×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 20 November 2019

"အမ်ဳိးသားေန႔ (သို႔မဟုတ္) ျမန္မာ့သမိုင္းတြင္ ေမာ္ကြန္းတင္ထားေသာေန႔"

"အမ်ဳိးသားေန႔ (သို႔မဟုတ္) ျမန္မာ့သမိုင္းတြင္ ေမာ္ကြန္းတင္ထားေသာေန႔" google.com

၁၃၈၁ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ဝ ရက္၊ ၾကာသပေတးေန႔ (၂၁ – ၁၁ – ၂၀၁၉) သည္ ျမန္မာ့သမုိင္းတြင္ ေမာ္ကြန္းတင္ထားသည့္ေန႔၊ မေပ်ာက္ပ်က္ေကာင္းေသာေန႔ ၊ မြန္ျမတ္ေသာေန႔ ျဖစ္သည့္(၉၉) ႏွစ္ေျမာက္ အမ်ိဳးသားေန႔ ျဖစ္သည္။

တစ္မ်ိဳးသားလုံး ဂုဏ္ယူရမည့္ ေန႔ထူးေန႔ျမတ္ ျဖစ္သည္ႏွင့္အညီ ႏွစ္စဥ္ႏွစ္တိုင္း အမ်ိဳးသားေန႔ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပလာခဲ့သည္မွာ ႏွစ္ ၉၉ ျပည့္္ခဲ့ၿပီ ျဖစ္သည္။


● အမ်ိဳးသားေရးစိတ္ဓါတ္
အမ်ိဳးသားေရး စိတ္ဓါတ္သည္ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ခ်စ္ခင္ေသာ စိတ္ဓါတ္ပင္ျဖစ္သည္။ တစ္ႏိုင္ငံတည္းေန တစ္ေျမတည္းဖြားျဖစ္ေသာ ကိုယ့္လူမ်ိဳးကို ကိုယ္ခ်စ္ျခင္း၊ ကိုယ့္လူမ်ိဳးကို ေစာင့္ေရွာက္ျခင္း၊ ကိုယ့္လူမ်ိဳး၏ အဓြန္႐ွည္မႈကို သယ္ေဆာင္ျခင္းသည္ မြန္ျမတ္ေသာ မ်ိဳးခ်စ္စိတ္ပင္ ျဖစ္သည္။
အမ်ိဳးဆိုသူမွာ ဘိုးဘြားမိဘအစဥ္မျပတ္ အလုပ္အကိုင္ကို ဆက္ခံဆင္းသက္ေပါက္ဖြားေသာ မ်ိဳး႐ိုးပင္ ျဖစ္သည္။ အမ်ိဳးသားဆိုသည္မွာ ႏိုင္ငံတစ္ခုတည္းတြင္ အစဥ္အဆက္ အတူတကြ မွီတင္းေနထိုင္လာေသာ သူမ်ားဟု ဆိုသည္။
“လူမ်ိဳးဆိုသည္မွာ သုခ၊ ဒုကၡ အတူခံစားၾက၍ နီးနီးစပ္စပ္ အက်ိဳးခ်င္းထပ္ၿပီးလွ်င္ ႏွစ္ပရိေစၦဒ ႐ွည္လ်ားစြာ တစ္မ်ိဳးတစ္စားတည္းပင္ဟု စိတ္ထား႐ွိသူတို႔ကို တစ္စုတည္းေပါင္း၍ ေခၚေဝၚျခင္းသာ ျဖစ္ေပသည္” ဟု အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက လူမ်ိဳး၏ အဓိပၸာယ္ကို ဖြင့္ဆိုခဲ့သည္။
ျမန္မာႏိုင္ငံသည္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ရခိုင္၊ ႐ွမ္း၊ ဗမာ၊ မြန္ အစ႐ွိသည့္ တိုင္းရင္းသား လူမ်ိဳးမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ ႏိုင္ငံျဖစ္သည္။ ေ႐ွးႏွစ္ေပါင္းမ်ားစြာကတည္းကပင္ ျပည္ေထာင္စုႏြယ္ဖြား တိုင္းရင္းသားမ်ားသည္ မ႐ွိအတူ ႐ွိအတူ ၊ ေအးအတူ ပူအမွ်၊ ဥမကြဲ သိုက္မပ်က္ ေကာင္းတူ ဆိုးဖက္ လက္တြဲလ်က္ ေနထိုင္ခဲ့ၾကသည္။ ဤသို႔ျဖင့္ ျပည္ေထာင္စုဖြား တိုင္းရင္းသားညီအကို ေမာင္ႏွမမ်ားသည္ တေျမတည္းေန တေရတည္းေသာက္၍ ကိုယ့္တိုင္းျပည္ ၊ ကိုယ့္လူမ်ိဳး၊ ကိုယ့္ယဥ္ေက်းမႈႏွင့္ ဘာသာ၊ သာသနာကို မွန္ကန္ခိုင္မာသည့္ အမ်ိဳးသားေရးအျမင္ ၊ အမ်ိဳးသားေရး စိတ္ဓါတ္ အမ်ိဳးသားေရး အယူအဆ တို႔ျဖင့္ ေနထိုင္လာခဲ့ၾကသည္။

