2. Wall Street
4. Margin Call
6. Jerry Maguire
7. Glengarry Glen Ross
8. Boiler Room
9. Two for the Money
12. Any Given Sunday
UNICODE
"စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ကြည့်သင်တဲ့ရုပ်ရှင်ကား (၁၅) ကား"
စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အောင်မြင်သူအများစုမှာ သူတို့ ကျွမ်းကျင်မှုများ၊ စွမ်းဆောင်ရည်များတိုးမြှင့်ဖို့ရာ အခွင့်အလမ်းများစွာရှိပါတယ်။ သူတို့ကိုယ်သူတို့ တစ်နေ့ထက်တစ်နေ့ တိုးတက်ဖို့အတွက် အမြဲတမ်းကြိုးစားနေကြပါတယ်။စိတ်ကူးသစ်များ တွေးတောခြင်း။ သင်ယူဖို့ အခွင့်အလမ်းများလုပ်ဆောင်ခြင်းတို့ ဖြစ်တယ်။
ရုပ်ရှင် ကြည့်ခြင်းက စိတ်ဓာတ်တက်ကြွအောင်လုပ်နိုင်တဲ့ အရင်းအမြစ်တစ်ခုဆိုရင် အံ့သြသွားနိုင်မလား။ကောင်းမွန်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားက သင့်ကို စိတ်လက်ပေါ့ပါးစေပါတယ်။ သင့်စိတ်ကိုလှုံဆော်မှုပေးနိုင်ပြီး စိတ်ကူးစိတ်သန်း၊ တီထွင်နိုင်မှု၊ အမြင်၊ပင်ကိုယ်ဗီဇ တွေကို ယူဆောင်ပေးလာနိုင်ပါတယ်။ ကျွန်တော်သဘောကျတဲ့ ရုပ်ရှင်ကားအနည်းငယ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ထိုကားတွေက ဖျော်ဖြေတင်ဆက်မှုကိုကျော်၍ သင့်တန်ဖိုးတက်လာခြင်း၊ လောဘကြီးတာကို သတိပေးနေခြင်း၊ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တရားကိုစောင့်ထိန်းပြီး နောက်ဆုံးအောင်မြင်မှုတစ်ခုဆွတ်ခူးခဲ့ပုံတို့ကို ပုံဖော်ရိုက်ကူးထားပါတယ်။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တကယ့် ဘဝကို ပုံဖော်ရိုက်ကူးထားပါတယ်။ ဒါကြောင့် ဖန်သားပြင်ပေါ်ကနေ ထိုသူတို့၏ဘဝပုံပြင်များကို လေ့လာသင်ယူခွင့်ရနိုင်ပါတယ်။
1. Joy , စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် Joy Mangano
ဒီဇာတ်ကားမှ ကျွန်တော်အကြိုက်ဆုံးဆောင်ပုဒ်က ဘာလို့ထင်ပါသလဲ။ခက်ခဲတဲ့အလုပ်ကနေပြီး လူသားဆန်မှုတွေ၊ ကူညီရိုင်းပင်မှုတွေ၊ စိတ်ရှည်သည်းခံခြင်းတရားတွေ ရရှိခဲ့ပါတယ်။ကမ္ဘာကြီးက မင်းအပေါ် အကြွေးတင်တာဘာမှမရှိတာကြောင့် ကမ္ဘာကြီးပေါ် မင်းက အကြွေးတင်တယ်လို့ မတွေးပါနဲ့။ ဒီဇာတ်ကားက တကယ့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် Joy Mangano ၊ တီထွင်သူ Miracle Mop နှင့် Huggable Hangers အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်။ ထိုလူတွေက တီထွင်မှု လေ့ကျင့်မှု အကြိမ်တစ်ရာမက ကြိုးစားပြီးမှ အောင်မြင်လာကြသူတွေဖြစ်တယ်။ ထို့ပြင် Home Shopping Network’s QVC ပေါ်တွင် သန်းချီအောင်မြင်တဲ့ ရောင်းဝယ်သူတစ်ယောက်အဖြစ် ပြုလုပ်ခဲ့တယ်။ စီးပွားရေးအောင်မြင်ပြီးတဲ့နောက်မှာ Mangano ပျော်ရွှင်ခဲ့တယ်။ ဒီဇာတ်ကားက မိသားစုထောက်ပံ့မှုအင်အား၊ စီးပွားရေးတစ်ခု အောင်မြင်ရန် အမျိုးသမီးတစ်ယောက်ကြိုးစားရုန်းကန်ပုံနှင့် အောင်မြင်တဲ့ကုန်ပစ္စည်းတစ်ခု ဖြစ်လာပုံတို့ကို ပုံဖော်ရိုက်ကူးထားပါတယ်။
