စိတ်ဖိစီးမှုသောကတွေကို မကြုံဖူးတဲ့သူတွေဆိုတာမရှိပါဘူး။ ကျောင်းသားတွေဆီမှာလည်း စာမေးပွဲနဲ့ ပက်သက်တဲ့ စိတ်ဖိစီးမှု၊ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုရင်လည်း အလုပ်ကရတဲ့ စိတ်ဖိစီးမှု တွေရှိနိုင် ပါတယ်။
စိတ်ဖိစီးမှုတွေကို အဓိကဖြစ်စေတာက ပိုက်ဆံကြောင့် ကျန်းမာရေးအခြေအနေကြောင့် အလုပ်ဖိအား ကြောင့် နဲ့ အဆင်မပြေတဲ့ relationships ကြောင့်လည်းဖြစ်နိုင်ပါတယ်။
စိတ်တွေဖိစီးလာတဲ့အခါ စိတ်သောကရောက်စရာတွေများလာတဲ့အခါမှာ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကို ထိခိုက်နိုင်ပြီး ကြာလာရင် စိတ်ဓာတ်ကျဆင်းပြီး ရောဂါရလာနိုင်ပါတယ်။
လောကကြီး က ရှည်လျားပေမယ့် ကိုယ်ပိုင်ဆိုင်တဲ့ ဘဝဆိုတာ တိုတိုလေးပါ။ ဒီတိုတောင်းလှတဲ့အချိန်မှာ ကိုယ့်ဘဝကို သောကရောက်စရာတွေ ဖိစီးစေတဲ့အရာတွေကို အဝင်မခံပါနဲ့။
ကိုယ်ပိုင်ဆိုင်တဲ့ဘဝလေးကို သောကတွေနဲ့ ကင်းဝင်းပြီး ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မနက်ခင်း နေရောင်ခြည်က စိတ်ဖိစီးမှုကို ဆန့်ကျင်တိုက်ခိုက်ပေးနိုင်တဲ့ အကောင်းဆုံးလက်နက်အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ နေရောင်ခြည်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေကို ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကိုကြည်လင်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလေးတွဲလုပ်ပေးတာက ပိုကောင်းပါတယ်…စက်ဘီးစီးတာပဲဖြစ်ဖြစ် လမ်းလျှောက်တာပဲဖြစ် ဖြစ်ပေါ့။
READ -လမ်းဆုံးကိုရောက်နေပြီလား???
၂။ မိနစ် ၄၀ လောက် လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက သင့်ရဲ့စိတ်ခံစားမှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှု တွေကို လျော့ကျစေတာ သင်သိပါတယ်။ လေ့ကျင့်ခန်းလုပ်ရတာပျင်းတယ်ဆိုရင်တော့ ကခုန်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ သီချင်းတွေနဲ့ ကခုန်ခြင်းကို ပြုလုပ်ပေးခြင်းက သင်ကိုယ်တိုင်ပျော်ရွှင်လာပြီး စိတ်ကြည် လင်လာစေပါတယ်။
၃။ တရားထိုင်ခြင်းကလည်း စိတ်ကိုတည်ငြိမ်စေပြီး စိတ်သောကတွေကိုလျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။
၎။ အနက်ရောင်ချောကလက်မှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ အနက်ရောင်ချောကလက်ကိုလည်း စားပေးသင့်ပါတယ်။ အနက်ရောင် ချောကလက်ဆိုပေမယ့် တစ်ချို့က cocoa ပါဝင်မှုနှုန်း အရမ်းနည်းပါတယ်။ cocoa ပါဝင်မှုနှုန်း ၇၀ ရာခိုင်နှုန်းရှိတဲ့ ချောကလက်က ကျန်းမာရေးအတွက် အကျိုးရှိစေမှာပါ။
READ -ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက်
၅။ ကြောင်ပုံလေးတွေ ကြည့်ပေးပါ။
ဒါက အချိန်ကုန်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ချစ်ဖို့ကောင်းတဲ့ ပုံတွေကြည့်ပေး တာကလည်း အကောင်းမြင်စိတ်တွေကို မွေးဖွားပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်သောကတွေရှိနေတဲ့အခါ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို ကြည့်ပေးပါ။
Source; lifehack