BEHS_2_Dagon_Myoma_National_High_School_founded_in_1920.JPG

သို႔ေသာ္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၈ဝ ေက်ာ္ကစ၍ နယ္ခ်ဲ႕ၿဗိတိသွ်တို႔သည္ စစ္ပြဲ သုံးႀကိမ္ဆင္ႏႊဲ၍ မတရား သိမ္းပိုက္ကာ ကၽြန္ျပဳခဲ့ေသာေၾကာင့္ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးသည္ ၾကမၼာေႏွာက္၍ တိုင္းျပည္ႏွင့္လူမ်ိဳးပါ ေမွာက္ခဲ့ၾကရသည္။ အမ်ိဳးသားယဥ္ေက်းမႈပင္ ေပ်ာက္ခမန္းလိလိ ျဖစ္ခဲ့ရေလသည္။
သို႔ေသာ္လည္း ျမန္မာတိုင္းရင္းသားမ်ား၏ မ်ိဳးခ်စ္ျပည္ခ်စ္ စိတ္ဓါတ္ႏွင့္ မ်ိဳးခ်စ္ဝံသာႏု စိတ္ဓါတ္တို႔သည္ အမ်ိဳးေပ်ာက္မည့္ အႏၱရာယ္ကို တားဆီးႏိုင္ခဲ့သလို၊ သူ႔ကၽြန္မခံလိုစိတ္ျဖင့္ စုမိရာအင္အား၊ ရရာလက္နက္မ်ားႏွင့္ မိမိတို႔ နယ္ေျမအလိုက္၊ မိမိနည္း၊ မိမိတို႔မာန္ျဖင့္ နယ္ခ်ဲ႕မ်ားကို ခုခံေတာ္လွန္ခဲ့ၾကသည္။
ကိုုလိုနီနယ္ခ်ဲ႕မ်ားက ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ ဘာသာေရးႏွင့္ ပညာေရး နယ္ပယ္မ်ားတြင္ အဘက္ဘက္မွ ဖိႏွိပ္ခ်ဳပ္ခ်ယ္ အုပ္ခ်ဳပ္မႈၾကားကပင္ ၁၉ဝဝ ျပည့္ႏွစ္ကစၿပီး တိုင္းရင္းသားမ်ား၏ မီးခဲျပာဖုံး ျဖစ္ေနသည့္ အမ်ိဳးသားေရး စိတ္ဓါတ္မ်ားသည္ တေငြ႔ေငြ႔ႏွင့္ ျပန္လည္႐ွင္သန္ ႏိုးၾကားလာခဲ့သည္။ ၁၉ဝဝ ျပည့္ႏွစ္မွ ၁၉၂ဝ ျပည့္ႏွစ္အထိ ႏွစ္ေပါင္းႏွစ္ဆယ္ကာလသည္ တိုင္းရင္းသားတို႔၏ အမ်ိဳးသားစိတ္ဓါတ္မ်ား တေျဖးေျဖး ျပန္လည္႐ွင္သန္လာေသာ ကာလပင္ ျဖစ္သည္။


● ယူနီဗာစီတီအက္ဥပေဒ
ဤကဲ့သို႔ ျပည္ေထာင္စု တိုင္းရင္းသားအားလုံးသည္ အမ်ိဳးသားေရး စိတ္ဓါတ္ တက္ၾကြၿပီး အမ်ိဳးသား စည္းလုံးညီညြတ္မႈ ေကာင္းမြန္ေနခ်ိန္တြင္ ကိုလိုနီနယ္ခ်ဲ႕တို႔သည္ ယူနီဗာစီတီ အက္ဥပေဒကို ေရးဆြဲခဲ့သည္။ ထို အက္ဥပေဒသည္ ေငြေၾကးခ်မ္းသာသူ လူနည္းစုကိုသာ တကၠသိုလ္ပညာသင္ယူခြင့္ ရ႐ွိႏိုင္ေစမည္ ျဖစ္ၿပီး၊ ပညာရည္ခၽြန္ေသာ္လည္း ဆင္းရဲႏြမ္းပါးသည့္ လက္လုပ္လက္စားသမားမ်ား၊ ေတာင္သူလယ္သမားမ်ား၊ အလုပ္သမားမ်ား၏ သားသမီးမ်ားအေနျဖင့္ တကၠသိုလ္ပညာသင္ယူခြင့္ မရႏိုင္ေအာင္ ကန္႔သတ္ ခ်ဳပ္ခ်ယ္ထားသည့္ ဥပေဒျဖစ္ေနေသာေၾကာင့္ တိုင္းခ်စ္ျပည္ခ်စ္ မ်ိဳးခ်စ္စိတ္႐ွိသူမ်ားက အုံၾကြၿပီး ဆႏၵျပ ကန္႔ကြက္ခဲ့ၾကသည္။