2. Wall Street
Gekko အတွက် ပိုက်ဆံကထိန်းသိမ်းတဲ့အဆင့်ဖြစ်တယ်။ Bud Fox ( Charlie Sheen ) က သူ့ခံစားချက်များကို Wall Street စတော့ရှယ်ယာဈေးကွက် ကစားပုံအကြောင်းစဉ်းစားနေခဲ့တယ်။ နောက်ပြီး သူ့အနာဂတ်က အမြဲတမ်းပြောင်းလဲနေတယ်။ Michael Douglas ကနေ Iconic Gekko အဖြစ် ပြောင်းလဲသွားပုံကို ကျွန်တော်တို့မေ့နိုင်လိမ့်မည်မဟုတ်ပါ။ ဘာတွေပဲ ကြုံလာရပါစေ ပြောင်မြောင်လှတဲ့စွမ်းဆောင်ရည် နှင့် အရှုံးမပေးဘူးဆိုတဲ့ အတွေးတွေက အောင်မြင်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်။
3. The Social Network , စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် Mark Zuckerberg
ဒီဇာတ်ကားက ဖေ့စ်ဘုတ်ရဲ့ပုံပြင်အကြောင်းလည်းဖြစ်တယ်။ ဇူကာဘတ်နှင့် သူ့သူငယ်ချင်း တို့က လမ်းစဉ်တစ်ခု တိုးတက်အောင် ပြုလုပ်ခဲ့သည်။ ဇူကာဘတ်နှင့် Eduardo Saverin တို့ကြားတွင် လက်ရှိနေ့ရက်များမှာ တရားစွဲဆိုခြင်း ခံခဲ့ရတယ်။ဆိုက် တစ်ခု ရှာဖွေရန် တွဲဖက်လုပ်ကိုင်ခဲ့သော သူ့သူငယ်ချင်းက ဖေ့စ်ဘုတ်ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်ခဲ့တဲ့အတွက် သူ့ကိုတရားဆွဲဆိုခဲ့ပြီး ကုမ္ပဏီမှ သူ့နာမည်ကို ဖယ်ရှားခဲ့တယ်။ဖေ့စ်ဘုတ်ကို ချစ်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေ ကြည့်ရှုသူတွေက ဇူကာဘတ်အင်အားကို မဟုတ်မမှန်မပြောခဲ့ပါ။ သူက ဇာတ်ကားထဲမှာ သူရဲကောင်းတစ်ယောက်ဖြစ်မလာခဲ့ပါ။ တကယ့်လက်တွေ့ဘဝမှာတော့ ကမ္ဘာ့အငယ်ဆုံး မီလျံနာသူဌေးတစ်ယောက်ဖြစ်တယ်။ အခုချိန်မှာ ဖေ့စ်ဘုတ်ကို အသုံးပြုသူ ၂ ဘီလီယျံကျော်ရှိလာခဲ့ပြီဖြစ်တယ်။
4. Margin Call
၂၄ နာရီကာလပတ်လုံး ဘဏ်မှာရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့အပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်အစက ငွေကြေးကပ်ဆိုက်တဲ့ကာလဖြစ်တယ်။ Zachary Quinto နှင့် Jeremy Irons အပါအဝင် မင်းသား၏လုပ်ဆောင်ချက်တွေ ဘယ်လောက်ခက်ခဲပုံ နှင့် ပုန်းကွယ်နေတဲ့အရည်အချင်း စိတ်ကူးသစ်တွေကို အကောင်အထည်ဖော်လာအောင် လုပ်ဆောင်ခဲ့ပုံတို့ကို ရိုက်ကူးပြထားတာဖြစ်တယ်။
5. Wolf of Wall Street , စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် Jordan Belfort
တကယ့် Jordan Belfort ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားခြင်းဖြစ်တယ်။ Belfort ၏ ပိုက်ဆံဖန်တီးရှာဖွေပုံ နှင့် သူ့ရဲ့ရာဇဝတ်ပြစ်မှုကြီးပုံ၊ အပျော်အပါးတွေကျရှုံးခဲ့ပုံ တို့ကို ရိုက်ကူးထားပြီး နောက်ဆုံးမှာ ထောင်နန်းစံခဲ့တယ်။ ပြန်ထွက်လာပြီးနောက် ဒီနေ့၏စံနမူနာယူစရာ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ရိုက်ကူးထားတယ်။ ဒါပေမယ့်လည်း Belfort ၏မာယာနှင့် ဖြတ်ထိုးဉာဏ်တို့က အောင်မြင်ဖို့အတွက် ပိုက်ဆံက အဓိကအရာမဟုတ်တာကို ပြသခဲ့တယ်။
