆိုလျှင် ဘယ်သူမှချက်ချင်းမအောင်မြင်ပါဘူး။ အမှားတွေ ကြုံမယ်၊ ရှုံးနိမ့်မယ် ဒါတွေကို ခံစားရမှာပဲ။
ရှုံးနိမ့်မှုတွေဆိုတာ အတွေ့အကြုံကောင်း အတွက် ဆရာတစ်ဆူပါပဲ။ ရှုံးနိမ့်မှုတစ်ခုတိုင်းဆီက တန်ဖိုးရှိတဲ့ သင်ခန်းစာနှစ်ခုကို ကျွန်ုပ်တို့ ပြန်လည်ရရှိပါတယ်။ တစ်ခုက ကျရှုံးခဲ့ရတဲ့ အကြောင်းအရင်းကို သိခွင့်ရမယ် နောက်တစ်ခုက ကျရှုံးမှုဆီကနေ ပြန်လည်ရုံးထွက်နိုင်ခြင်း ဆိုတဲ့ စိတ်ခွန်အားတွေ ရရှိပါတယ်။
၁။ ဇွဲ မရှိခြင်း။
လူအများစုက ကျရှုံးနေတယ် သူတို့ဆီမှာ အသိဥာဏ်ဗဟုသုတ လုပ်ဆောင်နိုင်တဲ့စွမ်းဆောင်ရည် အားနည်းလို့တော့မဟုတ်ပါဘူး…သူတို့ အလွယ်တကူပဲ လက်လျှော့တတ်ကြလို့ပါ။ ဇွဲလုံ့လနှင့် စိတ်ရှည်သည်းခံနိုင်မှုတို့က အရေးကြီးတဲ့အချက်တွေပါ။
၂။ ခံယူချက်ကင်းမဲ့ခြင်း။
ခံယူချက်ကင်းမဲ့သည့်လူများသည် ဦးတည်ချက်မရှိ ရည်ရွယ်ချက်မရှိပဲ ပင်လယ်သမုဒ္ဓာရဲ့ အလယ်တည့် တည့်မှာ ရှိနေတဲ့လူတွေနဲ့တူပါတယ်။ ခံယူချက်မရှိတဲ့သူတွေက သူတို့ရဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်း ရာတွင် ပိုပြီးခက်ခဲပင်ပန်းမှုတွေနဲ့ ကြုံတွေ့ရပါတယ်။ သူတို့လုပ်ဆောင်နေတဲအရာတွေက မှားနေမှန်း သိရင်တောင် လွယ်လွယ်နဲ့ ပြန်မပြင်တတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင် ယုံကြည်မှု နဲ့ ရဲစွမ်းသတ္တိမရှိလို့ပါ။
READ -ယုံကြည်မှု
၃။ မှားခဲ့တဲ့အမှားတွေကနေ အတွေ့အကြုံမယူနိုင်ခြင်း
လူတစ်ချို့က ရှင်သန်နေထိုင်ရင်း သင်ယူမှုကို ပြုလုပ်ကြတယ်။ ဒါပေမယ့် တချို့ကတော့ သင်ယူမှုဆိုတာ ကိုမေ့ပစ်ပြီး နေထိုင်ကြတယ်။ သင့်မှာသာမှန်ကန်တဲ့ ကိုယ်ကျင့်တရားရှိမယ်ဆိုရင် ရှုံးနိမ့်မှုဟာ သင့်ကို သင်ကြားပေးနိုင်မယ့် ဆရာကောင်းတစ်ဆူပါပဲ။ ပညာရှိတွေက အမှားတွေမှ သင်ယူကြပါတယ်။ အတွေ့အကြုံဆိုတာ အမှားတွေရဲ့ အမည်နာမတစ်မျိုးပါပဲ။
၎။ စည်ကမ်းမရှိခြင်း။
စည်းကမ်းသည် လူ၏တန်ဖိုး ဆိုသည့်အတိုင်းပဲ လူတစ်ယောက်ရဲ့ အရည်အချင်းကို တန်ဖိုးဖြတ်ရာတွင် စည်းကမ်းရှိမှုကလည်း အရေးကြီးပါတယ်။ စည်းကမ်းဆိုတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု၊ စွန့်လွှတ် အနစ်နာခံမှု၊ သမာသမတ်ကျမှုတို့ကို သင့်ဆီသို့ ယူဆောင်လာပေးပါတယ်။
READ -ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက်
၅။ ကံကိုသာ ပုံအပ်လေ့ရှိသူ။
ဖြစ်လာသမျှကံစီမံရာဆိုသည့်အတိုင်းပဲဆိုပြီး ကံကြမ္မာကိုသာ ဘဝတစ်ခုလုံးပုံအပ်ထားတဲ့သူတွေက သူတို့လက်ရှိဘဝနဲ့ပက်သက်ပြီး အမှန်တရားကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့ဆီမှာ ကြုံလာတဲ့ အောင်မြင်မှု ကျရှုံးမှုတိုင်းအားလုံးက ကံတရားကြောင့်သာလို့ သတ်မှတ်ထားတာပါ။
Source;success