boycott_obelisk.jpg

ဆႏၵျပကန္႔ကြက္ေနသည့္ၾကားကပင္ နယ္ခ်ဲ႕အစိုးရသည္ ယူနီဗာစီတီ အက္ဥပေဒကို ၁၉၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ အတည္ျပဳ ျပ႒ာန္းလိုက္သည္။ ျပ႒ာန္းလိုက္သည္ကို မခံမရပ္ႏိုင္ ျဖစ္ၾကသည့္ ရန္ကုန္ေကာလိပ္ေက်ာင္းသားႀကီး (၁၁) ဦးတို႔က ၁၉၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ၃ရက္ေန႔တြင္ ေ႐ႊတိဂုံေစတီေတာ္ ကုန္းေတာ္ေပၚ စေနေထာင့္ရိွ ေဗာဓိေညာင္ပင္ႀကီးေအာက္တြင္ ေတြ႔ဆုံကာ သပိတ္ေမွာက္ရန္ အစီအစဥ္မ်ား ေရးဆြဲခဲ့ေလသည္။ ရည္မွန္းခ်က္ပန္းတိုင္သို႔ ေအာင္ျမင္စြာ ခ်ီတက္ႏိုင္လွ်င္လည္း အတူတူ၊ အကယ္၍ အေရးနိမ့္ခဲ့ပါမူ အတူတူ အနစ္နာခံမည္ဟု ေ႐ႊတိဂုံေစတီႀကီးကို တိုင္တည္ကာ သစၥာအဓိဌာန္ျပဳၿပီးေနာက္ လူစုခြဲခဲ့ၾကသည္။ ဤသို႔ေသာ အဓိဌာန္ျပဳခဲ့ေသာ ရန္ကုန္ေကာလိပ္မွ ေက်ာင္းသားမ်ားမွာ ဘီေအ အထက္တန္းမွ ေမာင္ဘဦး၊ ေမာင္သာညႊန္႔၊ ေမာင္လွတင္၊ ေမာင္ေကညီပိတ္၊ ဘီအက္စ္စီ အထက္တန္းမွ ေမာင္ဘ႐ွင္၊ ေမာင္ဖိုးကြန္း၊ ေမာင္ေအး၊ ေမာင္ေဖသိန္း၊ ဘီအက္စ္စီေအာက္တန္းမွ ေမာင္ထြန္းဝင္း၊ အိုင္ေအ အထက္တန္းမွ ေမာင္ဘ႐ွင္၊ အိုင္ေအေအာက္တန္း ေမာင္ေအာင္ဒင္ တို႔ ျဖစ္ၾကသည္။
ယင္းသပိတ္ေမွာက္မည့္ ေခါင္းေဆာင္ ၁၁ ဦးတို႔ႏွင့္ ကရက္ေဒါ့ အမည္ပါေသာ သပိတ္ေမွာက္ ေတးထပ္ကို သပိတ္ေမွာက္ၿပီး ၁၅ ရက္အၾကာ ၁၉၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ၂ဝ ရက္ေန႔တြင္ ၿမိဳ႕မ ကထိက ဦးသက္တင္က ေရးစပ္ခဲ့ရာ သုေတသီမ်ား ေလ့လာႏိုင္ရန္ ျပန္လည္ေဖာ္ျပလိုက္ပါသည္။
ယူနီဘာစီတီအက္၊ မႏွစ္သက္ တို႔တေတြ၊
ပညာတတ္နည္းပေစ၊ ဥပေဒႏွိမ္ခ်ိဳး၊ (ကရက္ေဒ့ါ)ဘုရင္ခံ
တည္ျပဳျပန္တင္း ပဇြတ္ထိုး၊ ႏွစ္ေကာလိပ္ေက်ာင္းသားေတြ၊
ေခါင္းေဆာင္ေပ လြန္ႀကိဳး (ကိုေအာင္ဒင္) သတိုးႏွင့္
အမ်ိဳးခ်စ္ (လွတင္) ၊ (အာညႊန္႔) ေနာ္ (ေကညီပိတ္)
ဇာနည္စိတ္ဓါးဝယ္ (ဘ႐ွင္)၊ သံတြဲကရဲ (ဘ႐ွင္) မွာ ၊
(ေဖသိန္း) တြင္ (ကိုေအး) ပ၊ မေႏွးပ (ထြန္းဝင္း) လက္ေလ၊ (ဖိုးကြန္း)တဲ့ေဟ၊ (ကိုဘဦး)
ေခါင္းေဆာင္ေပတယ္၊ သပိတ္ေ႐ႊေမွာက္ ခန္းပေလး
ၿဗိတိသွ်နယ္ခ်ဲ႕ေတြကို တိုက္ၿပီေလ ႏွလုံးႏွင့္ေလး…။
ထို႔ေနာက္ ရန္ကုန္ေကာလိပ္၊ ယုဒသန္ေကာလိပ္ ေက်ာင္းသားမ်ား လွ်ိဳ႕ဝွက္ဖိတ္ေခၚ၍ ဗဟန္းၾကားေတာရ ေ႐ႊက်င္တိုက္ ဦးအရိယေက်ာင္း၌ ၁၉၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ၄ ရက္ စေနေန႔ မြန္းလြဲ ၃ နာရီခြဲတြင္အစည္းအေ၀းက်င္းပခဲ့သည္။ သပိတ္ေမွာက္ရန္ တက္ေရာက္လာသူအားလုံး သေဘာတူခဲ့ၿပီးေနာက္ သပိတ္ေမွာက္ အမႈေဆာင္အဖြဲ႔ဝင္ ၂၆ ဦး ေ႐ြးေကာက္တင္ေျမွာက္ခဲ့ၾကသည္။ အမႈေဆာင္အဖြဲ႔ဝင္ ၂၆ ဦးတြင္ သပိတ္ေမွာက္ေခါင္းေဆာင္ႀကီး ၁ ၁ ဦးအျပင္ ေမာင္ဘတင္၊ ေမာင္ျမင့္၊ ေမာင္က်န္စု၊ ေမာင္ဘခင္၊ ေမာင္ထြန္းေဖ၊ ေမာင္ဖိုးက်ား၊ ေမာင္ဘေက်ာ္၊ ေမာင္ေက်ာ္ျမ၊ ေမာင္လွစိန္၊ အင္စီဆင္း၊ ေမာင္ျမ၊ ေမာင္စိုးဝင္း၊ ေမာင္ခင္ေမာင္၊ ေမာင္ဖိုးလတ္၊ ေမာင္လူေဖဝင္း တို႔ ပါ၀င္ၾကသည္။
ထို႔ေနာက္ ျမန္မာသကၠရာဇ္ ၁၂၈၂ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ဝ ရက္ (၁၉၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ ၅ ရက္) တနဂၤေႏြေန႔တြင္ စတင္သပိတ္ေမွာက္ခဲ့ရာ တျပည္လုံးသို႔ ႐ုိက္ခတ္သြားေလသည္။

Rangoon_University.jpg

သပိတ္လႈပ္႐ွားမႈသည္ ရန္ကုန္္ေကာလိပ္ေက်ာင္းအုပ္ၾကီး မက္သယူးဟန္းတားႏွင့္ ယုဒသန္ေကာလိပ္ ေက်ာင္းအုပ္ႀကီး ေဒးဗစ္ခ်န္ဒလာဂီလ္မိုးးတို႔အျပင္ ပညာမင္းႀကီး မတ္ဟန္းတားႏွင့္ ရန္ကုန္ရဲမင္းႀကီး ဟန္ရီကို႐ိုင္ ဒြန္နင္ဂဲလ္ တို႔ကို ဗ်ာမ်ားသြားေစခဲ့သည္။
ရန္ကုန္ေကာလိပ္ေက်ာင္းအုပ္ႀကီး မက္သယူးဟန္းတားသည္ ထိုေန႔ညေနတြင္ ရန္ကုန္ေကာလိပ္ ဓါတုေဗဒ ကထိက ဦးဘႏွင့္ ယုဒသန္ေကာလိပ္ ကထိက ဦးဘလိႈင္တို႔ႏွင့္အတူ သပိတ္ေမွာက္စခန္းသို႔ သြား၍ တပည့္တို႔ သင္တို႔၏ ဝတၱရားသည္ ပညာသင္ရန္ ျဖစ္သည္၊ ေကာလိပ္ျပန္တက္ၾကပါ၊ သင္တို႔၏ နစ္နာခ်က္မ်ားကို ပညာသင္ၾကားရင္း တင္ျပႏိုင္ၾကပါသည္ ဟု ျဖားေယာင္းေခၚငင္ေသာ္လည္း အမႈေဆာင္ ေမာင္ေဖသိန္းႏွင့္ ေမာင္ျမင့္တို႔က သပိတ္ေမွာက္သမားမ်ား၏ ကိုယ္စားျငင္းဆန္လိုက္ၾက၍ စိတ္ပ်က္ကာ ဗဟန္းမွ ျပန္သြားခဲ့ရေလသည္။
ထို႔ျပင္ သပိတ္ေမွာက္ၾကသည့္ ေကာလိပ္ေက်ာင္းႏွစ္ေက်ာင္းမွ ေက်ာင္းသားမ်ားကို နယ္ခ်ဲ႕အစိုးရႏွင့္ တကၠသိုလ္အာဏာပိုင္မ်ားက သပိတ္မေမွာက္ရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ ျဖားေယာင္းျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားကို ျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္ သပိတ္ေမွာက္ေက်ာင္းသားမ်ားသည္ ေတြေဝမႈ၊ ယိမ္းယိုင္မႈ၊ တုန္လႈပ္မႈ လုံးဝမ႐ွိဘဲ မိမိတို႔၏ ပညာေရးကိုသာမက လိုအပ္လွ်င္ အသက္ကိုပါ စြန္႔လႊတ္ရန္ အမ်ိဳးသားစိတ္ဓါတ္ ျပင္းျပစြာျဖင့္ ဆက္လက္ ဆင္ႏႊဲခဲ့ၾကသည္။
“အမ်ိဳးကို ခ်စ္ခင္ၾကပါ၊ ႏိုးၾကားၾကပါ” ဟူေသာ လႈ႔ံေဆာ္သံမ်ားႏွင့္အတူ ေက်ာင္းသားတို႔၏ မီးခဲျပာဖုံး ျဖစ္ေနေသာ မ်ိဳးခ်စ္စိတ္ဓါတ္ကို ႏိႈးဆြႏိုင္ခဲ့သည္။ ျပင္းျပလွသည့္ အမ်ိဳးသားေရးစိတ္ဓါတ္ႏွင့္ ဆင္ႏႊဲေနသည့္ ေက်ာင္းသားသပိတ္ကို ျပည္သူမ်ားသည္ ေငြအား ပစၥည္းအားႏွင့္တကြ စိတ္ဓါတ္ေရး အရပါ တခဲနက္ ေထာက္ခံအားေပးခဲ့ၾကသည္။ ထိုသပိတ္ကို ေထာက္ခံ၍ ႏိုင္ငံတ၀န္းလုံး႐ွိ အျခားအလယ္တန္း၊ အထက္တန္း ေက်ာင္းသားမ်ားလည္း လိုက္ေမွာက္ခဲ့ၾကသည္။