6. Jerry Maguire
Jerryက မကောင်းတဲ့အယူတွေအားလုံးကို ဆန့်ကျင်ပြသခဲ့တယ်။ တန်ဖိုးနှင့် အကျင့်သီလတို့က ကိုယ့်အောင်မြင်မှုကို တိုင်းတာနိုင်ပါတယ်။ သူ့အနားတွင် လူနှစ်ယောက်နှင့်အတူ သူ့စွမ်းဆောင်ရည်တွေကို စစ်ဆေးလိုက်တဲ့အခါ ငယ်ရွယ်တဲ့ကောင်းလေးက အောင်မြင်ခဲ့တဲ့အကြောင်းကျွန်တော်တို့မြင်တွေ့ခဲ့တယ်။
7. Glengarry Glen Ross
ဒီဇာတ်ကားက နယူးယောက့်မြို့ အိမ်ခြံမြေအကျိုးဆောင်ရုံး၏ နောက်ကွယ်က စိတ်ညစ်စရာအဖြစ်အပျက်တွေ သဘောထားမတူညီမှုတွေ ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေအကြောင်း စူးစမ်းရိုက်ကူးထားခြင်းဖြစ်တယ်။ မှားယင်းတဲ့ ရောင်းချမှုပုံစံမှားယွင်းနေတာကို ထင်သာမြင်သာသိရှိခံစားရစေပါတယ်။ရောင်းဝယ်မှုကိုစိတ်ဝင်စားရင် ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့လက်မလွှတ်သင့်ပါ။
Recommended For You >>> "အင်တာဗျူးဖြေတဲ့အခါ လုံးဝမလုပ်သင့်တဲ့ အမှားကြီး (၅) ချက်"
8. Boiler Room
မင်းအိမ်မက်အလုပ်က အိမ်မက်ဆိုးတစ်ခုအဖြစ် ကူးပြောင်းလာတဲ့အခါ မင်းဘာလုပ်မလဲ။ စီးပွားရေးလုပ်ငန်းတွင် မင်းလိုချင်တဲ့အရာတိုင်းအောင်မြင်မှုမရနိုင်ပါ။ ဒါပေမယ့် ပိုက်ဆံထက်ပိုပြီး ကျွန်တော်တို့ရဲ့ ကိုယ့်ကျင့်တရားက လုပ်ငန်းခွင်မှာတာဝန်ယူမှု တာဝန်ခံမှုဖြစ်စေပါတယ်။ Boiler Room က ဒီကိစ္စကို သက်သေပြခဲ့တယ်။
9. Two for the Money
Vegas ပရော်ဖက်ရှင်နယ်ဘောလုံးကမ္ဘာက လောင်းကစားကမ္ဘာတစ်ခုဖြစ်ပြီး မင်းထိန်းချုပ်ထားတဲ့အရာတွေက ဘယ်လိုပြောင်းလဲသွားစေတယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် သွားရောက်လည်ပတ်နိုင်တဲ့ နေရာတစ်ခုဖြစ်တယ်။စိတ်ဓာတ်တက်ကြွတာတွေသာ ဒီနေရာမှာရှိရင် Pacino နှင့် McConaughey က မည်သူမဆိုပြောင်းလဲ သွားအောင်ပြုလုပ်နိုင်တယ်ဆိုတာပြသခဲ့တယ်။ ဘာကြောင့်ဆို မင်းမှာ ရည်ရွယ်ချက်ပြင်းပြစွာထားရှိရင် Two for the Money က သွားရောက်လည်ပတ်ဖို့စာရင်းတစ်ခုတိုးစေပါတယ်။
10. The Goods: Live Hard, Sell Hard
တစ်ပတ်အတွင်း ကားအစီးရေ ၂ဝဝ ကျော်ရောင်းချနိုင်ရမည်ဟု Jeremy Piven ကပြောခဲ့တယ်။ပါးရေနပ်ရေ ရှိစွာဖြင့် သူ၏လုပ်ဆောင်ချက်တွေ၊ စွမ်းဆောင်ရည်တွေကို ပြသခဲ့တယ်။ Don က အယောင်ဆောင်အောင်မြင်မှုတွေကို ပြသခဲ့တယ်။ သူအောင်မြင်လျှင် သူတွေးတာထက်ပိုပြီး ကျွမ်းကျင်မှုတွေပြသဖို့လိုပါတယ်။
11. Erin Brockovich , စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Erin Brockovich