● အမ်ိဳးသားေရး ဇာတိမာန္ ႐ွင္သန္လာ
ထိုသပိတ္ႀကီးကို အေၾကာင္းျပဳ၍ မ်ားမၾကာမီအတြင္း အမ်ိဳးသားစိတ္ဓါတ္မ်ား ပိုမိုရင့္သန္လာၿပီး ျမန္မာမႈ၊ ျမန္မာ့အေရးတို႔ကို အထူးအေလးေပးသည့္ အမ်ိဳးသားေက်ာင္းမ်ား ႏိုင္ငံႏွင့္အ၀ွမ္း တည္ေထာင္ ေပၚေပါက္လာခဲ့သည္။
ေက်ာင္းသပိတ္သည္ ပညာေရးသက္သက္ႏွင့္သာ ဆိုင္သည့္ အေရးကိစၥမဟုတ္ဘဲ နယ္ခ်ဲ႕တို႔၏ ဖိႏွိပ္မႈကို အန္တုလိုက္သည့္ ႏိုင္ငံေရးသေဘာ ေဆာင္ေလသည္။ တနည္းဆိုရေသာ္ လူထုႀကီးအား အမ်ိဳးသားမာန္ ဝံသာႏု စိတ္ဓါတ္မ်ား ႏိႈးဆြေပးလိုက္သည့္ အေရးေတာ္ပုံႀကီး ျဖစ္သည္။


● အမ်ိဳးသားေရး ေပၚေပါက္လာပုံ
ထို႔ေၾကာင့္ ၁၉၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၁ မွ ၂၄ ရက္ေန႔အထိ မႏၱေလးၿမိဳ႕ တာရဲတန္းရပ္ ငါဟဲ့ဆန္စက္ဝင္းအတြင္း႐ွိ မ႑ပ္ႀကီးတြင္ က်င္းပခဲ့ေသာ ဂ်ီစီဘီေအ အသင္းႀကီး၏ နဝမအႀကိမ္ေျမာက္ ႏိုင္ငံလုံးဆိုင္ရာ ညီလာခံတြင္ ရန္ကုန္တကၠသိုလ္ အက္ဥပေဒကို သပိတ္ေမွာက္ခဲ့သည့္ တန္ေဆာင္မုန္း လျပည့္ေက်ာ္ ၁ဝ ရက္ေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ေပးရန္ ၾကည္ေတာင္ကန္ ဝိုင္အမ္ဘီေအ အဖြဲ႔မွ ဦးဘေသာ္က အဆိုတင္သြင္း၍ စစ္ေတာင္း ဦးၿငိမ္းေမာင္က ေထာက္ခံခဲ့သည္။ သို႔ေသာ္လည္း ဦးဥတၱမ ေထာင္က်ေသာေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ေပးရန္ ဒလ ၀ိုင္အမ္ဘီေအမွ ဦးဘစိန္ကလည္းေကာင္း၊ သရာဇ ဦးတုတ္ႀကီးက သီေပါမင္း ပါေတာ္မူေန႔ကို အမ်ိဳးသားေန႔အျဖစ္ က်င္းပေပးရန္လည္းေကာင္း၊ ဦးဥတၱမေထာင္မွ လြတ္ေသာေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ရန္ သံဃသာမဂၢီ ဦးပညာသာမိက လည္းေကာင္း၊ ဦးဥတၱမေမြးေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ရန္ ဦးထြန္းေအာင္ေက်ာ္ကလည္းေကာင္း အသီးသီး အဆိုတင္သြင္းခဲ့သည္။
သို႔ေသာ္ သပိတ္ေက်ာင္းသား ေခါင္းေဆာင္ တစ္ဦးျဖစ္ေသာ ဦးျမင့္က ဦးဥတၱမ ေထာင္က်ေသာေန႔၊ သီေပါမင္းပါေတာ္မူရေသာေန႔မ်ားသည္ အမဂၤလာေန႔၊ ျမန္မာတို႔ ဂုဏ္ယူရေသာေန႔မ်ား မဟုတ္ေသာေၾကာင့္ ရန္ကုန္ေကာလိပ္ႏွင့္ ယုဒသန္ေကာလိပ္မွ ေက်ာင္းသားမ်ား သပိတ္ေမွာက္ခဲ့သည့္ေန႔ကိုသာ အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ရန္ တင္ျပခဲ့ေသာေၾကာင့္ ေနာင္တြင္ ေန႐ွင္နယ္ဦးျမင့္ ဟု အမည္တြင္ သြားခဲ့ေလသည္။
ထို႔ေနာက္ ႏိုင္ငံလုံးဆိုင္ရာ ညီလာခံႀကီးတြင္ အမ်ိဳးသားေန႔ သတ္မွတ္ေရးအတြက္ စိစစ္ေဆာင္႐ြက္ရန္ တာဝန္ေပးခံခဲ့ရသည္။ ဂ်ီစီဘီေအ အမႈေဆာင္အဖြ႔ဲက ၁၉၂၂ ခုႏွစ္ ဇြန္လ ၁၇ ရက္၌ ရန္ကုန္ၿမိဳ႕ ဂ်ဴဗလီေဟာ၌ က်င္းပေသာ အထူးအစည္းအေဝးႀကီး က်င္းပျပဳလုပ္ၿပီး ေကာလိပ္ေက်ာင္းသားမ်ား သပိတ္ေမွာက္ခဲ့သည္။ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ဝ ရက္ေန႔ကိုသာ ေန႐ွင္နယ္ေဒး (National Day) ေခၚ အမ်ိဳးသားေန႔ အျဖစ္ သတ္မွတ္ရန္ တညီတညြတ္တည္း သေဘာတူ ဆုံးျဖတ္ခဲ့ၾကသည္။
ထိုအခ်ိန္မွစ၍ ႏွစ္စဥ္ႏွစ္တိုင္း တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ဝ ရက္ေန႔တိုင္းကို အမ်ိဳးသားေန႔အျဖစ္ က်င္းပလာခဲ့ရာ ယခု ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ဝ ရက္ေန႔ (၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၁ ရက္) ၾကာသပေတးေန ့တြင္ အမ်ိဳးသားေန႔သည္ (၉၉) ႏွစ္ေျမာက္တိုင္ခဲ့ၿပီ ျဖစ္သည္။
၁၉၂ဝ ျပည့္ႏွစ္ ေက်ာင္းသားသပိတ္ႀကီးက ေမြးထုတ္ေပးလိုက္သည့္ အမ်ိဳးသားေန႔ စိတ္ဓါတ္မ်ားေၾကာင့္ ၁၉၃၆ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာ ဒုတိယေက်ာင္းသားသပိတ္၊ ၁၉၃၈ ခုႏွစ္ ဒီဇင္ဘာလ ၂ဝ ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာ တတိယေက်ာင္းသားသပိတ္၊ ထိုႏွစ္မွာပင္ ေပၚေပါက္လာခဲ့ေသာ အလုပ္သမား၊ လယ္သမား၊ ေက်ာင္းသား၊ ရဟန္းသံဃာေတာ္မ်ား အပါအ၀င္ ျပည္သူတစ္ရပ္လုံး ပါ၀င္လႈပ္႐ွားခဲ့သည္။ ၁၃ဝဝ ျပည့္အေရးေတာ္ပုံ၊ ၁၉၃၉ ေဖေဖာ္၀ါရီလ ၁ဝ ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာ မႏၱေလးအာဇာနည္ ၁၇ ဦးက်ဆံုးခဲ့ရေသာ အေရးေတာ္ပုံတို႔သည္ နယ္ခ်ဲ႕သမားတို႔ကို အႀကီးအက်ယ္ တုန္လႈပ္ေခ်ာက္ခ်ားသြားေစခဲ့သည္။

national_day_stamp.jpg

မည္သို႔ဆိုေစ… ယခုအခါ ျမန္မာႏိုင္ငံသည္ စစ္အာဏာ႐ွင္ စနစ္ဆိုးႀကီးထဲတြင္ပင္ က်ေရာက္ေနေပေသးသည္။ စစ္အစိုးရသည္ ေျဗာင္စစ္အာဏာ႐ွင္စနစ္ျဖင့္ ဆက္လက္အုပ္ခ်ဳပ္ရန္ မျဖစ္ႏိုင္ေတာ့သျဖင့္ စစ္အာဏာ႐ွင္စနစ္ကို အေပၚယံေ႐ႊမႈန္႔ႀကဲ အထဲက ေနာက္ေခ်းခံ ဆိုသကဲ့သို႔ အရပ္သား ပုံစံအသြင္ေျပာင္းရန္အတြက္ နအဖ စိတ္ႀကိဳက္ေ႐ြးခ်ယ္ထားေသာ ပုဂၢိဳလ္ ၅၄ ဦးျဖင့္ ေရးဆြဲ၍ ျပည္သူ႔ဆႏၵ လုံးဝမပါေသာ ၂ဝဝ၈ နာဂစ္ ဖြဲ႔စည္းပုံကို အဓမၼအတည္ျပဳ၍ ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ခဲ့သည္။ ေ႐ြးေကာက္ပြဲတြင္လည္း မဲခိုးမဲလိမ္ျဖင့္ တက္လာေသာလက္ရိွ အစိုးရသည္လည္း အရပ္ဝတ္လဲထားေသာ ယခင္စစ္အာဏာ႐ွင္ လူတစ္စုပင္ျဖစ္ေနရာ သပိတ္ေမွာက္ ေက်ာင္းသားႀကီးမ်ား ေမြးဖြားေပးလိုက္ေသာ ဝံသာႏု စိတ္ဓါတ္ကိုႏွလံုးသြင္း၍ ယခုႏွစ္တြင္ က်ေရာက္ေသာ အမ်ိဳးသားေန႔မွ စတင္ကာ စစ္အာဏာ႐ွင္ စနစ္ဆိုးႀကီးကို ၂ဝ၁၅ ခုႏွစ္မတိုင္မီ ႐ိုက္ခ်ိဳးၾကပါရန္ တပ္လွန္႔ႏိႈးေဆာ္လိုက္ရေပသည္။

UNICODE

၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်၊ ကြာသပတေးနေ့ (၂၁ – ၁၁ – ၂၀၁၉) သည် မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထားသည့်နေ့၊ မပျောက်ပျက်ကောင်းသောနေ့ ၊ မွန်မြတ်သောနေ့ ဖြစ်သည့်(၉၉) နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။

တစ်မျိုးသားလုံး ဂုဏ်ယူရမည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ နှစ် ၉၉ ပြည့်ခဲ့ပြီ ဖြစ်သည်။


● အမျိုးသားရေးစိတ်ဓါတ်
အမျိုးသားရေး စိတ်ဓါတ်သည် တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သော စိတ်ဓါတ်ပင်ဖြစ်သည်။ တစ်နိုင်ငံတည်းနေ တစ်မြေတည်းဖွားဖြစ်သော ကိုယ့်လူမျိုးကို ကိုယ်ချစ်ခြင်း၊ ကိုယ့်လူမျိုးကို စောင့်ရှောက်ခြင်း၊ ကိုယ့်လူမျိုး၏ အဓွန်ရှည်မှုကို သယ်ဆောင်ခြင်းသည် မွန်မြတ်သော မျိုးချစ်စိတ်ပင် ဖြစ်သည်။
အမျိုးဆိုသူမှာ ဘိုးဘွားမိဘအစဉ်မပြတ် အလုပ်အကိုင်ကို ဆက်ခံဆင်းသက်ပေါက်ဖွားသော မျိုးရိုးပင် ဖြစ်သည်။ အမျိုးသားဆိုသည်မှာ နိုင်ငံတစ်ခုတည်းတွင် အစဉ်အဆက် အတူတကွ မှီတင်းနေထိုင်လာသော သူများဟု ဆိုသည်။
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” ဟု အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက လူမျိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ဗမာ၊ မွန် အစရှိသည့် တိုင်းရင်းသား လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသားများသည် မရှိအတူ ရှိအတူ ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ကောင်းတူ ဆိုးဖက် လက်တွဲလျက် နေထိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကို မောင်နှမများသည် တမြေတည်းနေ တရေတည်းသောက်၍ ကိုယ့်တိုင်းပြည် ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုနှင့် ဘာသာ၊ သာသနာကို မှန်ကန်ခိုင်မာသည့် အမျိုးသားရေးအမြင် ၊ အမျိုးသားရေး စိတ်ဓါတ် အမျိုးသားရေး အယူအဆ တို့ဖြင့် နေထိုင်လာခဲ့ကြသည်။