Julia Roberts သည် Brockovich က မည့်သည့်စွန့်ဦးစီးပွားလုပ်ငန်းရှင်မဆို အရှုံးမပေးပဲလုပ်ဆောင်ခဲ့တယ်ဟုပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက မင်းကိုဆန့်ကျင်နေတယ်လို့တွေးနေပါသလား။ Brockovich ကထိုအရာတွေကို ပြန်လည်တိုက်ခိုက်ဖို့ နည်းလမ်းတွေပြသလိုက်ပါတယ်။
12. Any Given Sunday
Al Pacino က အရည်အချင်းရှိတဲ့ အားကစားနည်ပြဖြစ်ပြီး ပျက်စီးနေသူတစ်ယောက်ဖြစ်သည် သူ့ဇာတ်ကောင်တွေက နှလုံးသားကနေလာတဲ့စိတ်ခွန်အားတွေကို ပြသခဲ့တယ်။ ဦးနှောက်နဲ့ဆုံးမဟုတ်ပဲ။ သူသည် Cameron Diaz, LL Cool J နှင့် Jamie Foxx တွေပါဝင်သော စိတ်ဓာတ်ကျနေသော အားကစားအဖွဲ့ကို စီတ်ဓာတ်ခွန်အားပြန်ရလာအောင် လုပ်ဆောင်ခဲ့ပုံကို ပုံဖော်ရိုက်ကူးထားပါတယ်။
13. MoneyBall , စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Billy Beane
ဘေ့စ်ဘောလောကတွင် လစာအနည်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်ကိုနိုင်ဖို့ရှိရင် မင်းဘာလုပ်လိမ့်မလဲ။Billy Beane က အလုပ်အပြင်းအထန်လုပ်ခြင်းနှင့် နည်းဗျူဟာတွေရဲ့ တန်ဖိုးကိုယုံကြည်တယ်။ဒီဇာတ်ကားကနေ အောင်မြင်မှုက ကိုယ်မြင်နိုင်တဲ့နေရာကနေလာတာမဟုတ်ဘူးဆိုတာကို ပြသခဲ့ပြီးလှုံဆော်မှုပေးခဲ့တယ်။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်က အချက်အလက်များစွာကို ဝေဖန်ခွဲခြားနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေကို ရှေ့ဆက် လုပ်ကိုင်သွားနိုင်ဖို့ဖြစ်တယ်။
14. The Founder , စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Ray Kroc
ဒီဇာတ်ကားက Richard နှင့် Maurice McDonald ၏ဘဝအကြောင်းကို ပြောပြထားခြင်းဖြစ်တယ်။ အမေရိကန်နိုင်ငံက အမြန်လမ်းတွေမှာ McDonald ဘာဂါရောင်းတဲ့လုပ်ငန်းဖြင့် စတင်ခဲ့တယ်။ဒါပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါးခဲ့တယ်။ ဒီဇာတ်ကားတွေ လူထုအတွက် သင့်တင့်တဲ့ ဈေးနှုန်းဖြင့် ရောင်းချတဲ့ထုတ်ကုန်တစ်ခုအတွက် ရိုးရှင်းတဲ့အကြံစိတ်ကူးတွေဘယ်လိုရခဲ့ပုံကို ပြောပြတယ်။
15. The Devil Wears Prade
ဒီဇာတ်ကားက Vogue ၏ အလုပ်အမှုဆောင် အယ်ဒီတာ Anna Wintour အောက်တွင် အလုပ်လုပ်သော အမျိုးသမီးတစ်ယောက်အကြောင်းအပေါ်အခြေခံရေးသားထားခြင်းဖြစ်တယ်။Wintour၏ပုံဖော်စိတ်ကူးထားတာနဲ့တူတဲ့ Miranda Priestly ကစက်ရုံတစ်ခုလုံးကို လွှမ်းမိုးပြီး အမိန့်ပေးခဲ့တယ်။ သူမ၏အတွေ့အကြုံနှင့် မျှော်မှန်းချက်တွေကို ညိနှိုင်းပြီး သူမယုံကြည်တဲ့အရာအတွက် တိုက်ပွဲဝင်ခဲ့တယ်။Priestly က နောက်ထပ်ဆန့်ကျင်သူတစ်ယောက်ဖြစ်တယ်။ဒါပေမယ့် သူမက ခက်ခဲတဲ့အလုပ်အင်အားကိုပုံဖော်ပြသခဲ့တယ်။ အားကောင်းပြီး ရိုးရှင်းတဲ့သတိပေးစာတွေရရှိဖို့ ပြောပြခဲ့တယ်။
Recommended For You >>> သီချင်းများဖြင့်အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဘယ်အဆိုတော်တွေရဲ့သီချင်းတွေကို နားထောင်သင့်သလဲ?
Sources : Point (Youth Platform)