BEHS_2_Dagon_Myoma_National_High_School_founded_in_1920.JPG

 

သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၁၈ဝ ကျော်ကစ၍ နယ်ချဲ့ဗြိတိသျှတို့သည် စစ်ပွဲ သုံးကြိမ်ဆင်နွှဲ၍ မတရား သိမ်းပိုက်ကာ ကျွန်ပြုခဲ့သောကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် ကြမ္မာနှောက်၍ တိုင်းပြည်နှင့်လူမျိုးပါ မှောက်ခဲ့ကြရသည်။ အမျိုးသားယဉ်ကျေးမှုပင် ပျောက်ခမန်းလိလိ ဖြစ်ခဲ့ရလေသည်။
သို့သော်လည်း မြန်မာတိုင်းရင်းသားများ၏ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်နှင့် မျိုးချစ်ဝံသာနု စိတ်ဓါတ်တို့သည် အမျိုးပျောက်မည့် အန္တရာယ်ကို တားဆီးနိုင်ခဲ့သလို၊ သူ့ကျွန်မခံလိုစိတ်ဖြင့် စုမိရာအင်အား၊ ရရာလက်နက်များနှင့် မိမိတို့ နယ်မြေအလိုက်၊ မိမိနည်း၊ မိမိတို့မာန်ဖြင့် နယ်ချဲ့များကို ခုခံတော်လှန်ခဲ့ကြသည်။
ကိုလိုနီနယ်ချဲ့များက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ပညာရေး နယ်ပယ်များတွင် အဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်မှုကြားကပင် ၁၉ဝဝ ပြည့်နှစ်ကစပြီး တိုင်းရင်းသားများ၏ မီးခဲပြာဖုံး ဖြစ်နေသည့် အမျိုးသားရေး စိတ်ဓါတ်များသည် တငွေ့ငွေ့နှင့် ပြန်လည်ရှင်သန် နိုးကြားလာခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၂ဝ ပြည့်နှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကာလသည် တိုင်းရင်းသားတို့၏ အမျိုးသားစိတ်ဓါတ်များ တဖြေးဖြေး ပြန်လည်ရှင်သန်လာသော ကာလပင် ဖြစ်သည်။


● ယူနီဗာစီတီအက်ဥပဒေ
ဤကဲ့သို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးသည် အမျိုးသားရေး စိတ်ဓါတ် တက်ကြွပြီး အမျိုးသား စည်းလုံးညီညွတ်မှု ကောင်းမွန်နေချိန်တွင် ကိုလိုနီနယ်ချဲ့တို့သည် ယူနီဗာစီတီ အက်ဥပဒေကို ရေးဆွဲခဲ့သည်။ ထို အက်ဥပဒေသည် ငွေကြေးချမ်းသာသူ လူနည်းစုကိုသာ တက္ကသိုလ်ပညာသင်ယူခွင့် ရရှိနိုင်စေမည် ဖြစ်ပြီး၊ ပညာရည်ချွန်သော်လည်း ဆင်းရဲနွမ်းပါးသည့် လက်လုပ်လက်စားသမားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ သားသမီးများအနေဖြင့် တက္ကသိုလ်ပညာသင်ယူခွင့် မရနိုင်အောင် ကန့်သတ် ချုပ်ချယ်ထားသည့် ဥပဒေဖြစ်နေသောကြောင့် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ရှိသူများက အုံကြွပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

boycott_obelisk.jpg

 

ဆန္ဒပြကန့်ကွက်နေသည့်ကြားကပင် နယ်ချဲ့အစိုးရသည် ယူနီဗာစီတီ အက်ဥပဒေကို ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။ ပြဋ္ဌာန်းလိုက်သည်ကို မခံမရပ်နိုင် ဖြစ်ကြသည့် ရန်ကုန်ကောလိပ်ကျောင်းသားကြီး (၁၁) ဦးတို့က ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် ရွှေတိဂုံစေတီတော် ကုန်းတော်ပေါ် စနေထောင့်ရှိ ဗောဓိညောင်ပင်ကြီးအောက်တွင် တွေ့ဆုံကာ သပိတ်မှောက်ရန် အစီအစဉ်များ ရေးဆွဲခဲ့လေသည်။ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ချီတက်နိုင်လျှင်လည်း အတူတူ၊ အကယ်၍ အရေးနိမ့်ခဲ့ပါမူ အတူတူ အနစ်နာခံမည်ဟု ရွှေတိဂုံစေတီကြီးကို တိုင်တည်ကာ သစ္စာအဓိဌာန်ပြုပြီးနောက် လူစုခွဲခဲ့ကြသည်။ ဤသို့သော အဓိဌာန်ပြုခဲ့သော ရန်ကုန်ကောလိပ်မှ ကျောင်းသားများမှာ ဘီအေ အထက်တန်းမှ မောင်ဘဦး၊ မောင်သာညွှန့်၊ မောင်လှတင်၊ မောင်ကေညီပိတ်၊ ဘီအက်စ်စီ အထက်တန်းမှ မောင်ဘရှင်၊ မောင်ဖိုးကွန်း၊ မောင်အေး၊ မောင်ဖေသိန်း၊ ဘီအက်စ်စီအောက်တန်းမှ မောင်ထွန်းဝင်း၊ အိုင်အေ အထက်တန်းမှ မောင်ဘရှင်၊ အိုင်အေအောက်တန်း မောင်အောင်ဒင် တို့ ဖြစ်ကြသည်။
ယင်းသပိတ်မှောက်မည့် ခေါင်းဆောင် ၁၁ ဦးတို့နှင့် ကရက်ဒေါ့ အမည်ပါသော သပိတ်မှောက် တေးထပ်ကို သပိတ်မှောက်ပြီး ၁၅ ရက်အကြာ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် မြို့မ ကထိက ဦးသက်တင်က ရေးစပ်ခဲ့ရာ သုတေသီများ လေ့လာနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။
ယူနီဘာစီတီအက်၊ မနှစ်သက် တို့တတွေ၊
ပညာတတ်နည်းပစေ၊ ဥပဒေနှိမ်ချိုး၊ (ကရက်ဒေ့ါ)ဘုရင်ခံ
တည်ပြုပြန်တင်း ပဇွတ်ထိုး၊ နှစ်ကောလိပ်ကျောင်းသားတွေ၊
ခေါင်းဆောင်ပေ လွန်ကြိုး (ကိုအောင်ဒင်) သတိုးနှင့်
အမျိုးချစ် (လှတင်) ၊ (အာညွှန့်) နော် (ကေညီပိတ်)
ဇာနည်စိတ်ဓါးဝယ် (ဘရှင်)၊ သံတွဲကရဲ (ဘရှင်) မှာ ၊
(ဖေသိန်း) တွင် (ကိုအေး) ပ၊ မနှေးပ (ထွန်းဝင်း) လက်လေ၊ (ဖိုးကွန်း)တဲ့ဟေ၊ (ကိုဘဦး)
ခေါင်းဆောင်ပေတယ်၊ သပိတ်ရွှေမှောက် ခန်းပလေး
ဗြိတိသျှနယ်ချဲ့တွေကို တိုက်ပြီလေ နှလုံးနှင့်လေး…။
ထို့နောက် ရန်ကုန်ကောလိပ်၊ ယုဒသန်ကောလိပ် ကျောင်းသားများ လျှို့ဝှက်ဖိတ်ခေါ်၍ ဗဟန်းကြားတောရ ရွှေကျင်တိုက် ဦးအရိယကျောင်း၌ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက် စနေနေ့ မွန်းလွဲ ၃ နာရီခွဲတွင်အစည်းအဝေးကျင်းပခဲ့သည်။ သပိတ်မှောက်ရန် တက်ရောက်လာသူအားလုံး သဘောတူခဲ့ပြီးနောက် သပိတ်မှောက် အမှုဆောင်အဖွဲ့ဝင် ၂၆ ဦး ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ အမှုဆောင်အဖွဲ့ဝင် ၂၆ ဦးတွင် သပိတ်မှောက်ခေါင်းဆောင်ကြီး ၁ ၁ ဦးအပြင် မောင်ဘတင်၊ မောင်မြင့်၊ မောင်ကျန်စု၊ မောင်ဘခင်၊ မောင်ထွန်းဖေ၊ မောင်ဖိုးကျား၊ မောင်ဘကျော်၊ မောင်ကျော်မြ၊ မောင်လှစိန်၊ အင်စီဆင်း၊ မောင်မြ၊ မောင်စိုးဝင်း၊ မောင်ခင်မောင်၊ မောင်ဖိုးလတ်၊ မောင်လူဖေဝင်း တို့ ပါဝင်ကြသည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) တနင်္ဂနွေနေ့တွင် စတင်သပိတ်မှောက်ခဲ့ရာ တပြည်လုံးသို့ ရိုက်ခတ်သွားလေသည်။

Rangoon_University.jpg

 

သပိတ်လှုပ်ရှားမှုသည် ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီး မက်သယူးဟန်းတားနှင့် ယုဒသန်ကောလိပ် ကျောင်းအုပ်ကြီး ဒေးဗစ်ချန်ဒလာဂီလ်မိုးးတို့အပြင် ပညာမင်းကြီး မတ်ဟန်းတားနှင့် ရန်ကုန်ရဲမင်းကြီး ဟန်ရီကိုရိုင် ဒွန်နင်ဂဲလ် တို့ကို ဗျာများသွားစေခဲ့သည်။
ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီး မက်သယူးဟန်းတားသည် ထိုနေ့ညနေတွင် ရန်ကုန်ကောလိပ် ဓါတုဗေဒ ကထိက ဦးဘနှင့် ယုဒသန်ကောလိပ် ကထိက ဦးဘလှိုင်တို့နှင့်အတူ သပိတ်မှောက်စခန်းသို့ သွား၍ တပည့်တို့ သင်တို့၏ ဝတ္တရားသည် ပညာသင်ရန် ဖြစ်သည်၊ ကောလိပ်ပြန်တက်ကြပါ၊ သင်တို့၏ နစ်နာချက်များကို ပညာသင်ကြားရင်း တင်ပြနိုင်ကြပါသည် ဟု ဖြားယောင်းခေါ်ငင်သော်လည်း အမှုဆောင် မောင်ဖေသိန်းနှင့် မောင်မြင့်တို့က သပိတ်မှောက်သမားများ၏ ကိုယ်စားငြင်းဆန်လိုက်ကြ၍ စိတ်ပျက်ကာ ဗဟန်းမှ ပြန်သွားခဲ့ရလေသည်။
ထို့ပြင် သပိတ်မှောက်ကြသည့် ကောလိပ်ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများကို နယ်ချဲ့အစိုးရနှင့် တက္ကသိုလ်အာဏာပိုင်များက သပိတ်မမှောက်ရန် နည်းအမျိုးမျိုးဖြင့် ဖြားယောင်းခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် သပိတ်မှောက်ကျောင်းသားများသည် တွေဝေမှု၊ ယိမ်းယိုင်မှု၊ တုန်လှုပ်မှု လုံးဝမရှိဘဲ မိမိတို့၏ ပညာရေးကိုသာမက လိုအပ်လျှင် အသက်ကိုပါ စွန့်လွှတ်ရန် အမျိုးသားစိတ်ဓါတ် ပြင်းပြစွာဖြင့် ဆက်လက် ဆင်နွှဲခဲ့ကြသည်။
“အမျိုးကို ချစ်ခင်ကြပါ၊ နိုးကြားကြပါ” ဟူသော လှုံ့ဆော်သံများနှင့်အတူ ကျောင်းသားတို့၏ မီးခဲပြာဖုံး ဖြစ်နေသော မျိုးချစ်စိတ်ဓါတ်ကို နှိုးဆွနိုင်ခဲ့သည်။ ပြင်းပြလှသည့် အမျိုးသားရေးစိတ်ဓါတ်နှင့် ဆင်နွှဲနေသည့် ကျောင်းသားသပိတ်ကို ပြည်သူများသည် ငွေအား ပစ္စည်းအားနှင့်တကွ စိတ်ဓါတ်ရေး အရပါ တခဲနက် ထောက်ခံအားပေးခဲ့ကြသည်။ ထိုသပိတ်ကို ထောက်ခံ၍ နိုင်ငံတဝန်းလုံးရှိ အခြားအလယ်တန်း၊ အထက်တန်း ကျောင်းသားများလည်း လိုက်မှောက်ခဲ့ကြသည်။


● အမျိုးသားရေး ဇာတိမာန် ရှင်သန်လာ
ထိုသပိတ်ကြီးကို အကြောင်းပြု၍ များမကြာမီအတွင်း အမျိုးသားစိတ်ဓါတ်များ ပိုမိုရင့်သန်လာပြီး မြန်မာမှု၊ မြန်မာ့အရေးတို့ကို အထူးအလေးပေးသည့် အမျိုးသားကျောင်းများ နိုင်ငံနှင့်အဝှမ်း တည်ထောင် ပေါ်ပေါက်လာခဲ့သည်။
ကျောင်းသပိတ်သည် ပညာရေးသက်သက်နှင့်သာ ဆိုင်သည့် အရေးကိစ္စမဟုတ်ဘဲ နယ်ချဲ့တို့၏ ဖိနှိပ်မှုကို အန်တုလိုက်သည့် နိုင်ငံရေးသဘော ဆောင်လေသည်။ တနည်းဆိုရသော် လူထုကြီးအား အမျိုးသားမာန် ဝံသာနု စိတ်ဓါတ်များ နှိုးဆွပေးလိုက်သည့် အရေးတော်ပုံကြီး ဖြစ်သည်။


● အမျိုးသားရေး ပေါ်ပေါက်လာပုံ
ထို့ကြောင့် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ မှ ၂၄ ရက်နေ့အထိ မန္တလေးမြို့ တာရဲတန်းရပ် ငါဟဲ့ဆန်စက်ဝင်းအတွင်းရှိ မဏ္ဍပ်ကြီးတွင် ကျင်းပခဲ့သော ဂျီစီဘီအေ အသင်းကြီး၏ နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးရန် ကြည်တောင်ကန် ဝိုင်အမ်ဘီအေ အဖွဲ့မှ ဦးဘသော်က အဆိုတင်သွင်း၍ စစ်တောင်း ဦးငြိမ်းမောင်က ထောက်ခံခဲ့သည်။ သို့သော်လည်း ဦးဥတ္တမ ထောင်ကျသောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးရန် ဒလ ဝိုင်အမ်ဘီအေမှ ဦးဘစိန်ကလည်းကောင်း၊ သရာဇ ဦးတုတ်ကြီးက သီပေါမင်း ပါတော်မူနေ့ကို အမျိုးသားနေ့အဖြစ် ကျင်းပပေးရန်လည်းကောင်း၊ ဦးဥတ္တမထောင်မှ လွတ်သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သံဃသာမဂ္ဂီ ဦးပညာသာမိက လည်းကောင်း၊ ဦးဥတ္တမမွေးနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ဦးထွန်းအောင်ကျော်ကလည်းကောင်း အသီးသီး အဆိုတင်သွင်းခဲ့သည်။
သို့သော် သပိတ်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သော ဦးမြင့်က ဦးဥတ္တမ ထောင်ကျသောနေ့၊ သီပေါမင်းပါတော်မူရသောနေ့များသည် အမင်္ဂလာနေ့၊ မြန်မာတို့ ဂုဏ်ယူရသောနေ့များ မဟုတ်သောကြောင့် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသားများ သပိတ်မှောက်ခဲ့သည့်နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် တင်ပြခဲ့သောကြောင့် နောင်တွင် နေရှင်နယ်ဦးမြင့် ဟု အမည်တွင် သွားခဲ့လေသည်။
ထို့နောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် အမျိုးသားနေ့ သတ်မှတ်ရေးအတွက် စိစစ်ဆောင်ရွက်ရန် တာဝန်ပေးခံခဲ့ရသည်။ ဂျီစီဘီအေ အမှုဆောင်အဖွ့ဲက ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်၌ ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော အထူးအစည်းအဝေးကြီး ကျင်းပပြုလုပ်ပြီး ကောလိပ်ကျောင်းသားများ သပိတ်မှောက်ခဲ့သည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကိုသာ နေရှင်နယ်ဒေး (National Day) ခေါ် အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တိုင်းကို အမျိုးသားနေ့အဖြစ် ကျင်းပလာခဲ့ရာ ယခု မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ (၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်) ကြာသပတေးနေ့တွင် အမျိုးသားနေ့သည် (၉၉) နှစ်မြောက်တိုင်ခဲ့ပြီ ဖြစ်သည်။
၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်ကြီးက မွေးထုတ်ပေးလိုက်သည့် အမျိုးသားနေ့ စိတ်ဓါတ်များကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တတိယကျောင်းသားသပိတ်၊ ထိုနှစ်မှာပင် ပေါ်ပေါက်လာခဲ့သော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာတော်များ အပါအဝင် ပြည်သူတစ်ရပ်လုံး ပါဝင်လှုပ်ရှားခဲ့သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ၁၉၃၉ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးခဲ့ရသော အရေးတော်ပုံတို့သည် နယ်ချဲ့သမားတို့ကို အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

national_day_stamp.jpg

 

မည်သို့ဆိုစေ… ယခုအခါ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်ဆိုးကြီးထဲတွင်ပင် ကျရောက်နေပေသေးသည်။ စစ်အစိုးရသည် ဗြောင်စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ရန် မဖြစ်နိုင်တော့သဖြင့် စစ်အာဏာရှင်စနစ်ကို အပေါ်ယံရွှေမှုန့်ကြဲ အထဲက နောက်ချေးခံ ဆိုသကဲ့သို့ အရပ်သား ပုံစံအသွင်ပြောင်းရန်အတွက် နအဖ စိတ်ကြိုက်ရွေးချယ်ထားသော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ရေးဆွဲ၍ ပြည်သူ့ဆန္ဒ လုံးဝမပါသော ၂ဝဝ၈ နာဂစ် ဖွဲ့စည်းပုံကို အဓမ္မအတည်ပြု၍ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင်လည်း မဲခိုးမဲလိမ်ဖြင့် တက်လာသောလက်ရှိ အစိုးရသည်လည်း အရပ်ဝတ်လဲထားသော ယခင်စစ်အာဏာရှင် လူတစ်စုပင်ဖြစ်နေရာ သပိတ်မှောက် ကျောင်းသားကြီးများ မွေးဖွားပေးလိုက်သော ဝံသာနု စိတ်ဓါတ်ကိုနှလုံးသွင်း၍ ယခုနှစ်တွင် ကျရောက်သော အမျိုးသားနေ့မှ စတင်ကာ စစ်အာဏာရှင် စနစ်ဆိုးကြီးကို ၂ဝ၁၅ ခုနှစ်မတိုင်မီ ရိုက်ချိုးကြပါရန် တပ်လှန့်နှိုးဆော်လိုက်ရပေသည်။

 

 

sayar.com.mm

Sources : Moemakha

 

Read times Last modified on Wednesday, 08 January 2020 17:43
Rate this articles
(0 votes)